← Chapters

အခန်း (၂၂၄)

Vol. 23 Ch. 224

အခန်း (၂၂၄)

Vol. 23 Ch. 224

လူအုပ်စုက စုန့်မိသားစုအိမ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီးမှသာ ချန်ဟုန်ထောင်တစ်ယောက် တဖြည်းဖြည်း သတိပြန်ဝင်လာပြီး ခေါင်းကိုခါရမ်းကာ သက်ပြင်းချလိုက်မိသည်။

သူမ၏တူမအနေဖြင့် လက်ရှိတွင် သူမ၏စိုးရိမ်ပူပန်မှုများကို အမှမ်တကယ် စွန့်လွှတ်နိုင်လောက်ပေပြီ။ စုန့်ရှီးယန်တွင် လက်တွဲဖော်တစ်ဦးရှိနေပြီမဟုတ်ပါလား။

လင်းရန် အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် အိမ်တွင် မည်သူမှ မရှိနေကြောင်းကို သဘောပေါက်သွားခဲ့သည်။

စုန့်ရှီးယန်ရဲ့အဖေက ဘယ်ကိုသွားနေတာလဲ။

လင်းရန် အနည်းငယ် အံ့သြနေသည်ကို မြင်လျှင် ချင်းယွင်ကျစ်က သူမ အလွန်အကျွံ တွေးနေမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ရှင်းပြလာသည်။

“သူ့အဖေ ဒီရက်ပိုင်းမှာ လျှို့ဝှက်တာဝန်တစ်ခုရှိလို့ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်”

ထို့ကြောင့် သူမက တစ်ဖက်လူဆီသို့ လင်းရန် လာရောက်လည်ပတ်သည်ကို တမင်တကာ ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ သူသည်က သိနိုင်လောက်အောင် ကံမကောင်းခဲ့ခြင်းသာ ဖြစ်သည်။

ချင်းယွင်ကျစ် သူမ၏နှလုံးသားထဲတွင် တိတ်တဆိတ် ဖြေရှင်းနေခဲ့သည်

လင်းရန်လည်း သူမ၏စကာကိုကြားလျှင် ကြားသောအခါ နားလည်သွားခဲ့သည်။

သူမ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ဦးလေးရဲ့အလုပ်က အရေးကြီးပါတယ်. နောက်တစ်ကြိမ် အခွင့်အရေးရှိရင် ကျွန်မတို့ ထပ်တွေ့နိုင်တာပဲလေ”

“သေချာတာပေါ့!”

သေချာပေါက် အခွင့်အရေးရှိနေလိမ့်မည်။

သူမက လင်းရန်ကို အလွန်ကျေနပ်ခဲ့ပြီး လင်းရန်နှင့် စုန့်ရှီးယန်တို့၏ မင်္ဂလာပွဲကို စတင်မျှော်လင့်နေပေပြီ။

အချိန်က အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ချင်းယွင်ကျစ်က စုန့်ရှီးယန်ကို လင်းရန်အား အပေါ်ထပ်သို့ ခေါ်သွားရန် တောင်းဆိုခဲ့သည်။ သူမက လင်းရန်အတွက် သီးသန့်အခန်းကို ပြင်ဆင်ထားခဲ့ပြီးဖြစ်ပေ၏။

သူမကတော့ သူမ၏ညီမ ချင်းယွင်လျန်ကို ခေါ်ကာ ညစာအတူတူ ချက်ပြုတ်ခဲ့လေသည်။ ညစာချက်ပြုတ်ခြင်းက စောစီးစွာ ပြီးစီးပြီးပါက လင်းရန်လည်း သူတို့နှင့်အတူ စားသောက်ကာ စောစော အိပ်ရာဝင်နိုင်မည်ဖြစ်သည်။

သူတို့ပသီးသီး လမ်းခွဲခဲ့ကြပြီး စုန့်ရှီးယန်သည်လည်း လင်းရန်နှင့် နှစ်ယောက်တည်း စကားပြောရန်အတွက် အခွင့်အရေးရရှိလာခဲ့သည်။

