အခန်း (၂၂၈)
Vol. 23 Ch. 228
လင်းရန်အနေဖြင့် စစ်တပ်အတွင်း ချစ်ကြည်ရေးစတိုးဆိုင်သို့ တစ်ခါမှ မသွားဖူးပေ။
ဤရက်များတွင် ချစ်ကြည်ရေးစတိုးဆိုင်မှာ စစ်တပ်နှင့်သက်ဆိုင်သော အချက်အလက်မရှိဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်းကို သူမ ကြားသိခဲ့ရသောကြောင့် ချက်ချင်းပင် သိချင်လာခဲ့သည်။
“အန်တီ ကျွန်မတို့တွေ မနက်ပိုင်းမှာ ဘာအစီအစဥ်မှ မရှိဘူး.. အန်တီတို့သာ ကျွန်မကို ခေါ်သွားရတာကို အခက်အခဲမဖြစ်ဘူးဆိုရင် လိုက်ခဲ့ပါ့မယ်”
“သေချာတာပေါ့၊ ဘာအခက်အခဲမှ မရှိဘူး.. ငါတို့က မင်းကို အတူခေါ်သွားပြီး ကစားချင်တာပဲ”
လင်းရန်မှ သဘောတူလိုက်ပြီးနောက်တွင် ချင်းယွင်ကျစ်က သူတို့ကို ခဏလောက် စောင့်ဆိုင်းထားခဲ့ကာ အဝတ်လဲရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့လေ၏။
ချင်းယွင်ကျစ် အပေါ်ထပ်သို့ တက်သွားပြီးနောက် ချင်ယွင်လျန်က လင်းရန်၏ အနားသို့တိုးကပ်၍ လေသံ တိုးတိုးနဲ့ ပြောလိုက်သည်။
“ငါ့အစ်မက အလှအပကို အရမ်းကြိုက်တာ သူမက သေချာပေါက် အချိန်ကြာနေဦးမှာပဲ”
လင်းရန်တစ်ယောက် ရယ်မောလိုက်မိလေ၏။ သူမသည်လည်း ယနေ့တွင် မည်သည့်အဝတ်အစားကို ဝတ်သင့်ကြောင့် တွေးသောနေသာ၀ေကြောင့် မနက်ပိုင်းတွင် ဆယ်မိနစ်ကျော်ကြာမြင့်ခဲ့သည်ကိုတော့ ချင်ယွင်လျန်ကို ပြောပြရန် ရှက်ရွံ့တေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ချင်းယွင်ကျစ်သည်လည်း အချိန်သိပ်မရကြောင်းကို သိနေခဲ့သောကြောင့် သိပ်မကြာမီပြန် ဆင်းလာခဲ့သည်။
“ကောင်းပြီ၊ သွားကြစို့”
သူမက စျေးဝယ်ယူခြင်းကြောင့် သူမ၏ကလေးကို ပျော်ရွှင်စေရန်နှင့် သူမကိုယ်တိုင်လည်း ပျော်ရွှင်စေရန်အတွက် နိုင်ငံခြားငွေ လဲလှယ်ရေးကူပွန်များနှင့် အခြားလက်မှတ်များစွာကို ယူဆောင်လာခဲ့သည်။
ဈေးဝယ်ခြင်းနှင့် ပတ်သက်လာလျှင် ထိုအကြောင်းကို စိတ်လှုပ်ရှားမှုမရှိသော အမျိုးသမီးတစ်ဦးမျှ မရှိနိုင်ပါချေ။
ထို့ကြောင့် စိတ်လှုပ်ရှားနေသော အမျိုးသမီးသုံးယောက်မှာ ရေချိုးနေသော စုန့်ရှီးယန်ကိုပင် မေ့လျော့ကာ ချက်ချင်း ထွက်သွားခဲ့ကြသည်။
စုန့်ရှီးယန်တစ်ယောက် နောက်ဆုံးတွင် ရေချိုးပြီး၍ မွှေးကြိုင်စွာဖြင့် ပြန်ဆင်လာသောအခါ ဗလာဖြစ်နေသော ဧည့်ခန်းကိုသာ မြင်ခဲ့ရတော့သည်။
သူ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“အမေ”
“ရန်ရန်”
သူ နှစ်ကြိမ်ခန့် ခေါ်ခဲ့သော်လည်း တုန့်ပြန်မှု တစ်ခုကိုမှ မကြားခဲ့ရပေ။
သူ အလျင်အမြန် အောက်ထပ်သို့ ဆင်းသွားပြီး အခန်းအချို့တွင် လိုက်လံရှာဖွေခဲ့သော်လည်း မည်သူကိုမှ မမြင်ရပါချေ။
နောက်ဆုံး သူ အပြင်ဘက်ကို လှမ်းကြည့်လိုက်မိချိန်တွင်တော့ လက်ချင်းချိတ်ကာ အဝေးသို့ ပျော်ရွှင်စွာ ထွက်ခွာသွားသည့် လူသုံးဦး၏ နောက်ကျောများကို သူ မြင်တွေ့လိုက်ရလေသည်။
စုန့်ရှီးယန်: “...”
