← Chapters

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (၄၂၉-၄၃၀)

Vol. 43 Ch. 429-430

အခန်း (429)

“အစ်မရန်ရန်... အစ်မက မေးခွန်းတွေ လိုချင်လို့လား၊ ဒါဆိုရင် ဒီစာရွက်တွေကို ယူလိုက်လေ၊ ကျွန်တော်ကတော့ ဘာမှ နားမလည်ဘူး၊ ကျွန်တော့်လက်ထဲမှာ ထားရင်လည်း ပိုက်ဆံကုန်ထားရုံသက်သက်ပဲ ရှိမှာ!”

အားဟွားက သူ၏ အရည်အချင်းကို သူကိုယ်တိုင် ကောင်းစွာ သိရှိထားသည့်အတွက် ဤအရာများမှာ လိုအပ်နေသော သူများကို ကူညီပေးနိုင်မည်ဆိုပါက ပို၍ပင် အဓိပ္ပာယ်ရှိမည်ဟု တွေးတောမိခြင်း ဖြစ်ပေသည်။

သို့သော် လင်းရန်မှာ ထိုစာမေးပွဲ မေးခွန်းများကို သူမကိုယ်တိုင်အတွက် လိုအပ်နေခြင်း မဟုတ်ပါချေ။ ထို့ကြောင့် သူမက အပြုံးတစ်ခုနှင့် ခေါင်းယမ်းလိုက်ပြီးရှင်းပြလိုက်လေသည်။

“ဒါက ငါ့အတွက် မဟုတ်ပါဘူး၊ ငါ့သူငယ်ချင်းတစ်ယောက်ဆီကို ပို့ပေးမလို့ပါ၊ သူမက အခု ငါ့ရဲ့ဇာတိရွာက စိုက်ပျိုးရေးတပ်မဟာထဲကို ရောက်နေတာဆိုတော့ ဒီလိုပစ္စည်းတွေကို အချိန်မီ ဝယ်နိုင်မှာ မဟုတ်ဘူးလေ”

လင်းရန် ပြောနေသော သူငယ်ချင်းမှာ သူမနှင့်အတူ ကျေးလက်ဒေသသို့ ဆင်းခဲ့သည့် ကျောက်ရှီလဲ့ပင် ဖြစ်ပေသည်။

သူမနှင့် ကျောက်ရှီလဲ့တို့မှာ စက်မှုစက်ရုံမှ လာကြသူများ ဖြစ်ကြသကဲ့သို့ တပ်မဟာတစ်ခုတည်းသို့လည်း အတူ သွားခဲ့ကြသူများဖြစ်သည့်အတွက် သူတို့နှစ်ဦး၏ ရေစက်မှာ အတော်လေး နီးစပ်လှသည်ဟု ဆိုရပေမည်။

နောက်ပိုင်း တုန့်ဖန်းတပ်မဟာသို့ သွားရာလမ်းတွင်လည်း လင်းရန်က ကျောက်ရှီလဲ့၏ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးကို သဘောကျခဲ့သည့်အတွက် သူတို့နှစ်ဦးမှာ ရှားပါးသော ညီအစ်မအရင်းများကဲ့သို့ပင် ဖြစ်ခဲ့ကြလေသည်။

လင်းရန် မြို့ပေါ်သို့ ရောက်ရှိလာပြီးနောက်တွင်ပင် သူတို့ကြားရှိ အဆက်အသွယ်မှာ ပြတ်တောက်သွားခြင်း မရှိပါချေ။ တစ်ခါတစ်ရံ လင်းရန် နေရပ်သို့ပြန်လျှင်တွင်လည်း ပညာတတ်လူငယ်များ စခန်းသို့ သွားရောက်ကာ ကျောက်ရှီလဲ့နှင့် စကားပြောလေ့ရှိသည်။

ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အမြဲတစေ ကောင်းမွန်နေခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ကျောက်ရှီလဲ့သည်က အထက်တန်းကျောင်းမှ ဘွဲ့ရရှိထားသည်မှာ မကြာသေးကြောင်းနှင့် သူမ၏ ယခင်က စာမေးပွဲရလဒ်များမှာလည်း အတော်လေး ကောင်းမွန်ကြောင်း လင်းရန်က မှတ်မိနေခဲ့ပေသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပလျှင် သူမက သေချာပေါက် စာရင်းပေးသွင်းကာ ဤအခွင့်အရေးကို အရယူလိမ့်မည်။

သို့သော်လည်း ဤသတင်းမှာ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်လေ၏။ ကျောက်ရှီလဲ့မှာ ကျေးလက်ဒေသတွင်သာရှိနေခဲ့သည်။

သူတို့၏ မြို့လေးအတွင်း၌လည်း အချက်အလက်နှင့် အထောက်အကူပြု ပစ္စည်းများစွာမရှိသည့်အတွက် လင်းရန်အနေဖြင့် သူမ မှတ်စုများ မရရှိမည်ကို စိုးရိမ်နေမိသည်။

ဖတ်စာအုပ်များအတွက်တော့ သူမက ကြိုတင်၍ နည်းလမ်းရှာကာ နှစ်စုံပြင်ဆင်ထားပြီး ဖြစ်ပေသည်။ တစ်စုံမှာ ကျောက်ရှီလဲ့အတွက်ဖြစ်ပြီး ကျန်တစ်စုံမှာ တတိယဦးလေး၏ ဒုတိယသားဖြစ်သူ လင်းကွမ်းရှန်အတွက်ဖြစ်၏။

