← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

လင်းရန်မှ ချန်ကျားယန်နှင့် ဝေးဝေးနေဖို့ တွေးတောနေခဲ့သော်လည်း တစ်ဖက်လူက ခွေးအရေခွံပါစတာကဲ့သို့ သူမ၏နောက်က လိုက်နေသည်ကတော့ စိတ်မကောင်းစရာပင်။

လင်းရန် အလွန်စိတ်အနှောင့်အယှက်ဖြစ်စွာ ခံစားရပြီး အရှိန်ကို နောက်တစ်ဆင့်ထပ်မံ တိုးမြှင့်လိုက်ကာ လင်းမိသားစုထံသို့ အမြန်ပြန်သွားချင်ခဲ့သည်။ သို့မှသာ ချန်ကျားယန်နှင့် လျှင်မြန်စွာ လမ်းခွဲနိုင်ပေလိမ့်မည်။

သို့သော် သူမက ဤနေရာရှိ မြေမျက်နှာသွင်ပြင်နှင့် မရင်းနှီးခဲ့ပါချေ။ ထို့ကြောင့် ဂရုမစိုက်မိချိန်တွင် မြေကြီးချိုင့်ခွက်တစ်ခုသို့ တက်နင်းမိကာ ဟန်ချက်ပျက်လျက် ဘေးသို့ လဲကျလုနီးဖြစ်ခဲ့သည်။

သူမ၏ နောက်မှ လိုက်ပါလာသည့် ချန်ကျားယန်က ထိုအခြေအနေကို မြင်လိုက်ရလျှင် သူ၏မျက်လုံးများက ဖြတ်ခနဲတောက်ပသွားကာ သူ့ဘာသာသူ တွေးတောမိလိုက်သည်။

ဒါက ဘုရားသခင်က သူ့ကို ကူညီပေးနေတာပဲ ။

သူက ဟန်ဆောင်မှုအပြည့်နှင့် လျှင်မြန်စွာ အော်ဟစ်လိုက်သည်။

“လင်းကျစ်ချင်း!”

ထို့နောက်တွင် သူက လင်းရန်ဆီသို့ လျင်မြန်စွာ ရွေ့လျားကာ သူမကို ဖမ်းဆီးရန် ပြင်ဆင်ခဲ့သည်။

သူ၏လက်က လင်းရန်၏ ခန္ဓာကိုယ်ကို ထိတော့မည့်အချိန်တွင် အစိမ်းရောင် ပုံရိပ်တစ်ခုက လေတိုက်သွားသကဲ့သို့ မြန်ဆန်လှစွာဖြင့် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည် ။

ထိုသူက လင်းရန်၏ နောက်ကျောကိုထိန်းကိုင်ပေးလိုက်ပြီး ဘေးဘက်သို့ လှည့်လိုက်ကာ လင်းရန်ကို သူ၏လက်မောင်းနှစ်ဖက်ဆီသို့ ခိုင်မြဲစွာ ဆုပ်ကိုင်ထားခဲ့သည်။

လင်းရန်မှာ လွန်ခဲ့သည့် တစ်စက္ကန့်အချိန်လောက်က သူမ အမှန်တကယ် မြေပြင်ပေါ်သို့ လဲကျသွားတော့မည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် ထိန်းပေးခြင်းကို ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူမ ပြန်လည်တုံ့ပြန်သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်က ခိုင်မြဲစွာရပ်နေခဲ့ပြီဖြစ်သည်။

သို့သော် အရှိန်ကြောင့် လှုပ်ရှားသွားရမှုက အနည်းငယ် ပြင်းထန်လွန်းသဖြင့် သူမ သတိမထားမိခဲ့ချိန်တွင် တစ်စုံတစ်ယောက်၏ လက်မောင်းနှစ်ဖက်ကြားထဲသို့ ရောက်ရှိသွားခဲ့ရပုံရသည်။

