အခန်း (၇၀)
Vol. 7 Ch. 70
ယခုတလော ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် စုန့်စစ်ယွီမှာ လီရှို့လီကို အလွန်ပင် ဒေါသထွက်နေတုန်းဖြစ်ပြီး သူမအပေါ်ထားရှိသော သူမ၏သဘောထားသည်လည်း သာမန်အေးစက်မှုမျိုးမဟုတ်တော့ပေ။
လီရှို့လီကတော့ သူမ ထိုကဲ့သို့ ပြုမူနေသည်ကို မြင်လိုက်ရလျှင် ပို၍ပင် စိတ်ထိခိုက်လာခဲ့ရသည်။
ဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့သူက သူမ မဟုတ်ဘူးလေ။ စုန့်စစ်ယွီက ဘာလို့ သူမအပေါ် ဒီလောက်တောင်ဒေါသထွက်နေရတာလဲ?
ယခုအချိန်တွင် သူမက သူမ၏သမီးလေး လင်းရန်ကို ပို၍ပင် လွမ်းဆွတ်လာခဲ့သည်။
ယခင်က စုန့်စစ်ယွီမှ သူမကို ဒေါသထွက်သည့်အချိန်တိုင်း သူမက လင်းရန်ထံသို့သွားပြီး တိုင်တန်းလေ့ရှိသည်။ ထို့နောက် စုန့်စစ်ယွီအပေါ် လင်းရန်၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းမှုများကို နားထောင်ရင်း သူမကို များစွာစိတ်သက်သာရာရစေခဲ့သည်။
သေချာသည်မှာ လင်းရန်၏ ရှေ့တွင် စုန့်စစ်ယွီအား သူမက မကျေမနပ်ကြိမ်းမောင်းရန် မဖြစ်နိုင်သကဲ့သို့ လင်းရန်မှ ထိုသို့ ကြိမ်းမောင်းပြောဆိုပြီးနောက်တွင် သူမက လင်းရန်အား အစ်မဖြစ်သူနှင့် ကောင်းကောင်းပေါင်းသင်းရန်လည်း သင်ပေးလေ့ရှိသည်။
ဤနည်းဖြင့်သာ ညီအစ်မနှစ်ဦးက ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံနိုင်မည်ဖြစ်ပြီး မိသားစုကလည်း ငြိမ်းချမ်းစွာဖြင့် တည်ရှိနိုင်လိန့်မည်ဖြစ်ပေသည်။
လင်းရန်က ကျေးလက်ဒေသ ဝေးရာတွင်ရှိနေသည့်အတွက် သူ့မဒေါသကိုဖြေဖျောက်ရန်အတွက် လင်းရန်ကို သွားရှာရန်မဖြစ်နိုင်သည်မှာ နှမျောစရာပင်။
ထိုအကြောင်းကိုတွေးလိုက်မိလျှင် လီရှို့လီက လင်းရန်ကို ပြန်ခေါ်ဖို့အတွက် ဤအခွင့်အရေးကို အသုံးချဖို့ရန် ဆုံးဖြတ်လိုက်ခဲ့သည်….
…..