ယခုအချိန် သူမအတွက် စာမေးပွဲမေးခွန်းဟောင်းများနှင့် လေ့ကျင့်ခန်းများသာ လိုအပ်တော့သည်။ အားဟွားသည်လည်း လင်းရန်က စာမေးပွဲဖြေဆိုရန်အတွက် အမှန်တကယ် ပင်ဆန္ဒမရှိကြောင်း မြင်တွေ့ရလျှင် ထိုမေးခွန်းစာရွက်များ ရရှိသည့်နေရာကို ပြောပြလိုက်လေသည်။

လင်းရန်က မေးခွန်းစာရွက်များ၏ ရင်းမြစ်ကို သိရှိသွားပြီးနောက် ထိုနေ့မွန်းလွဲပိုင်း အလုပ်ဆင်းချိန်တွင် အားဟွား ပြောပြသောနေရာသို့သွားကာ တစ်စုံဝယ်ယူလိုက်ပြီး နေရပ်သို့ ချက်ချင်းပင် ပေးပို့လိုက်တော့၏။

ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့လျှင် ကျောက်ရှီလဲ့နှင့် လင်းကွမ်းရှန်တို့က ထိုပါဆယ်ထုတ်ကို သန်ဘက်ခါတွင် လက်ခံရရှိကြလိမ့်မည်။ ဤအချက်အလက်များက သူတို့အတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု သူမ မျှော်လင့်နေမိပေသည်။

…

သုံးရက်မြောက်နေ့ မနက်တွင် စာပို့သမားသည် စာပို့သမားက စက်ဘီးကို စီးနင်းလျက် ရောက်ရှိလာခဲ့လေသည်။ မကြာမီမှာပင် လင်းမိသားစု၏ အိမ်ရှေ့သို့ ရောက်ရှိလာပြီး လင်းကွမ်းရှန်၏ အမည်ကို အော်ခေါ်လိုက်လေ၏။

လင်းကွမ်းရှန်သည်ကား လွန်ခဲ့သော နှစ်ရက်အတွင်း အိမ်တွင်သာ ရှိနေခဲ့ကာ မိသားစုဝင်များနှင့်အတူ စာဖတ်နေခဲ့ခြင်းဖြစ်ပေသည်။ ထိုအချိန်တွင် အပြင်ဘက်မှ တစ်စုံတစ်ဦးက သူ့အား လှမ်းခေါ်နေသည်ကို ကြားရသောကြောင့် ရှုပ်ထွေးသွားခဲ့ရလေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း သူ စိတ်ငြိမ်းချမ်းစွာဖြင့် စာဖတ်နိုင်ရန်အတွက် အဘွားလင်းက သူ၏ သူငယ်ချင်းများကို လာရောက်မကစားရန် ကြိုတင်ပြောထားခဲ့ပြီး ဖြစ်၏။

ထို့ကြောင့် ယခု မည်သူက ခေါ်နေသည်ကို မသိပါချေ။ သူ အပြင်သို့ ထွက်ကြည့်ရန် ပြင်လိုက်ချိန်မှာပင် အဘွားလင်းက သူ့ထက် လျင်မြန်စွာ လှုပ်ရှားလိုက်လေသည်။

“နင် အိမ်ထဲမှာပဲ နေစမ်း၊ အပြင်မှာ ဘယ်ကအလေလိုက်တဲ့ ကောင်က အိမ်မှာ စာမဖတ်ဘဲ နင်နဲ့ကစားဖို့ လာခေါ်နေတာလဲဆိုတာ ငါသွားကြည့်လိုက်မယ်!”

ဆိုရလျှင် လင်းမိသားစုသာမက တစ်တပ်မဟာလုံးရှိ တခြားသူများမှာလည်း အဘွားလင်းကဲ့သို့ပင် အတွေးရှိကြပေသည်။

သူတို့က မိသားစုအတွင်းရှိ မျိုးဆက်သစ်လူငယ်များကို ဤအခွင့်အရေးအား အရယူကာ ရှေ့သို့ တိုးစေချင်ခဲ့ကြသည်။

နောက်ဆုံးတွင် တက္ကသိုလ်ဝင်ခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ “ကြောင်ကန်းက ကြွက်သေကို တွေ့သကဲ့သို့” ကံကောင်းသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် တပ်မဟာတစ်ခုလုံးတွင် အပြင်၌ လျှောက်သွားနေသော လူငယ်များကို မတွေ့ရတော့ပေ။ အားလုံးကို မိသားစုဝင်များက အိမ်ထဲ၌သာ ပိတ်ထားကာ စာဖတ်ခိုင်းနေကြသည်။

အဘွားလင်းက အပြင်မှ လူငယ်အား ဆုံးမရမည်ဟု ရေရွတ်ရင်း တံခါးကို သွားဖွင့်လိုက်လေသည်။ သူမ တံခါးဖွင့်လိုက်လျှင် အပြင်တွင် ရပ်နေသူမှာ တခြားလူငယ်တစ်ဦး မဟုတ်ဘဲ စာပို့သမား ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

သူမ မေးမြန်းခြင်း မပြုရသေးမီမှာပင် တစ်ဖက်လူက ဦးစွာ ပြောလိုက်လေသည်။

“အဘွား... အဘွားရဲ့ မြေးမလေး လင်းရန်က မြို့ပေါ်ကနေ တစ်ခုခု ပို့ပေးလိုက်တယ်!”