လင်းရန်တစ်ယောက် အသိစိတ်ပြန်ဝင်လာပြီးနောက်တွင် မတိုင်ခင်က ကြားလိုက်ရသည့် ချန်ကျားယန်၏ “လင်းကျစ်ချင်း”ဟု ခေါ်ဆိုသံကို သတိရသွားခဲ့ပြီး သူ့ကို ပွေ့ကိုင်ထားတဲ့သူက ချန်ကျားယန်ဖြစ်လိမ့်မယ်လို့ မသိစိတ်က တွေးတောလိုက်မိလေ၏။

ရုတ်တရက် သူမ၏ အရေပြားပေါ် တွင် ကြက်သီးမွှေးညှင်းများထောင်ထလာခဲ့ရပြီး တွေးတောခြင်းမရှိ အပြင်းအထန် ရုန်းကန်လိုက်မိသည်။

“ကျွန်မကို လွှတ်ပေး!”

လင်းရန်တစ်ယောက် သူ၏ရင်ခွင်ထဲမှ အပြင်းအထန် ရုန်းကန်နေသည်ကို မြင်လိုက်ရသဖြင့် စုန့်ရှီးယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

“မလှုပ်နဲ့၊ မဟုတ်ရင် လယ်ကွင်းထဲကို ပြုတ်ကျသွားနိုင်တယ်”

သူမ၏ ခေါင်းထက်မှ ရင်းနှီးသည့် အသံကိုကြားလျှင် လင်းရန် အနည်းငယ် ရပ်တန့်သွားခဲ့ပြီး ခေါင်းကို မော့ကာ စုန့်ရှီးယန်ကို အံ့သြစွာ ကြည့်လိုက်မိသည်။

သူမကို ကယ်တင်ခဲ့သူမှာ ချန်ကျားယန်မဟုတ်ဘဲ စုန့်ရှီးယန်ဖြစ်နေခဲ့သည်။

လင်းရန် ငြိမ်သက်သွားသည်ကို မြင်လိုက်ရသဖြင့် စုန့်ရှီးယန်လည်း သူမကို လွှတ်ပေးလိုက်သည် ။

ထို့နောက် သူက အနောက်ဘက်ကိုလှည့်ကာ လင်းရမ်၏ ဦးတည်ရာဆီသို့ သူ့လက်ကို ဆန့်ထားဆဲဖြစ်သည့် ချန်ကျားယန်ကို ကြည့်လိုက်သည်။ တစ်ဖက်လူမှာ လင်းရန်ကို သူ့ လက်မောင်းထဲသိာ့ ဆွဲထည့်ချင်နေသည့်ပုံပင်။

စုန့်ရှီးယန်၏ မျက်လုံးက အနည်းငယ်မှေးကျဥ်းသွားရပြီး လင်းရန်ကို ပြန်မေးလိုက်သည်။

“မင်း သူ့ကို သိလား”

ထိုစကားကိုကြားလျှင် လင်းရန်တစ်ယောက် သူမ၏စိတ်အာရုံတို့ အလုံးစုံ ပြန်ရောက်လာပြီး ချန်ကျားယန်ကိုလှည့်ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲ၌ ထိုတစ်ယောက်အပေါ် မကျေမနပ်ဖြစ်မှုများက ပို၍ပင် မြင့်မားလာပြီပင်။

ချန်ကျားယန်သာ သူမ၏ နောက်သို့ လိုက်ဖို့အတွက် အတင်းအကြပ် မလုပ်ခဲ့ပါက သူမသည်လည်း လဲကျလုနီးပါး ဖြစ်လိမ့်မည်မဟုတ်ပေ။

သေချာတာပေါ့။ ဒီလူက သူမနှင့် သဟဇာတဖြစ်မှုမရှိသလို သူနဲ့လည်း အဆက်အသွယ်လည်း မလုပ်သင့်ဘူး။

သို့သော် သူမသာ ချန်ကျားယန်အပေါ် အလွန်ရွံရှာမိသည့် သဘောထားမျိုး ပြသခဲ့ပါက ချန်ကျားယန်ကို စိတ်ရှုပ်ထွေးစေမည်မှာ သေချာပေသည်။

