အခန်း (၇၄)
Vol. 8 Ch. 74
စုန့်ရှီးယန် မြေးအဘွားနှစ်ယောက်၏ ဘေးဘက်မှလိုက်လာခဲ့ကာ သူတို့၏စကားကို နားထောင်ရင်း အဘွားလင်းနှင့် လင်းရန်တို့က လင်းရန်၏ အလုပ်အတွက်
ကွန်မြူနတီသို့ သွားခဲ့ကြသည်ကို သိလိုက်ရသည်။
စားဖိုမှူးလုပ်မလို့လား?
ထိုအရာကို တွေးလိုက်မိသည်တွင် စုန့်ရှီးယန်က ဘေးဘက်ရှိ လင်းရန်ကို မကြည့်ဘဲမနေနိုင်ခဲ့ပေ။
လင်းရန်၏ ခန္ဓာကိုယ်က အလွန်သေးသွယ်လှသည်။ အမှန်တွင် သူမက အလွန်ပိန်ပါးလွန်းနေသည်တော့ မဟုတ်ပေ။ သူမတွင် ရှိသင့်သည့် အသားအရေအားလုံးရှိသည်။
သို့သော် စုန့်ရှီးယန်၏ fliter က ဘောင်သေးငယ်လွန်းသောကြောင့် စုန့်ရှီးယန်၏ မျက်လုံးထဲတွင် လင်းရန်မှာ အလွန်အားနည်းနေပုံရ၏။
သူမလိုမျိုး ခန္ဓာကိုယ်သေးသေးလေးက စားသောက်ဆောင်ထဲမှာ အိုးကြီးတွေနဲ့ ဇွန်းကြီးတွေကို သယ်ရမှာလား?
ဒီသေးငယ်တဲ့လက်ကောက်ဝတ်က ခံနိုင်ရည်ရှိမှာလား?
စုန့်ရှီးယန်က မျက်မှောင်ကြုတ်လိုက်ပြီး လင်းရန်ကို ဤအလုပ်ကို မလုပ်ရန် ခဏလောက် တွန်းအားပေးချင်နေခဲ့သည်။
သို့သော် မကြာမီမှာပင် သူ ငြိမ်သက်သွားခဲ့ပြန်သည်။
ဒါက တခြားသူတွေရဲ့ကိစ္စဖြစ်ပြီး သူတို့ ဆုံးဖြတ်ထားပြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ သူ ဝင်မစွက်ဖက်သင့်ဘူး...
သေချာသည်မကတော့ သူပြောလျှင်ပင် လင်းရန်က သေချာပေါက် နာထောင်မည်မဟုတ်ကြောင်း သူသိပေသည်။
နောက်ဆုံးတွင် ယခုအချိန်အထိ ဤကောင်မလေးက သူနှင့်ပတ်သက်ပြီး သိပ်ပြီးစိတ်အားထက်သန်ပုံ မပေါိသေးပေ။
ထိုအကြောင်းတွေးကြည့်လိုက်လျှင် စုန့်ရှီးယန်မှာ အကြောင်းပြချက်မရှိဘဲ ပို၍ပင် စိတ်တိုလာပုံရသည်...
သူတို့ သုံးယောက်က ကိုက်ပိုင်အတွေးများဖြင့် ပြည့်နက်နေခဲ့သော်လည်း တပ်မဟာထဲသို့ လျင်မြန်စွာပြန်လာခဲ့သည်။
သို့သော် တပ်မဟာအဝင်ဝသို့ ရောက်သောအချိန်တွင် ရန်ဖြစ်သံများနှင့် ငိုသံများကို ကြားခဲ့ရပြီး မိသားစုအတွင်းက ပြင်းပြင်းထန်ထန် ရန်ဖြစ်နေကြပုံရကာ အဝေးမှပင် အော်ဟစ်ဆူပူသံကို ကြားလိုက်ရသည်။
“ဒီအမျိုးသမီးက ဘယ်မိသားစုက ဇနီးသည်လဲ...သူငိုနေတာ ငါ့နားတွေ ကန်းသွားတော့မယ်...!”
