← Chapters

အခန်း (၂၄၂)

Vol. 25 Ch. 242

အခန်း (၂၄၂)

Vol. 25 Ch. 242

လူတိုင်းက စုန့်ရှီးယန်ထံမှ သိရှိခဲ့ရသော ထိတ်လန့်စရာ သတင်းမှ ပြန်လည် ထိန်းချုပ်ပြီးနောက်တွင် စုန့်ရှီးယန်က တောင်အောက်ဘက်တွင် စောင့်ဆိုင်းနေသော ရဲများနှင့် တခြား အဖွဲ့ဝင်များဆီသို့ ဤသတင်းကို အကြောင်းကြားရန်အတွက် လူအနည်းငယ်ကို တောင်အောက်သို့ စေလွှတ်ခဲ့သည်။

သူ့ကတော့ လူအနည်းငယ်နှင့်အတူ ဤနေရာတွင် နေခဲ့ကာသင့်လျော်သော အခွင့်အရေးများကို ရှာဖွေခဲ့သည်။

*

မြေအောက်ခန်းထဲတွင်တော့

ချန်ကျားယန်အား လူကုန်ကူးသူများမှ ပြန်ခေါ်လာသည်ကို မြင်လိုက်ရလျှင် တခြားလူများမှာ အနည်းငယ် စိတ်ပျက်သွားခဲ့ကြသည်။

သူတို့၏ အမြင်တွင် လူကုန်ကူးသူများက အပြင်သို့ ခေါ်သွားသည့် အခွင့်အရေးသည်က အလွန် ကောင်းမွန်ပြီး ချန်ကျားယန်သည်လည်း အရွယ်ရောက်ပြီးသော ယောက်ျားတစ်ဦး ဖြစ်နေသေးသည်။

သူသာ ပို၍ ပါးနပ်ပြီး ရဲရင့်ခဲ့ပါက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့မည်ပင်။

သို့သော်လည်း တစ်ဖက်လူက မည်သည့်အားထုတ်မှုမှမလုပ်ဘဲ ပြန်ရောက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

ချန်ဖေးဖေးက သူ့ကို မြင်လျှင် မထိန်းချုပ်ဘဲ လှောင်ပြောင်လိုက်သည်။ “

အသုံးမကျတဲ့ကောင်!”

ချန်ဖေးဖေး၏ စကားများက မည်သူ့ကိုရည်ညွှန်းကြောင်း မပါဝင်သော်လည်း ချန်ကျားယန်ကတော့ သူမ၏ စကားများသည်က သူ့ကို ရည်ရွယ်မှန်း ထက်မြက်စွာ ခံစားမိပြီး သူ၏ မျက်နှာကလည်း ဒေါသဖြင့် ပြည့်နှက်သွားသည်။

သူ့အနေဖြင့် သူမနှင့် ဆက်လက် ရန်ဖြစ်ချင်သော်လည်း မတိုင်ခင်က ရန်ဖြစ်ခဲ့သည့် အကျိုးဆက်များကို ရုတ်တရက် ပြန်လည်သတိရလိုက်သည်။

သူ့မျက်နှာပေါ်က အရိုက်ခံထားရသည့် ဒဏ်ရာပင် မပျောက်သေးသောကြောင့် သူ့အနေဖြင့် အံကို ကြိတ်ကာ မျိုချလိုက်ရသည်။

သို့သော် အကြာမီရောက်လာမည့် ကယ်ဆယ်ရေးကို တွေးလိုက်မိလျှင် ချန်ကျားယန် ရုတ်တရက် ထပ်မံ ရယ်မောလိုက်သည်။

ထိုကြင်နာတတ်သူက သူ့ကို လာကယ်ပါက သူ့အနေဖြင့် ချန်ဖေးဖေးကို ဤနေရာတွင်ခဏလောက် နေခိုင်းဦးမည်။ သို့မဟုတ် သူမ လုံးဝ ကယ်ဆယ်ခံရခြင်း မရှိစေရန် အကောင်းဆုံး လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့သော မိန်းမမျိုးကို အချိန်ကြာပြာ မှတ်မိနေစေရန် သင်ခန်းစာ ပေးရပေမည်!

