အခန်း (၂၆၇)
Vol. 27 Ch. 267
အချိန်သိပ်မကြာမီ ရှုန်းကန်းက ထမင်းဝိုင်းတစ်ခုကို အဆင်သင့် ပြင်ဆင်နိုင်ခဲ့သည်။
အဓိကဟင်းလျာမှာ လိပ်သားစွပ်ပြုတ်ဖြစ်ပြီး ကျန်သည့် ဟင်းလျာများမှာလည်း အလွန်ပင် စုံလင်နေခဲ့သည်။ လင်းရန်တစ်ယောက် စားသောက်နေရင်းဖြင့် စားဖိုမှူးရှုန်း၏ ဟင်းချက်နည်းများကို စတင်လေ့လာမိလေသည်။
သို့နှင့် သူမ ပို၍စားကြည့်လေလေ သူမ၏ အမူအရာက ပို၍ တည်ကြည်လေးနက်လာလေလေဖြစ်နေခဲ့လေ၏။
လင်းရန်၏ မျက်စိရှေ့တွင်ထိုင်နေသော ပရော်ဖက်ဆာဟောင်မှာ ဆရာတစ်ဦးဖြစ်ခဲ့သူဖြစ်သောကြောင့် လင်းရန်၏တည်ကြည်လေးနက်သော အမူအရာကိုမြင်သည်နှင့် သူမက ဟင်းလျာများကို သေသေချာချာ လေ့လာနေခြင်းဖြစ်ကြောင်းကိုသိလိုက်လေသည်။
ဤကလေးမလေးသည်က ရုပ်ချောရုံသာမက သင်ယူလိုစိတ်လည်း အလွန်ပြင်းပြနေခဲ့ကြောင်းကိုတွေးမိ၍ သူ ထပ်မံချီးကျူးမိပြန်သည်။
စိတ်မကောင်းစရာပင်။ ဤမျှ ထူးချွန်သောမိန်းကလေးနှင့် သူ၏ တုံးအလှသော မြေးလေးက ထိုက်တန်လိမ့်မည် မဟုတ်ပေ။
ထမင်းစားနေရင်းဖြင့် ရှုန်းကန်းက ပရော်ဖက်ဆာဟောင်၏ အလုပ်အကိုင်ကို လင်းရန်တို့ဆီသို့ မိတ်ဆက်ပေးသည်။ သို့သော် သူသည်က မြို့အစိုးရနှင့် စက်မှုစက်ရုံများတွင် နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ်ကူညီနေသည့် အသေးစိတ်အချက်များကိုတော့ ချန်လှပ်ထားခဲ့သည်။
သို့သော်လည်း လင်းရန်နှင့် ချင်းယွင်ကျစ်တို့အနေဖြင့် ပရော်ဖက်ဆာဟောင်က သာမန်ဦးလေးကြီးတစ်ယောက်မဟုတ်ဘဲ ပညာတတ် ၏အရှိန်အဝါအပြည့်ရှိသူဖြစ်ကြောင်းကို ခန့်မှန်းမိကြသည်။
မူလက ထမင်းစားပြီးနောက်တွင် ရှုန်းကန်းမှ ပရော်ဖက်ဆာဟောင်နှင့်အတူ အပန်းဖြေ ငါးမျှားရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင် လင်းရန်တို့ကိစ္စရှိနေသောကြောင့် ပရော်ဖက်ဆာဟောင်လည်း နှုတ်ဆက်၍ ပြန်သွားခဲ့လေသည်။
“ကောင်းပြီ၊ နောက်မှပဲ အတူတူ မျှားကြတာပေါ့”
ပရော်ဖက်ဆာဟောင် ထွက်သွားပြီးနောက် ရှုန်းကန်းက လင်းရန်ကို သေသေချာချာကြည့်ကာ သူမ၏ လက်ရှိ အခြေအနေကို မေးမြန်းခဲ့သည်။
လင်းရန်သည်လည်း စာမေးပွဲဖြေနေသော ကျောင်းသူလေးကဲ့သို့ မတ်မတ်ထိုင်ပြီး ရှုန်းကန်း၏ မေးခွန်းများကို ရိုးသားစွာ ဖြေပေးခဲ့လေသည်။
လင်းရန်၏ အိမ်မှာ မြို့နှင့်အလွန်ဝေးကွာပြီး ဤနေရာသို့လာလျှင် တစ်နေ့နီးပါးခန့်ကြာမြင့်ကြောင်းကို ကြားလိုက်ရလျှင် ရှုန်းကန်းတစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရန်ရန်... မင်းမှာ အခြေခံတွေရှိနေပြီဆိုတော့ ဟင်းချက်ပညာဆိုတာက တစ်ရက်နှစ်ရက်နဲ့ တတ်မြောက်နိုင်တဲ့အရာမဟုတ်တာကို သိထားပြီးသားဖြစ်မှာပါ..