စုန်ရှီးယန်တစ်ယောက် အချိန်ခဏလောက် ဒေါသထွက်ရမည်လား၊ အကူအညီမဲ့သကဲ့သို့ ထံစားရမည်လားကိုပင် မသိခဲ့ပါချေ။
နောက်ဆုံးတွင်တော့ အသံတိုးတိုးဖြင့်သာ ရယ်မောလိုက်မိတော့သည်။
ထားလိုက်ပါတော့..
သူတို့ ပျော်နေသရွေ့ အဆင်ပြေပါတယ်။
...
စစ်တပ်မှ အထူးဘတ်စ်ကားတစ်စီးမှာ မိသားစုဧရိယာမှ လူများကို မြို့သို့ ပို့ဆောင်ရန်အတွက်နေ့စဥ် ထွက်ခွာတတ်သည်။
လင်းရန်တို့သုံးယောက် တံခါးဝသို့ လျှောက်သွားချိန်တွင် ဘတ်စ်ကားက ဆိုက်ရောက်ကာ စောင့်ဆိုင်းနေသည်နှင့်တိုက်ဆိုင်စွာ နတွေ့ဆုံခဲ့သည်။
ကားထဲသို့ ဝင်ပြီးနောက် ချင်းယွင်ကျစ်နှင့် ချင်ယွင်လျန်တို့နှစ်ယောက်က သူတို့၏မြို့တွင် ရှိနေသော လည်ပတ်သင့်သည့် နေရာများအကြောင်းကို လင်းရန်ထံသို့ မိတ်ဆက်ပေးခဲ့ကြသည်။
သူတို့ သုံးယောက်က စိတ်အားထက်သန်စွာ စကားပြောနေကြသောကြောင့် သူတို့၏ရှေ့တွင် တခြားတစ်ယောက် ရောက်လာသည်ကို သတိမထားမိခဲ့ကြပါချေ။
ထိုတစ်ယောက်မှာ ချန်ဟုန်ထောင်သာ ဖြစ်ပေသည်။
ချန်ဟုန်ထောင်အနေဖြင့် ယမန်နေ့ညက စုန့်ရှီးယန်ထံတွင် လက်တွဲဖော်တစ်ဦးရှိနေပြီဖြစ်ကြောင်းကို သိရှိလိုက်ရသောကြောင့် ညဘက်တွင်ပင် ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။
သူမက တခြားအရာများကို စိုးရိမ်နေခဲ့ခြင်း မဟုတ်ဘဲ သူမ၏ တုံးအ,လှသော တူမဖြစ်သူအတွက် ပူပန်နေခဲ့ခြင်းပင်။
သူမက စုန့်ရှီးယန်၏အကြောင်းကို စဥ်းစားနေဆဲဖြစ်နေသော မပြောမဆိုဘဲ ရောက်လာမည်ကို သူမ စိတ်ပူပန်ခဲ့သည်။ ထိုအချိန်တွင် အခြေအနေက ရုပ်ဆိုးသွားပေလိမ့်မည်။
ထို့ကြောင့် သူမ တစ်ညလုံး စဥ်းစားခဲ့ပြီး ယနေ့ မနက်စောစောတွင် ဆေးရုံသို့ သွားကာ ချန်ဖေးဖေးကို သတင်းပြောပြရန် ဆုံးဖြတ်ခဲ့သည်။
ဤသတင်းက သူမအတွက် အလွန်ဆိုးရွားဖွယ်ရှိသော်လည်း သူမအနေဖြင့် ဖြစ်လာသောအရာများကို လက်ခံရပေလိမ့်မည်။
သို့သော် မမျှော်လင့်ဘဲ သူမ ကားထဲသို့ ဝင်ရောက်သည်နှင့် ချင်းမိသားစု၏ ညီအစ်မနှစ်ယောက်နှင့် လင်းရန်တို့က ကားနောက်တန်းတွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူမ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူမအနေဖြင့် ဤအကြောင်းကို လက်ခံခဲ့ပြီး သူမ၏တူမကို ပြောပြရန် စီစဥ်ထားသော်လည်း၎င်းက သူမဘက်က သူတို့ကို ယခုအချိန်တွင် မြင်ချင်နေသည်ဟု မဆိုလိုပေ။
မည်သို့ပင်ဆိုစေ ချန်ဟုန်ထောင်အနေဖြင့် သူမ၏တူမအတွက် စိတ်မကောင်းဖြစ်နေဆဲသာဖြစ်သည်။
သူမ၏တူမက ရုပ်ရည်လည်းချောမောပြီး၊ အလုပ်အကိုင်ကောင်းလည်းရှိသည်။ စိတ်နေသဘောထားကောင်းပြီး စုန့်ရှီးယန်ကို အလွန်စွဲလမ်းနေသည်မှာ ထင်ရှားပေသည်။