လင်းမိသားစုတွင် ထူးချွန်ထက်မြက်သူများစွာ ရှိနေသည့်အတွက် စာပို့သမားက ထိုမိသားစုနှင့် အတော်လေး ရင်းနှီးနေခဲ့သည်။

သူ ပါဆယ်ထုတ်ကို ယူလိုက်ချိန်ကတည်းက ပေးပို့သူနေရာ၌ လင်းရန်၏ အမည်ကို တစ်ချက်ကြည့်ရုံနှင့် မြင်တွေ့ခဲ့၏။

ထို့ကြောင့် သူ များစွာ စဉ်းစားမနေတော့ဘဲ သူမ၏ မိသားစုထံ ပေးပို့သော ကောင်းမွန်သည့်အရာတစ်ခု ဖြစ်ရမည်ဟု တွေးလိုက်သည်။

သို့သော် ဤပါဆယ်ကို လက်ခံရရှိသူမှာ အဘယ်ကြောင့် လင်းကွမ်းရှန်ဖြစ်နေရသည်ကိုတော့ သူ နားမလည်နိုင်ပေ။

အဘွားလင်းသည်လည်း လင်းရန် ပို့ပေးလိုက်သည့်ပစ္စည်းဖြစ်ကြောင်း ကြားလျှင် သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့လေသည်။

“အိုး.. ကျေးဇူးပါပဲ ရဲဘော်၊ ပစ္စည်းတွေကို ကျွန်မဆီသာ ပေးခဲ့ပါ၊ ကျွန်မဆီပဲ ပေးပါ”

ထိုသို့ပြောပြီးနောက် အဘွားလင်း ပြုံးရွှင်စွာဖြင့် ပစ္စည်းများကို လှမ်းယူလိုက်ပြီး စာပို့သမားကို ပြန်လွှတ်လိုက်ကာ အိမ်မကြီးထဲသို့ ပြန်ဝင်၍ ပါဆယ်ထုတ်ကို ဖွင့်ကြည့်လိုက်လေသည်။

သူမက မဖွင့်ကြည့်ရသေးမီ ဤပါဆယ်ထုပ်က အဘယ်ကြောင့် ဤမျှအထိ လေးလံနေရသနည်းဟု စိတ်ထဲမှ ရေရွတ်နေခဲ့သေး၏။ သို့သော် သူမ ဖွင့်ကြည့်လိုက်ပြီး အထဲဘက်မှ အရာများကို မြင်တွေ့ရပြီးနောက်တွင်ကြောင်အမ်းသွားခဲ့ရလေသည်။

ထို့နောက် သူမက လင်းကွမ်းရှန်၏ အိမ်ဘက်သို့ အမြန်အော်ခေါ်လိုက်လေသည်။

“လင်းကွမ်းရှန်၊ ဒီကို အမြန်လာဦး၊ ရန်ရန် ပို့ပေးလိုက်တာတွေ လာကြည့်စမ်းပါ၊ ဒီမှာ စာတစ်စောင်လည်း ပါသေးတယ်၊ အဲဒါလည်း ငါ့ကို ဖတ်ပြဦး!”

အဘွားလင်း အော်ဟစ်လိုက်သည့်အတွက် လင်းကွမ်းရှန်မှာလည်း လျင်မြန်စွာ ပြေးထွက်လာခဲ့လေသည်။

“ရန်ရန်က တစ်ခုခု ပို့ပေးလိုက်တာလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ လာကြည့်စမ်းပါဦး!”

လင်းကွမ်းရှန်က ပါဆယ်ထုတ်ဆီသို့ ပြေးသွားကာ ကြည့်လိုက်ပြီးနောက် အံ့ဩတကြီး ရေရွတ်လိုက်လေသည်။

“သူမက ကျွန်တော့်ဆီကို ဒီလောက်များတဲ့ စာမေးပွဲ မေးခွန်းဟောင်းတွေနဲ့ ပြန်လည်လေ့လာရေး ပစ္စည်းတွေကိုပို့ပေးလိုက်တာလား”

အဘွားလင်းမှာ ထိုအရာများက စာမေးပွဲမေးခွန်းများနှင့် လေ့လာရေးပစ္စည်းများဖြစ်ကြောင်း ကြားသိရလျှင် စိတ်ထဲတွင် နွေးထွေးသွားခဲ့ရပေသည်။ သူမက လင်းကွမ်းရှန်အား မပြောဘဲ မနေနိုင်တော့ချေ။

“နင် မြင်တယ်မလား၊ ရန်ရန်က နင့်အပေါ် အရမ်းကောင်းပြီး နင့်အကြောင်းကို အမြဲစဉ်းစားပေးနေတာ၊ တကယ်လို့ နင်သာ ဒီတစ်ခါ တက္ကသိုလ်ဝင်ခွင့် မရဘူးဆိုရင်တော့ ရန်ရန် ပြင်ဆင်ပေးထားသမျှ အရာအားလုံးအတွက် နင် အားနာစရာ ဖြစ်လိမ့်မယ်”

