← Chapters

အခန်း (၉၂)

Vol. 10 Ch. 92

အခန်း (၉၂)

Vol. 10 Ch. 92

လင်းရန် မျက်နှာသစ်ရန် သွားပြီးနောက် အိမ်ထဲမှ ထွက်လာနေသော စုန့်ရှီးယန် နှင့် တွေ့ဆုံခဲ့သည်။ 

မျက်နှာသစ်သည့်နေရာက အိမ်တွင်းရှိ ရေတွင်းဘေးတွင် ဖြစ်သည်။

မတိုင်ခင်က လူများစွာ အစောကြီး ထခဲ့ကြသောကြောင့် ပုံးထဲရှိရေများက ကုန်သွားပြီး လူတိုင်း ပြန်သယ်ရန် မေ့နေကြပုံရသည်။

လင်းရန် က ရေပုံးကို ရေတွင်းထဲသို့ ထည့်ပြီး ရေတစ်ပုံး ထပ်သယ်ရန် ပြင်ဆင်နေစဉ် စုန့်ရှီးယန်မှ ဘေးကနေ ရေပုံးကို လှမ်းယူလိုက်ပြီး ရေအပြည့်ပါသော ရေပုံးကြီးတစ်ပုံးကို အလျင်အမြန် ခပ်ယူလိုက်သည်။

သူ ရေသယ်နေသည်ကို မြင်သော် လင်းရန်ကလည်း ဘေးဖယ်ပေးပြီး စုန့်ရှီးယန်ကို အရင်ဆုံး မျက်နှာသစ်စေရန် စီစဉ်ခဲ့သည်။

သို့သော် စုန့်ရှီးယန် က ရေပုံးကို လင်းရန်၏ ရှေ့တွင်သာ ချပေးလိုက်ပြီး ရေကို ဇလုံထဲသို့ လောင်းထည့်ပေးခဲ့သည်။ ထို့နောက် သူက ဘေးသို့ တမင်တကာ ဖယ်လိုက်ပြီးသူမကို ပြောလာခဲ့လေသည်။

“မင်း အရင်သစ်လိုက်ပါ”

ဤသည်ကိုမြင်လျှင် လင်းရန် ခဏတာ တွေဝေသွားခဲ့သည်။

သို့သော် ရုတ်တရက် အပြောင်းအလဲလုပ်ရန် မလိုအပ်ဟု ခံစားရသောကြောင့် မျက်နှာသုတ်ပုဝါကို ကောက်ယူပြီး မျက်နှာသစ်လိုက်သည်။

ဤခေတ်ကာလတွင် မျက်နှာသစ်ဆေး မရှိသောကြောင့် သူမ၏ အသားအရေကို တတ်နိုင်သမျှ ကာကွယ်ရန်သာ လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် မျက်နှာသစ်သောအချိန်တွင် အထူးဂရုစိုက်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုက ငယ်သေးသောကြောင့် ဤကဲ့သို့  ကောင်းမွန်သော မျက်နှာကို ဂရုမစိုက်လျှင် အသက်ကြီးလာသောအခါ မည်သည့်ပုံစံမျိုး ဖြစ်လာမည်ဆိုသည်ကို မပြောနိုင်ပေ။

သို့သော် သူမက မျက်လုံးများကို မှိတ်ပြီး မျက်နှာသစ်နေစဉ် သူမ၏ အတွေးသက်သက်လား မသိသော်လည်း သူမကို စိုက်ကြည့်နေသော အကြည့်တစ်ခုက သူမဘေးတွင် ရှိနေသည်ဟု အမြဲ ခံစားနေခဲ့ရသည်။ ပူနွေးသောအပူချိန်က သူမမျက်နှာကို မီးရှို့သကဲ့သို့ ဖြစ်နေခဲ့သည်။

လင်းရန်၏ နားရွက်များက မသိစိတ်ကပင် နီရဲလာခဲ့သည်။ 

စုန့်ရှီးယန် က သူမကို ကြည့်နေတာ သေချာတယ်ဆိုပြီး သူမရဲ့ စိတ်ထဲက သိနေပေမယ့် သူမ တစ်ခုခု မှားနေလို့များလား? 