လင်းမိသားစုရှိ အခြေအနေမျာ့၏ အကြောင်းနှင့်ပတ်သက်လျှင်တော့ လင်းရန်က လီမိသားစုနှင့် စုန့်မိသားစုထံတွင် ဖြစ်ပျက်နေသမျှကို မသိခဲ့ပေ။
နံနက်ခင်းတွင် သူမနှင့် စုန့်ရှီးယန်တို့က ခေါင်းဆောင်ရှိသည့် နေရာသို့သွားပြီး လင်းမိသားစုထံသို့ ပြန်လာခဲ့ကြသည်။
ယခုအချိန် အိမ်တွင် သူတို့နှစ်ယောက်သာရှိနေခဲ့ပြီး လင်းရန်က စုန့်ရှီးယန်နှင့် မည်ကဲ့သို့ ဆက်ဆံရမည်ဆိုသည်ကို မသိသည့်အတွက် သူမ၏အခန်းသို့ ပြန်သွားခဲ့ပြီး မနက်ဖြန်မြို့သို့ သွားရန်အတွက် ပြင်ဆင်နေခဲ့သည်။
အဘွားလင်းက အးမနက်ဖန်တွင် သူမနှင့် မဆုံဖူးသေးသော အဒေါ်နှင့်တွေ့ဖို့ရန် မြို့ကို ခေါ်သွားမည်ဟု ပြောခဲ့သည်။
အဒေါ်ဖြစ်သူက သိပ်ပြီးမကြီးသေးဘဲ၊ သူမထက် ဆယ်နှစ်ခန့်သာ ကြီးသည်။ သူမ မြို့ပေါ်တွင် ကျောင်းတက်သောအချိန်တွင် အတန်းဖော်တစ်ယောက်နှင့် အပြန်အလှန် ချစ်ခင်ခဲ့ကြပြီး နောက်ပိုင်းတွင် ကျောင်းပြီးသည်နှင့် အိမ်ထောင်ပြုခဲ့ကြသည်။
သူမ၏ ခင်ပွန်းဖြစ်နေပြီ ဖြစ်သော အတန်းဖော်တွင် နောက်ခံကောင်းသော မိသားစုရှိနေခဲ့သည်။
သူမ၏ ယောက္ခမက မြို့ရှိ ရောင်းချရေးနှင့် ဝယ်ယူမှု၏ တာဝန်ခံဖြစ်သည်။ ထို့ကြောင့် လင်းရန်၏ အဒေါ်က သူမခင်ပွန်းဖြစ်သူ၏ မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပြီးနောက် သူမခင်ပွန်းသည်မိသားစု၏ ရောင်းချရေးနှင့် ဝယ်ယူမှုတွင် တိုက်ရိုက်ပါဝင်ရန် ခင်ပွန်းဖြစ်သူ၏ မိသားစုမှ စီစဉ်ပေးခဲ့သည့်အတိုင်း အရောင်းတာဝန်ခံဖြစ်လာခဲ့ကာ လူတိုင်းက မနာလိုဖြစ်ခဲ့သည်။
သို့သော်လည်း သူတို့၏ နေရာက သေးငယ်ပြီး ဝေးကွာလွန်းသောကြောင့် ရောင်းလိုအားနှင့် သမဝါယမစျေးကွက် အဖွဲ့အစည်းက မကြီးမားသလို သူတို့ရောင်းချသည့် ပစ္စည်းအမျိုးအစားများကလည်း နည်းပါးသည်။
ထို့ကြောင့် အခြားနေရာရှိ ရောင်းချရေးနှင့် ဝယ်ယူရေး အဖွဲ့စည်းများနှင့် နှိုင်းယှဉ်ပါက အဒေါ်ဖြစ်သူတို့၏လုပ်ငန်းက အလွန်လွယ်ကူပြီး အနည်းငယ်ပျင်းစရာကောင်းသည်။
တစ်ခုတည်းသော နှစ်သိမ့်မှုမှာ အနည်းဆုံးအနေဖြင့် လစာက တည်ငြိမ်ပြီး မြို့တွင်းရှိသတင်းများအားလုံးကို သူမက ကောင်းမွန်စွာသိသည်။
သူမက သူမ၏ အဒေါ်ကို သွားတွေ့ပြီး အခြေအနေကို မေးမြန်းစုံစမ်းကာ အကူအညီတောင်းချင်သောကြောင့် လက်ဗလာနှင့် မသွားနိုင်ပေ။
လင်းရန်က ယမန်နေ့က မြို့မှ ပြန်ဝယ်လာခဲ့သော လက်ဆောင်အများစုကို အဘွားအိုထံသို့ ပေးခဲ့သော်လည်း အချို့အရာများကို သူမအတွက် သိမ်းဆည်းထားခဲ့သေးသည်။
သူမ၏ အဒေါ်တွင် ကောင်းမွန်သောအလုပ်ရှိပြီး သူမ၏ ခင်ပွန်းမိသားစုကလည်း အဆင်ပြေကာ သူတို့က စားသောက်ရေးနှင့် ဝတ်စားဆင်ယင်မှုအတွက် လုံလောက်စွာရှိသည်။
