← Chapters

အခန်း (၂၅၈)

Vol. 26 Ch. 258

အခန်း (၂၅၈)

Vol. 26 Ch. 258

ယင်းဖန်က စကားပြောကောင်းပြီး ပါးနပ်သူဖြစ်သောကြောင့် တခြားတပ်မဟာများနှင့် ဈေးစကားသွားပြောပါက အရှုံးပေါ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူမအတွက်လည်း ကွန်မြူနတီကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသဖြင့် မျက်နှာပန်းလှသောအလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ဝမ်ရှို့ကျူက သူမ၏ အကြံဉာဏ်ကို ပြောပြပြီးနောက် လင်းရန်၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့သည်။

လင်းရန်ကတော့ လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ရသည်။ သူမ၏အကြီးဆုံးအဒေါ်ဖြစ်သူ ဝမ်ရှို့ကျူက ဤမျှကောင်းမွန်သော အကြံကို ပေးနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“အကြီးဆုံးအဒေါ်... အဒေါ်ရဲ့နည်းလမ်းတွေက တကယ်ကိုကောင်းတာပဲ၊ အရမ်းအံ့သြဖို့ကောင်းတယ်!”

“ရန်ရန်... အမှန်အတိုင်း ပြောလို့ရပါတယ်”

ဝမ်ရှို့ကျူအနေဖြင့် သူမအကြံဥာဏ်ကို လင်းရန်က ဤမျှလောက် သဘောကျလိမ့်မည်ဟု မယုံနိုင်သေးပေ။

လင်းရန်လည်း ရယ်မောရင်း ဝမ်ရှို့ကျူကို စိတ်အေးစေရန် အားနည်းချက်တချို့ကို ရှာပြောလိုက်ရသည်။

“အကြီးဆုံးအဒေါ်ရဲ့ အတွေးက ကောင်းပါတယ်၊ ဒါပေမဲ့ တစ်ခုပဲရှိတာက ကွန်မြူနတီ ခေါင်းဆောင်တွေ သဘောတူပါ့မလားဆိုတာကိုကြည့်ရမယ်.. နောက်ပြီး အရင်တပ်မဟာမှာပို့ပေးနေတဲ့လူတွေက ပြဿနာရှာမလားဆိုတာကိုလည်း ကြည့်ရမယ်”

ဝမ်ရှို့ကျူလည်း ထိုစကားကိုကြားမှ စိတ်အေးသွားခဲ့သည်။

“ဒါတွေကို စိတ်မပူပါနဲ့၊ ခေါင်းဆောင်တွေက လူကောင်းတွေပဲလေ၊ ငါ မနက်ဖြန် သူတို့ကို ပြောကြည့်မယ်.. ဒါနဲ့ ရန်ရန်... မနက်ဖြန် ငါနဲ့အတူ အလုပ်သွားမှာလား”

လင်းရန်သည် ခဏစဉ်းစားပြီးနောက် ဝမ်ရှို့ကျူနှင့်အတူ ကွန်မြူနတီသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ယနေ့ပြန်လာချိန်တွင်လည်း ခေါင်းဆောင်များကို နှုတ်ဆက်ခဲ့ပြီးဖြစ်ရာ မနက်ဖန် အလုပ်မသွားလျှင် မကောင်းပါချေ။ သူမအနေဖြင့် ပျင်းရိချင်သော်လည်း နောင်ရေးအတွက် ကြိုးစားရပေဦးမည်။

နောက်တစ်နေ့မနက်တွင်တော့ လင်းရန် နိုးလာချိန်တွင် ယင်းဖန်တစ်ယောက် ဧည့်ခန်းထဲတွင် ရွှင်လန်းနေသောမျက်နှာဖြင့် ဝမ်ရှို့ကျူနှင့်အတူ စိတ်လှုပ်ရှားစွာ စကားပြောနေသည်ကိုတွေ့လိုက်ရသည်။

ဝမ်ရှို့ကျူက ယင်းဖန်ကို ယမန်နေ့ညက သူတို့ဆွေးနွေးထားသည့်အကြောင်းကို ပြောပြလိုက်ပုံရသည်။

