← Chapters

အခန်း (၂၁၉)

Vol. 22 Ch. 219

အခန်း (၂၁၉)

Vol. 22 Ch. 219

စုန့်စစ်ယွီတစ်ယောက် အလွန်ပင်စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။

ရှုကျစ်ဝမ်က သူမထံမှ အဖြေကိုမရခမချင်း လက်မလျှော့သည်ပုံရ၏။

“ဒီနေ့ ကျွန်မမှာ အချိန်မရဘူး ကျစ်ဝမ်.. ကျွန်မတို့တွေ မနက်ဖြန်သွားရအောင်လေ”

ဟောင်ပင်းမှာ မကြာသေးမီက သူ၏အဘိုးနှင့်အတူ မြို့တော်မှ ခေါင်းဆောင်များနှင့် နည်းပညာလမ်းညွှန်မှုတွင် ဆွေးနွေးရန် လိုက်ပါခဲ့သည်။ သူက ယနေ့နေ့လယ်တွင်သာ အချိန်ရနေခဲ့သည်။

ဤနေ့ကို အခွင့်အရေးမယူနိုင်ပါက စုန့်စစ်ယွီထံတွင် ဟောင်ပင်းနှင့် နှစ်ယောက်တည်းရှိနေရန် အခွင့်အလမ်းရရှိရန် မသေချာတော့ပေ။

ထို့ကြောင့် သူမက ဤအခွင့်အရေးကို လက်လွှတ်မခံရန် စီစဉ်ခဲ့သည်

သူမ၏ ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုပါက ဟောင်ပင်းက ဤတစ်ကြိမ်တွင် သူ၏အဘိုး၏ အဆက်အသွယ်များကိုအသုံးပြု၍ မြို့တော်ခေါင်းဆောင်များရှေ့တွင် ထင်ပေါ်ကျော်ကြားလာနိုင်သည်။ ထို့အပြင် မြို့တော်အစိုးရနှင့်လည်း ပူးပေါင်းနိုင်ပေလိမ့်မည်။

ထို့အတွက်ကြောင့်သာ အတိတ်ဘဝတွင် နောက်ထပ် နှစ်နှစ်ကြာပြီးနောက်တွင် သူက ရာထူးတိုးမြှင့်သွားပြီး ပြောရေးဆိုခွင်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ခြင်း ဖြစ်လိမ့်မည်။

စုန့်စစ်ယွီအနေဖြင့် ဟောင်ပင်း၏အောင်မြင်မှုမှာ သူအဘိုး၏အဆက်အသွယ်များကြောင့်သာ ဖြစ်ရမည်ဟု ခံစားခဲ့ရသည်။

သူ့နှင့်ဆက်ဆံပြောဆိုကြည့်ပြီးနောက်တွင် သူမအနေဖြင့် ထိုဟောင်ပင်းမှာ သာမန်ရုပ်ရည်နှင့် သာမန်အကျင့်စရိုက်သာရှိသော သာမန်လူငယ်တစ်ဦးဖြစ်သည်ဟု ခံစားခဲ့ရသည်။

သူက အလွန်ပင် ထုံထိုင်းပြီး အမြင်ကျယ်ခြင်းလည်း မရှိသည့်ပုံပင်။

ထိုသူမှာ စာဖတ်ရန်တစ်ခုတည်းကိုသာ သိပြီး စစ်မှန်သည့် စာကြမ်းပိုးတစ်ယောက်သာဖြစ်သည်။

ဤကဲ့သိာ့ လူမျိုးတွင် တခြားခေါင်းဆောင်များမှ လေးစားနိုင်သော အားသာချက်များ ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏အဘိုးကြောင့် ရာထူးတိုးမြှင့်ခြင်းခံခြင်းသာ ဖြစ်ကြောင်းကို သူမ သေချာနေခဲ့သည်။