တခြားသူတွေ မျက်နှာသစ်နေတုန်း စိုက်ကြည့်နေတာက ရှက်စရာ မကောင်းဘူးလား?

ကံကောင်းစွာဖြင့် ထိုသူက တိုင်းတာမှု ပြုလုပ်တတ်ပြီး ခဏအကြာတွင် မျက်နှာလွှဲလိုက်သည်။

လင်းရန်လည်း နောက်ထပ် မနှောင့်နှေးရဲတော့ဘဲ အလျင်အမြန် မျက်နှာသုတ်လိုက်ပြီးနောက် လှည့်ကာ စုန့်ရှီးယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူမ၏ ပါးပြင်များက နီရဲနေပြီး မျက်လုံးများ ပြူးကျယ်နေသည်ကို သူမ မသိခဲ့ပေ။ ဤအချိန်တွင် သူမက ကြောက်စရာကောင်းပုံ မပေါ်ရုံသာမက အမှန်တကယ်ပင် အလွန် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိနေခဲ့သည်။

စုန့်ရှီးယန်က ထပ်မကြည့်ရဲတော့ဘဲ မသက်မသာဖြစ်စွာဖြင့် လှည့်ထွက်သွားခဲ့သည်။

“မင်း သစ်ပြီးပြီလား.. ဒါဆို ကိုယ်သစ်လိုက်ဦးမယ်”

ပြောပြီးသည်နှင့် လင်းရန်မှ မည်သည့်စကားကိုမှ မပြောမီမှာပင် သူက သူ၏ မျက်နှာတစ်ခုလုံးကို လင်းရန် ၏ ထိတ်လန့်တကြား အကြည့်များအောက်တွင် ရေပုံးထဲသို့ ရုတ်တရက် နစ်မြုပ်လိုက်လေသည်။ သူက မျက်နှာသစ်ရင်း ဆံပင်များကိုပါ လျှော်လိုက်ပုံရသည်။

လင်းရန်: “...”

သူမ အံ့အားသင့်သွားရသည်။

ယောက်ျားလေးတွေ မျက်နှာသစ်တာ ဒီလိုမျိုးလား?

သို့သော် လင်းရန် မသိသည်မှာ စုန့်ရှီးယန်က ပုံမှန်အားဖြင့် ဤသို့ မျက်နှာသစ်လေ့ မရှိခြင်းကိုပင်။

တကယ်တမ်းတွင် လင်းရန် က သူ့ကို ထိုသို့သော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက် သူ၏ တစ်ကိုယ်လုံးက မသက်မသာ ဖြစ်လာပြီး ပါးပြင်များလည်း ပူလောင်လာသည်ဟု ခံစားရလေသည်။

ထို့ကြောင့် လင်းရန်မှ သူ့ကို ရူးသွပ်သူဟု မခံစားရစေရန်အတွက် သူ့၏မျက်နှာတစ်ခုလုံးနှင့် ဦးခေါင်းကိုပါ အေးအောင် လုပ်ခဲ့ရသည်။

အေးစက်နေသော ရေတွင်းရေဖြင့် ငြိမ်သက်အောင်လုပ်ပြီးနောက်မှသာ စုန့်ရှီးယန်တစ်ယောက် ရေပုံးထဲမှ ခေါင်းကို ပြန်ထုတ်လိုက်လေသည်။

စုန့်ရှီးယန် သူ၏ပါးပြင်ပေါ်မှ ရေစက်များကို သုတ်ရန် လက်ကို ဆန့်ထုတ်လိုက်ပြီး စိုစွတ်နေသော ဆံပင်များကို သူ့နဖူးပေါ်မှ ပင့်တင်လိုက်သည်။