မနက်စာစားပြီးနောက်တွင် ယင်းဖန်က သီချင်းတညည်းညည်းဖြင့် အလုပ်သို့ထွက်သွားခဲ့သောကြောင့် လင်းကျန်းရှီပင် အနည်းငယ်ကြောင်အ၍ ကျန်ခဲ့သည်။

“သူ ဘာဖြစ်နေတာလဲ၊ မနက်စောစော လမ်းမှာပိုက်ဆံကောက်ရလာတာလား”

လင်းရန်နှင့် ဝမ်ရှို့ကျူတို့ကတော့ တစ်ဦးကိုတစ်ဦးကြည့်ကာ ပြိုင်တူ ရယ်မောလိုက်ကြသည်။

အလုပ်သွားမည့်သူများ ထွက်သွားပြီးနောက် အိမ်တွင် လင်းရန်၊ ဝမ်ရှို့ကျူ၊ အဘွားလင်းနှင့် ချင်းယွင်ကျစ်တို့သာ ကျန်ရစ်ခဲ့သည်။

အိမ်တွင်ဧည့်သည်ရှိနေသောကြောင့် သူတို့က ချင်းယွင်ကျစ်၏ဆန္ဒကို ဦးစားပေးကြသည်။ အဘွားလင်းက ချင်းယွင်ကျစ်ကို လည်ပတ်ချင်သည့်နေရာရှိမရှိ ဦးစွာ မေးမြန်းခဲ့သည်။

လင်းရန်နှင့် ဝမ်ရှို့ကျူတို့ အလုပ်သွားနေစဉ်အတွင်း သူမက ချင်းယွင်ကျစ်ကို တောစပ်ဆီသို့လိုက်ပို့ကာ တောသီးများဆွတ်ခိုင်းရန် စဉ်းစားထားသည်။

မြို့သားများအတွက်တော့ ဤသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းသော အတွေ့အကြုံ ဖြစ်ပေလိမ့်မည်။ ချင်းယွင်ကျစ်ကလည်း အလွန်စိတ်ဝင်စားသဖြင့် သဘောတူလိုက်သည်။

သူတို့လေးဦး အပြင်သို့ထွက်ရန် ပြင်ဆင်နေစဉ်မှာပင် တပ်မဟာခေါင်းဆောင်တစ်ယောက် ချွေးတလုံးလုံးဖြင့် သူတို့အိမ်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

“ဘယ်ကို သွားကြမလို့လဲ”

တပ်မဟာခေါင်းဆောင်က အဝေးကနေပင် လှမ်းအော်မေးလာခဲ့သည်။

“တောင်စောင်းဘက်ကို လမ်းလျှောက်မလို့လုပ်နေတာ၊ ဘာဖြစ်လို့လဲ”

“... တော်သေးတာပေါ့ မဟုတ်ရင် ဘယ်မှာသွားရှာရမလဲဆိုတာတောင် သိတော့မှာမဟုတ်ဘူး!”

တပ်မဟာခေါင်းဆောင်၏ ဝမ်းသာပျော်ရွှင်ဖြစ်နေသော ပုံစံကြောင့် အဘွားလင်းနှင့် တခြားလူများက ပို၍ပင် သိချင်စိတ်ဖြစ်လာကြရသည်။

“ရန်ရန်... ပြီးတော့ ဒီဘက်က ရှောင်စုန့်ရဲ့အမေ... မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့ပေးပါဦး၊ တပ်မဟာခေါင်းဆောင်ရုံးမှာ တစ်ယောက်ယောက်က မင်းတို့ကို စောင့်နေတယ်”

သူတို့ကို စောင့်နေတဲ့လူရှိနေတာလား?