ထို့ကြောင့် စျေးကြီးသောအရာများကို ပေးရန် မလိုအပ်ဘဲ- စျေးမကြီးသော်လည်း အသုံးဝင်သော ပစ္စည်းများဖြစ်နေလျှင် လုံလောက်ပလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် လင်းရန်က ကျန်ရှိနေသည့်ပစ္စည်းများကြားမှ လျင်မြန်စွာရှာဖွေလိုက်ကာ သင့်တော်မည့်လက်ဆောင်တစ်ခုကို ရှာတွေ့ခဲ့သည်။
ထိုအရာမှာ ဆံပင်ကိုအလှဆင်သည့်အလှဆင်ပစ္စည်းတစ်စုံဖြစ်ပြီး၊ ဆံထိုးနှင့် ဆံညှပ်တစ်ချို့ပါဝင်သည်။ ၎င်းတို့တွက် အစုံအလင်ပါဝင်နေခဲ့ပြီး ၎င်းတို့၏ လက်ရာနှင့် အရည်အသွေးများက အလွန်ကောင်းမွန်သည်။
စုန့်ဝေ့မှ ကုန်တိုက်တွင် သိုးမွှေး စုဆောင်းနေစဉ်တွင် သူမက ၎င်းတို့ကို ရွေးချယ်လာခဲ့ခြင်းဖြစ်သည်။
သူမအနေဖြင့် အခြားသောပစ္စည်းများကို အခြေအနေအတွက် ကြည့်ရှုကာ ဝယ်ယူလာခဲ့သော်လည်း ဤဆံပင်အသုံးအဆောင်ပစ္စည်းများကို သအမှန်တကယ်ပင်နှစ်သက်သည်။
နောက်ဆုံးတွင် ဤအရောင်နှင့် စတိုင်လ်က ယနေ့ခေတ်သာမက ၂၁ရာစုမှာပင် ပေါ်လွင်နေလိမ့်မည်ဖြစ်သည်။
သူမ၏ အဒေါ်က အသက်သိပ်မကြီးသေးသလို ကလေးလည်း မမွေးရသေးသောကြောင့် ထိုအသုံးအောင်များက သူမအတွက် အလွန်သင့်တော်ပေသည်။
သူမ ပစ္စည်းများကို ပြင်ဆင်ပြီး မကြာမီတွင် အဘွားလင်းက ပြန်ရောက်လာခဲ့သည်။
လင်းကျန်းအန်းကတော့ လမ်းတစ်ဝက်တွင်ရှိသည့် လယ်ကွင်း၌ အလုပ်လုပ်ရန် ကျန်ရစ်ခဲ့သောကြောင့် အဘွားလင်းက တစ်ယောက်တည်း ပြန်လာခဲ့သည်။
သို့သော် သူမက ပြန်ရောက်လာပြီးနောက်တွင် လင်းရန်ကို စမ်းစူးလိုစိတ်ရှိသော အကြည့်ဖြင့်ကြည့်ကာ ပြုံးပြီး ပြောလာခဲ့သည်။
“အဆင်ပြေပါတယ်၊ အဘွားနဲ့ မင်းအဖေက မင်စကို ကူညီဖို့အတွက် အမြဲတမ်းရှိနေတယ်၊ ဒီလီမိသားစုကို ဖြေရှင်းဖို့ဆိုတာက သေးငယ်တဲ့ ကိစ္စတစ်ခုပဲ!”
အဘွားလင်းမှ စိတ်အခြေအနေကောင်းသည်ကို မြင်နိုင်နေပြီး စိတ်အနှောင့်ယှက်ပေး ခံလိုက်ရသကဲ့သို့ အရိပ်အယောင်မျိုး မထင်ရသောကြောင့် လင်းရန်က လီမိသားစုထဲတွင် သူတို့ပြုမူခဲ့သောအရာများကို ပြန်လည် မေးမြန်းခြင်း မပြုခဲ့ပါချေ။
ထို့အစား သူမရွေးထားသည့် ဆံပင်အသုံးအဆောင်များကိုသာ သူမ၏ အဒေါ်ကို ပေးရန်သင့်တော်သလားဟု အဘွားလင်းနှင့် တိုင်ပင်ခဲ့သည်။
အဘွားလင်းကတော့ ထိုပစ္စည်းများကို မြင်လိုက်ရလျှင် ထိုအရာက သူမအတွက် မသင့်တော်သည်မှာ မဖြစ်နိုင်ဟု အခိုင်အမာပြောခဲ့သည်။
လင်းရန်က ပြင်ဆင်ထားသည့်အရာများကို သူမ ကြည့်လိုက်မိချိန်တွင် အလွန် ကောင်းမွန်ကြောင်းကို တွေ့လိုက်ရသည်ပင်။
“အိုး…မင်းရဲ့ အန်တီလေးက သဘောကျမှာ သေချာတယ်၊သူမက ငယ်ငယ်လေးကတည်းကနေ အရမ်းအလှကြိုက်တာ!”