အဘွားလင်းက အမျိုးသမီးအသံမှာ မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း ထူးထူးခြားခြား ကြမ်းတမ်းလွန်းသည်ဟု ခံစားမိသောကြောင့် တစ်စုံတစ်ခုကို မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။
ဒါပေမယ့် သူမ မကြားမိလိုက်ဘူး....
အကွာအဝေးက နီးကပ်လာသည်နှင့်အမျှ လင်းရန်ကတော့ ငိုကြွေးနေသော ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သိနိုင်နေပြီဖြစ်သည်။
သူမကြားတာမှန်တယ်ဆိုရင် ငိုတဲ့လူက လီရှို့လီမလား
ထိုအသံက လီရှို့လီ၏အသံနှင့် အတိအကျတူနေသဖြင့် သူမကြားလိုက်ရသည်မှာ မှားနိုင်စရာမရှိပေ။
ဤသည်ကို မြင်သောအခါတွင် လင်းရန်တ၀်ယောက် မြို့ထဲတွင် သူမ အမှတ်တမဲ့ မြင်လိုက်ရသည့် ပုံရိပ်နှစ်ခုကို ပြန်မတွေးကြည့်ဘါ မနေနိုင်ခဲ့ပေ။
ဒါဆို တိုင်ခင်တုန်းက သူမ အမြင်မှားသွားတာ မဟုတ်ဘူးပေါ့။ အဲဒီနှစ်ယောက်က သေချာပေါက် လီရှို့လီနဲ့ စုန့်ဝေးတို့ပဲ ဖြစ်မယ်ထင်တယ်.... မဟုတ်ဘူး....သူတို့က တကယ်ရောက်လာခဲ့တာပဲ...
“ဟေ့ ငါတို့အိမ်ရှေ့မှာ ဘာလို့ လူတွေအများကြီး ရပ်နေရတာလဲ...?”
ထိုအချိန်တွင် အဘွားလင်းသည်လည်း တစ်ခုခုမှားနေမှန်းကို သတိထားမိလိုက်သည်။
သူတို့၏အိမ်ရှေ့တွင် လူများစွာရပ်နေခဲ့ပြီး စိတ်ချမ်းသာစရာမရှိသော အသံက သူတို့၏ခြံတွင်းမှ ထွက်လာပုံရသည်။
အိုဘုရားရေ!
သူမ အိမ်မှာမရှိသည့်အချိန်အတွင်း ချွေးမနှစ်ယောက်က ပုန်ကန်နေတာဖြစ်နိုင်လောက်လား...?
စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည့်အတွက် အဘွားလင်းက ထိုအသံကအကြီးဆုံးချွေးမနှင့် တတိယချွေးမ၏ အသံမဟုတ်ကြောင်းကို အဘွားလင်းက ဂရုမစိုက်လိုက်မိပါချေ။
သူမက အိမ်တံခါးဝတွင် ရှိနေသည့် လူစုလူဝေးကို အော်လိုက်လေသည်။
“လူတိုင်း လမ်းဖယ်ပေးကြ၊ ငါ့ကို ဝင်ခွင့်ပြုဦး!”