လင်းရန်နှင့် ချင်းယွင်ကျစ်တို့ တစ်ဦးကိုတစ်ဦး နားမလည်စွာ ကြည့်လိုက်မိကြသည်။ တပ်မဟာခေါင်းဆောင်ကိုယ်တိုင် လာခေါ်သည်ဖြစ်၍ ရောက်လာသည့်သူမှာ ရာထူးကြီးထဲမှ တစ်ဦးဖြစ်နိုင်သည်ဟု လင်းရန်တွေးမိသည်။

“အန်တီ... သွားကြည့်ရအောင်လေ”

လင်းရန် ပြောလိုက်လျှင် ချင်းယွင်ကျစ်ကလည်း သဘောတူခဲ့သည်။

“ကောင်းပြီ သွားရအောင်လေ.. တောင်ပေါ်ကတော့ အချိန်မရွေး သွားလို့ရတာပဲ”

အဘွားလင်း: “စိတ်မပူနဲ့ ရှောင်ချင်း... သူတို့သာ မင်းကိုလိုက်မပို့ရင် ငါကိုယ်တိုင် ဆုံးမပေးမယ်”

လမ်းတွင် တပ်မဟာခေါင်းဆောင်က သူတို့ကို ခေါ်ရသည့် အကြောင်းရင်းကို ပြောပြလာခဲ့သည်။

ဖြစ်စဥ်မှာ ချန်ကျားယန်၏ကိစ္စအတွက်ပင် ဖြစ်လေတော့သည်။

ဆိုရလျှင် ချန်ကျားယန်အနေဖြင့် ယခုအချိန်တွင် မြို့ထဲသို့ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ အိမ်ထောင်စုစာရင်းမှာ တပ်မဟာတွင် ရှိနေသေးသောကြောင့် သူသည်က တပ်မဟာအဖွဲ့ဝင်တစ်ဦးဖြစ်နေဆဲပင်။သူက တပ်မဟာမှ ထွက်ခွာ၍ စုန့်စစ်ယွီကိုရှာရန် မြို့သို့သွားစဉ်က တပ်မဟာခေါင်းဆောင်ကို ရည်ရွယ်ချက်ရှိရှိ လိမ်ညာခဲ့သည်။

“နယ်စပ်ဒေသမှာနေလာတာ နှစ်အတော်ကြာပြီဖြစ်လို့ မိသားစုဆီကို တစ်ခါမှပြန်မလည်ရသေးတာကို အားနာမိတယ်”

သူ၏စကားကို ကြားလျှင် တပ်မဟာခေါင်းဆောင်ကလည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ချန်ကျားယန်၏ နာမည်က အဖွဲ့ထဲတွင်အလွန်ကောင်းမွန်ခဲ့ကြောင်းတွေးတောပြီးခွင့်ပြုပေးခဲ့သည်။ သူ ပြန်မလာတော့ဘဲ ထွက်ပြေးသွားမည်ကို လုံးဝ စိုးရိမ်ခြင်းမရှိပေ။

ထို့ကြောင့် တပ်မဟာခေါင်းဆောင်က ချန်ကျားယန်အတွက် ထောက်ခံစာတစ်စောင်ကို ဝမ်းမြောက်ဝမ်းသာ ထုတ်ပေးခဲ့သည်။

သို့သော် ချန်ကျားယန်က အိမ်တွင် မိဘများနှင့် အတူရှိနေမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ ရုတ်တရက် ကွန်မြူနတီမှ လူများက တပ်မဟာသို့ရောက်လာပြီး တုန်လှုပ်ချောက်ချားဖွယ် သတင်းတစ်ခုကို လာပြောခဲ့ကြသည်။

၎င်းမှာ သူတို့တပ်မဟာမှ ပညာတတ်လူငယ် ချန်ကျားယန်က လူကုန်ကူးသူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟူသော သတင်းပင် ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် တပ်မဟာခေါင်းဆောင်၏မျက်နှာမှာ လုံးဝဖြူဖျော့ကာ ဆွံ့အသွားရသည်။

ချန်ကျားယန်က အိမ်ပြန်တဲ့လမ်းမှာတောင် လူကုန်ကူးသူတွေနှင့် ဘယ်လိုများတွေ့နိုင်တာလဲ။

အဓိကအချက်က တစ်ဖက်လူက အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ဖြစ်ပါရဲ့နဲ့ ဘာလိုများ သတိနည်းနည်းလောက်တောင်မရှိ ၊မခုခံမကာကွယ်နိုင်ရတာလဲ။

