← Chapters

အခန်း (၂၂၀)

Vol. 22 Ch. 220

အခန်း (၂၂၀)

Vol. 22 Ch. 220

စုန့်ရှီးယန်က ရထားပေါ်သို့ သွားရန်လမ်းတွင် လင်းရန်အတွက် အရှေ့မှလမ်းဖွင့်ပေးခဲ့ပြီး သူမ၏ရှေ့မှလူများ တွန်းတိုက်လာမှုကို ပိတ်ဆို့ပေးထားခဲ့သည်။

ထို့ကြောင့် လင်းရန်တစ်ယောက် ရထားပေါ်သို့ ရှားရှားပါးပါး လွယ်ကူစွာတက်ရောက်လာနိုင်ခဲ့သည်။

သူတို့နှစ်ယောက် ရထားပေါ်သို့ရောက်ပြီးနောက်တွင် သူတို့၏အထုပ်အပိုးများကို နေရချလိုက်ကာ နေရာတွင် ဝင်ထိုင်ပြီးနောက်တွင် လင်းရန်တစ်ယောက် ဖြစ်ပျက်နေခဲ့သည်က ပို၍ အစစ်အမှန်ကဲ့သို့ ခံစားလာခဲ့ရသည်။

သူမအနေဖြင့် စုန့်ရှီးယန်၏မိဘများကို အမှမ်တကယ် တွေ့ဆုံရပေတော့မည်။ တခြား မည်သည့်အရာမှမဖြစ်ပျက်ပါက ၎င်းတို့မှာ သူမ၏ အနာဂတ်ယောက္ခမများဖြစ်လာနိုင်သည်။

သူမအနေဖြင့် မတိုင်ခင်တုန်းက စိတ်လှုပ်ရှားမှု လှိုင်းလုံးများမရှိနေခဲ့သော်လည်း ယခုအချိန်တွင်တော့ အနည်းငယ်လောက် စိုးရိမ်ပူပန်လာခဲ့လေသည်။

သို့သော် ဤအချိန်တွင် စုန့်ရှီးယန်က ရုတ်တရက် စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ပြောလာခဲ့သည်။

“ဒီရထားရဲ့ နောက်ဆုံးဘူတာက ကွမ်ကျိုးပဲ၊ ဒီတော့ ရထားက မနက်ဖြန်လောက်ကို ကွမ်းကျိုးဘူတာကိုရောက်လိမ့်မယ်.. ကိုယ်တို့လည်း မနက်ဖန် ကွမ်ကျိုးကိုရောက်လိမ့်မယ်”

သူမသည်လည်း နောက်တစ်နေ့တွင် စုန့်ရှီးယန်၏မိဘများကို တွေ့ဆုံရတော့မည်။

တိကျသောအချိန်ထွက်လာချိန်တွင် လင်းရန်တစ်ယောက် ပို၍ပင်စိုးရိမ်ပူပန်လာခဲ့ရသည်။

လင်းရန် ခဏလောက်ဒေါသထွက်သွားရပြီး စုန့်ရှီးယန်ကို စိုက်ကြည့်လိုက်သည်။

“ရှင်တစ်ယောက်ပဲ စကားများလွန်းနေတာ”

စုန့်ရှီးယန်: “?”

ဘာတွေဖြစ်နေတာလဲ။ သူ ခုနတုန်းက ဘာတစ်ခုမှ အမှားမပြောခဲ့ဘူးလေ ဟုတ်တယ်မလား။

သို့သော်လည်း လင်းရန်က စိတ်အချေအနေမကောင်းသည်ကို သတိပြုမိသောကြောင့် သူ၏စိတ်ထဲမှ မေးခွန်းများကို တိတ်တဆိတ်မျိုချလိုက်ရုံသာတတ်နိုင်သည်။

လက်ထပ်ပြီးသောရဲဘော်များ၏ အတွေ့အကြုံအရ ယေဘုယျအားဖြင့် ဇနီးသည်မှ မည်သည့်အတွက်ကြောင့် ဒေါသထွက်နေသည်ကို မသိသည့်အချိန်တွင် တိတ်ဆိတ်နေရန် ရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ သူ စကား ပိုပြောမိပါက သူ၏ဇနီးသည်မှ ပို၍ ဒေါသထွက်နိုင်ပုံရသည်။

