အခန်း (၁၇၀)
Vol. 17 Ch. 170
ဒါရိုက်တာရှုက စကားဆက်၍ မပြောသော်လည်း ဦးနှောက်ရှိသည့်မည်သူမဆို သူ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်နိုင်ပေသည်။
ရှုကျစ်၀မ်သည်လည်း အစိုးရအဖွဲ့အစည်း၌ နှစ်နှစ်ကြာမျှ အလုပ်လုပ်ခဲ့ပြီးဖြစ်၍ ပါဝင်ပတ်သက်နေသည့် လှည့်ကွက်များကို မသိသည် မဟုတ်ပေ။
ထိုအချက်ကို ကြားသည့်အခါ၌ ရှုကျစ်၀မ်သည် ခဏတာမျှ အံ့အားသင့်သွားသော်လည်းစကားဆက်၍ မပြောတော့ပေ။
စုန့်မိသားစု၏ ကိစ္စနှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက မိသားစု၏
ကိစ္စများမှာ ပို၍ အရေးကြီးနေသည်မှာ ထင်ရှားသည်မဟုတ်ပါလား။
အထူးသဖြင့် သူ၏အဖေသာ
ရာထူးတိုးပြီး စက်ရုံထဲ၌ ရာထူး ပို၍ မြင့်သွားပါက သူသည်လည်း တခြားသောနည်းလမ်းများကို အကျိုးခံစားခွင့်ရပေလိမ့်မည်။
ဤသည်မှာ ကောင်းမွန်သည့် ကိစ္စပင် ဖြစ်ပေသည်။
စုန့်စစ်ယွီနှင့်ပတ်သက်၍မူ
ထိုအချိန်ကျလျှင် သူမအား နှစ်သိမ့်ရန် အခွင့်အရေးရှာလိုက်၍ရပေသည်။
ကံကောင်းစွာဖြင့် စုန့်စစ်ယွီသည်
အလွန်ပင် အသေးစိတ်ကျသူဖြစ်၍
သူတို့အား နားလည်ပေးနိုင်ပေလိမ့်မည်။
သူ၏အဖေ ရာထူးတိုးသည့်ကာလကို ကျော်လွန်သွားပြီးနောက်တွင် စုန့်မိသားစုနှင့်အတူ ထမင်းစားနိုင်ပေလိမ့်မည်။
ရှုကျစ်၀မ်သည် ထိုသို့ တွေးပြီးသည့်နောက်၌ သူသည် ကိုယ့်ကိုယ်ကို အောင်မြင်စွာ နှစ်သိမ့်နိုင်ခဲ့သည်။
စုန့်စစ်ယွီသာ ဤကိစ္စနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်ခဲ့ပါက
ဤသည်မှာ သူမ၏အဖေကြောင့်
ဖြစ်လာသည့်ကိစ္စဟု သူ ပြောနိုင်သည်။
သူတို့အားလုံးက တူညီစွာပင် အပြစ်ရှိသည်မဟုတ်ပါလား။
အဘယ်ကြောင့် သူမ၏ အဖေက ဂုဏ်သတင်းမကောင်းရသနည်း။ သူမ၏အဖေကြောင့်သာ ထိုသို့ဖြစ်လာရခြင်းဖြစ်သည်။
“ အဖေ၊ စစ်ယွီရဲ့အဖေက ဘာဖြစ်လို့လဲ၊ အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
ရှုကျစ်၀မ်က မြို့လယ်၌ နေ့တိုင်း အလုပ်သွားလုပ်နေသည့်အတွက်ကြောင့် စက်ရုံအတွင်း၌ မည်သည့်အရာများဖြစ်နေသည်ကို အမှန်တကယ်ပင် သူ မသိခဲ့ပေ။
ဒါရိုက်တာရှုက ဤသည်ကို ကြားသည့်အခါ၌ ရှုကျစ်၀မ်အား ပြန်မေးလိုက်သည်။
