← Chapters

“လော်ပင်း!”

Vol. 25 Ch. 248

“လော်ပင်း!”

Vol. 25 Ch. 248

လော်ပင်းမှ စကားမပြောဘဲ သူ၏ မျက်လုံးများ ပို၍ မှောင်မိုက်လာသည်ကို မြင်လျှင် တုန်လိလိက သူ့ကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်သည်။

လော်ပင်းတစ်ယောက် နာကျင်သွားခဲ့ကာ ဒေါသထွက်လာခဲ့သော်လည်း နောက်ဆုံးတွင်တော့ တုန်လိလိ၏ တိုက်တွန်း နေသော မျက်လုံးများအောက်၌ အံကိုတင်းတင်းကြိတ်ကာ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

“ကောင်းပြီ၊ ကိုယ်ဝယ်ပေးပါ့မယ်!”

“ဒီလိုမှပေါ့!”

တုန်လိလိတစ်ယောက် ဆန္ဒ ပြည့်ဝသွားပြီး သူမ၏ စိတ်ခံစားချက်မှာလည်း ချက်ချင်း ပိုမို ကောင်းမွန်လာခဲ့သည်။

ထို့နောက် သူမက အနောက်ကို လှည့်၍ လင်းကျန်းဖူကို မာနကြီးစွာ ကြည့်လိုက်ပြီး ပြောလာလေ၏။

“နှုတ်ခမ်းနီ၊ မျက်ခုံးမွှေးခဲတံနဲ့ သူမ အခုလေးတင် ပြောခဲ့တဲ့ တခြား ပစ္စည်းတွေ အားလုံးကို ငါ့အတွက် ထုပ်ပိုးလိုက်.. အားလုံးကို လိုချင်တယ်!”

လင်းကျန်းဖူအနေဖြင့် တုန်လိလိက ဤမျှအထိ ကျဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ဘဲ သူမကို အံ့အားသင့် သော အမူအရာဖြင့် ချက်ချင်း ကြည့်လိုက်မိသည်။

ဤခဏအတွင်း သူမ လော်ပင်းအတွက် အနည်းငယ် သနားမိသွားရသည်။

တုန်လိလိ၏ ဉာဏ်ရည်နှင့်ဆိုလျှင် တစ်ဖက်လူက နောင်အနာဂတ်၌ ဒုက္ခများစွာ တွေ့ကြုံရဖွယ် ရှိသည်။

“ဒေါ်လေး၊ ဒီအန်တီက လိုချင်နေတယ်ဆိုမှတော့ သူတို့ အချိန်မီ ပြန်နိုင်အောင် သူ့အတွက် မြန်မြန်လေး ထုပ်ပိုးပေးလိုက်တော့လေ”

ဤသို့ ပြောပြီးနောက် လင်းရန်က လင်းကျန်းဖူအား မျက်စိမှိတ် ပြလိုက်သည်။ လင်းကျန်းဖူလည်း လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး လင်းရန်ထံတွင် မည်သည့် ကောက်ကျစ်သော အကြံ ရှိနေသည်ကို ချက်ချင်းနီးပါး သဘောပေါက်လိုက်သည်။

“ကောင်းပါပြီ၊ ဒါတွေက ပစ္စည်းနည်းနည်းလောက်ပဲ မဟုတ်ဘူးလား.. ကျွန်မ ရှင့်အတွက် ဘေလ် အရင် ထုတ်ပေးပါ့မယ်.. ရှင် ဟိုဘက်မှာ ပိုက်ဆံ ပေးချေပြီးရင် ပစ္စည်းတွေကို လာယူလို့ ရပါပြီ”

ဤနေရာ၏ လုပ်ထုံးလုပ်နည်းမှာ ပိုက်ဆံ အရင် ပေးချေ၊ ပြီးမှ ပစ္စည်း ယူရခြင်း ဖြစ်သည်။

တုန်လိလိနှင့် လော်ပင်းတို့အနေဖြင့် ဤကဲ့သို့ ကိစ္စမျိုးတွင် လင်းကျန်းဖူက သူတို့ကို လှည့်စားနိုင်လိမ့်မည်ဟု မထင်ခဲ့ကြပေ။