ထို့ကြောင့် စုန့်ရှီးယန်လည်း မိန်းကလေးတစ်ယောက်၏ အတွေးများက ခန့်မှန်းရန်ခက်ခဲလွန်းသည်ဟုသာ စိတ်ထဲတွင် ညည်းညူနိုင်ခဲ့ပြီး အရာအားလုံးကို တိတ်တဆိတ်ခံယူခဲ့လေသည်။

သူမ၏ဒေါသကို စုန့်ရှီးယန်ထံတွင် ပေါက်ကွဲလိုက်မိပြီးနောက် လင်းရန်တစ်ယောက် သတိပြန်ဝင်လာပြီးအလွန်စိတ်မကောင်းဖြစ်သွားရသည်။

သူမ စုန့်ရှီးယန်ကိုကြည့်လိုက်လျှင် တစ်ဖက်လူမှာ သူမ၏ အော်ဟစ်မှုအပေါ် လုံးဝဂရုမစိုက်ပုံရပြီး သူ၏မျက်လုံးများမှာလည်း “ငါ့ဇနီးက ဒေါသထွက်နေမှတော့ ဘာများတတ်နိုင်ဦးမှာလဲ သေချာပေါက် ငါ့ဘက်ကပဲ ချစ်ခင်ပြီး အလိုလိုက်ပေးရမှာပေါ့” ဟူ၍ပင် ဖော်ပြနေကြောင်းကို မြင်တွေ့လိုက်ရလေ၏။

လင်းရန်တစ်ယောက် ဒေါသထွက်ထွက်နဲ့ ရယ်မောလိုက်မိသည်။

တစ်ဖက်လူ၏တိုးတက်မှုက အလွန်ပင် မြန်ဆန်လွန်းသည်။

သို့သော် စုန့်ရှီးယန်၏တုန့်ပြန်မှုကြောင့် လင်းရန်၏စိုးရိမ်ပူပန်မှုက ရုတ်တရက် လျော့နည်းသွားခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ အနည်းဆုံး စုန့်ရှီးယန်၏တုန့်ပြန်မှုအရ သူက သူမကို အလွန်ပင် ဂရုစိုက်ခဲ့သည်။

အချိန်ရောက်လာပါက သူသာ သူမ၏ဘေးမှ ရပ်တည်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။

သူမ တွေးတောနေစဉ်မှာပင် ရထားက စတင် ထွက်ခွာခဲ့လေ၏။

ရထားဘူတာရုံပြင်ပတွင်တော့ လင်းရန် လွဲချော်ခဲ့သော ပြဇာတ်က ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ချန်ကျားယန်က ရုတ်တရက်တားဆီးလိုက်ချိန်တွင် စုန့်စစ်ယွီတစ်ယောက် သူ့ကို လုံးဝ မမှတ်မိနေခဲ့ပါချေ။

ဆိုရလျှင် သူမအနေဖြင့် ချန်ကျားယန်ကို အလွန်အမင်းမုန်းတီးသော်လည်း သူမ၏ မှတ်ဉာဏ်ထဲတွင် ချန်ကျားယန်၏ အသွင်အပြင်က အမြဲတစေ နူးညံ့သိမ်မွေ့သော၊ ချောမောသော ပညာတတ်လူငယ်တစ်ဦးသာဖြစ်နေခဲ့သည်။

သူသည်က ကိုယ့်ကိုယ်ကို အလွန်ဂရုစိုက်ကာ သန့်ရှင်းမှုကို အထူးကြိုက်နှစ်သက်သည့် ချောမောသောလူငယ်တစ်ဦးဟု ဆိုနိုင်သည်။

သို့သော်လည်း ယခု သူမ၏ရှေ့တွင်ပေါ်လာသောအမျိုးသားမှာကား အလွန်ပင် ကွာခြားနေခဲ့သည်။

ထိုသူက ရက်အနည်းငယ်ကြာအောင် လမ်းပေါ်တွင် ရှိနေခဲ့သောကြောင့်လား သို့မဟုတ် တခြားသော အခြေအနေများကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်အချိန်မရှိခဲ့သည်လား ဆိုသည်တို့ကိုတော့ သူမ မသိပါချေ။