ရေစက်များက သူ့နဖူးမှတဆင့် သူ့နှာခေါင်းထိပ်မှ ဖြည်းဖြည်းချင်း ကျဆင်းလာပြီး သူ့နှုတ်ခမ်းကိုဖြတ်ကျော်သွားခဲ့ကာ နောက်ဆုံးတွင် သူ့ရင်ဘတ်ထဲသို့စီးဝင်သွားခဲ့သည်။

လင်းရန် ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် သူ့လည်ချောင်းက မသိစိတ်မှ လှုပ်ရှားသွားပြီး သူ့မျက်လုံးများထဲမှ ဒေါသများကလည်း မသိလိုက်မသိဘာသာဖြင့် လျော့ပါးသွားခဲ့သည်။

သေချာသည်မှာ လူတိုင်း ပြောဆိုနေသော စကားပုံတစ်ခုအတိုင်းပင်ဖြစ်လိမ့်မည် - လှပတဲ့ လူတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ မင်း စိတ်မဆိုးနိုင်ဘူးဘူး။

ဤအကြောင်း စဉ်းစားမိသော် သူမ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမိခဲ့သည်။

 “သူက လူချော တစ်ယောက် မဖြစ်နိုင်ဘူး!”

သို့သော် “ခန့်ညားသော အမျိုးသား၏ သန့်ရှင်းရေးလုပ်ခြင်း” ကို အလကား မြင်ပြီးနောက်တွင် သူမကထိုသူ့ကို  စိတ်မဆိုးနိုင်တော့ပေ။

သူမက ကိုယ့်ကိုယ်ကိုယ်သာ စိတ်ဆိုးခဲ့ပြီး မျက်နှာကိုတစ်ဖက်သို့လှည့်ကာ အိမ်ခန်းထဲသို့ ဝင်သွားခဲ့သည်။

စုန့်ရှီးယန်က သူမ၏ နောက်ကျောပြင်ကို ကြည့်နေရင်း စိတ်မသက်မသာဖြစ်နေခဲ့သည်။

သူက လင်းရန်ကို စိုက်ကြည့်ခဲ့ခြင်းမှာ အနည်းငယ် ရုတ်တရက်ဆန်စွာဖြစ်ခဲ့ပြီး သူမကို စိတ်မပျော်မရွှင် ဖြစ်စေခဲ့သည်ကို သူသိသည်။

ဒါပေမဲ့လည်း..

သူလည်း သူ့ကိုယ်သူ ဘာတွေဖြစ်နေတာလဲဆိုတာကို မသိတော့ဘူး…

မနေ့က လင်းရန်ကို သူ့ရဲ့ဇနီးအဖြစ် သင့်တော်တယ်လို့ ခံစားရတဲ့နောက်ပိုင်းမှာ သူမကို ကြည့်မိလေလေ ပိုလှလေလေလို့ ခံစားလာရတယ်…

သူမဆီမှာ သူနဲ့ မသင့်တော်တဲ့ အချက် ဘာတစ်ခုမှ ရှိမနေတော့သလိုမျိုးပဲ… 

သူမအတွက်ဆိုလျှင် သူမ၏ စိတ်တိုတတ်သည့်အချက်က မည်သည့်ပြဿနာမှ မရှိတော့အပေ။

တကယ်တမ်းဆိုလျှင် အနည်းငယ်ပင် ချစ်စရာကောင်းနေသေးသည်။

မည်သို့ပင်ဖြစ်စေ သူမက မည်မျှပင် ဒေါသကြီးနေပါစေ၊  အများဆုံး လူများကို ကြောက်အောင် လုပ်ရန် သူ့လက်သည်းများကို ဆန့်ထုတ်တက်သည့် ကြောင်လေးတစ်ကောင်နှင့်သာ တူနေခဲ့သည်။

ဒါပေမယ့် သူ နည်းနည်း စိုးရိမ်မိတာက..

လင်းရန်က သူ့ကို တကယ်သဘောမကျသေးတာပဲ…

သူမ သူ့ရဲ့ အားသာချက်တွေကို မြင်အောင် ဘယ်လိုလုပ်သင့်လဲ?