အဘိုးက မင်းကို နေ့တိုင်း ဒီကိုလာပြီး သင်ယူစေချင်တာ၊ ဒါပေမဲ့ အခုလို အကွာအဝေးနဲ့ဆိုရင်တော့ သိပ်ပြီး မဖြစ်နိုင်လောက်ဘူး”
သူ၏ စီနီယာအစ်မအနေဖြင့် လင်းရန်၏ အိမ်က မြို့နှင့်အလွန်ဝေးကြောင်းကို စာထဲတွင်ထည့်ရေးရန် မေ့သွားခဲ့ပုံရသည်။
ထို့ကြောင့် ရှုန်းကန်းတစ်ယောက် အခက်တွေ့နေရလေ၏။
လင်းရန်လည်း ထိုစကားကို ကြားလျှင်ရစိတ်ရှုပ်ထွေးသွားရသည်။ သူမအနေဖြင့် ရှုန်းကန်းထံမှ ပညာသင်လိုသော်လည်း မြို့ထဲသို့ နေ့တိုင်းလာရန်အတွက် မဖြစ်နိုင်ပေ။
လမ်းခရီးကတင် သူမကို မူးနောက်သွားစေလိမ့်မည်။
ထို့ကြောင့် သူမအနေဖြင့် မြို့ထဲတွင် ခေတ္တနေထိုင်နိုင်မည့် နည်းလမ်းကို ရှာဖွေရပေတော့မည်။
သို့သော် မည်သည့်နည်းလမ်းက ပို၍ သင့်တော်မည်နည်းဆိုသည်ကို မသိနိုင်သေးပေ။
ထိုအချိန်တွင် ဘေးနားရှိ ချင်းယွင်ကျစ်က လင်းရန်၏မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုများကို သတိပြုမိသွားခဲ့သည်။ သူမက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်လေသည်။
“ရန်ရန် .. အန်တီ့မှာ နည်းလမ်းရှိတယ်!”
လင်းရန် အံ့သြသွားရသည်။
“အန်တီ... ဘာလုပ်မလို့လဲ?”
ချင်းယွင်ကျစ်က လင်းရန်၏ အာရုံစိုက်မှုကို ရရှိသွားပြီးနောက် စိတ်ထဲမှ ပြုံးလိုက်ပြီး တိုက်ရိုက်မပြောသေးဘဲ လျှို့ဝှက်ထားလိုက်သည်။
“ရန်ရန် .. အန်တီ အခုလောလောဆယ်တော့ အသေးစိတ် မပြောသေးဘူး၊ ဒါပေမဲ့ အန်တီ့ကို ယုံလိုက်.. အန်တီ သမီးအတွက် အရာအားလုံးအဆင်ပြေအောင် ဖြေရှင်းပေးမယ်!”