“ဘာလို့လဲ၊ စစ်ယွီက မင်းကို အဲဒီအကြောင်း မပြောပြဘူးလား”
“ဟင့်အင်း၊ မပြောပြဘူး”
စုန့်စစ်ယွီ၏မိသားစုသည် သူတို့မိသားစုအား အမှန်တကယ်ပင် လျှို့ဝှက်ထားလိုပုံရသည်။
ဤကဲ့သိူ့သော ကိစ္စကြီးကိုပင်
သူ၏သားအား မပြောပြ၀ံ့ကြပေ။
ထိုအချက်ကို စိတ်ထဲ၌ ထားကာ
ဒါရိုက်တာရှုသည်လည်း စက်ရုံမိသားစုအသိုင်းအဝိုင်းကြား၌ မကြာသေးမီက ထွက်ပေါ်ခဲ့သည့် ကောလာဟလများကို မည်သည်မှမဖုံးကွယ်ဘဲ ရှုကျစ်၀မ်အား ပြောပြခဲ့သည်။
ကျောက်ရှီလဲ့မိဘများ၏ လျှို့ဝှက်စွာ “သတင်းဖြန့်ချိခြင်း” ကြောင့်
လူအများက စုန့်ဝေ့သည်က
လင်းရန်၏သဘောထားမပါဘဲ နောက်ကွယ်၌
တစ်စုံတစ်ဦးနှင့် လက်ထပ်ပေးရန်အတွက် တိတ်တဆိတ် တွေ့ဆုံခဲ့သည်ကို သိခဲ့ကြသည်။
ထိုသတင်းထွက်ပေါ်လာသည်နှင့်
လူတိုင်း၏အကြည့်များကို ပြောင်းလဲစေခဲ့သည်။
စုန့်ဝေ့၏ “ပထွေးကောင်း”
ဟူသည့် အမည်မှာလညား ပြိုလဲသွားခဲ့လေသည်။
ဤမျှမကသေးပေ။
သူတို့သည်ကား လွန်ခဲ့သည့်အချိန်အနည်းငယ်က အစိုးရပိုင်ဟိုတယ်၌ ညစာအတူတူ စားခဲ့ကြသည် မဟုတ်ပါလား။
ထိုအချိန်တွင်
တစ်စုံတစ်ယောက်က ရှုကျစ်၀မ်သည် လင်းရန်အတွက် စုန့်ဝေ့၏ စီစဉ်မှုအရ ချိန်းတွေ့စေခဲ့သည့်သူဖြစ်သည်ကို သိခဲ့သည်။
ထို့အပြင် ရှုကျစ်၀မ်က စုန့်စစ်ယွီနှင့် ချိန်းတွေ့သည့်သူ ဖြစ်သွားခဲ့ပြန်သည်။ ယခု လူတိုင်းက သူ၏နောက်ကွယ်၌ ပြောဆိုနေကြသည်မှာ စုန့်ဝေ့သည် သူ၏အနာဂတ်တက်လမ်းနှင့် ဆက်ဆံရေးအတွက် သူ၏ သမီးရင်းကိုပင် လျစ်လျူရှုသည်ဟူ၍ဖြစ်လေသည်။
စုန့်ဝေ့၏ ဂုဏ်သတင်းမှာ ဤမျှလောက်ထိ ဆိုးရွားနေသည့်အတွက်ကြောင့် လူတိုင်းသည် သူ၏နောက်ကွယ်၌ လက်ညှိုးထိုးပြောဆိုနေခဲ့ကြသည်။
ဤကိစ္စသည်က သူ့နှင့်လည်း သက်ဆိုင်သည်ကို ရှုကျစ်၀မ် ကြားသည့်အခါ၌ အပြစ်ရှိသည်ဟု ခံစားလိုက်ရပြီး ဆက်၍ နားမထောင်ဝံ့တော့ပေ။
“ဒီလူတွေက အရမ်းလွန်လွန်းတယ်လို့ ကျွန်တော် ထင်တယ်၊ သူတို့ကို ဂရုစိုက်မနေပါနဲ့၊ ခဏကြာရင် အဆင်ပြေသွားပါလိမ့်မယ်”
ရှုကျစ်၀မ်က ဒါရိုက်တာရှုအား
ပြုံးပြီး ကြည့်လိုက်လေသည်။
ဒါရိုက်တာရှုက ပြန်၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ မင်းရဲ့အမေနဲ့ ငါလည်း ဒီလိုပဲ တွေးတယ်၊ ခဏကြာပြီးရင် အဆင်ပြေသွားလိမ့်မယ်၊ အဲဒါကို လျစ်လျူရှုလိုက်ထားပါ”