ချန်ကျားယန်က ဒေါသမထွက်ရုံသာမက နားမလည်နိုင်လောက်စရာဟန်ပန်ဖြင့် ရယ်မောနေသည်ကို မြင်လျှင် ချန်ဖေးဖေး ခဏတာလောက် စိတ်ရှုပ်ထွေးသွားသော်လည်း ချန်ကျားယန်က သူမနှင့် မငြင်းခုံသောကြောင့် သူမ ကိုယ်တိုင်လည်း ပျင်းရိလာခဲ့ပြီး နောက်ဆုံးတွင် ပါးစပ်ပိတ်လိုက်လေသည်။

သို့သော် သူမအနေဖြင့် ချန်ကျားယန်က ထူးဆန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်သောကြောင့် ချန်ကျားယန် ထိုင်ပြီးနောက်တွင်ပင် သူ့ကို စိုက်ကြည့်နေခဲ့သည်။

အချိန်က ဤသို့ဖြင့် တစ်စပြီးတစ်စ ကုန်လွန်သွားခဲ့ပြီး မှောင်စပြုလာချိမ်တွင် အဘယ်ကြောင့်မှန်း မသိ ရုတ်တရက် အပြင်ဘက်မှ ငှက်သံများ ပေါ်လာခဲ့လေ၏။

ငှက်သံများမှာ ထူးဆန်းသော စည်းချက် တစ်ခုဖြင့် ရှိနေပြီး ကြားရသည်က အနည်းငယ် ထူးဆန်းနေခဲ့သည်။

သို့သော် ဤအချိန်တွင် မည်သူမျှ ၎င်းကို သိပ်ပြီးအာရုံမစိုက်ခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ဤသည်က တောနက်ကြီးထဲတွင် ဖြစ်သောကြောင့် ငှက်များ အော်မြည်သည်က ပုံမှန်သာဖြစ်သည်။

သူတို့အနေဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ညနက်သည့်အချိန်မှာပင် ငှက်သံများကို ကြားဖူးခဲ့ကြသည်။

လူတိုင်းက မျက်လုံးများကို လျင်မြန်စွာ ပြန်မှိတ်လိုက်ကြပြီး နံရံကို မှီကာ ဆက်လက် အိပ်စက်ခဲ့ကြသည်။

သို့သော် ချန်ကျားယန်၏ မျက်လုံးများက အပြင်ဘက်မှ ငှက်အော်သံကို ကြားလိုက်ရသည်နှင့် ရုတ်တရက် ပွင့်လာခဲ့ပြီး အံ့အားသင့်ဖွယ်ရာကောင်းစွာ တောက်ပနေခဲ့သည်။

ကောင်းမွန်သော ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ကဲ့သို့ပင်။

ချန်ဖေးဖေး ထိုနေရာကို မသိစိတ်ဖြင့် ကြည့်လိုက်ပြီး ချန်ကျားယန်၏ ထူးဆန်းသော အမူအရာကို မြင်လျှင် မျက်မှောင်ကြုတ်လိုက်သည်။

သူမအနေဖြင်် ချန်ကျားယန် တစ်ခုခု မှားနေသည်ဟု ထင်ခဲ့ရုံသာဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူနှင့်ပတ်သက်၍ အမှန်တကယ်ပင် တစ်ခုခုရှိနေပုံရသည်။

သူက တစ်ညလုံး အိပ်မနေခဲ့ဘူးလား။

အခုရော ဘာကြောင့် ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။

ခိုးထွက် တွေးတောနေတာတော့ မဟုတ်ဘူးမလား။

သူမ တွေးနေစဉ် ရုတ်တရက် ချန်ကျားယန်က ဗိုက်ကို ကိုင်ပြီး ထပ်မံ အော်ဟစ်လာသည်ကို မြင်လိုက်ရသည်။

“ဗိုက်နာတယ်၊ ဝမ်းသွားချင်တယ်!”

ထို့နောက် သူက ထပ်မံ အော်ဟစ်ရင်းဖြင့်ည မြေအောက်ခန်း၏ ပျဉ်ပြားကို ထပ်မံ ရိုက်လိုက်လျှင် ထိုလှုပ်ရှားမှုက အပေါ်မှ လူကုန်ကူးသူကို လျင်မြန်စွာ ဆွဲဆောင်လိုက်သည်။

လူကုန်ကူးသူ အများအပြားက ဤအချိန်တွင် အိပ်စက်ရန် အဆင်သင့် ဖြစ်နေကြသော်လည်း သူ၏ အသံကြောင့် ရုတ်တရက် နိုးလာကြပြီး ချက်ချင်း ဒေါသထွက်သွားကြသည်။

“ဘာတွေ ဆူညံနေတာလဲ”

ဆူညံနေသူက ချန်ကျားယန် ဖြစ်နေသည်ကို မြင်လျှင် လူကုန်ကူးသူက ပို၍ပင် ဒေါသထွက်လာခဲ့သည်။

“ဘာလို့ မင်းပဲ ထပ်ဖြစ်နေရတာလဲ!”