ထိုသို့သော လူမျိုးပင်လျှင် တစ်ဆင့်ပြီးတစ်ဆင့် ကောင်းစွာတိုးတက်နိုင်သောကြောင့် စုန့်စစ်ယွီတစ်ယောက် မမြှတစွာ ခံစားမိခဲ့သည်။

ဆိုရလျှင် သူမ၏မိသားစုနောက်ခံမှလွဲ၍ တခြားသောရှုထောင့်အားလုံးတွင် သူမက ဟောင်ပင်းထက် များစွာ ပိုမိုကောင်းသည်ဟု ထင်မြင်မိသည်။

သူမတွင်သာ တစ်ဖက်လူကဲ့သို့ အခွင့်အရေးများရှိလာပါက ဟောင်ပင်းထက် ပိုမိုကောင်းမွန်စွာ တက်လှမ်းသွားနိုင်လိမ့်မည်။

ထို့ကြောင့် ယခုအချိန်တွင် သူမက ဟောင်ပင်းကို လက်လွှတ်ချင်စိတ်မရှိတော့သည်က အစပိုင်းတွင် တွေးထားသကဲ့သို့ ဟောင်ပင်းကို သူမအား ကူညီစေချင်ခဲ့ရုံသက်သက်ကြောင့်သာ မဟုတ်တော့ချေ။

ယခု သူမထံတွင် တခြားအတွေးများရှိနေခဲ့သည်။

ရှင်းလင်းသွာပြောရလျှင် သူမက ဟောင်ပင်းနေရာကို အစားထိုးဝင်ရောက်ချင်နေခဲ့သည် သို့မဟုတ် သူရရှိလာမည့် အခွင့်အရေးကို သူမဆီသို့ ပေးအပ်ရန် တိုက်တွန်းချင်နေခဲ့သည်။

ထို့ကြောင့် ဟောင်ပင်းနှင့်အဆက်အသွယ်ရရှိရန် အခွင့်အရေးတိုင်းက သူမအတွက် အလွန်အရေးကြီးလာခဲ့ခဲ့သည်။

သူမက သူမ၏ တောက်ပသောအနာဂတ်ကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပါချေ။

“စစ်ယွီ.. မင်း ဘာတွေဖြစ်နေတာလဲ၊ မင်း ကိုယ့်ကို တိုက်ရိုက်ပြောပြလို့ မရဘူးလား”

သူမထံမှ ထပ်ခါတလဲလဲ ငြင်းပယ်ခြင်းကို ခံရပြီးနောက်တွင် ရှုကျစ်ဝမ်တစ်ယောက် အလွန်ပင် မပျော်မရွှင်ဖြစ်လာခဲ့ရသည်။

သူက စုန့်စစ်ယွီကို မည်းမှောင်သောအမူအရာဖြင့် ကြည့်လိုက်ပြီး မထိန်းချုပ်နိုင်တော့ဘဲ စိတ်ထဲမှ စကားလုံးများကို ပြောလိုက်မိတော့သည်။

“မင်း အပြင်မှာ နောက်ထပ်ယောကျာ်းတစ်ယောက်နဲ့ တွေ့နေတာလား”

စုန့်စစ်ယွီ၏ မျက်ခုံးများက လှုပ်သွားပြီး သူမက ချက်ချင်းပင် အလောတကြီးဖြင့် ငြင်းဆိုလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ရှင်က ကျွန်မကို အဲဒီလိုမျိုး စိတ်နှစ်ခွရှိတဲ့မိန်းမမျိုးလို့ ထင်နေတာလား”

သူမဘက်မှ ထိုသို့ပြောပြီးနောက်တွင် ရှုကျစ်ဝမ်၏အမူအရာက တိတ်တဆိတ်စိတ်သက်သာရာရသွားပုံရပြီး သူမ၏စကားများကိုလည်း ယုံကြည်သွားပုံရသည်ကို မြင်လျှင် စုန့်စစ်ယွီက ရုတ်တရက်သူမ၏လေသံကို ပြောင်းလိုက်ပြီး စိတ်ပျက်ဒေါသထွက်နေသော အမူအရာဖြင့် ရှုကျစ်ဝမ်ကို ကြည့်လိုက်သည်။