သို့သော် စုန့်ရှီးယန်ကတော့ သူ၏မျက်လုံးများကို အဝတ်ဖြင့် ဖုံးအုပ်ထားသကဲ့သို့ ပြုမူနေခဲ့ပြီး သူမ၏တူမကို လုံးဝ မမြင်နိုင်ခဲ့ပေ။
၎င်းက သူမကို များစွာ ထိခိုက်စေခဲ့သည်။ ဤနှစ်များအားလုံးက အလဟဿ ဖြစ်ခဲ့ရသည်။
သူသာ လက်တွဲဖော်တစ်ဦးကို စောစောရှာတွေ့ခဲ့ပါက သူမ၏တူမသည်လည်း သူမ၏အချိန်အားလုံးကို သူ့အတွက် သုံးစွဲနေစရာ မလိုပေ။
သူမက ပိုမိုသင့်လျော်သော လက်တွဲဖော်ကို ရှာတွေ့ပြီး ကလေးများပင် ရရှိခဲ့ပေလိမ့်မည်။
ဤအကြောင်းကို တွေးတောလိုက်လျှင် ချန်ဟုန်ထောင်တစ်ယောက် လင်းရန်ကို အနည်းငယ် မကျေမနပ်မဘ် မနေနိုင်ခဲ့ပါချေ။
ကံကောင်းထောက်မစွာဖြင့် သူမက နောက်တန်းရှိ လူသုံးဦးက သူမကို သတိမထားမိသည်ကို မြင်သောကြောင့် သူမသည်လည်း သူတို့ကို မမြင်ချင်ဟန်ဆောင်ကာ သူတို့နှင့် အဝေးဆုံး ရှေ့တန်းတွင် တိုက်ရိုက် ထိုင်လိုက်သည်။
သို့သော် သူတို့ ကားပေါ်မှ ဆင်းလာသောအချိန်တွင်တော့ ချင်းယွင်ကျစ်နှင့် ချင်ယွင်လျန်တို့က ချန်ဟုန်ထောင်ကို မြင်ခဲ့ကြလေသည်။
ချန်ဟုန်ထောင်တစ်ယောက် ကားပေါ်မှ မဆင်းမီ သတိလက်လွတ်ဖြင့် နောက်သို့ လှမ်းကြည့်လိုက်မိပြီး ချင်းယွင်ကျစ်တို့နှင့် မျက်လုံးချင်းဆိုင်မိသွားခဲ့ကာ သူတို့က သူမကို မြင်သွားခဲ့ကြလေသည်။
သူတို့ သူမကို မြင်ခဲ့ကြကြောင်း သဘောပေါက်ပြီးနောက်တွင် ချန်ဟုန်ထောင်တစ်ယောက် ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး ကားထဲမှ အမြန်ဆင်းကာ ထွက်ပြေးသွားခဲ့လေ၏။
ချင်ယွင်လျန်တစ်ယျာက် ပခုံးတွန့်လိုက်မိပြီး ချင်းယွင်ကျစ်ကတော့ စိတ်ရှုပ်ထွေးသွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
သူတို့အနေဖြင့် မတွေးတောဘဲ မနေနိုင်တော့ပေ။
ချန်ဟုန်ထောင်က သူတို့ကို ကြောက်လန့်ပြီး ထွက်ပြေးသွားတာလား။
သူတို့က ဒီလောက်တောင် စွမ်းဆောင်နိုင်နေတာလား။
သို့သော် ဤဖြစ်ရပ်သည် သူတို့၏ ကောင်းမွန်နေသော စိတ်ခံစားချက်ကို ထိခိုက်ခဲ့ခြင်း မရှိသည်မှာ ထင်ရှားပေသည်။ ကားပေါ်မှ ဆင်းပြီးနောက် သူတို့ညီအစ်မနှစ်ယောက်က လင်းရန်ကို ချစ်ကြည်ရေးစတိုးဆိုင်သို့ တိုက်ရိုက် ခေါ်သွားခဲ့ကြပြီး ဈေးဝယ်ခြင်းကို စတင်ခဲ့ကြသည်။
လင်းရန်အနေဖြင့် ဤမျှ ပျော်ရွှင်စွာ ဈေးဝယ်ခဲ့ရသည်မှ နောက်ဆုံးအကြိမ်မှာ နှစ်လနီးပါးပင် ရှိနေခဲ့ပေပြီ။ ထိုအချိန်တွင် သူမက စုန့်ဝေ၏ မိသားစုတွင် မယားပါသမီးတစ်ဦးအဖြစ် ရှိနေဆဲသာဖြစ်သည်။
စုန့်ဝေက ကောင်းမွန်သောလူတစ်ယောက် မဟုတ်သော်လည်း လင်းရန်အနေဖြင့် တရားမျှတစွာ ပြောရမည်ဆိုပါက သူ ပေးချေခဲ့သော ငွေကြေးပမာဏက အလွန်ပင် မျက်စိပသာဒ ဖြစ်စေသည်ဟု ပြောရမည်။