လင်းကျန်းဖူ ခေါင်းငုံ့ကာ ဘေလ်ရေးနေသည်ကို ကြည့်ပြီး လော်ပင်း၏ နှလုံးသားက သူမ၏ လက်ထဲမှ ဘောပင်နှင့်ထိုးဖောက်ခံနေရသကဲ့သို့ စူးစူးဝါးဝါး နာကျင် လာခဲ့သည်။

တစ်ခုပြီးတစ်ခု ချရေးသွားသည်မှာ လင်းကျန်းဖူ၏ လက်ထဲမှ ဘောပင်နှင့် မှင်တို့ဖြင့် မဟုတ်ဘဲ သူ၏ ပိုက်ဆံများဖြင့်သာ ဖြစ်ပေသည်။

နောက်ဆုံးတွင် လင်းကျန်းဖူ ထုတ်ပေးလိုက်သည့် ဘေလ်ကို မြင်လိုက်ရလျှင် လော်ပင်းတစ်ယောက် မူးမေ့လုနီးပါး ဖြစ်သွားခဲ့သည်။

ယွမ်ငါးဆယ်!

ဤအမှိုက်ပုံအစုတ်အပြတ်တွေက ယွမ်ငါးဆယ်တောင် ကျသည်တဲ့လား။ သူတို့ ဘာကြောင့် ဓားပြပဲ တိုက်မစားတာလဲ။

တုန်လိလိသည်လည်း သူမ၏ မျက်လုံးထောင့်ဖြင့် စာရင်းပေါ်ရှိ စျေးနှုန်းကို လှမ်းကြည့်လိုက်ပြီး စျေးနှုန်းကြောင့် တုန်လှုပ်သွားခဲ့သော်လည်း လင်းကျန်းဖူ၏ရှေ့တွင် ထိုကဲ့သို့ ရှက်ဖွယ်ကောင်းသော အမူအရာကို ပြသချင်စိတ်မရှိခဲ့ပေ။

ထို့အပြင် ပိုက်ဆံပေးရသည်က သူမမဟုတ်ပါချေ။ ထို့ကြောင့် စိတ်မကောင်း ဖြစ်ရန် မလိုအပ်ပေ။

“မြန်မြန်လုပ်ပြီး ပိုက်ဆံပေးချေလိုက်တော့.. စောစော ပေးချေပြီးရင် ကျွန်မတို့ စောစော ပြန်ကြမယ်!”

လော်ပင်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် တုန်လိလိကို ဆန္ဒမရှိသော အကြည့်ဖြင့်သာ တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် ပိုက်ဆံ ပေးချေရန် လှည့်ထွက်သွားခဲ့သည်။

လော်ပင်းက အလွန်နာခံစွာဖြင့် ပိုက်ဆံ ပေးချေနေသည်ကို မြင်လိုက်ရလျှင် လင်းရန်တစ်ယောက် ကျယ်လောင်စွာ ရယ်မောလုနီးပါး ဖြစ်ခဲ့ရသည်။

ဒီနှစ်ယောက်က ကြွားချင်နေကြတာ မဟုတ်ဘူးလား။

ဒါဆိုလည်း သူတို့ကို ကြွားဖို့ အခွင့်အရေး ပေးလိုက်ကြတာပေါ့။

ဘာပဲဖြစ်ဖြစ် နာကျင်တာက သူတို့ မဟုတ်ဘူးလေ။

ထို့အပြင် ဤသည်က သူမ၏ ဒေါ်လေးအတွက် ဖျော်ဖြေမှုတစ်ခုဟု သတ်မှတ်နိုင်ပြီး လော်ပင်းနှင့်သူတို့နှစ်ဦးသားသည်လည်း သူတို့ကိုယ်တိုင်အတွက် ကုသိုလ်တစ်ခု ရရှိသွားကြသည်ဟု မှတ်ယူရမည်။

လော်ပင်းက ပေးချေရန် အလှည့်စောင့်ချိန်တွင် ချင်းယွင်ကျစ်က သူ့ရှေ့တွင် တိုက်ဆိုင်စွာ ရှိနေခဲ့သည်။

လော်ပင်းအနေဖြင်် ချင်းယွင်ကျစ်က မည်သူဖြစ်ကြောင်းကို မသိခဲ့ပေ။ သို့သော် ချင်းယွင်ကျစ်၏ ဝတ်စားဆင်ယင်ပုံနှင့် ကိုယ်ဟန်အမူအရာက အလွန် မျက်စိဖမ်းစားနေဆဲ ဖြစ်သည်။