လင်းရန်တစ်ယောက် နားမလည်နိုင်သော်လည်း နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။ စားဖိုမှူးရှုန်းသည်လည်း သူတို့တွင် နည်းလမ်းရှိသည်ဟု ကြားလိုက်ရသောကြောင့် စိတ်သက်သာရာရသွားသည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း မင်းတို့ဘာသာပဲ အဆင်ပြေအောင် စီစဉ်လိုက်ကြပေါ့.. ဘာပဲဖြစ်ဖြစ် ကိစ္စတွေကို သေသေချာချာဂရုစိုက်ပြီးမှ လုပ်ကြဦး.. လောနေစရာ မလိုဘူး”
လင်းရန်နှင့် ချင်းယွင်ကျစ်တို့လည်း ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်တွင် သူတို့က ရှုန်းကန်းတို့ အိမ်တွင် ခဏကြာအောင် ဆက်နေခဲ့ကြပြီး မှောင်ရီပျိုးချိန်သို့ရောက်မှသာ နှုတ်ဆက်ကာ တည်းခိုခန်းသို့ အတူတူ ပြန်လာခဲ့ကြသည်။
တည်းခိုခန်းက ရထားဘူတာအနီးတွင်ရှိနေသောကြောင့် သူတို့လမ်းအနည်းငယ်လောက်ကိုသာ လျှောက်ခဲ့ရသည်။
အပြန်လမ်းတွင် ချင်းယွင်ကျစ်က လင်းရန်ကို ပြောလာခဲ့သည်။
“ရန်ရန် .. မနက်ဖြန်ကျရင် အန်တီ သမီးနဲ့ မလိုက်တော့ဘူးနော်.. သမီးတစ်ယောက်တည်း ဦးလေးရှုန်းဆီကို သွားနိုင်တယ်မလား?”
“ဟုတ်၊ ကျွန်မအတွက်တော့ ပြဿနာ မရှိပါဘူး.. ဒါပေမဲ့ အန်တီက ဒီဘက်မှာ လမ်းမကျွမ်းဘူးလေ၊ တစ်ယောက်တည်း အဆင်ပြေပါ့မလား?”လင်းရန်အနေဖြင့် မိမိကိုယ်တိုင်ထက် ချင်းယွင်ကျစ်အတွက် ပို၍ စိုးရိမ်မိသည်။ ချင်းယွင်ကျစ်မှာ ယခုအချိန်မှသာ ဤမြို့သို့ ရောက်ဖူးခြင်း ဖြစ်သောကြောင်း သူမ လမ်းပျောက်သွားမည်ကို စိုးရိမ်မိသည်။
သို့သော် ချင်းယွင်ကျစ်က ပြုံးလိုက်ပြီး လက်ကိုဝေ့ရမ်းလာခဲ့သည်။
“စိတ်မပူပါနဲ့၊ အန်တီ မနက်ဖြန်ကျရင် ဘေးကင်းအောင် ဂရုစိုက်လိုက်မယ်!”
ချင်းယွင်ကျစ်မှ သူမကိုယ်သူမ ယုံကြည်မှုရှိနေသည်ကို မြင်လျှင် လင်းရန်လည်း ထပ်မံ၏မပြောတော့ပေ။
...
နောက်တစ်နေ့တွင် သူမနှင့် ချင်းယွင်ကျစ်တို့ လမ်းခွဲလိုက်ကြသည်။
သူမက စားဖိုမှူးရှုန်းထံသို့ ပညာသင်ရန်သွားခဲ့ပြီး ချင်းယွင်ကျစ်ကတော့ လင်းရန်ထွက်သွားသည်နှင့် တည်းခိုခန်းမှ ဝန်ထမ်းကို လျှို့ဝှက်ပြီး မေးမြန်းခဲ့လေသည်။
“ရဲဘော် .. တစ်ခုလောက် မေးလို့ရမလား”
ထိုခေတ်ကာလက လူအများစုမှာ ရိုးသားပြီး ကူညီတတ်ကြသောကြောင့် ဝန်ထမ်းမလေးက ပြုံး၍ ခေါင်းညိတ်ပြလာသည်။
“ရတာပေါ့.. ဘာမေးချင်လို့လဲ? တခြားအရာတွေကိုတော့ မပြောတတ်ဘူး၊ ဒီမြို့ထဲက အကြောင်းအရာ အကြီးအသေး မှန်သမျှကိုတော့ ကျွန်မ တော်တော်များများ သိပါတယ်!”