ချန်ကျားယန်က တစ်ဖက်လူဒဆါသထွက်နေသည်ကို မြင်လျှင် ပြုံးရယ်လျက် ရှေ့သို့ အမြန် တိုးသွားခဲ့သည်။

“အစ်ကို၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခဏလောက် အပြင်ထွက်ခွင့် ပြုပါဦး.. ကျွန်တော့် ဗိုက်နာနေတယ်! ပြီးတော့ ကျွန်တော်က နေ့လည်ကတည်းကလည်း အပြင်ထွက်ခဲ့တာ မဟုတ်ဘူးလား.. ကျွန်တော် လုံးဝ ပြေးလွှားမှာ မဟုတ်ဘူး၊ စိတ်မပူပါနဲ့!”

သူတို့အနေဖြင့် ချန်ကျားယန်၏ စကားများကြောင့် တကယ်ပင်ယုံကြည်သွားခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် ထိုသူက ညနှောင်းပိုင်းတွင် ပင်ပန်းလွန်းသောကြောင့် ဆက်လက် ငြင်းခုံချင်စိတ် မရှိတော့သောကြောင့် ဖြစ်နိုင်သည်။

လူကုန်ကူးသူက လက်ကိုဝှေ့ရမ်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

“ကောင်းပြီ၊ မြန်မြန် တက်လာခဲ့၊ ပျင်းရိတဲ့သူတွေက တကယ်ကို သေးများများ ပေါက်တာပဲ!”

ချန်ကျားယန်လည်း သူတို့ သဘောတူလိုက်သည်ကို ကြားလျှင် အလွန်ပျော်ရွှင်သွားခဲ့ပြီး အလျင်အမြန်ပင် အပေါ်သို့ တွားတက်သွားခဲ့သည်။

မကြာခင်က သူ့ကို စိုက်ကြည့်နေခဲ့သော ချန်ဖေးဖေးကလည်း ရုတ်တရက် ဝင်ပြောလိုက်သည်။

“ကျွန်မလည်း အပေါ့သွားချင်တယ်!”

မြေပြင်ပေါ်သို့ တွားသွားတော့မည့် ချန်ကျားယန်ျစ်ယောကာ ထိုစကားကို ကြားလျှင် ဒေါသတကြီး အံကြိတ်လိုက်သည်!

ဒီချန်ဖေးဖေး!

ဒီအချိန်မှာ သူမက တခြား ကိစ္စတစ်ခုခုကို ဖန်တီးချင်နေတာပဲ ဖြစ်ရမယ်။

ဟုတ်တယ်မလား!

“မြန်မြန်လုပ်!”

လူကုန်ကူးသူမှာ အမျိုးသမီးများကို သိပ်ပြီးအာရုံမစိုက်သောကြောင့် အောက်ဘက်တွင်ရှိနေသော အမျိုးသမီးများကို အပေါ့သွားရန် အပြင်ထွက်ခွင့် ပေးလေ့ရှိသည်။

ထို့အပြင် သူသည်က ယခု ချန်ကျားယန်ကို ကြည့်နေဆဲဖြစ်သောကြောင့် ချန်ဖေးဖေးတစ်ယောက်ကို ပိုကြည့်ပေးရသည်က ကိစ္စမရှိပေ။

ထို့အပြင် သူက ထိုလူများက ထွက်ပြေးရန်ကြံစည်မည်ဟု မယုံကြည်ပေ။

နေ့ခင်းဘက်တွင်ပင် ထွက်ပြေးရန် မဝံ့ရဲသော ဤလူနှစ်ဦးက ညသန်းခေါင်တွင် မည်သို့ ထွက်ပြေးနိုင်မည်နည်း။

ထို့ကြောင့် နောက်ဆုံးတွင် ချန်ကျားယန်နှင့် ချန်ဖေးဖေးတို့ နှစ်ယောက်လုံးကို အပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။

သို့သော် လူတစ်ဦး ပိုလာခဲ့ပြီးနောက်တွင် သူတို့ကို စောင့်ကြည့်မည့် လူကုန်ကူးသူ တစ်ဦးလည်း ထပ်ပိုလာသည်။

သူတို့က ချန်ကျားယန်ကို နေ့လယ်ဘက်မှ သစ်တောဆီသို့ ခေါ်သွားခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းက အိမ်နှင့် အနည်းငယ် ဝေးပြီး အပြင်ဘက်တွင်လည်း မှောင်နေသောကြောင့် သူ မည်သည့်အရာများ လုပ်နေသည်ကို မည်သူမျှ မမြင်နိုင်သောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် လူကုန်ကူးသူနှစ်ယောက်က ချန်ကျားယန်ကို အိမ်ဘေးနားရှိ ရှင်းလင်းသော နေရာတွင် ကိစ္စ ရှင်းခိုင်းခဲ့သည်။