သေချာပေ၏။ လော်ပင်းကို အံ့အားအသင့်စေဆုံးက ချင်းယွင်ကျစ်၏ လက်ထဲတွင် သူနှင့် နာမည်တူ နေသည့် “အလှကုန် ကောင်တာ” စာရင်းပင် ဖြစ်သည်။

ငွေရှင်းရန် တန်းစီနေသည့်အထဲတွင်ပင် အလှကုန် ဝယ်ယူရန် ရောက်လာသူများ ရှိနေသည်ကို မြင်လျှင် လော်ပင်းတစ်ယောက် သူ့စိတ်ထဲမှနေ၍ မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။

ဒီအမျိုးသမီးတွေက တကယ်ပဲ ပိုက်ဆံဖြုန်းတတ်ကြတာပဲ။

ဒီအလှကုန်တွေက ဘာလုပ်လို့ရလို့လဲ။ သူတို့ရဲ့အလှအပက ကိုယ်တိုင်မဟုတ်ဘဲ အတုအယောင်တွေဆိုတာကို သက်သေပြဖို့ အသုံးပြုနိုင်တာလား။

သူတို့က ကိုယ့်ကိုယ်ကို လှည့်စားနေကြတာ မဟုတ်ဘူးလား။

သူမကလည်း တကယ်ကို ငွေဖြုန်းတဲ့ အမျိုးသမီးပဲဖြစ်လိမ့်မယ်။ရလဒ်အနေဖြင့် သူ မထီမဲ့မြင် လုပ်ပြီးသည့်အချိန်တွင်ပင် ချင်းယွင်ကျစ်၏ စာရင်းနောက်မှ စျေးနှုန်း ကို မြင်လိုက်ရပြီးနောက် သူ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

တုန်လိလိ၏ ယွမ်ငါးဆယ်ကျော် ဝယ်ယူခြင်းက အလွန်အမင်း များလွန်းနေပြီဟု သူ ထင်ခဲ့သော်လည်း သူ့၏အရှေ့မှ အမျိုးသမီးကတော့ ယွမ်တစ်ရာ့ရှစ်ဆယ်ကျော်တန်ဖိုးရှိသည့် ပစ္စည်းများကို ဝယ်ယူခဲ့မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူမရဲ့ အမျိုးသားသာ သိသွားမည်ဆိုရင် သူမကို သေလောက်အောင် ရိုက်တော့မှာ မဟုတ်ဘူးလား။

နှိုင်းယှဉ်မှုကြောင့် ဖြစ်နိုင်ပေသည်။ လော်ပင်းတစ်ယောက် တုန်လိလိ၏ ယွမ်ငါးဆယ်က သိပ်ပြီးများပြားခြင်းမရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

ချင်းယွင်ကျစ်က ပိုက်ဆံကို လျင်မြန်စွာ ရှင်းပေးလိုက်ပြီး ငွေရှင်းကောင်တာမှ ရဲဘော်များ၏ အားကျသော မျက်လုံးများအောက်တွင် ထွက်ခွာသွားခဲ့သည်။

လော်ပင်းတစ်ယောက် ဤအချိန်တွင် ချင်းယွင်ကျစ်၏ မျက်နှာကို မြင်လိုက်ရသည်။ ချင်းယွင်ကျစ်၏ အထက်တန်းဆန်လှသော မျက်နှာကို မြင်ပြီးနောက်တွင် သူ့စိတ်ထဲမှ အသံအားလုံးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ချင်းယွင်ကျစ်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမသည်က အလွန်ကောင်းမွန်သော မိသားစုမှ ဆင်းသက်လာသည်ဟု ထင်ရပြီး လော်ပင်းအတွက် လက်လှမ်းမမီနိုင်သောအဆင့်တွင် ရှိနေသူတစ်ဦး ဖြစ်နိုင်သည်။

ထို့ကြောင့် ယွမ်တစ်ရာ့ရှစ်ဆယ်က သူမအတွက် သိပ်ပြီးစျေးမကြီးလောက်ခြင်းဖြစ်နိုင်သည်။

လူများကို တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ခြင်းက အမှန်တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ချင်းယွင်ကျစ်က ပေးချေပြီးသော ဘေလ်စာရွက်ဖြင့် ကောင်တာသို့ ပြန်လာပြီးနောက်တွင် လင်းရန်နှင့် လင်းကျန်းဖူတို့၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော သူစိမ်းအမျိုးသမီးတစ်ဦးကို မြင်လိုက်သည်။