ချင်းယွင်ကျစ် အလိုရှိသည်မှာလည်း ထိုအချက်ပင်။
“ရဲဘော်... ဒီနားတစ်ဝိုက်မှာ အိမ်ရောင်းစရာ ရှိလောက်မလားဆိုတာလေး မေးချင်လို့ပါ.. ကျွန်မက အရေးပေါ် ကိစ္စရှိလို့ အိမ်တစ်လုံး လိုချင်နေတာ၊ ဒါမှမဟုတ် တစ်လနှစ်လလောက် ငှားနေလို့ရနိုင်ရင်လည်းအဆင်ပြေပါတယ်.. ဒါကို ကူညီပြီး စုံစမ်းပေးလို့ ရမလား?”
ဝန်ထမ်းမလေးမှာ ထိုစကားကြောင့် အနည်းငယ်လောက်ရပ်တန့်သွားသည်ကို မြင်လျှင် ချင်းယွင်ကျစ်က အသံတိုးတိုးဖြင့် ထပ်ပြောလိုက်သည်။
“ရဲဘော်သာ ကူညီပေးနိုင်မယ်ဆိုရင် ကျွန်မက တကယ်ကို ကျေးဇူးတင်မှာပါ”
ထိုစကား၏ အဓိပ္ပာယ်က လူတိုင်း နားလည်နိုင်ပေသည်။
ချင်းယွင်ကျစ်အနေဖြင့် လူမှုရေးကိစ္စများကို မသိနားမလည်သူ မဟုတ်ပေ။ သူမက ထိုကိစ္စများကို မလုပ်ချင်ရုံသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူတစ်ပါး၏ အကူအညီကို လိုအပ်နေသဖြင့် စကားပြောဆိုရာတွင် အတတ်နိုင်ဆုံး ပြေပြစ်အောင်လုပ်ရပေလိမ့်မည်။
သေချာပေ၏။ သူမ ထိုသို့ပြောလိုက်သည်နှင့် ဝန်ထမ်းမလေး၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်းပင် သဘောတူလိုက်လေသည်။
“ကောင်းပြီ! ဘယ်အချိန်လောက်ကို နောက်ဆုံးထားပြီး သိချင်တာလဲ? ကျွန်မ ဒီနေ့ နေ့လယ်ပိုင်းမှာပဲ သွားမေးပေးပါ့မယ်!”
ချင်းယွင်ကျစ်လည်း ထိုစကားကိုကြားလျှင် ကိစ္စဝက်လောက် ပြီးသွားပြီဟု သိလိုက်သောကြောင့် ပြန်မေးလိုက်သည်။
“မြန်မြန်သိရရင်တော့ ပိုကောင်းတာပေါ့၊ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်လောက်ဆိုရင် ပိုကောင်းမယ်!”
ဝန်ထမ်းမလေးသည်က ဤဒေသမှ ဒေသခံဖြစ်သောကြောင့် သူမကို အကူအညီတောင်းခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပေမည်။
ချင်းယွင်ကျစ်သည်က ယမန်နေ့ကတည်းက ဤအစီအစဉ်ကို စဉ်းစားထားခဲ့ခြင်းဖြစ်၏။
အကယ်၍ ဤနေရာတွင် အဆင်မပြေပါက နိုင်ငံပိုင်ဟိုတယ်သို့ သွားရောက်မေးမြန်းမည်ဟူ၍ ဒုတိယ အစီအစဉ်ကိုလည်း ပြင်ဆင်ထားခဲ့သည်။
ယခုတွင်တော့ အရာအားလုံးက သူမ မျှော်လင့်ထားသည်ထက် ပို၍ ချောမွေ့နေခဲ့သည်။
ဝန်ထမ်းမလေးက နေ့လယ်ပိုင်းတွင် အလုပ်ဆင်းချိန်၌ သူမ၏ မိဘများအိမ်သို့ အပြေးအလွှားသွားခဲ့သည်။
သူမအနေဖြင့် မူလက ချက်ချင်း သဘောမတူခဲ့သော်လည်း ချင်းယွင်ကျစ်က “ကျေးဇူးတင်လက်ဆောင်” ပေးမည်ဟု ပြောလိုက်သောကြောင်း စိတ်လှုပ်ရှားသွားခဲ့ပင်။
ထို့အပြင် ချင်းယွင်ကျစ်နှင့်လင်းရန်တို့၏ ပုံပန်းသဏ္ဌာန်မှာ သာမန်လူများနှင့်မတူဘဲ ငွေကြေးချမ်းသာမည့်အသွင်အပြင်မျိုးရှိနေခဲ့သည်။
ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ ဝင်ငွေအနည်းငယ် ရှာရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ပေ၏။
“အမေ... ပြောစရာရှိတယ်! သတင်းကောင်း၊ တကယ့် သတင်းကောင်းပဲ!”