လင်းကွမ်းရှန်သည်ကား လင်းရန်မှ သူ့ထံသို့ ဤမျှအထိ များပြားသော ပစ္စည်းများကို ပို့ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။ တစ်ချိန်တည်းမှာပင် သူ အနည်းငယ် အားနာသကဲ့သို့လည်း ခံစားလိုက်ရ၏။

သူက လင်းရန်ထက် လအနည်းငယ် ပိုကြီးသော်လည်း အစ်ကိုတစ်ယောက်အနေဖြင့် ညီမငယ်ဖြစ်သူ လင်းရန်၏ စိုးရိမ်ပူပန်ပေးမှုကို ခံယူနေရဆဲ ဖြစ်နေခဲ့သည်။

ဤသည်ကို တွေးမိလျှင် မူလကတည်းက တက္ကသိုလ်ဝင်ခွင့်ရရန် ခိုင်မာသော ယုံကြည်ချက်ရှိသည့် လင်းကွမ်းရှန်မှာ ယခုအချိန်တွင်တော့ ပြင်းပြသော တိုက်ပွဲဝင်လိုစိတ်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။

သူ ဤစာမေးပွဲကို သေချာပေါက် အောင်မြင်ရမည်ဖြစ်ပြီး မိသားစုကို စိတ်ပျက်စေ၍ မဖြစ်ပါချေ။ အထူးသဖြင့် သူ့အတွက် အချက်အလက်များစွာ ပြင်ဆင်ပေးခဲ့သော လင်းရန်ကိုပင်။

သို့သော် သူ ကြည့်လိုက်လျှင် အားလုံးက နှစ်စုံစီ ဖြစ်နေကြောင်းတွေ့လိုက်ရလေ၏။ ထို့ကြောင့် လင်းကွမ်းရှန်က လင်းရန်၏ ပါဆယ်နှင့်အတူ ပါလာသော စာကို လျင်မြန်စွာ ဖွင့်ဖတ်လိုက်သည်။

စာကို ဖတ်ပြီးမှသာ စာတစ်စောင်က ကျောက်ရှီလဲ့အတွက် လင်းရန်က ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သူ နားလည်သွားခဲ့လေသည်။

“ဒါက ကျောက်ကျစ်ချင်းအတွက်ပဲ၊ ကျွန်တော် အခုပဲ ကျောက်ကျစ်ချင်းဆီ သွားပို့ပေးလိုက်မယ်၊ သူမလည်း အခုလောက်ဆိုရင် ဒါတွေအတွက် စိတ်ပူနေလောက်ပြီ”

“ရန်ရန်ကတော့လေ.. ခင်မင်မှုတွေကို တကယ်သံယောဇဉ်ကြီးတတ်တဲ့ ကောင်မလေးပဲ၊ တကယ်ကို တော်တယ်!”

ကျောက်ရှီလဲ့နှင့် သူမ မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ဤကဲ့သို့ ကြီးကျယ်သောကိစ္စရပ်တွင် လင်းရန်က သူမကို မေ့လျော့မသွားခြင်းမှာ လင်းရန်က သူငယ်ချင်းများအပေါ် နက်ရှိုင်းသော သံယောဇဉ်ရှိကြောင်းနှင့် ပိုမို ဂရုစိုက်တတ်ကြောင်း သက်သေပြနေခဲ့သည်။

အဘွားလင်းက ထိုသို့ပြောပြီးနောက် လင်းကွမ်းရှန်အား တခြားတစ်စုံကို အမြန်ထုတ်ခိုင်းလိုက်ပြီး သူမကိုယ်တိုင် ပစ္စည်းများကို သယ်ယူကာ ပညာတတ်လူငယ်များ စခန်းသို့ အမြန်ထွက်လာခဲ့လေသည်။

ယခုရက်ပိုင်းအတွင်း ပညာတတ်လူငယ်များ စခန်းရှိ တင်းမာသော အခြေအနေမှာ လင်းမိသားစုထက် မလျော့ပါချေ။

မည်သို့ပင်ဖြစ်စေ ပညာတတ်လူငယ်စခန်းရှိ လူငယ်များမှာ ပညာတတ်များဖြစ်ကြပြီး သူတို့အားလုံးမှာ တက္ကသိုလ်တက်လိုသော အိပ်မက်ကိုယ်စီ ရှိကြပေသည်။

တက္ကသိုလ် မတက်ချင်သူများပင်လျှင် ဤအခွင့်အရေးကို အသုံးချကာ မြို့သို့ ပြန်နိုင်ရန် မျှော်လင့်နေကြ၏။

ထို့ကြောင့် ယခုရက်ပိုင်းတွင် ပညာတတ်လူငယ်များ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ အလုပ်မဆင်းကြတော့ဘဲ စာကျက်ရန်အတွက် စခန်း၌သာ နေထိုင်ရန် ရွေးချယ်ခဲ့ကြလေသည်။

စာကျက်ရန် မကျန်ရစ်ခဲ့သော အနည်းငယ်သော သူများမှာတော့ စာအုပ်များနှင့် အချက်အလက်များ ဝယ်ယူနိုင်စွမ်း မရှိခြင်းနှင့်၊ မြို့သို့ ပြန်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ကြခြင်းကြောင့် ဖြစ်ပေမည်။