ထို့ကြောင့် သူမ တတ်နိုင်သမျှ တည်ငြိမ်အေးဆေးစွာသာ ပြောနိုင်ခဲ့သည်။

“ ကျွန်မ ညနေပိုင်းတုန်းက ပညာတတ်လူငယ်အိမ်ရာဘက်မှာ ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ ပညာတတ်လူငယ်တစ်ယောက်ပါ”

သူတို့က တစ်ကြိမ်တည်းသာ တွေ့ဆုံခဲ့ဖူးပြီး အသိအကျွမ်းဟုပင် ခေါ်ဆို၍မရပါချေ။ ထို့ကြောင့် သူတို့ကြားမှ ဆက်ဆံရေးက ထူသူစိမ်းမှထဲမှ သူစိမ်းတစ်ယောက်သာဖြစ်သည် ။

သူမ၏ ထိုစကားကိုကြားလျှင် ချန်ကျားယန်တစ်ယောက် ခဏတာမျှ ရှက်သွားသော်လည်း သူ၏ရှက်ရွံ့မှုက အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

“ဟယ်လို ရဲဘော်၊ ကျွန်တော့်နာမည်က ချန်ကျားယန်ပါ ၊ ကျွန်တော်က တပ်မဟာထဲက ပညာတတ်လူငယ်တစ်ယောက်ပါ၊ လင်းကျစ်ချင်းက ဒီကို ပထမဆုံးစရောက်တဲ့နေ့ဖြစ်နေတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး မရင်းနှီးကြသေးဘူး၊

ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်လုံးက တပ်မဟာတစ်ခုတည်းက ပညာတတ်လူငယ်တွေပဲလေ၊ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ပိုသိလာပြီး ရင်းနှီးလာကြမှာပါ”

ချန်ကျားယန်၏ အလွန်အမင်းကောင်းမွန်ပြနေသည့် အပြုအမူနှင့် သဘောထားနှင့် သူ၏ပြုံးနေသည့် မျက်နှာကို ကြည့်လိုက်ကာ လင်းရန်တစ်ယောက် သူမ၏ နှလုံးသားထဲမှ မျက်လုံးလှန်လိုက်မိသည်။

ဘယ်သူက ရှင်နှင့်ရင်းနီးချင်ပြီး ရှင်နှင့် ဆက်သွယ်ချင်နေလို့လဲ။

လင်းရန်၏ရှင်းပြချက်ကိုကြားပြီးနောက် စုန့်ရှီးယန်က မျက်မှောင်ကြုတ်လိုက်မိပြီး ချန်ကျားယန်ကို လှည့်ကြည့်လိုက်မိသည်။

တစ်ကြိမ်ပဲတွေ့ဖူးတာလား။

သူနှင့် လင်းရန်တို့နှစ်ယောက်က ထမင်းနှစ်နပ်တောင် အတူစားပြီးသွားပြီ။

လင်းရန်က သူ့ကိုတောင် မရင်းနီးဘူးလို့ပြောထားတာ။ အဲဒီတစ်ယောက်သာဆိုရင် အဝေးကြီးပဲ။

ထိုသို့တွေးတောပြီးနောက် သူက ချန်ကျားယန်ဘက်သို့လှည့်ကာ နက်ရှိုင်းသည့်အသံဖြင့် တိုက်ရိုက်ပင် ကြိမ်းမောင်းခဲ့တော့သည်။

“ဒီမိန်းကလေးက မင်းနဲ့မရင်းနှီးဘူး၊ မင်း ဘာလို့ သူ့ကိုနောက်ကနေ ဒီလိုမျိုးလိုက်ဖမ်းနေရတာလဲ”