သူ့အနေဖြင့် လင်းမိသားစုတွင် လင်းရန်နှင့် နှစ်ယောက်တည်းရှိနေခြင်းသည်က ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ဖြစ်နေသည်ဟု အမြဲတမ်း တွေးခဲ့သော်လည်း သူ၏အိမ်သို့ ပြန်လာပြီးနောက်တွက် သူမနှင့် နှစ်ယောက်တည်း စကားပြောဆိုခြင်းက ပို၍ ခက်ခဲလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

နောက်ဆုံးတွင် လင်းရန်ကို ချင်းယွင်ကျစ် ပြောခဲ့သည့် အခန်းသို့ ခေါ်လာပြီး လင်းရန်ကို စကားစပြောတော့မည့်အချိန်တွင် စုန့်ရှီးယန်တစ်ယောက် သူ့ရှေ့မှ မြင်ကွင်းကြောင့် ရုတ်တရက် လန့်သွားခဲ့သည်။

သူ့ရဲ့ရှေ့က ပန်းရောင်အလုံးအထွေးကြီးက ဘာလဲ?

ပန်းရောင် စောင်၊ ပန်းရောင် အိပ်ယာခင်း၊ ကုလားကာများကိုလည်း ပန်းရောင် အနားကွပ်ပါသော အထည်ဖြင့်ပင် အစားထိုးထားသည်။ ပန်းရောင် ပင်လယ်ကြီးက စုန့်ရှီးယန်၏ မျက်လုံးများကို မျက်စိကျိန်းစေခဲ့သည်။

ဤခဏတွင် သူ အခန်းမှားဝင်လာသည်လားဟုပင် တွေးမိခဲ့သည်။

ဧည့်သည်အခန်းမှာ သူ နောက်ဆုံးအချိန် ပြန်လာခဲ့စဥ်က ဤကဲ့သို့ မဟုတ်သည်မှာ ထင်ရှားပေသည်။

စုန့်ရှီးယန် သတိပြန်ဝင်လာခဲ့ပြီးနောက် ဤအခန်းရှိ အပြင်အဆင်သည်က သူ ပြောထားခဲ့ခြင်း မဟုတ်ကြောင်းကို လင်းရန်ဆီသိုး ရှင်းပြတော့မည့်အချိန်တွင် လင်းရန်က အံ့သြစွာဖြင့် ပြောလာသည်ကို မြင်လိုက်ရသည်။

“ဝိုး.. ဘယ်လောက်တောင် အိပ်မက်ဆန်လိုက်သလဲ.. ရှင့်အမေက ဒီလောက် မိန်းကလေးဆန်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး”

လင်းရန် အခန်းထဲသို့ လျှောက်သွားခဲ့ပြီး မိန်းကလေးဆန်သော အပြင်အဆင်များအပြည့်ရှိနေသော အခန်းကို ကြည့်ကာ ကြည့်မိလေလေ ပို၍ပျော်ရွှင်လာလေလေဖြစ်နေခဲ့သည်။

သူမသာ အမှန်တကယ် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်ပါက ထိုသို့သော ပန်းရောင်နှင့် နူးညံ့သောအရောင်မျိုးကို သဘောကျခိမ့်မည်မဟုတ်ပေ။

သို့သော် သူမ ဝန်ခံရမည်က သူမ၏ယခင်ဘဝတွင် အသက်နှစ်ဆယ်ကျော်လာပြီးနောက် သူမ၏ အိုမင်းရင့်ရော်မှုနှုန်းက တဖြည်းဖြည်းပို၍ ထင်ရှားလာသည်ဟု သူမ စတင်ခံစားခဲ့ရသည်။

