အခန်း (၁၂၉)
Vol. 13 Ch. 129
သို့သော် စုန့်စစ်ယွီတစ်ယောက် သူမ၏ မျက်လုံးထောင့်မှတဆင့် လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့ကို မြင်လိုက်ရသည့်အခိုက်တွင်တော့ သူမ၏နှုတ်ခမ်းထောင့်မှ အပြုံးမှာ အနည်းငယ် တောင့်တင်းသွားခဲ့လေသည်။
သူတို့က ဘာလို့ဒီကို ရောက်နေရတာလဲ!
သူမ ခန့်မှန်းထားသလိုမျိုး ရှုကျစ်ဝမ်နဲ့ သူမရဲ့လက်ထပ်ပွဲကို တားဆီးဖို့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား!
ဒီလူနှစ်ယောက်က တကယ်ကို ရွံရှာစရာကောင်းလွန်းတာပဲ!
ထိုသို့ တွေးလိုက်မိသည်နှင့် စုန့်စစ်ယွီမှာ တစ်ကိုယ်လုံး မအီမသာဖြစ်ကာ ဒေါသများဖြင့် ဖုံးလွှမ်းလာခဲ့ရသည်။
သူမက မျက်နှာပေါ်မှ အပြုံးကို တတ်နိုင်သမျှ ထိန်းထားကာ
သူမ၏ဘေးမှ စုန့်ဝေ့အား တိုးညင်းစွာ ပြောလိုက်လေသည်။
“အဖေ၊ လင်းကျန်းအန်းတို့လည်း ဒီမှာ ရောက်နေတယ်!”
စုန့်ဝေအနေဖြင့် မူလတုန်းက
သူတို့ကို သတိမထားမိခဲ့ပေ။
သို့သော် သူ၏သမီး စုန့်စစ်ယွီက သတိပေးလိုက်သည့်အချိန်တွင် သတိထားစွာဖြင့် ကြည့်မိသွားခဲ့သည်။
သူက မျက်လုံးထောင့်မှတဆင့် လင်းကျန်းအန်းတို့ဘက်ကို တစ်ချက်ကြည့်လိုက်မိကာ သူ၏မျက်နှာအမူအရာမှ ရုတ်တရက် တင်းမာသွားခဲ့လေသည်။
သို့သော်လည်း ယခုကဲ့သို့ အချိန်မျိုး၌ သူတို့အနေဖြင့်ပို၍ တည်ငြိမ်ရန် လိုအပ်သည်။ ထို့ကြောင့် သူက စုန့်စစ်ယွီအား တိုးညင်းစွာဖြင့်
ပြန်၍ ပြောလိုက်လေသည်။
“တည်တည်ငြိမ်ငြိမ်နေလိုက်၊ မင်း ထိတ်လန့်မနေနဲ့၊ သူတို့ရဲ့ထောင်ချောက်ထဲကို မဝင်မိသွားစေနဲ့!”