“ရှုကျစ်ဝမ်.. ကျွန်မက ရှင့်ရဲ့နှလုံးသားထဲမှာ အဲဒီလိုလူတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး

ကျွန်မတို့တွေ ဒီလောက်ကြာအောင် အတူရှိနေခဲ့တာ... ကျွန်မက ကျွန်မတို့ရဲ့ကြားမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ ယုံကြည်မှုတွေရှိနေလောက်ပြီလို့ထင်နေခဲ့တာ.. ကျွန်မ မမျှော်လင့်ခဲ့ဘူး...”

စုန့်စစ်ယွီ၏မျက်လုံးများက နီရဲနေပြီး အကြိမ်အနည်းငယ် ရှိုက်လိုက်ကာ နောက်ဆုံးစကားလုံး များကို ဝမ်းနည်းစွာပြောလိုက်သည်။

“ကျွန်မတို့တွေ ရက်နည်းနည်းလောက်ကြာအောင် မတွေ့ဘဲ နေရအောင်၊ အခုချိန်မှာ စိတ်ငြိမ်သွားအောင် အရင်လုပ်သင့်တယ်လို့ ကျွန်မထင်တာပဲ.. ဒီရက်ပိုင်း ကျွန်မကို လာမရှာပါနဲ့”

ထိုသို့ပြောပြီးသည်နှင့် သူမက နောက်သို့ လှည့်ကာ ထွက်သွားသွားခဲ့လေ၏။

ရှုကျစ်ဝမ်မှာ ထိတ်လန့်တုန်လှုပ်စွာနှင့် လိုက်ဖမ်းချင်ခဲ့သော်လည်း စုန့်စစ်ယွီ မတိုင်ခင်ကညပြောခဲ့သည့်စကားများကို ပြန်တွေးလိုက်လျှင် ကိုယ့်ကိုယ်ကို အပြစ်ရှိသကဲ့သို့ ခံစားရပြီး စိုးရိမ်ပူပန်လာခဲ့သည်။

ယခုလေးတင် သူ စုန့်စစ်ယွီ၏နှလုံးသားကို ထိခိုက်ခဲ့သည်ဟုတွေးလိုက်မိပြီးနောက် ဤအချိန်တွင် သူ လိုက်ဖမ်းခဲ့ပါက သူမကို ပို၍ပင်ဒေါသထွက်စေလိမ့်မည်ဟု တွေးမိလေ၏။

ထို့ကြောင့် နောက်ဆုံးတွင်တော့ ရှုကျစ်ဝမ်တစ်ယောက် ထိုနေရာတွင်သာ ရပ်ကျန်နေခဲ့ပြီး စုန့်စစ်ယွီသည် လူအုပ်ထဲတွင် ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့ရတော့သည်။

ထို့နောက် စိတ်နှလုံးလေးပင်စွာနှင့် သက်ပြင်းချလိုက်ပြီး နောင်တအပြည့်ဖြင့် ပြန်သွားခဲ့လေတော့သည်။

လမ်းတစ်ဖက်တွင် ရှိနေခဲ့သော လင်းရန်မှာ ဤကဲ့သို့ ခန်းနားလှသည့် ပြဇာတ်ကိုကြည့်ပြီးနောက်တွင် စိတ်ကျေနပ်မှုမရှိသေးပေ။

အကယ်၍ ထိုပြဇာတ်၏ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မသာ ထွက်မပြေးခဲ့ပါက သူမအနေဖြင့် နောက်ထပ်အပိုင်းအနည်းငယ်ကို ထပ်မံ၍ကြည့်ချင်ခဲ့လိမ့်မည်။

ဒါကဘာလဲ?