သူမက များစွာ မစဉ်းစားနေခဲ့ဘဲ ထိုအမျိုးသမီးက ပုံမှန်အတိုင်း ဧည့်သည်တစ်ဦးသာ ဖြစ်သည်ဟုသာ ထင်ခဲ့သည်။

ထို့ကြောင့် သူမက လင်းကျန်းဖူဘက်ကို နှုတ်ဆက်ခြင်းမပြုဘဲ လင်းရန်ကိုသာ လက်ဝှေ့ရမ်းပြခဲ့သည်။

“ရန်ရန်၊ ပိုက်ဆံပေးချေပြီးသွားပြီ!”

“အရမ်းမြန်တာပဲ အန်တီ၊ အန်တီက အံ့ဩစရာ ကောင်းလိုက်တာ!”

ချင်းယွင်ကျစ် သူမ၏ ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး မျက်ခုံးများကို ကွေးညွတ်သွားသညာအထိ ပြုံးလိုက်သည်။

ငွေရှင်းသည်က ကြီးမားသောကိစ္စ မဟုတ်သော်လည်း ချီးကျူးခံရခြင်း က ကောင်းမွန်သည်ဟု ခံစားရသည်။ ထို့အပြင် ရန်ရန်၏ ပါးစပ်က အလွန်ပင် ချိုမြိန်လွန်းလှသည်။

တစ်ဘက်က တုန်လိလိမှာ အထက်တန်းလွှာဟုထင်ရသော အမျိုးသမီးတစ်ဦးက လင်းရန်နှင့် စကားပြောနေသည်ကို မြင်လိုက်ရပြီး နှစ်ယောက်ကလည်း အလွန် ရင်းနှီးနေပုံရသောကြောင့် သူမ စူးစမ်းလိုစိတ် မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။

လင်းမိသားစုတွင် ချမ်းသာသော ဆွေမျိုးမရှိဟု ဆိုခဲ့သည် မဟုတ်ပါလား။ ဤတစ်ယောက်က မည်သူနည်း။

“အန်တီ.. အခု ဒီနားမှာဘယ်သူမှ မရှိတော့ဘူးဆိုတော့ အန်တီ ဒေါ်လေး ကို ဘေလ်ပေးလိုက်လေ.. ပစ္စည်းတွေ ယူပြီးသွားရင် ကျွန်မတို့တွေ စောစော အိမ်ပြန်လို့ ရပြီ”

လင်းရန်အနေဖြင့် ချင်းယွင်ကျစ်မှ အနားတွင် ရပ်နေသည်ကို မြင်လျှင် လင်းကျန်းဖူက တုန်လိလိအား ဝန်ဆောင်မှုပေးရန် စောင့်ဆိုင်းနေသည်ဟု ထင်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။

သို့သော် လော်ပင်းက ပိုက်ဆံ ပေးချေ၍ မပြီးသေးသောကြောင့် သူမကိုဝန်ဆောင်မှုပေးရန်မလိုသေးချေ။

ချင်းယွင်ကျစ်လည်း ဤစကားကို ကြားလျှင် တစ်ဖက်မှ တုန်လိလိသည်က ဧည့်သည် မဟုတ်ကြောင်းကို သဘောပေါက်သွားပြီး အံ့အားသင့်သွားခဲ့သည်။

“ဒါဆို ကျန်းဖူ၊ ကျေးဇူးပြုပြီး ငါ့ရဲ့ ပစ္စည်းတွေကို အရင်ထုပ်ပိုးပေးပါဦး”

လင်းကျန်းဖူက အပြုံးတစ်ခုဖြင့် လက်ခံပြီးနောက် စာရင်းပေါ်ရှိ ပစ္စည်းအားလုံးကို ချင်းယွင်ကျစ်အတွက် ထုပ်ပိုးပေးခဲ့သည်။

လင်းကျန်းဖူမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု အိတ်ထဲသို့ ထည့်နေသည်ကို မြင်လျှင် တုန်လိလိတစ်ယောက် ပို၍ပင် သံသယ ဝင်လာခဲ့သည်။

ဒါက ဘယ်သူလဲ။ သူမက အလှကုန်ပစ္စည်းတွေကို ဒီလောက်တောင်အများအပြားကို ဝယ်ယူခဲ့တယ်ပေါ့။