ဒါရိုက်တာရှု၏ ဘေးမှ
ရှုကတော်ကသာ ဤစကားလုံးများ၏ နက်နဲသည့် အဓိပ္ပာယ်ဆိုလိုရင်းကို နားလည်ခဲ့သည်။
သူတို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်ကြသည်။
ရှုကျစ်၀မ်သည်ကား ထိုကိစ္စများကို
သိရှိပြီးသညိ့နောက် မေးခွန်းများ ထပ်၍ မမေးတော့ပေ။ သူက သူ့အဖေ၏ စီစဉ်မှုများကို ရိုးသားစွာ နားထောင်ရန် ဆုံးဖြတ်လိုက်ပြီး သူ့အဖေ၏ ရာထူးတိုးသည့်ကာလ ပြီးဆုံးသွားသည့်အချိန်အထိ သို့မဟုတ် လူတိုင်းမှ စုန့်ဝေ့အကြောင်းကို မေ့သွားသည့်အချိန်ထိ စောင့်ဆိုင်းပြီးမှသာ စုန့်စစ်ယွီအား သူတို့၏မိသားစုထံ ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော်လည်း သူ မမျှော်လင့်ထားသည်မှာ ထိုည၌ စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့က နောက်တစ်ကြိမ် ဆုံးဖြတ်ချက်ချရန်အတွက် စကားပြောဆိုခဲ့သည်ကိုပင် ဖြစ်လေ၏။
စုန့်စစ်ယွီက ရှုမိသားစု၏ အစီအစဉ်များကို စုန့်ဝေ့အား ပြောပြခဲ့သည်။
ဤသည်ကို ကြားပြီးသည့်နောက်၌
စုန့်ဝေ့မှာ အလွန်ပင် ခေါင်းကိုက်သွားခဲ့သည်။
သို့သော် သူသည်ကား ရှုမိသားစုဘက်မှ ဆက်ဆံရေး တိုးတက်လာရန်မှာ မလွယ်ကူကြောင်းကို
ယခင်ကတည်းက ခံစားခဲ့ရသည့်အတွက်ကြောင့် ယခု သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီးသည့်နောက် အတော်လေးပင် တည်ငြိမ်သွားခဲ့သည်။
သူက စုန့်စစ်ယွီအား လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။
“အရင်ကတည်းက ရှုမိသားစုက စိတ်မချရဘူးလို့ အဖေ ပြောခဲ့တယ်မဟုတ်ဘူးလား၊
အခုတော့ မင်းတွေ့တဲ့အတိုင်း
သူတို့က မင်းကို ရှုကျစ်၀မ်နဲ့ ဆက်ပြီး အချိန်ကုန်စေချင်နေတာပဲ၊ ဒါပေမဲ့ မင်းရဲ့အချိန်တွေကုန်သွားရင်တောင် သူတို့ဘက်က ဘာတစ်ခုမှ လုပ်ပေးလာမှာမဟုတ်ဘူး”
“စစ်ယွီ၊ ရှုမိသားစုနဲ့ဆို
အဆင်မပြေလောက်တော့ဘူးထင်တယ်၊ အဖေတို့ တခြားနည်းလမ်းတစ်ခုကို ရှာရတော့မယ်”
စုန့်စစ်ယွီသည်လည်း ထိုအချိန်၌ စိတ်တည်ငြိမ်သွားခဲ့သည်။ သူမသည် ထိုအချက်ကို အေးဆေးစွာ လက်ခံလိုက်ပြီး စုန့်ဝေ့၏စကားများကို နားထောင်ပြီးသည့်နောက် ခေါင်းညိတ်လိုက်သည်။