သို့သော် ကျောက်ရှီလဲ့မှာ ၉၉ ရာခိုင်နှုန်းဘက်မှ လူငယ်ဖြစ်ပြီး တက္ကသိုလ်တက်လိုစိတ် ပြင်းပြသူဖြစ်၍ သူမက ဤပညာတတ်လူငယ်အုပ်စုထဲတွင် အလေးအနက်ဆုံးသော သူတစ်ဦးလည်း ဖြစ်ပေသည်။

ထို့ကြောင့် အဘွားလင်း ပညာတတ်လူငယ်စခန်းသို့ ရောက်ရှိလာပြီး သူမကို ခေါ်လိုက်လျှင် ကျောက်ရှီလဲ့မှာ တခြားသူများက သတိပေးမှသာ သတိဝင်လာပြီး အိပ်ဆောင်ထဲမှ လျင်မြန်စွာ ထွက်လာခဲ့လေသည်။

*

အခန်း(430)

“အဘွား၊ ဘာလို့ ဒီကို ရောက်လာတာလဲ”

အဘွားလင်းက အိပ်ဆောင်၏ ဘေးတစ်ဖက်စီသို့ ကြည့်လိုက်လျှင် လူတိုင်းမှာ အချိန်လု၍ စာဖတ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။ ဤနေရာတွင် ပြိုင်ဆိုင်မှု ပြင်းထန်လွန်းကြောင်း အဘွားလင်း သိရှိထားပေသည်။

ထို့ကြောင့် သူမက ခေတ္တမျှ ဝေခွဲမရဖြစ်သွားသော်လည်း ကျောက်ရှီလဲ့ကို ဘေးသို့ ဆွဲခေါ်သွားကာ သူမ ယူလာသော ပစ္စည်းများကို ဂရုတစိုက် လွှဲပြောင်းပေးလိုက်လေသည်။

“ရှောင်ကျောက်၊ ဒါက ရန်ရန် မြို့ပေါ်ကနေ နင့်ဆီကို ပို့ပေးလိုက်တဲ့ စာမေးပွဲပြန်လည်လေ့လာရေး ပစ္စည်းတွေပဲ၊ ဒါကိုယူသွားပြီး နင့်ဘာသာနင် ဖတ်လိုက်နော်၊

တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း နေ့ဘက်မှာ ငါ့အိမ်ကိုလာပြီး စာကျက်လို့ရတယ် ဒီမှာက လူတွေ အရမ်းများတော့ ကျပ်ညှပ်နေမယ်ထင်တယ်”

အဘွားလင်း ပြောသည်ကို ကြားလျှင် ကျောက်ရှီလဲ့လည်း အောက်သို့ ငုံ့ကြည့်လိုက်မိ၏။ ထို့နောက် ပြည့်စုံလွန်းသော လေ့လာရေးပစ္စည်းအစုံကို မြင်တွေ့လိုက်ရလျှင် အံ့ဩလွန်းသည့်အတွက် သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့လေသည်။

ထို့နောက် သူမက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့၏။

“ကျွန်မ ရန်ရန့်ကို အရမ်းချစ်သွားပြီ! သူမက ကျွန်မရဲ့ ကံကောင်းခြင်း နတ်သမီးလေးပဲ!”

ဤအချက်အလက်များမှာ သူမအတွက် မည်မျှအထိ အရေးကြီးပြီး မည်မျှအထိအသုံးဝင်မည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပြန်လည်လေ့လာမှုများ ပြုလုပ်နေစဉ်မှာ လူတိုင်းက တက္ကသိုလ်တက်လိုသော ဆန္ဒပြင်းပြနေကြသည်။

သို့သော်လည်း တက္ကသိုလ်ဝင်ခွင့် နေရာမှာ အကန့်အသတ်သာ ရှိနေသည့်အတွက် တစ်ဦးစီမှာ အမှန်တကယ်တွင် ပြိုင်ဘက်များ ဖြစ်နေကြကြောင်း သူမ ရှင်းရှင်းလင်းလင်း သဘောပေါက်ထားပေသည်။

တခြားသူများထက် သာလွန်မှသာ တက္ကသိုလ်ဝင်ခွင့်ရရန် အခွင့်အလမ်း ပိုမိုများပြားလိမ့်မည်။

ထို့ကြောင့် ယခင်က အတူကစားခဲ့ကြသော ပညာတတ်လူငယ်များပင်လျှင် ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် အရာအားလုံးကို အတ္တကင်းကင်းဖြင့် မျှဝေကြတော့မည် မဟုတ်ပါချေ။

အကယ်၍ မည်သူမျှ မတွေ့ဖူးသော မေးခွန်းများ သို့မဟုတ် နားမလည်နိုင်သော အသိပညာရပ်များ ရှိလာပါက လူတိုင်းက ဦးစွာ ဖုံးကွယ်ထားရန်သာ ရွေးချယ်ကြလိမ့်မည်။

ကိုယ်တိုင် အမှန်တကယ် နားမလည်တော့သည့်အချိန်မှသာ တခြားသူများနှင့် မျှဝေကြလိမ့်မည်။

သေချာပေ၏။ကျောက်ရှီလဲ့ကတော့ ထိုသို့လုပ်ရန် ရွံရှာမိပေသည်။ သူမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အတော်လေး ရှိ၏။

သူမက ပညာတတ်လူငယ်များထဲတွင် အငယ်ဆုံးဖြစ်ပြီး အထက်တန်းကျောင်းမှ ဘွဲ့ရသည်မှာလည်း တစ်နှစ်ပင် မပြည့်သေးပါချေ။