ယခုကဲ့သို့အချိန်၌ လင်းကျန်းအန်းလည်း ဤနေရာသို့ ရောက်ရှိနေခြင်းမှာ တိုက်ဆိုင်မှုဟု သူတို့အနေဖြင့် မသတ်မှတ်နိုင်တော့ပေ။
လင်းကျန်းအန်းပေါ်လာခြင်းသည်ကား သေချာပေါက်
မကောင်းသည့်ရည်ရွယ်ချက်ရှိနိုင်သည်။
စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့က ထိုကဲ့သို့ သေချာစွာ ထင်မှတ်ခဲ့ကြကာ သူတို့၏ မျက်နှာအမူအရာများမှာ
ပို၍ သတိထားဟန်ပေါ်လာခဲ့သည်။
သို့သော်လည်း သူတို့သမီးအဖနှစ်ဦးသည်ကား ဟန်ဆောင်ရာ၌ အလွန်ပင် တော်လွန်းကြသည်။
ရှုကျစ်ဝမ်အနေဖနင့် မည်သည့်ထူးခြားချက်ကိုမှ မသိခဲ့ပေ။
သူက စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့အား နွေးထွေးစွာ နှုတ်ဆက်ကာ ထိုင်စေပြီးသည့်နောက်၌ ရှုကျစ်ဝမ် သူတို့အတွက် ရေငှဲ့ပေးရင်း ရှင်းပြသည်။
“ကျွန်တော့်ရဲ့အဖေနဲ့အမေ ခဏနေရင် ရောက်လာပါလိမ့်မယ်၊ ဒါပေမဲ့ ဗိုက်ဆာနေရင် ကျွန်တော်တို့ အရင်မှာစားလိုက်လို့ရပါတယ်”
“ရပါတယ်၊ ဦးလေးနဲ့အန်တီကိုပဲ စောင့်လိုက်ပါဦး၊ ရှင် အရမ်းမလောပါနဲ့”
စုန့်စစ်ယွီက လွန်စွာနားလည်သိတတ်သည့် အပြုံးဖြင့် ပြန်၍ပြောလိုက်သည်။
ရှုကျစ်ဝမ်ျစ်ယောက် စုန့်စစ်ယွီအား ပို၍ နူးညံ့သည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။
သူတို့၏ အခြေနေမှာ အလွန်သိသာနေပြီး တစ်ချက်ကြည့်လိုက်သည့်နှင့် မည်သည့်ဆက်ဆံရေးမျိုးဆိုသည်ကို သိနိုင်ပေသည်။
လင်းကျန်းအန်းက သူ၏ စူးစမ်းလိုသည့်စိတ်ကို မထိန်းနိုင်တော့ဘဲ ထိုစားပွဲဝိုင်းဘက်သို့ တစ်ချက်ကြည့်လိုက်သည်။
သူက စုန့်စစ်ယွီနှင့်ရှုကျစ်၀မ်တို့၏ ဆက်ဆံရေးကို သေချာစွာသိသွားပြီးသည့်နောက်၌ ခေါင်းကို မခါရမ်းဘဲ မနေနိုင်တော့ပေ။
ယမန်နေ့က ရှုကျစ်ဝမ်နှင့်ဖြစ်ခဲ့သည့် ကိစ္စပြီးသည့်နောက်၌ လင်းကျန်းအန်း၏ အမြင်တွင် ရှုကျစ်ဝမ်သည်ကား ထူးချွန်လိမ်မာသည့်သူ မဟုတ်တော့ပေ။ အနည်းဆုံးပြောရလျှင် ယုံကြည်စိတ်ချရလောက်သည့်သူမျိုး မဟုတ်ပေ။
သို့သော်လည်း စုန့်ဝေ့မှ သူ၏သမီးအား ထိုလူငယ်နှင့် ချစ်သူရည်းစားဆက်ဆံရေးကို သဘောတူခဲ့သည်။
စုန့်ဝေ့က သူ၏သမီးကို ဂရုမစိုက်သည်များလား။ သို့မဟုတ် လုံးလုံးလျားလျားပင် ဂရုမစိုက်တော့သည်လားဆိုသည်ကို သူ မသိပေ။
သို့သော်လည်း ဤသည်မှာ တခြားသူများ၏ ကိစ္စသာ ဖြစ်ချေသည်။ သူ့အနေဖြင့် လိုက်ပါ ဂရုမစိုက်နိုင်သလို ဂရုစိုက်လိုစိတ်လည်း မရှိပါချေ။ ဆိုရလျှင်အပျင်းပြေ ကြည့်နေရုံသာ ဖြစ်သည်။