“ကျွန်မ သိပါတယ်၊
ပြီးတော့ ကျွန်မ တခြားတစ်ယောက်ကို ရှာဖို့ ဆုံးဖြတ်ထားတယ်၊ ဒါပေမဲ့ ရှုကျစ်၀မ်ကိုတော့ လောလောဆယ် တည်ငြိမ်အောင် ထိန်းထားရမယ်၊
ကျွန်မ သူ့နဲ့ ရုတ်တရက် လမ်းခွဲလိုက်မယ်ဆိုရင် ရှုမိသားစုက ကျွန်မတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး”
အမှန်တကယ်တမ်းတွင်တော့ နောက်ထပ်အကြောင်းပြချက်တစ်ခု ရှိသေးသည်။
အကယ်၍ သူတို့ရွေးချယ်ထားသည့် တခြားနည်းလမ်းများက အဆင်မပြေခဲ့လျှင် ရှုမိသားစုသည်သာ သူမအတွက် နောက်ဆုံးအားထားရာ ဖြစ်လာလိမ့်မည်။
ထို့ကြောင့် သူမအနေဖြင့် မြင်းကိုရှာဖွေရန်အတွက် မြည်းကို စီးနင်းနေရဦးမည်ဖြစ်သည်။
မြည်းက မည်သူနည်းဆိုသည့်အတွက်ကတော့ သေချာပေါက် ရှုကျစ်ဝမ်ပင် ဖြစ်ပေသည်။
သူတို့မိသားစုက ဒီလောက်ထိယုတ်မာရက်စက်ဖို့အတွက် ဘယ်သူက ပြောထားလို့လဲ။ သူတို့တွေက သူမတို့ကို အဆုံးထိ ပျက်စီးချင်နေသေးတယ်။
သမီးဖြစ်သူက ကိုယ်တိုင် အဖြေရှာတွေ့သွားသည်ကို မြင်သောအခါ စုန့်ဝေ့လည်း စိတ်သက်သာရာ ရသွားခဲ့သည်။
ထို့နောက် စုန့်စစ်ယွီအား သူမကို ကူညီနိုင်ပေးမည့် တခြားလူများ ရှိမရှိကို စဉ်းစားခိုင်းခဲ့သည်။
စုန့်စစ်ယွီလည်း အချိန်ပြာမြင့်စွာ မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့ပြီးနောက် မနှစ်မြို့သော အမူအရာတို့ကို ဖိနှိပ်ကာ စုန့်ဝေ့ဆီကို တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။
“အဖေ၊ ကျွန်မကို ကူညီပေးနိုင်မဲ့လူ တစ်ယောက်ကိုတော့ သိတယ်၊ ဒါပေမဲ့ ကျွန်မ သူ့ကိုတော့ မဆက်သွယ်ချင်ဘူး၊ အဖေပဲ ကျွန်မကိုယ်စားကူညီပြီး ဆက်သွယ်ပေးလို့ ရမလား”
စုန့်ဝေ့လည်း ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားရသည်။
“ဘယ်သူလဲ”
သူ၏သမီးက သူမကို ကူညီနိုင်မည့်သူ ရှိနေပါလျက် အဘယ်ကြောင့် ဤမျှလောက်အထိ ရွံမုန်းသော အမူအရာကို ပြနေရသနည်း။
စုန့်စစ်ယွီ ခဏမျှ ရပ်တန့်ပြီးနောက် သူမ၏မျက်လုံးများက အေးစက်သွားကာ စကားလုံးတချို့ကို ဖြည်းညှင်းစွာ ရွတ်ဆိုလိုက်သည်။
“ချန်ကျားယန်ရဲ့ အတန်းဖော်”
ချန်ကျားယန်ရဲ့ အတန်းဖော်?