သို့သော်လည်း ယခုအချိန်တွင် ချင်းယွင်ကျစ်တို့ ညီအစ်မ၏ သိမ်းကျုံးယူသော စျေးဝယ်ပုံကို မြင်လိုက်ရချိန်တွင် လင်းရန်တစ်ယောက် သူမ ယခင်က အလွန် ရိုးစင်းလွန်းသည်ဟုပင် ရုတ်တရက် ခံစားခဲ့ရသည်။
ညီအစ်မနှစ်ယောက်မှာ စတိုးထဲသို့ ဝင်ရောက်ပြီးသည်နှင့် သူတို့၏မျက်လုံးများက အလင်းရောင်တစ်ခု တောက်ပလာခဲ့ပြီး ဆာလောင်နေသော ဝံပုလွေများကဲ့သို့ သူတို့ ကြိုက်နှစ်သက်သည့် အရာများဆီသို့ အလျှင်စလို လျှောက်သွားခဲ့ကြသည်။
ထို့နောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းမှာကား ဝယ်ယူခြင်းပြီးနောက် ဝယ်ယူခြင်း၊ ပြီးနောက် ဝယ်ယူခြင်းသာ ဖြစ်သည်။
ဝယ်ယူမှု ပြီးစီးပြီးနောက်တွင် လင်းရန်တစ်ယောက် သူတို့ သယ်ဆောင်လာသော ပစ္စည်းများကို ကြည့်လိုက်ပြီး ထိတ်လန့်သောအမူအရာကို ပြသခဲ့သည်။
သူတို့ကို ကောင်းကောင်း မသိသူများက သူတို့မှာ နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူရန်အတွက် ဤနေရာသို့ ရောက်လာကြသည်ဟုပင် ထင်ကြလိမ့်မည်။
သူတို့၏ လက်ထဲတွင်အထုပ်ကြီးများနှင့် အထုပ်ငယ်များသာ ပြည့်နေခဲ့သည်။
သို့သော်လည်း လင်းရန်အနေဖြင့် အလွန်များပြားလှကြောင်းကို ပြောရန် ရှက်ရွံ့နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းများထဲမှ တချို့မှာ သူမနှင့် သက်ဆိုင်နေခဲ့ပြီး ချင်းယွင်ကျစ်နှင့် ချင်းယွင်လျန်တို့က သူမအတွက် အထူးတလည်ရွေးချယ်ပေးခဲ့ခြင်းပင် ဖြစ်လေသည်။
တစ်မနက်လုံး ဈေးဝယ်ပြီးနောက် လူတိုင်းက ကျေနပ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်ပြီး ဗိုက်ဆာလာခဲ့သည်။
ထို့ကြောင့် ချင်းယွင်ကျစ်က နေ့လည်စာကို အပြင်ဘက်တွင် စားရန် အကြံပြုလာခဲ့သည်။ စားသောက်ပြီးမှ အိမ်သို့ပြန်သွားကြပေလိမ့်မည်။
စစ်တပ်၏ ထမင်းစားဆောင်ကို သွားရန်အတွက်ကတော့ စစ်တပ်မိသားစုမှ လူများနှင့် ပြည့်နေနိုင်သည်။ ထို့ကြောင့် လင်းရန်အတွက် အနေရကြပ်စေလိမ့်မည်။
သူတို့က ကလေးများလည်း မဟုတ်သောကြောင့် ဗိုက်ဆာခြင်းကို တောင့်ခံထားနိုင်သေးသည်ဖြစ်၍ အပြင်သို့ သွားမည့်အချိန်တွင် အောင့်အီးထားနိုင်ပေသည်။
ဤအကြောင်းကို ကြားလျှင် ချင်ယွင်လျန်သည်လည်း ထောက်ခံကြောင်း ဖော်ပြရန်အတွက် သူမ၏လက်များကို တိုက်ရိုက် မြှောက်ခဲ့သည်။
လင်းရန်တစ်ယောက် သူတို့က လမ်းပေါ်ရှိ နိုင်ငံပိုင် စားသောက်ဆိုင်တွင် သွားစားတော့မည်ဟု တွေးနေစဥ် ချင်ယွင်ကျစ်နှင့် ချင်ယွင်လျန်တို့က ရုတ်တရက် သူမကို လမ်းကြားလေးတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့ကြလေသည်။