တပ်မဟာခေါင်းဆောင်တစ်ယောက် ရုတ်တရက် ခေါင်းခဲသွားရသည်။

သို့သော် ကွန်မြူနတီမှ လူများရောက်လာရခြင်းမှာ သတင်းပေးရုံသက်သက်မဟုတ်ဘဲ၊ လူကုန်ကူးသူများထံမှ ကယ်တင်နိုင်လိုက်သည့် “ချန်ကျားယန်” မှာ သူတို့အဖွဲ့ဝင် အစစ်အမှန်ဖြစ်ကြောင်းကို အမြန်ဆုံး အတည်ပြုပေးရန်အတွက်ပင် ဖြစ်ပေသည်။

ဆိုရလျှင် ချန်ကျားယန် အဖမ်းခံရစဉ်က သူ၏ကိုယ်ပေါ်တွင် မည်သည့်အထောက်အထားမှ ပါမသွားသောကြောင့်ပင်ဖြစ်ပေ၏။

ထို့ကြောင့် သူ၏ ကိုယ်ရေးအချက်အလက်ကို သက်သေပြရန်အတွက် သူ၏ကိုယ်တိုင်ရှင်းပြချက်ကိုသာ အခြေခံနေရသည်။

ထိုနေ့က တောင်ပေါ်သို့တက်ရောက်ကယ်ဆယ်ခဲ့သော လုံခြုံရေးအရာရှိများက လူများအားလုံးကို ကယ်တင်နိုင်ခဲ့သော်လည်း၊ ကယ်တင်ပြီးနောက် လူတိုင်းကို ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ရာတွင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရသည်။

ကျန်ရှိနေသည့်လူများအတွက် ပြဿနာမရှိဘဲ မိသားစုဝင်များက လာရောက်သက်သေခံပေးကြသည်။

ကံဆိုးသည်မှာ ချန်ကျားယန်တွင် မည်သည့်အထောက်အထား သို့မဟုတ် ဝန်ထမ်းလက်မှတ်မှမရှိနေခြင်းပင်။ သူပြောသမျှသည်က အမှန်လား အမှားလားကို သူတို့ မသိနိုင်သဖြင့် ချွန်းဖုန်းတပ်မဟာသို့ အစမ်းသဘောဖြင့် အရင်ဆုံးဆက်သွယ်လိုက်ခြင်းသာဖြစ်သည်။

ချန်ကျားယန်က ထိုနေ့က လာကယ်သည့် စုန့်ရှီးယန်ကိုသိသည်ဟု ပြောခဲ့သော်လည်း ရဲများအနေဖြင့် အလုပ်လုပ်ကိုင်ရာတွင် သက်သေနှင့် စည်းမျဉ်းများကို ဦးစားပေးရသည်။

“သိတယ်” ဟူသော စကားတစ်ခွန်းတည်းနှင့် မရနိုင်သဖြင့် ကွန်မြူနတီမှ တပ်မဟာခေါင်းဆောင်ထံသို့ အမြန်ဆုံးလာရောက်ကာ အထောက်အထား တစ်ခုခုကို ထုတ်ပေးရန် လာပြောခြင်းဖြစ်သည်။

လင်းရန်လည်း ဤစကားကို ကြားလိုက်ရချိန်တွင် အံ့အားသွားခဲ့ရသည်။

ချန်ကျားယန် လူကုန်ကူးခံရခြင်းက တပ်မဟာ၏ထောက်ခံချက် လိုအပ်သည်မှာ ဖြစ်သင့်ပေသည်။ သို့သော်လည်း ၎င်းသည် သူမတို့နှင့် မည်သည့်အရာတွင် သက်ဆိုင်နေသနည်း။

သူမတို့ကို သက်သေလိုက်ပေးရန် တောင်းဆိုခြင်းတော့ မဖြစ်နိုင်ပေ။

သေချာပေ၏။ တပ်မဟာခေါင်းဆောင်က သူမတို့ကို သက်သေလိုက်ရန် တောင်းဆိုခြင်း မဟုတ်ပါချေ။ ကွန်မြူနတီခေါင်းဆောင်ထံမှ ဖုန်းလက်ခံရရှိစဉ်က တစ်ဖက်မှ ချန်ကျားယန်၏ အသံကို ကြားခဲ့ရပြီး ထိုသူကလည်း စုန့်ရှီးယန်ကို သိသည်ဟု ပြောခဲ့သည်။