အဘွားလင်း၏ မှတ်ချက်ကိုကြားပြီးနောက် လင်းရန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် သူမ မနက်ဖြန်ရောက်မည့်အချိန်ကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့တော့သည်။
စုန့်မိသားစုအတွက်မူကား စုန့်ဝေ့က နေ့ခင်းတစ်လျှောက်လုံး အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် ကုန်တိုက်သို့သွားခဲ့သည်။
ဘာလုပ်ဖို့အတွက်လဲ?
သေချာတာပေါ့…သူ ဒီပစ္စည်းတွေကို အလဲအလှယ်အဖြစ် ဝယ်ယူလာခဲ့တာ..
နောက်ထပ်ပစ္စည်းတွေကို ဝယ်ဖို့မလုံလောက်တော့ဘူးဆိုပေမဲ့ လင်းရန်ကသာ လွယ်လွယ်ကူကူနဲ့ ပြန်မလာခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?
ထို့ကြောင့် စုန့်ဝေ့က ပိုက်ဆံများစွာသုံးပြီး လင်းရန် လိုချင်လောက်သည့် ပစ္စည်းတချို့ကိုဝယ်ယူခဲ့ကာ ညနေပိုင်းတွင် ပြန်လည်သွားခေါ်ရန် စီစဉ်ခဲ့သည်။
မူလတွင် သူက မနက်ဖြန်သွားရန် စီစဉ်ထားသော်လည်း လမ်းတွင် တချို့သောနောက်ကျမှုများ ရှိနေမည်ကို စိုးရိမ်နေခဲ့ပြီး၊ တစ်ညတာအချိန်ထပ်ရှည်နေမည်ဖြစ်သောကြောင့် တစ်ခုခုမှားယွင်းသွားမည်ကို စိုးရိမ်ကာ အဆင်သင့်ပြင်ပြီးသည်နှင့် ညနေခင်းဘက်တွင် စထွက်ခဲ့သည်။
အဆုံးတွင် စုန့်ဝေမှာ ကုန်စုံဆိုင်မှငွေအမြောက်အမြားသုံးခဲ့ရကာ ပြန်လည်ထွက်ခွာလာချိန်တွင် သူ့ပစ္စည်းများကို စိုးရိမ်စိတ်ကြီးစွာဖြင့်သာ သယ်သွားခဲ့ရသည်။
အမှန်တွင် သူက ဤတစ်ခေါက်တွင် လီရှို့လီကိုလည်း သူနှင့် အတူတူခေါ်သွားရန် စီစဉ်ထားခဲ့သည်။
*
အဆုံးတွင် ထိုမိန်းကလေး လင်းရန်ကိုပြန်ခေါ်ရန်အတွက် သူတစ်ယောက်တည်းသွားကာ ထိုအရာများကို လုပ်ရန် မလုံခြုံပေ။
ထို့အပြင် သူမ၏မိခင် လီရှို့လီက ငိုယိုပြီး သူမအား တွန်းအားပေးလာမည်ဆိုပါက လင်းရန် လုပ်ချင်သည်များကို လုပ်၍ရမည်မဟုတ်တော့ပေ။
သေချာသည်မှာ နောက်ထပ်အရေးကြီးသော အချက်တစ်ခုရှိနေသေး၏။
ဆိုလိုသည်က လီရှို့လီသာ သွားမည်ဆိုလျှင် လင်းမိသားစု၏ လင်းကျန်းအန်းနှင့် ပဋိပက္ခဖြစ်မည်မှာ သေချာသည်။ သူတို့နှစ်ဦး စကားများရန်ဖြစ်ပြီးနောက်တွင် လင်းကျန်းအန်းက လင်းရန်၏ ရှေ့တွင် ဖခင်ကောင်းတစ်ဦးအဖြစ် ဟန်ဆောင်ရန် လုပ်ဆောင်နိုင်ခြင်း မရှိနိုင်လောက်တော့ပေ။