နားလည်မှုလွဲမှားပြီးတဲ့နောက် ဝမ်းနည်းကြေကွဲစွာ ထွက်ခွာသွားခြင်းဆိုတဲ့ ဒဏ္ဍာရီလာ ဇာတ်ကွက်မဟုတ်ဘူးလား။

ထို့နောက်တွင် နှစ်ယောက်သား ပြန်လည်သင့်မြတ်လာကြပြီး ၊ နောက်တစ်ကြိမ် နားလည်မှုလွဲမှားမှုများ ဆက်ဖြစ်လာကာ၊ ထပ်မံ၍ ပြန်လည် သင့်မြတ်လာမည်.. စသောခံစားချက်များကို တွန်းလိုက် ၊ ဆွဲလိုက် ထပ်ခါတလဲလဲလုပ်ကြလိမ့်မည်။

မင်းက ငါ့ကိုညှင်းပန်းပြီး ငါက မင်းကိုညှင်းပန်းမည်။ နောက်ဆုံးတွင် ဆွေးမြေ့ဖွယ် အချစ်ရေးဇာတ်လမ်းတစ်ပုဒ်ဒအကြောင်းကိုဖော်ပြသည့် ကြီးမားသောပြဇာတ်တစ်ခုက ပြီးမြောက်သွားလိမ့်မည်။

သို့သော်လည်း လင်းရန်အနေဖြင့် ထိုအကြောင်းကို တွေးလိုက်ပြီးနောက် စုန့်စစ်ယွီ၏ တွက်ချက်တတ်သောစိတ်နေစိတ်ထားအရ ဤသို့သော ဇာတ်ကွက်မျိုးကို ရှုကျစ်ဝမ်နှင့်အတူကပျရန် လုံးဝမဖြစ်နိုင်ကြောင်း နားလည်ထားပေသည်။

သူမ မတိုင်ခင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

ရှုကျစ်ဝမ်၏ မြင်ကွင်းထဲမှ ထွက်ပြေးပြီးနောက်တွင် စုန့်စစ်ယွီ၏ခြေလှမ်းများက ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး သူမ၏မျက်နှာကလည်း ချက်ချင်းပင် ပြုံးရွှင်သွားခဲ့က် အခြားသူများ၏ အရှေ့တွင် လှပစွာ လမ်းလျှောက်သွားခဲ့သည်။

လွန်ခဲ့သည့်တစ်စက္ကန့်က သူမ၏ရည်းစားရှေ့တွင် မှားယွင်းစွာပြုမူခံရသောကြောင့် မျက်ရည်များဖြင့် ထွက်ခွာလာခဲ့သည်ကို မည်သူကမှ သိနိုင်လိမ့်မည် မဟုတ်ပေ။

လင်းရန် သူမ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ကို စိတ်ရင်းနှင့် လေးစားသွားခဲ့သည်။

သို့သော်လည်း ဤအခြေအနေမှ သူမအား တစ်စုံတစ်ခုကို ပို၍သဘောပေါက်သွားစေခဲ့သည်။

စုန့်စစ်ယွီက လက်ရှိတွင် ရှုကျစ်ဝမ်ကိုစိတ်မဝင်စားတော့သည့်ပုံရသည်။

မဟုတ်ပါပေ။

ပို၍တိကျစွာပြောရလျှင် သူမ၏ရှုကျစ်ဝမ်အပေါ် “လိုအပ်မှု”က လျော့နည်းသွားပုံရသည်။

သို့မဟုတ်ပါက သူမအနေဖြင့် ရှုကျစ်ဝမ်အပေါ် ဤမျှလောက်စိတ်မရှည်နိုင် ဖြစာနေမည် မဟုတ်ပါချေ။

သူမအနေဖြင့် ထိုပြပွဲကို လိုက်ပါမကြည့်နိုင်ခြင်းက စိတ်မကောင်းစရာပင်။

သူတို့နှစ်ယောက်ကြားထဲမှ ဆက်ဆံရေးကို ပြောင်းလဲသွားစေရန် မည်သည့်အရာများ ဖြစ်ခဲ့သည်ကိုလည်း သူမ မသိခဲ့ပေ။