ချန်ကျားယန်မှာ သူ လင်းရန်၏နောက်သို့ လိုက်၊မလိုက်ဆိုသည့်အကြောင်းကို ရှင်းပြရန် အချိန်မရသေးမီတွင် လင်းရန်နှင့် လမ်းဘေးတွင်ရှိနေသည့် စုန့်ရှီးယန်က သူ့၏ရှင်းပြချက်ကို နားထောင်ရန် စိတ်မ၀င်စားခဲ့ဘဲ လင်းရန်ဘက်သို့လှည့်ကြည့်ပြန်သည်။

“လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုအော်ရမလဲဆိုတာကို မသိဘူးလား၊ မင်းမှာ ဒီလောက်ထိ ရှည်တဲ့ ပါးစပ်ပေါက်ကို ဘာလုပ်ဖို့ ထားနေတာလဲ”

ချန်ကျားယန်: “?”

သူက စုန့်ရှီးယန်ဆီသို့ ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကြောင်အမ်းမှင်တက်သွားခဲ့သည်။

ဘာကိုဆိုလိုချင်တာလဲ?

သူက ဘာလို့ လူဆိုးဖြစ်ရမှာလဲ?

လင်းရန်အတွက်ကတော့ သူမက စုန့်ရှီးယန်၏ အကြီးအကဲတစ်ဦးကဲ့သို့ ပေးသော သင်ကြားပို့ချပေးနေမှုကို အနည်းငယ် မကျေနပ်ခဲ့သော်လည်း သူမ၏ မျက်လုံးထောင့်မှ ချန်ကျားယန်၏ ငြင်းခုံနိုင်စွမ်းမရှိသော အမူအရာကို သတိပြုမိပြီး အလုပ်ကောင်းတစ်ခု လုပ်ခဲ့သည့်အတွက် စုန့်ရှီးယန်ကို ရုတ်တရက် ချီးကျူးချင်သွားခဲ့မိသည်။

ထို့ကြောင့် သူမက စုန့်ရှီးယန်၏သဘောထားကို သဘောမတူချင်ခဲ့သော်လည်း လက်ရှိတွင်နာခံမှုဖြင့် တုံ့ပြန်ခဲ့သည်။

“ကျွန်မသိပါပြီ၊ နောက်တစ်ခါဆိုရင် တစ်ယောက်ယောက်ကို လှမ်းခေါ်ဖို့ သတိရပါ့မယ်”

ချန်ကျားယန်: “???”

စုန့်ရှီးယန်ကတော့ လင်းရန်မှ သူ၏ စကားကို အလွန်နာခံမှုရှိစွာ နားထောင်သည်ကို မြင်လိုက်ရသော် ခံစားချက်များ အလွန်ကောင်းမွန်သွားခဲ့လေ၏။

သူက ချောင်းကို ခပ်ဖွဖွဟန့်လိုက်ပြီး နားမလည်နိုင်လောက်သည့်စိတ်ခံစားချက်ကောင်းများကို ဖုံးကွယ်ကာ လင်းရန်ကို ပြောခဲ့သည်။

“ကောင်းပြီ၊ နောက်ကျနေပြီ၊ အိမ်ပြန်ရအောင်”

ထိုသို့ပြောပြီးနောက် သူက လင်းရန်ကို ဦးစွာသွားရန် တောင်းဆိုခဲ့သည်။

လင်းရန်သည်လည်း သဘာဝကျစွာဖြင့် မငြင်းဆန်ခဲ့ဘဲ လင်းမိသားစုအိမ်ဆီသို့ အမြန်လျှောက်သွားခဲ့သည်။

ချန်ကျားယန်ကတော့ စုန့်ရှီးယန်၏နောက်တွင် ရှိနေခဲ့လေသည်။

အိုး၊ ဘာပဲဖြစ်ဖြစ်လေ။ သူ့ကို လူဆိုးတစ်ယောက်လို့ ပြောတဲ့သူက သူမ မဟုတ်ဘူး။ အဲဒါက စုန့်ရှီးယန်ပဲ။

သူ့အနေဖြင့် မယုံကြည်နိုင်ဖြစ်နေရသည်ဖြစ်စေ၊ မဟုတ်မမှန်သည့် မကောင်းကြောင်း အပြောခံရသည်ဟု ခံစားရသည်ဖြစ်စေ စုန့်ရှီးယန်ထံသို့ လူကိုယ်တိုင်သွားနိုင်သည်။

သူမအတွက်ကော?