အတိုချုပ်အားဖြင့် ထိုသူမှာ သူ၏မုတ်ဆိတ်မွေးကိုလည်း ရိတ်ထားခြင်းမရှိခဲ့သကဲ့သို့ သူ၏ဆံပင်သည်လည်း အဆီများ ဂျီးများနှင့် စုတ်ဖွာနေခဲ့သည်။

သူ ဝတ်ဆင်ထားသော ရှပ်အင်္ကျီသည်လည်း အရည်အသွေးညံ့ဖျင်းသော ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံနှင့် တန်ဖိုးမရှိကြောင်း တွေ့မြင်နိုင်သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ပေရေနေသည့် အကွက်များ ပွန်းပဲ့မှုများရှိနေခဲ့သည်။

သူမ၏အတွေးသက်သက်လားမသိသော်လည်း တစ်ဖက်လူထံမှ ချဥ်စုတ်စုတ်အနံ့ကိုပင် ရရှိနေသကဲ့သို့ ထင်ရသည်။

ဒါက တစ်နေရာရာက ရောက်လာတဲ့ သူတောင်းစား တစ်ယောက်များလား။

ချန်ကျားယန်အတွက်ဆိုရလျှင် သူသည်ကား ဤရက်ပိုင်းအတွင်း အမှန်တကယ်ပင် ကောင်းမွန်သော ဘဝကိုမရရှိခဲ့ပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူ လင်းရန်ထံမှ စုန့်မိသားစု၏လိပ်စာကိုရရှိပြီးနောက် မြို့သို့ တိုက်ရိုက်ထွက်ခွာလာခဲ့သည်။

သို့သော် သူတွင် ပိုက်ဆံအများအပြားမရှိသောကြောင့် လမ်းခရီးစရိတ်များအပြင် အစားအစာအတွက် ပိုက်ဆံကိုလည်း နုတ်ယူပြီးနောက်တွင် ကျန်ခဲ့သောပိုက်ဆံမှာ ဟိုတယ်တွင် နေထိုင်ရန် လုံလောက်ခြင်း မရှိတော့ပါချေ။

သူ့အနေဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က မြို့ထဲရှိ နေထိုင်သူတချို့၏ အိမ်များသို့ သွားရောက်ခဲ့ပြီး အိပ်စက်ရန် နေရာတစ်ခုပေးရန် တောင်းဆိုခဲ့ရသည်။

သူ တခြားလူတစ်ယောက်၏ ကျောက်မီးသွေးသိုလှောင်ခန်း၌ပင် အိပ်စက်ခဲ့ပြီး နောက်တစ်ယောက်၏ ဧည့်ခန်း၌လည်း အိပ်စက်ခဲ့သည်။

ယမန်နေ့ညက ပိုက်ဆံချွေတာရန်အတွက် တံတားလိုဏ်ခေါင်းတစ်ခုတွင်ပင် နေခဲ့ရသည်။

ချန်ကျားယန်တစ်ယောက် သူ၏ဘဝတွင် ဤမျှလောက်အထိဒုက္ခရောက်မှုမျိုးကို မည်သည့်အချိန်ကမျှ မခံစားဖူးဟု ဆိုနိုင်သည်။

သို့ရာတွင် သူနှင့် စုန့်စစ်ယွီတို့ လက်ထပ်ပြီးသည်နှင့် သူ့ထံတွင် အိပ်မက်ဆန်လောက်အောင် ကောင်းမွန်သောဘဝကို နေထိုင်နိုင်လိမ့်မည်ဟု တွေးထားခဲ့သောကြောင်း သူ၏အရှေ့မှ အခက်အခဲအားလုံးကို သည်းခံခဲ့သည်။