မကြာမီမှာပင် ရှုကတော်နှင့် ဒါရိုက်တာရှုတို့ ရောက်လာခဲ့ကြသည်။
အမှန်တကယ်တွင် သူတို့ဇနီးမောင်နှံနှစ်ဦးက အလုပာများနေခြင်းမဟုတ်ပါဘဲ အိမ်၌သာ ရှိနေခဲ့ကြခြင်းဖြစ်ပေသည်။
သို့သော်လည့် ညနေပိုင်း၌ စုန့်မိသားစုနှင့် တွေ့ရမည်ကို သိသည့်အတွက် မထွက်လာချင်ခဲ့ကြြဝကြပေ။
မည်သူကများ ဤကဲ့သိုးညစာကို စားချင်မည်နည်း။ ဤညစာကို
စားလိုက်သည်မှာ စုန့်စစ်ယွီနှင့်ရှုကျစ်၀မ်တို့အား သဘောတူပါသည်ဆိုသည့် အဓိပ္ပာယ် မဟုတ်ပေဘူးလား။
သူတို့၏သား ရှုကျစ်၀မ်သည်က
အိမ်မှ မထွက်လာမီအချိန်၌ စုန့်စစ်ယွီနှင့်သာ လက်ထပ်မည်၊ အခြားမည်သူနှင့်မှ မယူနိုင်ဟု
တောင်းပန်ပြောဆိုခဲ့သည်ကို စဉ်းစားမိလိုက်ရုံနှင့် သူတို့ဇနီးမောင်နှံမှာ ခေါင်းမူးကာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားရသည်။
သူတို့ထံတွင် ဤသားတစ်ယောက်သာ ရှိပေသည်။
သူတို့၏သားသာ ခေါင်းမာနေပါက
သူတို့ မည်သို့မျှ လုပ်ဆောင်၍ မရနိုက်ပေ။ သူတို့၏သားကိုပင်
မလိုချင်တော့သည်လားဟူသည့် အဖြစ်မျိုးကိုလည်း အဖြစ်မခံနိုင်ပေ။
ထို့ကြောင့်နောက်ဆုံး၌ သူတို့အနေဖြင့် အချိန်ဆွဲနေ၍ မရတော့သည်ကို သိသွားခဲ့ရကာ မတတ်သာဘဲ စားသောက်ဆိုင်ဆီသို့ ထွက်လာခဲ့ကြရခြင်းဖြစ်ပေသည်။
“အဖေ၊ အမေ၊ ဘာလို့ ခုမှရောက်လာတာလဲ၊
ဦးလေးစုန့် တို့ ရောက်နေတာကြာလှပြီ!”
သူတို့ဇနီးမောင်နှံနှစ်ဦး ပေါ်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရှုကျစ်ဝမ်က မကျေနပ်သည့်
လေသံဖြင့် သူတို့ထံသို့လျှောက်သွားကာ ပြောလိုက်လေသည်။
ဒါရိုက်တာရှုက ဟန်ဆောင်၍ ပြုံးပြရင်း ပြောလိုက်သည်။
“ကိစ္စလေးတွေရှိလို့ နည်းနည်းကြန့်ကြာသွားတာပါ၊ ပြီးတော့ လောင်စုန့်နဲ့ အဖေက အရင်ကတည်းက သိတဲ့သူတွေပဲလေ၊
သူ အဖေ့ကို ဗွေမယူလောက်ပါဘူး၊ ဟုတ်တယ်မလား လောင်စုန့်”
ထိုသို့ပြောရင်း ဒါရိုက်တာရှုက စုန့်ဝေ့အား တစ်ချက်ကြည့်လိုက်သည်။
စုန့်ဝေ့က ပြန်၍ ပြုံးပြကာ ပြောလိုက်လေသည်။
“သေချာတာပေါ့၊ ကျွန်တော်တို့လည်း အရင်လိုနေတာမျိုးမရှိပါဘူး၊ ဒါရိုက်တာရှု၊ လာ.... ထိုင်ပါဦး”
စုန့်ဝေ့မှာ ထိုစကားမှလွဲ၍
မည်သို့မျှ မပြောသည်ကို ရှုကျစ်၀မ်
မြင်ရသည့်အခါ သက်ပြင်းချလိုက်ကာ သူတို့မိသားစုနှစ်ခုလုံးစားပွဲ၌ ထိုင်လိုက်ကြသည်။