လင်းမိသားစုမှ အဘွားကြီး ပြန်လာကြောင်းကို အနီးနားရှိ လူများကြားသောအခါ အမြန်ပင် အိမ်ရှေ့မှ ထွက်သွားလဲ့ကြသည်။
သို့သော် အဘွားလင်း၏ ဘေးနားရှိ လင်းရန်ကို သူတို့၏ မျက်လုံးများဖြင့် ကြည့်လိုက်သောအချိန်တွင်တော့ သူတို့၏ အမူအရာများက မသိမသာပြောင်းလဲသွားခဲ့သည်။
လူတိုင်း၏ အမူအရာများ ကိုကြည့်ပြီးနောက်တွင် လင်းရန်က သူမ၏သံသယကို အတည်ပြုလိုက်နိုင်ခဲ့သည်။
ခြံထဲတွင်ပြသနာရှာနေသည့်သူများက သေချာပေါက် စုန်းဝေ့နှင့် နှင့် လီရှို့လီတို့သာဖြစ်ပေသည်။
သို့သော်လည်း သူမက ကြည့်ရှုသူအများအား မည်သည့်စကားကိုမှ ပြန်ပြောရန် မရည်ရွယ်ထားသောကြောင့် အဘွားလင်း၏ ခြေလှမ်းနောက်သို့ အမြန်လိုက်ကာ အလျင်အမြန် လျှောက်သွားခဲ့သည်။
မင်း ဘာလို့ ဒီလောက်တောင် အလျင်လိုနေတာလဲ?
သေချာတာပေါ့ ငါတို့ကရှိုးကိုကြည့်ဖို့စောင့်နေကြတာ...!
ယခုအချိန်တွင် လင်းမိသားစု၏ ဝင်းထဲတွင်တော့ လီရှို့လီက ဝင်းအလယ်တွင် ထိုင်နေကာ သူမ၏ပုံရိပ်ကို လုံးဝလျစ်လျူရှုထားခဲ့ပြီး သူမ၏ပေါင်များကို ရိုက်ကာ ကျယ်လောင်စွာ
အော်ငိုနေလေသည်။
သူမက ငိုနေရင်းနှင့်ပင် လင်းကျန်းအန်းနှင့် ကျန်သည့် လင်းမိသားစုအား သနားစဖွယ်ကောင်းလှသည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။
“လင်းကျန်းအန်း ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မသမီးကို ပြန်ပေးပါ!”
“ကျွန်မမှာ ရန်ရန်လို သမီးလေးတစ်ယောက်ပဲ ရှိတာ.. အဲဒီတုန်းက သူ ကျေးလက်ဒေသကို လာချင်တယ်လို့ ပြောခဲ့လို့ လွှတ်ပေးခဲ့မိတာ၊”
ရှင့်ရဲ့ လင်းမိသားစုက ဒီမှာ ရှိနေတာကိုတွေးခဲ့ပြီး သူလည်း ပြန်မလာဖြစ်တာ နှစ်အတော်ကြာနေပြီမို့ လာခိုင်းခဲ့မိတာ၊
အစတုန်းကတော့ ကျွန်မက သူမကို ရှင်နှင့် ခဏလောက် အတူနေခွင့်ရဖို့ စီစဉ်ခဲ့တာပါ၊ ရှင် သူမနဲ့ တွေ့တဲ့အချိန် ရှင်နဲ့ ရှင့်သမီးတို့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံနေမှာကို ကျွန်မ မတားပါဘူး၊
ဒါပေမယ့် ရှင်က အရမ်းရက်စက်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး.. ရှင်က သူမကို ကျွန်မဆီကိုတောင် ပြန်မလာခိုင်းစေချင်တော့ဘူး!”
“ကျွန်မက သမီးလေးကို ပြုစုပျိုးထောင်ဖို့အတွက် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးစားခဲ့တာ၊ နှစ်တွေကြာအောင် ပင်ပင်ပန်းပန်းကြိုးစားခဲ့တဲ့ အကြောင်းကိုတော့ ကျွန်မ ပြောမနေတော့ဘူး၊
နောက်ဆုံးတော့ ဒါက ကျွန်မရဲ့ တစ်ယောက်တည်းသောသမီးပဲလေ၊ ဒါပေမဲ့ လင်းကျန်းအန်း ရှင်ကတော့ သမီးလေးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး၊
ဒါပေမဲ့ ကျွန်မ ရှင့်ကို ဘယ်တော့မှမကောင်းတာ မပြောခဲ့ဖူးဘူး၊ ဒါကိုတောင် ရှင်က ဘယ်လိုလုပ်ပြီး ဒီလိုအရှက်ကင်းမဲ့တဲ့ အရာကို လုပ်နိုင်ရတာလဲ!