ခဏလေး။ အဲဒီ ချန်ကျားယန်က…
စုန့်ဝေ့ ခဏမျှ စိတ်တည်ငြိမ်အောင် နေပြီးနောက် ထိုစကားလုံး သုံးလုံးက မည်သူ့ကို ရည်ညွှန်းသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။
“အဲဒီချန်ကျားယန်က မင်းရဲ့အရင်ဘဝက…မဟုတ်ဘူးလား”
ထိုချန်ကျားယန်သည်က အရင်ဘဝက သူမ၏သမီးနှင့် ကွာရှင်းခဲ့သော ခင်ပွန်းဟောင်းမဟုတ်လားဟု ပြောချင်သော်လည်း ထိုစကားများ ပါးစပ်ဖျားသို့ ရောက်လာသောအချိန်တွင် စုန့်ဝေ့တစ်ယောက် ထိုလူက သူ့သမီးအပေါ် လုပ်ခဲ့သမျှကို သတိရသွားပြီး မျက်နှာတစ်ပြင်လုံးက ရုတ်တရက် မည်းမှောင်သွားသည်။
“ဘာလို့ သူ့ရဲ့အတန်းဖော်ကို သွားရှာရတာလဲ၊ ဒီလိုလူယုတ်မာနဲ့ ဒီဘဝမှာ လုံးဝမပတ်သက်ဖို့ နှစ်ယောက်လုံး သဘောတူထားကြတာ မဟုတ်ဘူးလား”
သူမ၏သမီးက ယခင်င်ဘဝတွင် ကြုံတွေ့ခဲ့ရသည်များကို သူ့ကို ပြောပြစဉ်က ချန်ကျားယန်အကြောင်းကိုလည်း ထည့်ပြောခဲ့သည်။
သို့သော် သူမ၏နှလုံးသားတွင် အငြိုးအတေးများလွန်းသောကြောင့် အသေးစိတ်ကိုတော့ မပြောပြခဲ့ပေ။
သို့သော်လည်း စုန့်ဝေ့သည်က ချန်ကျားယွမ်သည် သူ့သမီးကို သစ္စာဖောက်ခဲ့သော လူယုတ်မာတစ်ဦးဖြစ်ပြီး အရင်ဘဝတွင် သူကြောင့် သူမ၏ဘဝ ပျက်စီးခဲ့သည်ကို သိရှိခဲ့သည်။
ထို့ကြောင့် ဤဘဝတွင် ဖခင်နှင့်သမီး နှစ်ဦးစလုံးက အရင်ဘဝက ကြုံတွေ့ခဲ့ရသော ပြဿနာများအားလုံးကို ရှောင်ရှားမည်ဟူသော စိတ်ကူးတစ်ခုကို တူညီစွာ ရရှိခဲ့ကြသည်။
ချန်ကျားယန်သည်လည်း ထိုအထဲတွင် အပါအဝင်ဖြစ်လေ၏။
သူမ၏သမီးက ချန်ကျားယန်ကို မည်မျှမုန်းတီးကြောင်းကို သူ ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း၊ အဘယ်ကြောင့် ရုတ်တရက် သူအကြောင်းကို ထည့်ပြောလာရသနည်း။
ထို့အပြင် ချန်ကျားယန်၏ အတန်းဖော်ကိုပင် ရှာဖွေရန် စီစဉ်နေသေးသည်။ ဤသည်မှာ ချန်ကျားယန်နှင့် ပြန်လည်ပတ်သက်ရန် အလျင်စလိုလုပ်နေခြင်းနှင့် တူညီနေသည် မဟုတ်ပါလား။
ဤစကားကို ကြားလျှင် စုန့်စစ်ယွီသည်လည်း စိတ်မသက်မသာ ဖြစ်သွားသည်။
တခြားရွေးချယ်စရာများ ရှိခဲ့မည်ဆိုလျှင် သူမအနေဖြင့် ထိုလူယုတ်မာနှင့် မပတ်သက်ချင်ပါချေ။ သို့သော် ချန်ကျားယွမ်၏ အတန်းဖော်ပသာ လက်ရှိအချိန်တွင် သူမ စဉ်းစားမိနိုင်သည့် အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်။
ပြောရလျှင် အတိတ်ဘဝက သူမ၏အလုပ်အကိုင်တွင် ဤမျှချောမွေ့စွာ အောင်မြင်ခဲ့ခြင်းသည်က ကံကောင်းမှုအပြင် လူအများအပြား၏ အကူအညီများလည်း ရခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ထိုလူများထဲမှ တစ်ဦးမှာ ချန်ကျားယွမ်၏ အတန်းဖော် ဖြစ်လေသည်။
ထိုအချိန်က သူမနှင့် ချန်ကျားယွမ်တို့က လမ်းခွဲပြီးနောက် မြို့သို့ ပြန်ရောက်နေခဲ့ပေပြီ။ သို့သော် လွန်ခဲ့သော အချိန်က သူမနှင့် ချန်ကျားယန်တို့ ချစ်ကြိုက်ချိန်အတွင်း သူက သူမကို သူ၏အတန်းဖော်များနှင့် သူငယ်ချင်းအချို့နှင့် တွေ့ဆုံရန် ခေါ်သွားခဲ့ပြီး ထိုအတန်းဖော်လည်း ပါဝင်ခဲ့သည်။
*