ထို့နောက် ရှုကျစ်ဝမ်က ယနေ့ညစာစားရခြင်း၏ အဓိကရည်ရွယ်ချက်ကို စတင်၍ ပြောလာလေသည်။
“အဖေ၊ အမေ၊ စစ်ယွီနဲ့ ကျွန်တော် ဒီလောက်ကြာအောင် တွဲနေတာတောင် ကျွန်တော်တို့ မိသားစုနှစ်ခုက တစ်ခါမှ ထမင်း အတူတူမစားဖူးသေးဘူး၊
ဒါကြောင့် ဒီနေ့ အားလုံးကို ညစာစား ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ ကိစ္စကို သေသေချာချာ ဆွေးနွေးချင်လို့ပါ”
ဤကိစ္စမှာ ရှုကျစ်ဝမ်အတွက် ပျော်ရွှင်ဖွယ် ကိစ္စဖြစ်နေသည့်အတွက် စိတ်အားထက်သန်ကာ သူ၏စကားများမှာ လွန်စွာပင် စိတ်အားထက်သန်နေခဲ့သည်။
သို့သော် ရှုကတော်မှာ သူမ၏ရှေ့မှ
စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့ မိသားစုကို ကြည့်လိုက်သည့်အချိန်၍ ရင်ထဲတွင် ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ ခံစားရပြီး စိတ်ကို မထိန်းချုပ်နိုင်တော့ပေ။
ဤသည်မှာ အပြင်ဘက်တွင်ဖြစ်နေသည့်အတွက် တခြားသူများ၏ အမြင်တွင် ရယ်စရာဖြစ်အောင်
မလုပ်သင့်ဟု သူမဘာသာ ထပ်ခါတလဲလဲ သတိပေးနေသော်လည်း ရှုကျစ်၀မ်၏ စကားကို ကြားလိုက်ရသည့်အခါမှာ၌ မထိန်းနိုင်တော့ပေ။
“ဟားဟား.. ကျစ်ဝမ်၊ သားပြောတာ မှန်တယ်၊ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောမယ်ဆိုရင် မိသားစု၀င်တွေ အားလုံးရှိနေရမှာပေါ့၊
အားလုံးစုံစုံညီညီရောက်တဲ့အခါမှပဲ ဒီလိုကိစ္စမျိုးကို ပြောဖို့ မသင့်ဘူးလား”
ဘာလို့ မိသားစု၀င်တွေ အားလုံး မရောက်သေးဘူးလို့ ပြောနေတာလဲ။မိသားစု၀င်တွေအားလုံး ရောက်နေပြီမဟုတ်ဘူးလား။
ရှုကျစ်ဝမ်တင်မက စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့ပါ ခဏတာမျှ တုံ့ပြန်မှုမရှိခဲ့ဘဲ တိတ်ဆိတ်သွားသည်။
ရှုကတော်က ဤသည်ကိုမြင်သည့်အခါ၌ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်လေသည်။
“အို၊ ကျွန်မကိုယ်ကျွန်မ
မှတ်ဉာဏ်မကောင်းဘူး ထင်နေတာ၊ ဒါပေမဲ့ ရှင်တို့ရဲ့ မှတ်ဉာဏ်က ကျွန်မထက် ပိုဆိုးနေတာကိုး၊
ဒီလို အရေးကြီးတဲ့ကိစ္စမှာ လင်းရန်ဆိုတဲ့ ကောင်မလေး မရှိလို့ မဖြစ်ဘူးလေ၊ လင်းရန်က ရှင့်ရဲ့ သမီးအရင်း မဟုတ်ပေမဲ့ သူမ ကြီးပြင်းလာတာကို ရှင်ကြည့်လာခဲ့ရတာပဲမဟုတ်ဘူးလား၊
စစ်ယွီ နဲ့ လင်းရန်တို့ကလည်း အတူတူကြီးပြင်းလာခဲ့ကြတာပဲလေ၊ ညီအစ်မချင်း ချစ်ခြင်း မေတ္တာတွေလည်း နက်ရှိုင်းတယ်၊