စုန့်ရှီးယန်က ဤကဲ့သို့ လေးနက်သော ပြဿနာကို စိတ်ထဲတွင် ထားပြီး မနက်စာ စားခဲ့သည်။

ယင်းဖန်အတွက်မူကား မနက်စာစားချိန်တွင် ပထမဆုံးအကြိမ်အဖြစ် လင်းရန်ကို အထူးဂရုစိုက်ပြီး ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည်။

သူမက လင်းရန်ကို မနက်က ဟင်း အရသာ မည်ကဲ့သို့ရှိလဲဆိုသည်ကို မေးကာ၊ မည်သို့လုပ်ရမည်လဲ ဆိုသည်ကို မေးရန်အတွက် လင်းရန်နှင့် စကားပြောနေခဲ့သည်။ 

အရသာရှိအောင် ဘယ်လိုလုပ်ရမလဲ စသည်ဖြင့်ပေါ့….

ညစာစားပွဲတွင် လင်းကျန်းရှီကလွဲ၍ ကျန်သောသူများအားလုံးက သူမကို မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

သို့သော် ယင်းဖန်တွင်  တခြားအားသာချကများမရှိလျှင် မျက်နှာပြောင်ခြင်းကတော့ အကြီးဆုဲးအားသာချက်ထဲမှတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် လူတိုင်း၏ ရှုပ်ထွေးနေသော အကြည့်များကို ရင်ဆိုင်ရင်း သူမက အပြစ်ကင်းစွာ ရှင်းပြခဲ့သည်။

“ရန်ရန် လုပ်တဲ့ အအေး၀ာဟင်းပွဲတွေ အရမ်း အရသာရှိတာကိုတွေ့တော့ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်လို့လေ၊ ဒါမှ နောင်ပိုင်း လူတိုင်းစားဖို့ လုပ်ပေးနိုင်မှာမလား။

အဘွားလင်းက သူမကို ယုံ၊ မယုံဆိုသည်ကို မသိပေသော်လည်း သူမကို  အဓိပ္ပါယ်ရှိလောက်သော စကားကိုပြောလာခဲ့သည်။

 “မင်းလို လူမျိုးက သင်ရင်တောင် အနှစ်သာရကို ထိတွေ့အောင် သင်ယူနိုင်မှာမဟုတ်လောက်ဘူး ထင်တယ်” 

ယင်းဖန်က ဤစကားကို ကြားသောအခါ တကယ်ပင် အပြစ်တင်ခံရသကဲ့သို့ ခံစားရသော်လည်း ပြန်မပြောရဲခဲ့ပေ။

လင်းရန်အတွက်ကတော့ အဘွားလင်းမှ ယင်းဖန်ကို စကားတစ်ခွန်းတည်းနှင့် အနိုင်ယူလိုက်သည်ကို မြင်သောအချိန်တွင် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့သည်။

“တတိယအဒေါ် နောက်တခါ စားချင်ရင် ကျွန်မ ပြောလိုက်ပါ၊ ပြဿနာ မရှိပါဘူး”

“ဟေး၊ ကောင်းပြီ၊ ဒါဆို တတိယအဒေါ်က မင်းကိုကျေးဇူးတင်ပါတယ် ရန်ရန်!”

ယင်းဖန်တစ်ယောက် ရွှင်လန်းစွာနှင့် ပြန်လည် နိုးထလာပြန်သည်။

မကြာမီမှာပင် လူအုပ်စုတစ်စု အလုပ်သို့ သွားခဲ့ကြသည်။ လင်းရန်က အိမ်တွင် အဘွားလင်းနှင့် ခဏထိုင်ပြီးနောက် အချိန်နီးနေသည်ကို တွေ့သောအါခ ကွန်မြူနတီကို ထွက်ဖို့ရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမ ထွက်ခွါသောအချိန်တွင် ခြံထဲတွင် ထိုင်နေသော စုန့်ရှီးယန်က သူမဘက်သို့ လှမ်းကြည့်လိုက်သည်ကို သတိထားမိလိုက်သည်။