သူ့အနေဖြင့်လွန်ခဲ့သည့် ရက်အနည်းငယ်က မြို့ကို ရောက်ရှိခဲ့သော်လည်း မတိုင်ခင်အချိန်အထိ စုန့်စစ်ယွီကို လာတွေ့ခဲ့ခြင်းမရှိခဲ့ပေ။

ဆိုရလျှင် သူ၏လက်ရှိအခြေအနေနှင့် အထောက်အထားအရ စုန့်စစ်ယွီအတွက် လုံးဝစိမ်းသက်သည့်လူတစ်ဦးဖြစ်သောကြောင့် စုန့်စစ်ယွီနှင့် စကားပြောရန် အလျင်စလို လုပ်ရဲခြင်းမရှိခဲ့ပေ။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်အတွင်း အခွင့်အရေးများကို ရှာဖွေနေခဲ့ပြီး တစ်ချိန်တည်းမှာပင် စုန့်စစ်ယွီနှင့် စုန့်ဝေ့အကြောင်းကို စုံစမ်းမေးမြန်းနေခဲ့သည်။

ဤစုံစမ်းမှုအပြီးတွင် စုန့်စစ်ယွီက ရှုကျစ်ဝမ်ဟုခေါ်သော အမျိုးသားတစ်ယောက်နှင့် ချိန်းတွေ့နေသည်မှာ အမှန်ပင်ဖြစ်ကြောင်းကိုအတည်ပြုနိုင်ခဲ့သည်။

ထို့အပြင် ရှုကျစ်ဝမ်၏ အဖေမှာ စက်ရုံတစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏မိသားစုကလည်း အလွန်ချမ်းသာသည်ဟု ယူဆရသည်။

ချန်ကျားယန် တစ်ဖက်လူကို သူ၏ကိုယ်ပိုင်အခြေအနေနှင့် နှိုင်းယှဉ်ခဲ့သည်။

သူ၏မျက်နှာနှင့် စာပေပါရမီမှလွဲ၍ ရှုကျစ်ဝမ်နှင့် နှိုင်းယှဉ်နိုင်သည့်အရာ တစ်ခုမှမရှိဟု ထင်ရသည်။

ထို့ကြောင့် သူ စုန့်စစ်ယွီ၏စိတ်ကို ကောင်းကောင်းမလှုပ်ခတ်မီ လုံးဝသေချာအောင် ပြုလုပ်ရပေမည်။

ကံကောင်းစွာဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏လျှို့ဝှက်လေ့လာတွေ့ရှိမှုအပြီးတွင် စုန့်စစ်ယွီင အားလပ်ချိန်များတွင် စာအုပ်ဆိုင်သို့ သွားလေ့ရှိကြောင်း သိရှိခဲ့ရပြီး စုန့်စစ်ယွီက စာပေကို အလွန်ချစ်မြတ်နိုးသူဖြစ်ရမည်ဟု သူ ချက်ချင်းပင် ဆုံးဖြတ်နိုင်ခဲ့သည်။

သူအကောင်းဆုံးလုပ်နိုင်ခြင်းကလည်း စာပေအကြောင်းများသာ ဖြစ်သည် မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် ချန်ကျားယန် သူ၏အိပ်မက်ကို ပြန်တွေးလိုက်မိသည်။ စုန့်စစ်ယွီက သူ၏စာပေပါရမီကို ပထမဆုံးအကြိမ်ကတည်းက လေးစားခဲ့သောကြောင့်သာ သူ့ကို ချစ်မိခဲ့ပုံရသည်။

ထို့ကြောင့် ယမန်နေ့က ချန်ကျားယန်တစ်ယောက် စုန့်စစ်ယွီ ဝယ်ယူခဲ့သည့်စာအုပ်ကို မြင်လျှင် သူ့ကိုယ်သူ ရက်စက်စွာနှင့် ထိုစာအုပ်ကို ဝယ်ယူရန် ပိုက်ဆံတချို့ကို သုံးစွဲလဲ့သည်။

သူလိုချင်သော အခွင့်အရေးမျိုး ရရှိနိုင်စေရန်အတွက် စုန့်စစ်ယွီနှင့်တွေ့ဆုံကာ “စာအုပ်” နှင့်ပတ်သက်ပြီး ဆက်ဆံရေးတစ်ခု ရရှိလာစေရန်အတွက် ဖြစ်ပေသည်။