သူမက သူမ၏ ဆယ်ကျော်သက်နှစ်များကို ပြန်လည်တတိရလာသည်။ သူမ ငယ်စဉ်က အနက်၊ အဖြူ၊ မီးခိုးရောင်နှင့် ခန့်ညားပြီး အေးမြသော အရောင်အမျိုးမျိုးကို သဘောကျခဲ့သော်လည်း ထိုအချိန်တွင်တော့ ၎င်းတို့ကို မကြိုက်တော့ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သည်။

သူမ ပို၍နှစ်သက်လာသောအရောင်မှာ ပန်းရောင်သာဖြစ်သည်။

ပန်းရောင်မှာ နူးညံ့ပြီး ၎င်းကို ကြည့်ရုံဖြင့် ကောင်းမွမ်သောခံစားချက်ကို ဖြစ်ပေါ်စေသည်။

ထို့ကြောင့် လင်းရန်အနေဖြင့် ချင်းယွင်ကျစ် သူမအတွက် ပြင်ဆင်ပေးခဲ့သော အခန်းပြည့် ပန်းရောင် အပြင်အဆင်အဝတ်အစားများကို အလွန်ကျေနပ်ပျော်ရွှင်ခဲ့သည်။

ထို့အပြင် ဤရက်များတွင် ထိုမျှလောက် တောက်ပသောအရောင်အသွေးရှိသည့် အထည်များစွာကို စုဆောင်းရန် မလွယ်ကူပေ။

ဤအခြေအနေမှ ချင်းယွင်ကျစ်သည် တကယ်တမ်း စိတ်ပါဝင်စားစွာ ပြင်ဆင်ထားကြောင်းကို မြင်နိုင်သည်။စုန့်ရှီးယန်တစ်ယောက် သူ့အနေဖြင့် အမျိုးသမီးကြီးများ၏ အလှအပဆိုင်ရာ ခံစားမှုရသကို အမှန်တကယ် နားမလည်နိုင်တော့ကြောင်း ပြောချင်ခဲ့သော်လည်း လင်းရန်မှ အလွန်သဘောကျနေသည်ကို မြင်လျှင် သူ၏စကားလုံးများကို တိတ်ဆိတ်စွာ မျိုချလိုက်ရသည်။

သူက လင်းရန်၏ ခရီးဆောင်အိတ်ကို အခန်းထဲသို့ သယ်ဆောင်သွားခဲ့ပြီး အိမ်တစ်ခုလုံး၏ ဖွဲ့စည်းပုံ၊ ရေချိုးခန်းက မည်သည့်နေရာတွင် ရှိသည် စသည်တို့ကို သူမအား စိတ်ရှည်စွာ မိတ်ဆက်ပေးခဲ့ပြီး လင်းရန်ကို အဆောက်အဦလေး၏ ပတ်ပတ်လည်သို့လည်း လိုက်လံပြသခဲ့သည်။

လင်းရန်အနေဖြင့် စုန့်ရှီးယန်နှင့် သူ၏ ကိုယ်ပိုင်ရာထူးနှင့် မိသားစုနောက်ခံကြောင့် အတူမနေဖြစ်နိုင်သော်လည်း စုန့်မိသားစု၏ ပတ်ဝန်းကျင်က အလွန်ကောင်းမွန်သည်ကို မြင်လိုက်ရချိန်တွင် သဘာဝကျစွာဖြင့် ပို၍ကျေနပ်ခဲ့သည်။

နှစ်ထပ် ဗီလာတစ်လုံးကို စွန့်လွှတ်ပြီး ဆင်းရဲနွမ်းပါးသော အဆောက်အဦးပုလေးတစ်ခုတွင် နေထိုင်ရန် မည်သူကများ ဆန္ဒရှိမည်နည်း။

ယခုအချိန်တွင် သူတို့က အဖေစုန့်မှလွဲ၍ စုန့်ရှီးယန်၏ မိခင်နှင့် အဒေါ်ကို တွေ့ဆုံခဲ့ကြပြီး သူတို့၏ အိမ်သို့ လည်ပတ်ခဲ့ပြီးပေပြီ။