ကျွန်မရဲ့ သမီးက ကျွန်မရဲ့အပိုင်ပဲ၊ အခု သူမ ကြီးပြင်းလာရင်တောင် ကျွန်မပဲ သူမကို စောင့်ရှောက်မယ်၊ ရှင်က အခုချိန်ကျမှ သူမကို ပြန်လိုချင်နေတာလား? ရှင်က အရင်တုန်းက စျေးပေါတဲ့သမီးဆိုပြီးစွန့်ပစ်ခဲ့တာကို အခုမှ ပြန်လိုချင်နေတာကို ကျွန်မ ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး!”
“ရန်ရန် ငါ့ရဲ့သမီးလေးရန်ရန်၊ မင်းအဖေက ဒီလို အစီစဉ်တွေလုပ်ထားတာကို သမီး ဘယ်လိုလုပ် သူလှည့်စားတာ ခံလိုက်ရတာလဲ၊
သမီးက အခု ကြီးပြင်းလာတဲ့အတွက် သူ ဘာမှ စိတ်ပူစရာ လုပ်ပေစနေစရာ မလိုတော့လို့ သူသမီးကိုအသိအမှတ်ပြုချင်နေတာ၊
သမီးပြန်သွားတဲ့အချိန်ကျရင် သူက သမီးအပေါ် ဘာခံစားချက်မှ ရှိမှာမဟုတ်ဘူး၊ အမေက မင်းကိုပြုစုပျိုးထောင်ဖို့ ကြိုးစားခဲ့တဲ့ မိခင်ရင်းတစ်ယောက်ပါ! ငါက မင်းကိုဒုက္ခမပေးမဲ့ တစ်ဦးတည်းသောသူပဲ? ငါ့ရဲ့ရန်ရန် သူလှည့်စားတာ မခံရစေနဲ့.....”
လီရှို့လီက စကာပြောနေရင်းပင် ကျယ်လောင်စွာ ငိုနေခဲ့သည်။ ပတ်ဝန်းကျင်တွင် ရှိနေသော လူများက သည်းမခံနိုင်လောက်အောင်ပင် သူမက အော်ဟစ်ငိုကျွေးနေခဲ့သည်။
သူမ ပြောသည်ကို နားထောင်ကြည့်ပါက လင်းရန်ကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သည့် သူမှာ အမှန်ပင် လီရှို့လီ ဖြစ်သည်။
လင်းကျန်းအန်းက လင်းရန်၏ အဖေအရင်းဖြစ်နေလျှင်ပင် လင်းရန်က သူ(လင်းကျန်းအန်း)ထံတွင် ထိန်းချုပ်ခံထားရပြီး သူမဆီသို့ လာတွေ့မည်ကို ခွင့်မပြုခြင်းမျိုး မလုပ်သင့်ပါချေ။
လီရှို့လီ ပြောခဲ့သလိုပဲ လင်းရန်က အသက်ကြီးလာလို့ သူ့ကို ပြုစုစောင့်ရှောက်ဖို့ မလိုတော့တာကြောင့် သူမဆီမှ ရလာနိုင်မဲ့ အကျိုးစီးပွားအပေါ် ပျော်ရွှင်မှုကို ခံစားနိုင်ဖို့အတွက်ပဲ သူက ဒီသမီးလေးကို စောင့်ရှောက်ချင်နေတာလား?