သူမ ယခုလေးတင် ဝယ်ခဲ့သည်က အလွန်များပြားလွန်းနေပြီဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက သူမထက် ပိုမိုဝယ်ယူခဲ့သည်ဟု မမျှော်လင့်ခဲ့ပေ။

“မစ္စချင်း၊ ပစ္စည်းတွေအားလုံးကို ထည့်ပြီးပါပြီ.. တစ်ခုခု လိုနေလားဆိုတာ ကြည့်ပြီး ရေတွက်လို့ ရပါတယ်”

လင်းကျန်းဖူက ပစ္စည်းများ ပြည့်နေသော အိတ်ကြီးတစ်လုံးကို ချင်းယွင်ကျစ်အား လှမ်းပေးလိုက်သည်။ ချင်းယွင်ကျစ်က သူမကို ယုံကြည်သောကြောင့် လက်ကိုဝှေ့ရမ်းလိုက်လေသည်။

“ရေတွက်ဖို့ မလိုပါဘူး.. မင်း လုပ်ထားတာ မှန်ကန်မယ်လို့ ငါ ယုံတယ်!”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြလေ၏။

ထိုအချိန်တွင် လော်ပင်းက ပိုက်ဆံကို လျင်မြန်စွာ ပေးချေပြီး ပြေးလာခဲ့သည်။ သူ ရောက်လာချိန်တွင် လင်းကျန်းဖူက သူ ယခုလေးတင် မြင်ခဲ့ရသည့် အမျိုးသမီးနှင့် စကားပြောနေသည်ကို မြင်လိုက်ရပြီး သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာလည်း အတော်လေး ကောင်းမွန်နေပုံရကြောင်းကို တွေ့မြင်နိုင်သည်။

သူ့အနေဖြင့် များစွာ မစဉ်းစားခဲ့ပါချေ။

တစ်ဖက်လူက လင်းကျန်းဖူနှင့် သိသော ဧည့်သည်တစ်ဦး ဖြစ်သည်ဟုသာ ထင်ခဲ့သည်။”ကောင်းပြီ ကျန်းဖူ၊ ငါ့အတွက် ပစ္စည်းတွေ ထုပ်ပိုးပေးပါဦး.. ငါတို့ ပြန်ဖို့ အလျင်လိုနေပြီ”

လော်ပင်း မသိစိတ်ဖြင့် လင်းကျန်းဖူ၏ နာမည်ပြောင်ကို ခေါ်လိုက်သည်။ ဤစကားကြောင့် သူ၏ ပတ်ဝန်းကျင်ရှိ အမျိုးသမီး ရဲဘော် အများအပြား၏ မျက်နှာများက ပြောင်းလဲသွားခဲ့လေ၏။

တုန်လိလိက လော်ပင်းကို အလွန်အမင်း မနှစ်မြို့သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ လော်ပင်းက သူမ၏ ဇနီးဟောင်းကို သူမရှေ့တွင် ဤမျှ ချစ်ခင်စွာ ခေါ်လိုက်သည်။

ဤသည်က မည်သို့သော အဓိပ္ပါယ်ရသနည်း။

သူက သူမနှင့် မနေချင်တော့သည်လား။

လင်းကျန်းဖူ၏ အမူအရာက ပို၍ ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။

စကားလုံးနှစ်လုံးသာ ဖြစ်ပေသည် :

ရွံစရာကောင်းတယ်!

“ရဲဘော်၊ ရှင့်ရဲ့ စကားပြောတဲ့အသုံးအနှုန်းကို သတိထားပေးပါ!”

လင်းကျန်းဖူက လော်ပင်း၏ မျက်နှာကို လုံးဝ ဂရုမစိုက်ဘဲ သူမကို ထိုသို့ မခေါ်ဖို့ တိုက်ရိုက် ပြောခဲ့သည်။

လော်ပင်းတစ်ယောက် ခဏလောက် ရှက်ရွံ့သွားခဲ့သည်။ လင်းကျန်းဖူ၏ စိတ်မပါသော အကြည့်ကို မြင်လျှင် သူက စိတ်ပျက်စွာဖြင့်သာ ပြောနိုင်ခဲ့သည်။

“ရဲဘော်၊ ကျေးဇူးပြုပြီး ငါ့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပေးပါဦး”

All Chapters