အဖေစုန့်သာ ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး သူမကို ကျေနပ်ပါက စိုးရိမ်ပူပန်စရာ မရှိတော့ဟု တွေးရလိမ့်မည်ဖြစ်သည်။

သူမက အဖေ စုန့် ပြန်လာသည်အထိ စောင့်ဆိုင်းနိုင်မည်လားကိုတော့ မသိပါချေ။

ဤအကြောင်းကို တွေးလိုက်ပြီးနောက် လင်းရန်က စုန့်ရှီးယန်ကို သတိလက်လွတ် မေးလိုက်မိသည်။

“ရှင့် အဖေက ပုံမှန်ဆိုရင် အချိန်ဘယ်လောက်မှာ ပြန်လာတတ်လဲ”

စုန့်ရှီးယန် ခေါင်းခါလိုက်သည်။

“တာဝန်တစ်ခုချင်းစီရဲ့ အခြေအနေတွေက မတူညီဘူး၊ ဒါကြောင့် အချိန်က မသေချာလောက်ဘူး.. ကိုယ် နောက်မှ အမေ့ကို မေးကြည့်လိုက်မယ်... ဒါပေမဲ့ သူမလည်း မသိတာမျိုး ဖြစ်နိုင်တယ်”

စုန့်ရှီးယန်က ထိုအကြောင်းကို ပြောနေချိန်တွင် စကား၏ အဆုံး၌ အသံက ရှင်းမပြနိုင်စွာ တိုးတိမ်သွားခဲ့သည်။

လင်းရန် သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။ အကြောင်းပြချက်တချို့ကြောင့် စုန့်ရှီးယန်၏ မျက်လုံးများက အပြစ်ရှိနေသကဲ့သို့ဖြစ်သည်ဟု သူမ ခံစားလိုက်ရလေသည်။

သူမ မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ရိုက်မေးလိုက်သည်။

“ရှင် ကျွန်မဆီက တစ်ခုခုကို ဖုံးကွယ်ထားတာလား”

စုန့်ရှီးယန်တစ်ယောက် လင်းရန်၏ အလိုလိုသိနိုင်စွမ်းက ဤမျှထက်မြက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ခဏတာ တွန့်ဆုတ်ပြီးနောက် သူ၏အဖေနှင့် အမေဖြစ်သူတို့၏ ကြားရှိ အံ့သြဖွယ်ကောင်းသော ဆက်ဆံရေးအကြောင်းကို သူမအား ပြောပြရန် ဆုံးဖြတ်ခဲ့သည်။

တကယ်၍ သူ၏အဖေ ပြန်လာပြီးနောက်တွင် လင်းရန်တစ်ယောက် ဇနီးမောင်နှံနှစ်ဦး တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုနေသည်ကို မြင်ပါက သူတို့က သူမရှေ့တွင် ဟန်ဆောင်နေသည်လားဟု တွေးမိမည်ကို စိုးရိမ်ပေသည်။

စုန့်ရှီးယန်၏ စကားအနည်းငယ်ကို ကြားပြီးနောက် လင်းရန်လည်း ရှုပ်ထွေးသွားခဲ့သည်။

“သူတို့နှစ်ယောက်ကြားမှာ ပဋိပက္ခကြီးကြီးမားမားတွေ ရှိခဲ့ဖူးလား”

စုန့်ရှီးယန် ခေါင်းခါလိုက်သည်။

မရှိဘူးဆိုရင် အဖေစုန့်နဲ့ အမေစုန့်တို့ကြားက ဆက်ဆံရေးက ဘာလို့ ဒီလောက်တောင် ရင်းနှီးမှုမရှိဘဲ အေးစက်နေရတာလဲ။

အိမ်ထောင်ရေးတွင် ဇနီးမောင်နှံများကြားတွင် အဆင်မပြေဖြစ်ပါက ပဋိပက္ခရှိသည်ဟူသော ဖြစ်နိုင်ချေအပြင် သားသမီးများနှင့်လည်း သက်ဆိုင်နိုင်သည်ဆိုသည့် ဖြစ်နိုင်ချေလည်းရှိသည်။