သူမက မည်သည့် အသိပညာကိုမျှ မေ့လျော့သွားခြင်း မရှိသေးသည့်အတွက် တက္ကသိုလ်ဝင်ခွင့်ရရန် အခွင့်အလမ်း အကောင်းဆုံးရှိသူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေသည်။

သို့သော် သူမ၏ ပြိုင်ဘက်များမှာ ညာတတ်လူငယ်များသာမက မြို့ပေါ်ရှိ လူများလည်း ပါဝင်နေသည်။ သူမက ကျေးလက်တွင် ရောက်ရှိနေသည့်အတွက် အမျိုးမျိုးသော အချက်အလက်များကို စုဆောင်းရန် ခက်ခဲလွန်းသည်။

သူမအနေဖြင့် မြို့ပေါ်မှ စာမေးပွဲဖြေဆိုမည့်သူများကို ယှဉ်နိုင်ပါမည်လားဟု စိုးရိမ်နေချိန်မှာပင် လင်းရန်က သူမအား နွေးထွေးမှုများပေးအပ်ရန် ရောက်ရှိလာခဲ့လေ၏။

“အဘွား၊ ကျွန်မ အဘွားကို ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး!”

ကျောက်ရှီလဲ့က အလွန်ပင် စိတ်လှုပ်ရှားသွားသည့်အတွက် ခုန်ပေါက်မိတော့မတတ် ဖြစ်သွားခဲ့ရလေသည်။

“ဟေး.. ရပါတယ် တကယ်တော့ ငါက ဘာမှ ကူညီပေးတာ မဟုတ်ပါဘူး၊ အားလုံးကို ရန်ရန်က ပြင်ဆင်ပေးလိုက်တာလေ၊

ကျေးဇူးတင်ချင်တယ်ဆိုရင် သူမကိုပဲ ကျေးဇူးတင်လိုက်ပါ၊ ဟားဟား.. သူမကလည်း နင့်ကို သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထားလို့ ဒါတွေကို ပြင်ဆင်ပေးတာပဲ၊

အဘွားကတော့ နင်တို့နှစ်ယောက်လုံး နောင်အနာဂတ်မှာ အဆင်ပြေကြဖို့ပဲ မျှော်လင့်ပါတယ်”

“စိတ်ချပါ အဘွား၊ ကျွန်မ ကျောက်ရှီလဲ့က ဒီအစ်မရန်ရန်ကို တစ်သက်လုံး အစ်မရင်းတစ်ယောက်လို အသိအမှတ်ပြုထားမှာပါ!”

အဘွားလင်းသည်လည်း ထိုစကားကို ကြားလျှင် ရယ်မောလိုက်လေသည်။ နောက်ဆုံးတွင် ကျောက်ရှီလဲ့က ခဏမျှ တုံ့ဆိုင်းနေပြီးမှ လင်းမိသားစု၏ အိမ်သို့သွား၍ စာကျက်ရန် အဆိုပြုချက်ကို သဘောတူလိုက်သည်။

မည်သို့ပင်ဖြစ်စေ ပညာတတ်လူငယ်စခန်းမှာ အတော်လေး တိတ်ဆိတ်သည်ဆိုသော်လည်း လူအများအပြား ရှိနေပေ၏။

တစ်ခါတစ်ရံ လူတိုင်းက အသံအနည်းငယ် ထွက်လိုက်ရုံဖြင့် အားလုံး ရောထွေးသွားကာ အတော်လေး ဆူညံသွားတတ်သည်။

အရေးအကြီးဆုံးအချက်မှာ သူမအနေဖြင့် စာမကျက်နိုင်သူများက သူမအား နှောင့်ယှက်ခြင်းမှ ကာကွယ်ရမည်။

လင်းမိသားစု၏ အိမ်သို့သွားပါက အနည်းဆုံးတော့ နေ့ဘက်တွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေမည်ပင်။

သူမက ဤစာမေးပွဲအတွက် သေသေချာချာ ပြင်ဆင်ရမည်ဖြစ်ပြီး ကောင်းမွန်သောရလဒ်များရရှိရန် ကြိုးစားရမည်ဖြစ်၍ မည်သည့် အမှားအယွင်းကိုမျှ အဖြစ်မခံနိုင်ပါချေ။

နောက်ဆုံးတွင် ကျောက်ရှီလဲ့က အဘွားလင်းအား အပြင်တွင် ခေတ္တစောင့်ရန် ပြောလိုက်ပြီးနောက် သူမ၏ နေရာသို့ အမြန်ပြန်ကာ ပစ္စည်းများကို ရိုးရိုးရှင်းရှင်း ထုပ်ပိုး၍ အဘွားလင်းနှင့်အတူ လင်းမိသားစုအိမ်သို့ လိုက်ပါသွားခဲ့လေသည်။

ကျောက်ရှီလဲ့ မသိရှိခဲ့သည်မှာ သူမ အဘွားလင်းနှင့် စကားပြောနေချိန်တွင် တစ်စုံတစ်ဦးမှာ စာဆက်မဖတ်နိုင်တော့ဘဲ သူတို့၏ စကားဝိုင်းကို အနောက်မှ ချောင်းမြောင်းနားထောင်နေခဲ့ခြင်း ဖြစ်ပေသည်။