ထိုသူသာ ရုပ်ဆိုးလှသောမျက်နှာဖြင့် လီရှို့လီနှင့် ငြင်းခုံနေသည်ကိုမြင်လျှင် လင်းရန်က သူမ၏ အဖေကို လူကောင်းတစ်ဦးဟု ထင်နေနိုင်ဦးမည်တဲ့လား။
စုန့်ဝေ့က အရာအားလုံးကို တွေးတောတွက်ချက်ခဲ့ပြီး မည်သည့်အရာမှ ကျန်မနေခဲ့ကြောင်း သေချာအောင်စစ်ဆေးပြီးနောက်တွင် အနည်းငယ်မကျေမနပ်ဖြစ်နေသော လီရှို့လီကိုခေါ်ကာ ညနေဘက်တွင် ထွက်ခွါသွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် လင်းရန်နှင့် အဘွားလင်းက မြို့ထဲသို့အတူတကွ ထွက်သွားခဲ့ကြသည်။
သို့သော် ဤအကြိမ်တွင် သူတို့နှစ်ယောက်အပြင် စုန့်ရှီးယန်လည်း ပါရှိနေသေးသည်။
မနေ့ညက စုန့်ရှီးယန်က သူတို့နှစ်ယောက် မြို့သို့ သွားမည်ကိုသိလိုက်သည်တွင် သူသည်လည်း မြို့ထဲသို့သွားကာ လုပ်စရာကိိစ္စရှိကြောင်း ပြောခဲ့ပြီး သူတို့နှင့်အတူ သွားရန်ဆုံးဖြတ်လိုက်သည်။
စုန်းရှီးယန်ကဲ့သို့ အရပ်မြင့်မြင့်နှင့် အမျိုးသားတစ်ယောက်က သူမ၏အနောက်သို့ လိုက်လာသောကြောင့် အဘွားလင်းက ပို၍ပင် သက်တောင့်သက်သာဖြစ်နေသည်ဟုခံစားခဲ့ရသည်။
သူမ တစ်ယောက်တည်း မြို့ထဲသို့ သွားမည်ဆိုလျှင် သူမက စိုးရိမ်နေလိမ့်မည်မဟုတ်ပေ။
ညဉ့်နက်သန်းခေါင်အချိန်မှ မြို့ထဲမှ ပြန်လာမည်ဆိုလျှင်ပင် ကြောက်ရွံ့နေမည်မဟုတ်ပေ။
သို့သော် ဤအကြိမ်တွင် သူမနှင့်အတူ အလွန်လှပသောမြေးမလေးပါ လိုက်ပါလာမည်ဖြစ်သောကြောင့် စိတ်မပူရန် မည်သို့မျှ ဖြစ်နိုင်မည်မဟုတ်ပါချေ။
လမ်းခရီးတွင် တစ်စုံတစ်ရာဖြစ်ခဲ့မည်ဆိုလျှင် အဘွားလင်းက ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် စုန့်ရှီးယန်မှ မြို့ထဲသို့ သွားမည်ဆိုသည်ကို လင်းရန်ကြားလိုက်ရပြီးနောက် သူမ မတုံ့ပြန်ရသေးမီပင် အဘွားလင်းက ဝမ်းသာအားရစွာဖြင့် လက်ခံခဲ့လေသည်။
သေချာတာပေါ့…သူမ ပြန်တုံ့ပြန်ခဲ့မယ်ဆိုရင်တောင် ဘာမှပြောခွင့်ရလိုက်မှာ မဟုတ်ဘူး…
နောက်ဆုံးတွင် အဘွားအိုတစ်ဦးနှင့် လူငယ်နှစ်ဦးက ထွက်ခွါသွားကြသည်။
**