ဤအကြောင်းကို တွေးလိုက်ပြီးနောက် လင်းရန်တစ်ယောက် စုန့်ရှီးယန်ကို မကြည့်ဘဲ မနေနိုင်တော့ဘဲ သံသယဖြစ်စွာဖြင့် ပြောလိုက်သည်။

“အဲဒါက ရှင့်ကြောင့်လား”

“ကိုယ့် ကြောင့်လား”

စုန့်ရှီးယန် တွန့်ဆုတ်သွားခဲ့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် သူငယ်စဉ်က သူ၏အမေနှင့် အဖေတို့မှာ သူ၏ကိစ္စများကြောင့် အမှန်တကယ် ရန်ဖြစ်ခဲ့ကြပုံရသည်။ သူ၏အမေကသာ သူ၏အဖေကို တစ်ဖက်သတ် အမြဲတမ်း ဆူပူခဲ့သော်လည်း သူ့ကြောင့်ဆိုသည့် အကြောင်းပြချက်ကိုတော့ လုံးဝ ပယ်ချ၍မရပေ

သို့သော်လည်း နောက်ပိုင်းတွင် သူသည်လည်း ပို၍အသက်ကြီးလာပြီး စစ်တပ်သို့ ဝင်ရောက်ခဲ့ကာ တစ်နှစ်ပတ်လုံး စစ်စခန်းတွင်သာ ရှိနေခဲ့ပြီး အိမ်တွင် ရှိနိုင်ခြင်းက ရှားပါးလွန်းသောကြောင့် သူတို့နှစ်ဦးက သူ့ကြောင့်ဟူသော အကြောင်းပြချက်အတွက် ရန်ဖြစ်ရန် အခွင့်အရေး မရှိတော့ပေ။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဇနီးမောင်နှံကြားကမှ ဆက်ဆံရေးက ပို၍ဆိုးရွားလာသည်မှာ ထင်ရှားသည်။ သူ နောက်ဆုံးပြန်လာခဲ့ပြီးနောက် အိမ်တွင် ရက်အနည်းငယ်နေခဲ့စဥ်က သူ၏အမေက သူ၏အဖေကို လုံးဝ လျစ်လျူရှုနေသည်ကို တွေ့ရှိခဲ့ရသည်။

သူ၏အဖေဖြစ်သူမှာ တစ်ယောက်တည်းသာ စားသောက်ပြီး ပန်းကန်များကို ဆေးကြောနေရသည်ကို မြင်သးလိုက်ရလျှင် စုန့်ရှီးယန်တစ်ယောက် သူ့ကို သနားမိခြင်းမှလွဲ၍ မတတ်နိုင်ခဲ့ပေ။

“အဲဒါ ကိုယ့်ကြောင့် မဟုတ်လောက်ဘူး၊ အခြားအကြောင်းပြချက်တွေကြောင့်ဖြစ်မှာပါ”

“ဒါပေမါ့ မင်း ဒီကိစ္စတွေကို စိတ်ပူစရာ မလိုပါဘူး၊ သူတို့ဘာသာ ကိုင်တွယ်ဖြေရှင်းကြလိမ့်မယ်”

မည်သို့ပင်ဆိုစေ သူ၏အဖေကို ကြည့်ရသည်မှာ သူ့ကိုယ်သူ မှားယွင်းသည်ဟု မထင်ခဲ့ပေ။ သူ၏ မှတ်မိနိုင်စွမ်းသာ ကောင်းမွန်ပါက အတော်လေးကြာပြီ ဖြစ်ပေလိမ့်မည်။စုန့်ရှီးယန်က သူတို့၏သားအရင်းဖြစ်သောကြောင့် သူကိုယ်တိုင်မှ ထိုသို့ပြောခဲ့သည်ကို မြင်လျှင် လင်းရန်လည်း ဝင်ရောက်စွတ်ဖက်၍ မပြောနိုင်တော့ပေ။

All Chapters