စုန့်စစ်ယွီအတွက် ပိုမိုကောင်းမွန်သော ကြင်ဖက်လောက်တစ်ဦးရှိလာခဲ့သည်များလား။

လင်းရန်သည် သူမ၏မျက်လုံးများကိုမှေးစင်းလိုက်ပြီး သူမ၏ခန့်မှန်းချက်က ကျိုးကြောင်းစီလျော်ခြင်း မရှိသည်မဟုတ်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

သို့သော် ဤအချိန်တွင် သူမကို ပို၍ပင်ထိတ်လန့်စေသောအဖြစ်အပျက်တစ်ခုက ပေါ်ထွက်လာခဲ့သည်။

စုန့်စစ်ယွီ သူမ၏မြင်ကွင်းထဲမှ ပျောက်ကွယ်တော့မည့်အချိမ်တွင်ပင် လင်းရန်တစ်ယောက် စုန့်စစ်ယွီ၏ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်ထွပာလာပြီး သူမကိုတားဆီးလိုက်သည်ကို မြင်လိုက်ရလေ၏။

ထိုလူမှာ ချန်ကျားယန်သာ ဖြစ်နေခဲ့သည်။

လင်းရန်၏ပါးစပ်က အနည်းငယ်ပွင့်းသွားခဲ့လေ၏။ သူမ အမှန်တကယ် အံ့သြသွားခဲ့ရသည်ပင်။

ချန်ကျားယန် ယခင်ကပြောခဲ့သော သူ စုန့်စစ်ယွီကို ချစ်ကြိုက်ပြီး သူမဆီသို့ လာရန်စီစဉ်ထားခဲ့ခြင်းဆိုသည် အမှန်တကယ်ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိပါချေ။

လင်းရန် ထိုလူနှစ်ယောကာ၏ကြားထဲတွင် မည်သည့်အရာများဖြစ်လာမည်ကို သိလိုစိတ်ပြင်းပြစွာဖြင့် သူမ၏လည်ပင်းကို ဆန့်ထုတ်နေချိန် စုန့်ရှီးယန်၏အသံက သူမ၏ နောက်မှ ထွက်ပေါ်လာခဲ့လေသည်။

“ရန်ရန်.. ကိုယ် လက်မှတ်တွေဝယ်လာခဲ့ပြီ.. ကိုယ်တို့တွေ အတော်လေး ကံကောင်းသွားတာ.. ရထား ထွက်ခွာမယ့်အချိန် မတိုင်ခင်လေးမှာ ရောက်လာခဲ့တာပဲ”

စုန့်ရှီးယန်က ပူပူနွေးနွေးရရှိလာခဲ့သော ရထားလက်မှတ်နှစ်စောင်ကို လင်းရန်ထံသို့ မြှောက်ပြလာခဲ့ပြီး ချီးကျူးခံရရန် တောင်းခံသည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။

လင်းရန်: “...”

လင်းရန်တစ်ယောက် တခြားအမျိုးသားတစ်ယောက်၏ ပြပွဲကောင်းကို ကြည့်နေနိုင်ခြင်း မရှိတော့ဘဲ စုန့်ရှီးယန်ကိုသာ စိုက်ကြည့်လိုက်မိလေ၏

ထို့နောက်တွင် ရှင်းပြ၍မရသော စိတ်ခံစားချက်များနှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ရှင်ကတော့ တကယ်ကို အချိန်ကိုက် ရောက်လာတာပဲ”

စုန့်ရှီးယန်: “?”

ဒါက ဘာအဓိပ္ပာယ်လဲ။

သို့သော် လင်းရန်က ဆက်လက်ပြောလာရန် ရည်ရွယ်ချက်မရှိတော့သည်ကို မြင်လျှင် သူသည်လည်း ထပ်မံမေးမြန်းနေခြင်းမရှိတော့ဘဲ လင်းရန်ကို ရထားဘူတာရုံထဲသို့သာ တိုက်ရိုက် ခေါ်သွားခဲ့တော့သည်။

All Chapters