လင်းရန်က ကျောက်ရှီလဲ့ထံသို့ အချက်အလက်များနှင့် မေးခွန်းစာရွက်များစွာ ပို့ပေးလိုက်ကြောင်း သိရှိလိုက်ရလျှင် သူ၏ စိတ်ထဲတွင် မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

အထူးသဖြင့် အဘွားလင်းက ကျောက်ရှီလဲ့အား လင်းမိသားစုအိမ်သို့ လာရောက်စာကျက်ရန် တက်ကြွစွာ ဖိတ်ခေါ်နေသည်ကို မြင်တွေ့ရလျှင် သူ မနာလိုလွန်းသည့်အတွက် ဒေါသပင် ထွက်လာရသည်။

အကယ်၍သာ လင်းမိသားစုက ဤကဲ့သို့ ပြောင်းလဲသွားမည်ကို ကြိုတင်သိရှိခဲ့ပါက သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို စောစီးစွာ တည်ဆောက်ထားခဲ့ကြလိမ့်မည်။

နှမြောစရာကောင်းစွာဖြင့် ယခုအချိန်တွင် အရာအားလုံးက နောက်ကျသွားခဲ့ပေပြီ။

ထိုလူက အိပ်ဆောင်သို့ ပြန်ရောက်လျှင် ကျောက်ရှီလဲ့နှင့် အဘွားလင်းတို့အကြောင်းကို ပြောလာတော့သည်။

ပညာတတ်လူငယ်စခန်းရှိ တခြားသူများမှာလည်း စိတ်ထဲတွင် အမျိုးမျိုးသော မနာလိုစိတ်များ ခံစားလိုက်ကြရ၏။

သေချာပေ၏။ တချို့သောသူများက သူတို့ မရရှိနိုင်သည့်အတွက် “စပျစ်သီးက ချဉ်”၍ပြောဆိုကြလေသည်။

လင်းရန်က ကျောက်ရှီလဲ့အား ပစ္စည်းများပေးခြင်းမှာ အလကား ပေးခြင်း မဟုတ်ပါချေ။ သူမက ကျောက်ရှီလဲ့၏ အလားအလာကို မြင်တွေ့ထားသည့်အတွက် ကြိုတင်၍ မျက်နှာချိုသွေးခြင်းသာ ဖြစ်သည်ဟု ဆိုကြ၏။

အတိုချုပ်ပြောရလျှင် လင်းရန်အား အလွန်ပင် ဆိုးညစ်သော သူတစ်ဦးအဖြစ် ပုံဖော်ပြောဆိုကြလေသည်။ လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သူကမျှ စကားကောင်းကောင်းမပြောကြပါချေ။

သို့သော် ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“သူတို့က တခြားလူကို ကြိုတင်ပြီး မျက်နှာချိုသွေးချင်တယ်ဆိုရင်ရော ဘာဖြစ်လဲ ၊ သူတို့က ကျောက်ရှီလဲ့ကို ဘာအကျိုးအမြတ်မှ မပေးခဲ့ဘူးလို့ ထင်နေတာလား

ကျွန်တော်ကြည့်ရသလောက်တော့ ခင်ဗျားတို့အားလုံးက မနာလိုဖြစ်နေကြတာပဲ၊ လင်းရန်က ခင်ဗျားတို့ကို ဘာမှမပေးလို့ မနာလိုဖြစ်နေကြတာမလား ဟားဟား”

ဤစကားကို ပြောလိုက်သူမှာ တခြားသူမဟုတ်ဘဲ ချန်ကျားယန်ပင် ဖြစ်ပေသည်။ လွန်ခဲ့သောနှစ်က စုန့်စစ်ယွီနှင့် လူကုန်ကူးသူများထံမှ တခြားနေရာသို့ ရောင်းစားခြင်းခံရပြီးနောက် သူ တပ်မဟာသို့ ပြန်ရောက်လာကာ အတော်လေး အေးအေးဆေးဆေး နေထိုင်ခဲ့လေသည်။

သူက အေးဆေးနေချင်၍ မဟုတ်ပါချေ။ ဆိုရလျှင် သူ အပြင်တွင် လုပ်ဆောင်ခဲ့သည့် အရာများကို တပ်မဟာနှင့် ပညာတတ်လူငယ်စခန်းသို့ သတင်းပို့ထားသည့်အတွက် လူတိုင်းက ထိုအကြောင်းကို သိရှိသွားကြပြီး သူ့အား ဆက်ဆံခြင်း မပြုကြတော့သောကြောင့်သာ ဖြစ်ပေသည်။

ထို့ကြောင့် ချန်ကျားယန်မှာ အခြေအနေအရ အေးအေးဆေးဆေး နေထိုင်ရန် အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် သူ၏အေးအေးဆေးဆေး နေထိုင်မှုမှာ တကယ့်အစစ်အမှန်မဟုတ်ပါချေ။

ထိုသို့သော အနာဂတ်ကိုကြိုတင်မြင်မက်သည့် အိပ်မက်များနောက်ပိုင်းတွင် သူ ပညာတတ်လူငယ်စခန်းကို ဂရုမစိုက်တော့ခြင်းသာ ဖြစ်၏။

သူက ပိုမိုကောင်းမွန်သော အခွင့်အရေးကို စောင့်ဆိုင်းနေပြီး ထိုအချိန်မှသာ ဤနေရာမှ လုံးဝ ပျံသန်းထွက်ခွာသွားရန် ကြံရွယ်ထားသည်။ ထို့နောက်တွင်မှ စုန့်စစ်ယွီကို သွားရောက် လက်စားချေမည်။

လင်းရန်အား ကူညီရန်အတွက် သူ ယခုလေးတင် ပြောလိုက်သော စကားနှစ်ခွန်းမှာတော့..