မနက်က ဖြစ်ခဲ့သောကိစ္စကြောင့် လင်းရန်က စုန့်ရှီးယန်၏ မျက်နှာကို ယခုအချိန် မမြင်ချင်နေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့၏မျက်နှာကြောင့် စုန့်ရှီးယန်ကို ခွင့်လွှတ်ခဲ့မိသည်ကို သူမ မှတ်မိနေတာကြောင့်ပင်ဖြစ်သည်။

သူမ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရမယ်!

ပြစ်ဒဏ်ကတော့ သူ့ကို မကြည့်ဘဲ နေခြင်းပဲ!

ထို့ကြောင့် စုန့်ရှီးယန်၏ ဘေးကနေ ဖြတ်သွားချိန်တွင် လင်းရန် ခေါင်းငုံ့ပြီး ခပ်မြန်မြန် လျှောက်သွားခဲ့သည်။

စုန့်ရှီးယန်မှာ ဤသည်ကို မြင်သော် သူမကို ကွန်မြူနတီသို့ လိုက်ပို့ပေးချင်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့ခဲ့ရ ေသည်။

လင်းရန်၏ ထွက်ပြေးနေသော ကျောပြင်ကို ကြည့်ပြီး သူ သက်ပြင်းချလိုက်သည်။

လက်တွဲဖော်ရှာရတာက အရမ်း ခက်ခဲတာပဲ….

. . . . . . . . . . 

တစ်ချိန်တည်းမှာပင် မြို့တော်တွင်..

ယနေ့က စုန့်စစ်ယွီနှင့်ရှုကျစ်ဝမ်တို့ လင်းရန်ကို ရှုကျစ်ဝမ်ဆီသို့ ခေါ်လာဖို့ရန် သဘောတူထားသော ရက်ပင်ဖြစ်သည်။

စုန့်စစ်ယွီက ဤမနက်တွင် စောစောထပြီး လီရှို့လီ၏ မျက်လုံးထဲက ပဟေဠိအကြည့်များကို လျစ်လျူရှုကာ လင်းရန် ၏ အခန်းတံခါးကို ဖွင့်လိုက်သည်။

လီရှို့လီမှာ အောက်ထပ်မှနေ၍  သူမကို မြင်သောအခါ ဆက်မထိန်းထားနိုင်တော့ဘဲ သိချင်စိတ်ပြင်းစွာဖြင့် တက်လာပြီး စုန့်စစ်ယွီ နောက်ကနေ တံခါးဝအထိ လိုက်သွားခဲ့သည်။

“စစ်ယွီ ရန်ရန်ရဲ့ အခန်းထဲကို ဘာရှာဖို့ လာတာလဲ?”

စုန့်စစ်ယွီက သူမ၏စကားကို ကြားသော်လည်း နောက်ကိုပင် မလှည့်ဘဲ သူမ လုပ်နေသောအရာကို ဆက်လုပ်နေခဲ့သည်။

စုန့်စစ်ယွီက လင်းရန်၏ ဗီရိုကို ဖွင့်ပြီး သူ့ဗီရိုထဲတွင် ကျန်နေသည့် အဝတ်အစားများကို ကြည့်လိုက်သည်။ ပြီးနောက် လင်းရန် စားပွဲပေါ်တွင် တင်ထားသည့် ဓာတ်ပုံများကို ကြည့်ပြီး မည်သည့်အရာကိုလုပ်နေသည်လဲဆိုသည်ကို လီရှို့လီ မသိရပေ။

ခဏအကြာတွင် သူမက လီရှို့လီဘက်သို့ လှည့်ပြီး ပြောခဲ့သည်။

“ဒါတွေအပြင် လင်းရန်ရဲ့ အကြိုက်ဆုံးထဲက သူမဝတ်တဲ့ တခြားအဝတ်အစားတွေ ရှိသေးလား?” 

**

All Chapters