ခဏအကြာတွင် လူတိုင်းက လင်းကျန်းအန်းဆီသို့ သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
လင်းကျန်းအန်းမှာ လီရှို့လ အပြစ်တင်စကားကို နားထောင်နေခဲ့ပြီး အမူအရာမဲ့နေသော မျက်နှာဖြင့် မတ်တပ်ရပ်နေခဲ့လေသည်။
သို့သော် သေသေချာချာကြည့်လိုက်မည်ဆိုလျှင် သူ့ဘေးတွင် ချထားနေသော လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လက်ပေါရှိ သွေးကြောများက ထင်းထွက်နေပးခဲ့သည်ကို မြင်ရလိမ့်မည်ဖြစ်သည်
။ သူက သည်းခံရန်အတွက် အစွမ်းကုန်ကြိုးစားနေရသည်ပင်။
သူက သူ့အရှေ့တွင် ရှိနေသော အမျိုးသမီးကို အေးစက်စွာဖြင့် ကြည့်နေခဲ့သည်။ သူမက ဤမျှလောက် ရွံရှာစက်စုပ်ဖွယ်ကောင်းလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူမ ဘယ်လိုတောင် အရှက်မဲ့နေရတာလဲ!
သူမက ကမ္ဘာပေါ်မှာ သူ့သမီးကို ဒုက္ခမပေးမဲ့ တစ်ဦးတည်းသောသူပဲလို့ ပြောရဲသေးတယ်!!
ထိုအခိုက်အတန့်တွင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“လီရှို့လီ! အရှက်မရှိတဲ့ဟာမ၊ မင်းဘယ်လိုလုပ် ပြန်လာရဲသေးတာလဲ!”
လင်းကျန်းအန်းက သတိပြန်ဝင်လာခဲ့ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအချိန်တွင် အဘွားလင်းကို မြင်လိုက်ရလေသည်။
သူတို့က မြို့မှ ဤမျှ လျင်မြန်စွာပြန်လာကြလိမ့်မည်ဟု သူ မထင်ထားသောကြောင့် အံ့အားသင့်သွားခဲ့ရသည်။
ထို့နောက်တွင် အဘွားလင်း၏ ဘေးတွင်ရှိနေသော လင်းရန်ကို မြင်သောအချိန်တွင် သူ၏ အမူအရာက ရုတ်တရက် အနည်းငယ် ထိတ်လန့်သွားသည့်ဟန်ဖြစ်သွားခဲ့။သည်။
“ဘာဖြစ်လို့ ပြန်လာတာလဲ?”
လင်းကျန်းအန်းက အဘွားလင်းမှ ဤမြင်ကွင်းကိုမြင်မည်ကို မစိုးရိမ်သော်လည်း သူ့သမီး ရန်ရန်က လီရှို့လီနှင့် သူတို့ ရန်ဖြစ်စကားများနေသည်ကို မြင်မည်ကိုတော့ စိတ်ပူနေခဲ့သည်။ သူ့အနေဖြင့် သူ၏သမီးလေး ရန်ရန်က ဝမ်းနည်းသွားပြီး တုံ့ဆိုင်းသွားခဲ့မည်ကို စိုးရိမ်နေခဲ့သည်။
သူ၏သမီးလေးက လီရှို့လီနှင့် စုန့်ဝေ့တို့နှင့်အတူ ဆယ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့သောကြောင့် သူမ၏ မှတ်ဉာဏ်ထဲတွင် မရှိခဲ့သော သူမ၏ ဖခင်အရင်းထက် သူတို့ကသာ သူမနှင့် ရင်းနှီးနေခြင်းဖြစ်နိုင်သည်။
သူ၏သမီးဖြစ်သူက စုန့်ဝေ့နှင့် လိရှီု့လီတို့၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံရပြီး မြို့ထဲသို့ ပြန်လိုက်သွားရန် လှည့်စားခံရမည်ကို သူကြောက်နေခဲ့သည်။
အဲ့ဒါက အလွန်အမင်းကြောက်လန့်စရာပင် ဖြစ်လာလိမ့်မယ်!!!
သို့သော် အခြေအနေကို သူ့သမီးအား အဘယ်ကဲ့သို့ရှင်းပြရမည်ဆိုသည်ကို မစဉ်းစားရသေးမီ လင်းရန်က အံ့ဩယောင်ဆောင်လိုက်ပြီး ပြောလာခဲ့လေသည်။
“အမေ၊ ဦးလေးစုန့် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?”
**