ချန်ဖေးဖေးသည်ကား အပေါ့သွားခြင်းကို အမည်ခံဖြင့်သာ ပြော၍ ထွက်လာခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူမသည်လည်း ဟန်ဆောင် ရမည်ဖြစ်သောကြောင့် ရှက်ရွံ့မှုကို သည်းခံကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ရသည်။

သို့သော် သူမက ချန်ကျားယန်တစ်ယောက် မည်သည့်အရာများလုပ်နေသည်ကို ကြည့်ရန် မျက်လုံးထောင့်မှ စောင့်ကြည့်နေခဲ့သည်။

လူကုန်ကူးသူနှစ်ယောက်မှာ သန်းခေါင်ယံတွင် အိပ်ငိုက်နေခဲ့သောကြောင့် သူတို့နှင့် နှစ်မီတာ၊ သုံးမီတာခန့် အကွာတွင် စကားပြောနေခဲ့ကြသည်။

ထိုအချိန်တွင် အရိပ်မည်းတစ်ခုက ချန်ဖေးဖေး၏ မျက်လုံးများရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။

ထိုပုံရိပ်မှာ အလွန် မြန်ဆန်ခဲ့သောကြောင့် ချန်ဖေးဖေးတစ်ယောက် သူမ အမြင်မှားနေသည်ဟုပင် ထင်ခဲ့သည်။

ထို့နောက်တွင် သူမက အသံတိုး နှစ်ခုကို ကြားလိုက်ရပြီး လူကုန်ကူးသူနှစ်ယောက်မှာ ဒုတ်ခနဲအသံဖြင့် လဲကျသွားခဲ့သည်။

“အာ!”

ချန်ဖေးဖေး အလွန်ပင်ထိတ်လန့်သွားကာ မသိစိတ်ဖြင့် အော်ဟစ်လိုက်မိသည်။

ကံကောင်းစွာဖြင့် သူမ၏ ဘေးနားတွင်ရှိနေသော ချန်ကျားယန်က မျက်လုံးနှင့် လက်များ လျင်မြန်စွာဖြင့် သူမ၏ ပါးစပ်ကို အလျင်အမြန် ဖုံးအုပ်လိုက်သောကြောင့် သူမ၏ အသံက အဝေးသို့ ပျံ့နှံ့မသွားနိုင်ခဲ့ပေ။

“ပါးစပ်ပိတ်ထားစမ်း! မင်း ဆက်ပြီးဆူညံနေရင် အထဲကလူတွေကို ဆွဲဆောင်သွားမိတော့မှာ!”

ချန်ဖေးဖေးက အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း ချန်ကျားယန်သည်က ယောက်ျားတစ်ဦး ဖြစ်ပြီး သူမထက် များစွာ သန်မာသည်။

သူမ ရုန်းထွက်၍ မရသကဲ့သို့ အသံလည်း မပေးနိုင်ဘဲ “အု့” ဟူသော အသံကိုသာ ထွက်နိုင်ခဲ့သည်။

တစ်ဘက်တွင်တော့ စုန့်ရှီးယန်သည် လူကုန်ကူးသူနှစ်ဦးကို အောင်မြင်စွာ သတိလစ်စေပြီးနောက် လက်ခုပ်တီးလိုက်ပြီး ချန်ကျားယန်ကို ကြည့်ကာ ပြောလိုက်သည်။

“တော်တယ်”

သူ၏ နောက်ကွယ်မှ အလင်းရောင်ကြောင့် ချန်ကျားယန်အနေဖြင့် စုန့်ရှီးယန်၏ မျက်နှာကို မမြင်ရသေးသော်လည်း ချန်ဖေးဖေးကတော့ သူမအတွက် အလွန် ရင်းနှီးနေသော အသံကို ကြားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

စုန့်ရှီးယန်!

သူ ဘာလို့ ဒီရောက်နေတာလဲ!

သူမကို ကယ်ဖို့ ရောက်လာတာများလား။

ဤသို့ တွေးလိုက်မိလျှင် ချန်ဖေးဖေး၏ နဂို အေးစက်နေပြီးသား နှလုံးသားက ရုတ်တရက် ပြန်လည် နိုးထလာခဲ့သည်။

သေချာတယ်။

စုန့်ရှီးယန်က သူမ ပျောက်ဆုံးနေတာကို သိလို့ သူ့ကို ကယ်ဖို့အတွက် အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြီး လာခဲ့လာဖြစ်လိမ့်မယ်!

မတိုင်ခင်တုန်းက သူ့ကို မှားယွင်းပြီးအပြစ်တင်ခဲ့မိတာပဲ!

All Chapters