ဝန်ထမ်းမလေးက အိမ်ထဲသို့ ဝင်လာသည်နှင့် လှမ်းအော်လိုက်သည်။
“ဘာဖြစ်လို့လဲ?”
အဘွားအိုတစ်ဦးက မီးဖိုချောင်ထဲမှ ထွက်လာပြီး သူမ၏သမီးငယ် ရောက်လာသည်ကိုမြင်လျှင် အံ့သြစွာ ကြည့်လိုက်သည်။
“နင် ဒီနေ့ အလုပ်မသွားဘူးလား?”
ဝန်ထမ်းမလေးက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး သူမ၏အမေကို အခန်းထဲသို့ ခေါ်သွားကာပြောလိုက်သည်။
“အမေ... အစ်မတို့ဆီမှာ မြို့ဟောင်းဘက်မှာ အိမ်တစ်လုံးရှိတယ်မလား? အခု သူတို့တွေက အဲဒီမှာမနေဘူးဆိုတော့ အိမ်ကလွတ်နေတာမလား?”
အဘွားအိုအနေဖြင့် သမီးဖြစ်သူက ထိုအကြောင်းကို အဘယ်ကြောင့် ရုတ်တရက် မေးသည်ကို မသိသော်လည်း အမှန်အတိုင်းပင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ဘာဖြစ်လို့လဲ? မင်းရဲ့ ယောက္ခမတွေနဲ့ ရန်ဖြစ်လို့ အိမ်က ဆင်းလာချင်လို့လား?”
ဝန်ထမ်းမလေးက စိတ်ပျက်သွားခဲ့သည်။
“အမေကတော့ .. ကျွန်မရဲ့အကြောင်းကိုပဲ တွေးနေတော့တာပဲ!”
သူမက ရှင်းပြလိုက်သည်။
“ကျွန်မအတွက် မဟုတ်ပါဘူး၊ အခု ကျွန်မရဲ့ တည်းခိုခန်းက ဧည့်သည်တစ်ယောက်က အိမ်ဝယ်ချင်လို့တဲ့.. အစ်မတို့ကလည်း အဲဒီအိမ်မှာ မနေဘဲ အလကားပစ်ထားတာဆိုတော့ အခု အခွင့်ကောင်းတုန်း ရောင်းလိုက်တာ ပိုမကောင်းဘူးလား!
ပြီးတော့ အဲဒီဧည့်သည်က ပိုက်ဆံလည်း ရှိတယ်၊ လိမ်မယ့်လူမျိုးလည်း မဟုတ်ဘူး!”ချင်းယွင်ကျစ် တည်းခိုခန်းဝင်လာချိန်က သူမ သတိထားကြည့်လိုက်မုသည်။ ထို့နောက်တွင် တစ်ဖက်လူက စစ်တပ်နှင့် ပတ်သက်သူတစ်ဦး ဖြစ်နေသည်ကို တွေ့ခဲ့ရလေ၏။
ထို့ကြောင့်ပင် ထိုသူက လိမ်လည်မည့်သူ မဟုတ်ကြောင်းကို သူမ အခိုင်အမာ ယုံကြည်နေခြင်းဖြစ်ပေသည်။