ထို့ကြောင့် စုန့်ရှီးယန်ကိုသာ အကူအညီတောင်းလိုက်ပါက တပ်မဟာမှ လူလွှတ်စရာမလိုဘဲ အလုပ်ပြီးသွားလိမ့်မည်ဟု စဉ်းစားမိခြင်းသာဖြစ်ပေသည်။

“ဟေ့... ငါက မင်းတို့ကို အကူအညီတောင်းချင်လို့ပါ.. အကူအညီတောင်းတယ်ဆိုမှတော့ ရိုးသားမှုရှိရမှာပေါ့၊ အပြင်မှာ ရပ်ပြီးတော့ ဒါတွေကို ပြောနေလို့မဖြစ်ဘူးလေ ဟုတ်တယ်မလား”

တပ်မဟာခေါင်းဆောင်တွင် သူ၏ ကိုယ်ပိုင်မူဝါဒရှိသည်။

လင်းရန်နှင့် ချင်းယွင်ကျစ်တို့မှာ တစ်ဦးက စုန့်ရှီးယန်၏ ချစ်သူဖြစ်ပြီး နောက်တစ်ဦးက စုန့်ရှီးယန်၏ မိခင် ဖြစ်သည်။ မည်သူက အကူအညီတောင်းသည်ဖြစ်စေ စုန့်ရှီးယန်ငြင်းဆန်မည်မဟုတ်သည်မှာ သေချာပေသည်။

ထို့ကြောင့် ဤသည်မှာ တပ်မဟာခေါင်းဆောင်က သူမတို့နှစ်ဦးကို ခေါ်လာရသည့် အကြောင်းရင်းပင် ဖြစ်သည်။

တပ်မဟာရုံးတွင် ပစ္စည်းအချို့ ရှိနေပြီး ကူညီပေးသည့်အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးရပေလိမ့်မည်

ထိုနှစ်ဦးက ဤပစ္စည်းများကို မက်မောလိမ့်မည်မဟုတ်ကြောင်းကို သူ သိသော်လည်း လုပ်ထုံးလုပ်နည်းအရတော့ ပေးရလိမ့်မည်ဖြစ်သည်။

အဘွားလင်းက ထိုစကားကိုကြားလျှင် မျက်လုံးလှန်ကြည့်လိုက်သည်။

“ဒုတိယအစ်ကို... အစ်ကိုကတော့ တကယ့်ကို အလုပ်ရှုပ်ခံတာပဲ!”

တပ်မဟာခေါင်းဆောင်မှာ အဘွားအို၏ ခင်ပွန်းဘက်မှ ဒုတိယအစ်ကို ဖြစ်သည်။ သူတို့နှစ်ဦးမှာ ရင်းနှီးပြီးသားဖြစ်သောကြောင့် အပိုအလုပ်များကို လုပ်နေသည်ဟု ဆိုလိုခြင်းပင်ဖြစ်ပေသည်။တပ်မဟာခေါင်းဆောင်က ရယ်မောရင်း ပြောလာသည်။

“အိုး ... ဒါတွေကို မပြောပါနဲ့တော့.. ရောက်လာပြီဆိုတော့လည်း ဒီရဲဘော်သစ်ကို လိုက်ပြလိုက်ပါဦး!”

ရဲဘော်သစ်ဖြစ်သူ ချင်းယွင်ကျစ်ကတော့ တောင်ပေါ်သို့ သွားချင်နေဆဲပင်။ သို့သော် ရောက်လာပြီဖြစ်သလို တပ်မဟာခေါင်းဆောင် တောင်းဆိုသည်မှာလည်း မခက်ခဲသောကြောင့် သူမ မငြင်းဆန်လိုက်ပေ။

ထို့ကြောင့် ချင်းယွင်ကျစ်က ဦးစွာ စကားစလိုက်ပြီး ဤကိစ္စကို စုန့်ရှီးယန်အား ပြောပြပေးမည်ဟု ဆိုလာသည်။ သူမက ပြောမည်ဟုဆိုလာပြီဖြစ်၍ လင်းရန်ကလည်း ထပ်ပြောစရာမလိုတော့ဘဲ စုန့်ရှီးယန်ကို အကြံပြုစကားပြောပေးမည်ဟုသာ ပြောခဲ့သည်။

All Chapters