ကျစ်၀မ်နဲ့ သူမရဲ့အစ်မနဲ့
လက်ထပ်ရမယ့် ကိစ္စက ဒီလောက်အရေးကြီးတာကို သူမ မပါရင် ဘယ်လိုလုပ် သဘာဝကျပါ့မလဲ ဟုတ်တယ်မလား”
ရှုကတော်က ရုတ်တရက် လင်းရန်၏အကြောင်းကို ပြောလိုက်သည့်အချိန်တွင် စားပွဲဝိုင်းမှ တခြားလူများ၊ အထူးသဖြင့် စုန့်မိသားမှ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့မှာ ချက်ချင်းပင် မျက်နှာမဲ့သွားခဲ့သည်။
သူတို့နှစ်ဦးလုံး၏ မျက်နှာများက မည်းမှောင်သွားသည်ကို
မြင်ရသည့်အချိန်တွင် ရှုကတော်သည်လည်း စိတ်သက်သာရာရသွားခဲ့ရသည်။
“ဘာများဖြစ်လို့လဲ၊ ကျွန်မပြောလိုက်တဲ့စကားတွေထဲမှာ တစ်ခုခုများ အမှားအယွင်းပါသွားလို့လား၊ လူတိုင်းက လင်းရန်ကို သူ့ရဲ့အန်ကယ်စုန့်ကအချစ်ဆုံးပဲဆိုတာ သိကြတယ်လေ၊
အခု သူမ ဒီမှာ မရှိတော့ ဒီမိသားစု
အားလုံး တွေ့ဆုံတဲ့ ညစာစားပွဲက အဓိပ္ပာယ်မရှိဘူးမလား၊ အထူးသဖြင့် အင်ဂျင်နီယာစုန့်က အရင်တုန်းက ကျွန်မတို့ရဲ့ သားကို လင်းရန်နဲ့ မိတ်ဆက်ပေးဖို့လည်း စီစဉ်ခဲ့သေးတယ်လေ၊
အိုး.. ကျွန်မရဲ့ ပါးစပ်ကလည်း ဘာလို့ ရုတ်တရက် ဒီကိစ္စကို သွားပြောမိနေပါလိမ့်”
ရှုကတော်က မိမိကိုယ်မိမိ စိတ်တိုဟန်ဆောင်ကာ ပါးစပ်ကို ရိုက်လိုက်သည်။
“စုန့်ဝေ့၊ ရှင် စိတ်မဆိုးဘူးမလား၊ ကျွန်မ ဒါကို တမင်တကာ ပြောလိုက်တာ မဟုတ်ရပါဘူး”
အမှန်တကယ်တွင်တော့ သူမက သေချာပေါက် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်ခြင်းသာ ဖြစ်သည်။
ရှုကတော်က တမင်တကာပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့မှာ ထိုအကြောင်းကို စိတ်မပူနိုင်တော့ပေ။
လက်ရှိတွင် သူတို့သည်ကား သူတို့၏မျက်နှာပေါ်မှ အပြုံးများကိုပင် ဆက်၍ ထိန်းထားရန်ခက်ခဲနေလေပြီ။
ရှုကတော်နှင့် ဒါရိုက်တာရှုတို့က
သူတို့ သားအဖအား မကျေနပ်သည်ကို သိသော်ငြားလည်း ယခုကဲ့သို့ လူများစွာရှေ့၌ ထိုကဲ့သို့သော စကားမျိုး ပြောထွက်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပေ။
အမြဲတမ်းလိုလို သူတစ်ပါးအား မျက်နှာကောင်းလုပ်တတ်သည့် ဒါရိုက်တာရှုပင်လျှင် ရှုကတော် ထိုကဲ့သို့ ပြောနေသည်ကို မတားဆီးခဲ့ပေ။
သူက ရှုကတော် ပြောသည်ကိုပင် သဘောတူလက်ခံသကဲ့သို့ တိတ်တဆိတ်ရှိနေခဲ့သည်။
စားပွဲဝိုင်းမှ အခြေနေမှာ ခေတ္တခဏမျှ အေးစက်သွားသည်။
*