လင်းရန်၏ အမျိုးသားဖြစ်သူ စုန့်ရှီးယန်က သူ့အား လူကုန်ကူးသူများလက်မှ ကယ်တင်ပေးခဲ့သောကြောင့်ပင်။

သူ့အနေဖြင့် မူလက လင်းရန်အား ချစ်သူအဖြစ် ရရှိရန် ကြိုးစားခဲ့ပြီး စုန့်ရှီးယန်နှင့်ပင် အချစ်ပြိုင်ဘက် ဖြစ်လုနီးပါး ဖြစ်ခဲ့ကြောင်း ဝန်ခံပေသည်။ သို့သော် နောက်ပိုင်းတွင် ထိုအိပ်မက်ကို ပြန်လည်အမှတ်ရခဲ့သည်။

စုန့်ရှီးယန်က သူ့အား ကယ်တင်ပေးခဲ့ပြီးနောက်တွင်တော့ သူ၌ အသိစိတ်မရှိလျှင်ပင် ကျေးဇူးရှင်ကို ပြန်လည် ရန်ပြုနိုင်မည် သူဟုတ်ပါချေ။

မည်သို့ပင်ဆိုစေ စုန့်ရှီးယန်က သူ၏ ကျေးဇူးရှင်ဟု သတ်မှတ်နိုင်ပေသည်။ လင်းရန်မှာတော့ စုန့်ရှီးယန်၏ ဇနီးဖြစ်သည့်အတွက် သူမအား တတ်နိုင်သမျှ ကူညီပေးရလိမ့်မည်။

လူအုပ်ကြီးမှာ ချန်ကျားယန်က စကားပြောလာသည်ကို မြင်လျှင် တစ်ဦးကိုတစ်ဦး အကြိမ်အနည်းငယ် ကြည့်လိုက်ကြသော်လည်း ထပ်မပြောကြတော့ပါချေ။

မည်သို့ပင်ဖြစ်စေ ချန်ကျားယန်သည်က ယခုအချိန်တွင် ပညာတတ်လူငယ်များ ဆက်ဆံလိုခြင်းမရှိသောသူ ဖြစ်ရုံသာမက လူတိုင်း ကြောက်ရွံ့နေရသော သူလည်းဖြစ်လာခဲ့သည်။

ချန်ကျားယန်မှာ မြို့မှ ပြန်ရောက်လာကတည်းက မှိုင်တွေသော မျက်နှာဖြင့် တစ်ဦးတည်း အမြဲတစေတွေးတောနေတတ်၏။

သူ မည်သည့်အရာကို တွေးနေသည်ကို မသိညသော်လည်း သူ၏ မျက်လုံးထဲတွင် ရက်စက်သောအပြုံးများ ရှိနေတတ်သည့်အတွက် သူ့အား ကြည့်ရသည်မှာ အလွန်ပင် ကြောက်စရာကောင်းလွန်းနေတတ်သည်။

လူတိုင်းက သူ့အား လူကုန်ကူးသူများကြောင့် ထိတ်လန့်သွားခဲ့ကာ စိတ်လွတ်သွားခြင်း ဖြစ်နိုင်သည်ဟု ထင်မှတ်ကြသည့်အတွက် သူ တစ်စုံတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်လာမည်ကို စိုးရိမ်ကြသည့်အတွက် သူ့အား ရင်မဆိုင်ရဲကြတော့ပေ။

ထိုလူများ ဆက်မပြောရဲတော့သည်ကို မြင်လျှင် ချန်ကျားယန် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စာကို ဆက်လက်ဖတ်ရှုနေလေသည်။

ဤတက္ကသိုလ်ဝင်ခွင့် စာမေးပွဲသည်က တခြားသူများအတွက် လက်လွတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခု ဖြစ်ရုံသာမက ချန်ကျားယန်အတွက်လည်း ကြီးမားသောအခွင့်အရေးဖြစ်ပေသည်။

ထို့အပြင် သူသည်က အနာဂတ်တွင် မူဝါဒများ ဆက်လက်ပြောင်းလဲတော့မည် ဆိုသည့် အတွင်းသတင်းများကိုလည်း တခြားသူများထက် ပိုမိုသိရှိထားပေသည်။

သို့သော် အခွင့်အရေးအားလုံးက မြို့ပေါ်မှ စတင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကြီးမားသောအပြောင်းအလဲများ မလာမီ ကျေးလက်မှ မြို့သို့ ရောက်ရှိရန် နည်းလမ်းရှာရမည်ပင်။

မဟုတ်ပါက သူလုပ်ဆောင်သမျှ အရာအားလုံးတွင် တခြားသူများ၏ နောက်တစ်လှမ်း နောက်ကျနေပေလိမ့်မည်။

ထို့ကြောင့် သူ တက္ကသိုလ်ဝင်ခွင့်ကို သေချာပေါက် ရရှိရမည်။

All Chapters