သူမသည်ကား ကြောက်လန့်နေ၍ အိမ်သို့ပြန်ကာ ဖခင်ကို ရှာဖွေလိုသော သနားစဖွယ် ကလေးမလေးမျှသာ ဖြစ်ပေသည်။

လင်းရန် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်၊ စုန့်ရှီးယန်က အနောက်ဘက်သို တစ်ဖန်ပြန်လှည့်လိုက်ပြီး ချန်ကျားယန်ကိုကြည့်ကာ အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး သူ့လေသံဖြင့် အလွန် သိသာထင်ရှားလှသောသတိပေးလိုသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ချန်ကျစ်ချင်း ၊ နောက်တစ်ကြိမ်ကျရင် သတိထားပေးပါ၊ တခြားလူတွေကို မင်းကြောင့် ကြောက်လန့်သွားတာမျိုး ထပ်မဖြစ်ပါစေနဲ့”

ချန်ကျားယန် သူကိုယ်တိုင်ထက် အဆများစွာ ပိုမိုသန်မာနေသည့် စုန့်ရှီးယန်၏ ခန္ဓာကိုယ်ကို ကြည့်လိုက်မိသည်။ သူ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲပါချေ။

နောက်ဆုံးတွင်တော့ သူ့အနေဖြင့် အရှက်တရားကိုသာ သည်းခံရုံသာတတ်နိုင်ခဲ့ပြီး ပြန်လည်ပြုံးပြရန် ကိုယ့်ကိုယ်ကို ဖိအားပေးကာ ပြောခဲ့ရသည်။

“ဒီနေ့ ဖြစ်ပျက်ခဲ့တာက တကယ်ကို နားလည်မှုလွဲနေတာပါ၊ လင်းကျစ်ချင်းက ထိတ်လန့်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး၊ စိတ်မပူပါနဲ့ ရဲဘော်၊ အနာဂတ်မှာ ကျွန်တော် သေချာပေါက် ဂရုစိုက်သွားမှာပါ”

စုန့်ရှီးယန် သူ့ကို စိုက်ကြည့်ကာ အဓိပ္ပါယ်ပြည့်ဝစွာပြောခဲ့သည်။

“အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ်”

ထိုစကားကိုပြောပြီးနောက်၊ သူက သူ့၏နောက်တွင်ရှိနေသော ချန်ကျားယန်ကို နောက်ထပ် ဂရုမစိုက်တော့ဘဲ သူ၏ခြေတံရှည်များကို ဆန့်ထုတ်ကာ လင်းရန်ကို အမှီလုက်ရန် အရှေ့ဘက်သို့ဆက်လျှောက်သွားခဲ့သည်။

ခဏမျှကြာပြီးနောက် ပုံရိပ်နှစ်ခုက တစ်ယောက်ပြီးတစ်ယောက် ဝေးကွာသွားခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ချန်ကျားယန်တစ်ယောက် သူ၏မျက်နှာပေါ်ရှိ အပြုံးကို ဖယ်ရှားလိုက်ကာ အလွန်အေးစက်လှသည်မျက်လုံးများဖြင့် အရှေ့သို့ စိုက်ကြည့်လိုက်သည်။

ဒီနေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အခုလိုမျိုး ရယ်မောခံရနိုင်စရာကိစ္စမျိုးကို သူက ဒီအတိုင်း ကျော်လွှားပေးလိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး!

လင်းရန်အတွက်ကလား?

လင်းရန်ကို သူ ဘယ်တော့မှ လက်လျှော့သွားမှာမဟုတ်ဘူး!

**

All Chapters