ရလဒ်အနေဖြင့် ဤကဲ့သို့ လှပသည့် တွေ့ဆုံမှုတစ်ခု ဖြစ်လာခဲ့သည်။

“ ဒီကရဲဘော်.. မင်းလိုမိန်းကလေးတစ်ယောက်ကလည်း ဒီလိုစာအုပ်ကို ဖတ်ရတာ ကြိုက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး.. ငါလည်း ဒီစာအုပ်ကို အရမ်းကြိုက်တယ်”

စုန့်စစ်ယွီက သူရှေ့တွင် ရပ်တန့်သွားသည်ကိုမြင်လျှင် ချန်ကျားယန်က အံ့သြသွားသကဲ့သို့ ဟန်ဆောင်လိုက်ပြီး ယဥ်ကျေးသည့်လေသံဖြင့် အလျင်အမြန် ပြောလိုက်လေသည်။

သူက စကားပြောနေရင်းဖြင့် မနေ့က ဝယ်ထားခဲ့သော စုန့်စစ်ယွီ၏လက်ထဲမှ စာအုပ်နှင့် တူညီသည့် စာအုပ်ကိုလည်း ထုတ်ပြခဲ့သည်။

သူက စုန့်စစ်ယွီထံမှ အံ့သြသွားမှုကို မျှော်လင့်နေခဲ့သည်။ စိတ်ဝိညာဉ်ချင်း တူညီသည့် လူတစ်ဦးကို တွေ့ရှိခဲ့သကဲ့သို့ ခံစားချက်ကို မျှော်မှန်းထားခဲ့သည်။

သို့သော် မမျှော်လင့်စွာဖြင့် သူ စုန့်စစ်ယွီကို မော့ကြည့်လိုက်ချိန်တွင် သူမ၏ မျက်နှာပေါ်မှ မယုံကြည်နိုင်မှုနှင့် နက်ရှိုင်းလှသော ရွံရှာမှုတို့ ရောနှောနေသော မျက်နှာကိုသာ တွေ့လိုက်ရလေ၏။

*

စုန့်စစ်ယွီ သူမ၏ အရှေ့တွင်ဝှိမေသော ချန်ကျားယန်ကို မတိုင်ခင်က မမှတ်မိခဲ့ပါချေ။ သို့သော်လည်း သူ စကားပြောလာခဲ့ချိန်တွင်တော့ ရင်းနှီးကျွမ်းဝင်ဘွန်းသည့် အသံကို ကြားလိုက်ရပြီးနောက် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်လိုက်သည်။

ထို့ကြောင့် ပို၍အနီးကပ် ကြည့်လိုက်ချိန်တွင်တော့ သူမ၏ရှေ့မှ လူမှာ ထိုလူယုတ်မာ ချန်ကျားယန်ဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရလေသည်။

ဒါပေမဲ့ သူက ဘာလို့ ဒီနေရာကိုရောက်နေရတာလဲ?

သူ ဂိုဘီမှာရှိနေတဲ့ ကျေးလက်ဒေသမှာစာရင်းသွင်းပြီး အဲဒီနေရာကို သွားနေသင့်တာ မဟုတ်ဘူးလား။

စုန့်စစ်ယွီတစ်ယောက် ချန်ကျားယန်ကို မြင်လိုက်ရချိန်တွင် သူမ၏ နှလုံးသားထဲမှ ဒေါသတရားတို့က သတိလက်လွတ် ဆူပွက်လာခဲ့ရသည်။

သူမ၏ ယခင်ဘဝတွင် ချန်ကျားယန်ကို လက်ထပ်ပြီးနောက် ခံစားခဲ့ရသော နာကျင်မှုများအားလုံးကို ပြန်လည် သတိရလာခဲ့ပြီး ချန်ကျားယန်ကို ဤနေရာတွင်ပင် အပိုင်းပိုင်းခုတ်ဖြတ်ချင်လာနီးပါး ဖြစ်နေခဲ့လေသည်။

All Chapters