အခန်း (၁၆၂)
Vol. 17 Ch. 162
ခေါင်းဆောင်ဟောင်းမှ လင်းရန် ချက်ထားသည့် ဆန်ခေါက်ဆွဲအား အကြိုက်ဆုံးဟု ပြောလိုက်သည့်အတွက်ကြောင့် နောက်ဆုံးရလဒ်မှာလည်း ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့ပြီဖြစ်သည်။
စားပွဲရှိ လူငယ်များနှင့် ဆွေမျိုးများမှာ မည်သို့မှ ထပ်၍ မပြောနိုင်တော့ပေ။
သူတို့ အနေဖြင့် အခြားဟင်းလျာများအား ကြိုက်နှစ်သက်နေလျှင်ပင်
ခေါင်းဆောင်ဟောင်းမှ ဆန်ခေါက်ဆွဲအား ကြိုက်နှစ်သက်နေသည့်အတွက် ရွေးချယ်ခံရသည့် စားဖိုမှူးမှာ လင်းရန်ဖြစ်ကြောင်း သေချာနေပေသည်။
ယနေ့၏ အရေးကြီးသည့်ကိစ္စ ပြီးမြောက်သွားပြီဖြစ်၍ လူတိုင်းက သိမ်းဆည်းကာ ပြန်ဖိိ့အတွက် အချိန်ကိုရောက်ရှိလာခဲ့ပေပြီ။
အခြားသူများက ထွက်ခွာခါနီးအချိန်၌ လင်းရန်အား အကြိမ်အနည်းငယ်မျှ ထပ်၍ ကြည့်မိကြသည်။
သူတို့၏ စိတ်ထဲမှ ပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ လင်းရန်အား ဂုဏ်ပြုကြောင်း ပြောလာခဲ့ကြသည်။
ထို့အပြင် တချို့သူများက
လင်းရန်အား မေးမြန်းချင်စိတ်ကို မထိန်းနိုင်ဖြစ်ကာ တီးတိုးမေးလာကြသည်။
“ကောင်မလေး၊ ခေါင်းဆောင်ဟောင်းက ဒီအစားအစာကို ကြိုက်မယ်ဆိုတာ မင်းဘယ်လိုသိတာလဲ၊ အရင်က တိတိကျကျ မေးခဲ့ဖူးတာလား?”
သူတို့ ပြန်၍ စဉ်းစားကြည့်မိသည့်အခါ၌ စိတ်ထဲ၌ အနည်းငယ် ဒေါသထွက်မိသည်။
သူတို့သည်လည်း ဤအသေးစိတ်အချက်အလက်များကို ယခင်ကတည်းက ကြိုတွေးမိခဲ့မည်ဆိုပါက ဤတစ်ကြိမ် သူတို့၏အလုပ်သည် သေချာပေါက်ပင် အောင်မြင်ပေလိမ့်မည်။
သူတို့က လင်းရန် ချက်ထားသည့်
ဆန်ခေါက်ဆွဲအား မစားခဲ့ရသည့်အတွက်ကြောင့် လင်းရန်သည်ကား ကံကောင်း၍သာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်ဟု ထင်နေကြဆဲပင်။
လင်းရန်လည်း သူတို့၏ မျက်လုံးထဲမှ အကြည့်ကို နားလည်ပေသည်။
သို့သော် သူမအနေဖြင့် သူတို့အား ရှင်းပြရမည်ကို အလွန်ပျင်းရိသည်။ ထို့ကြောင့် ပြုံးပြကာ ပြန်၍ဖြေလိုက်ရသည်။
“ကျွန်မက ခေါင်းဆောင်ဟောင်းရဲ့ မွေးရပ်မြေက ဘယ်မှာလဲဆိုတာပဲ မေးခဲ့တာပါ၊ ကျန်တာတော့ မသိပါဘူး၊ ဒီဆန်ခေါက်ဆွဲကို ကျွန်မလည်း တိုက်တိုက်ဆိုင်ဆိုင် ချက်တတ်နေခဲ့တယ်လေ၊ ကံကောင်းလို့သာ ခေါင်းဆောင်ဟောင်းဆီက ချီးကျူးမှုကို ရခဲ့တာပါ၊”
ခေါင်းဆောင်ဟောင်း၏ မွေးရပ်မြေ မည်သည်နေရာ၌ရှိသည်ကို မေးခဲ့ခြင်းကပင်လျှင် စဉ်းစားဥာဏ်ရှိသည်ဟု ယူဆရပေတော့မည်။
မည်သို့ပင်ဖြစ်စေ ဒေသတိုင်း၏
ဓလေ့ထုံးတမ်းများမှာ မတူညီကြသည့်အတွက် ကြိုက်နှစ်သက်သည့် အရသာများမှာလည်း မတူညီကြပေ။
လူတိုင်းသည်ကား နောက်တစ်ကြိမ်ဤသို့ အခြေအနေနဲ့ကြုံရမည်ဆိုပါက ဤမေးခွန်းများကို ကြိုတင်မေးရမည်ဟု တီးတိုးပြောဆိုကြပြီးသည့်နောက်၌ ခေါင်းဆောင်ဟောင်း၏ အိမ်မှ တဖြည်းဖြည်း ထွက်ခွာသွားခဲ့ကြသည်။
ခဏအကြာတွင် လူတိုင်းနီးပါး ထွက်သွားကြပြီဖြစ်ပြီး အခန်းထဲ၌ ခေါင်းဆောင်ဟောင်းနှင့်
သူ၏မိသားစု ဆွေမျိုးများ၊ လင်းရန်၊ လီကျင်းခမ်းနှင့် အခြားသူများသာ ကျန်ခဲ့တော့သည်။
အမှန်တကယ်တွင် လော်ပင်းလည်း ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သူသည်က အထဲသို့ မဝင်လာခဲ့သည့်အတွက်ကြောင့် လူတိုင်းက သူ့အား မေ့သွားခဲ့ကြခြင်းဖြစ်ပေသည်။
တုန်လိလိက လော်ပင်းအတွက် အကြောင်းအရာကို တွေးမိသော်လည်း လင်းကျန်းဖူ ရှိနေဆဲဖြစ်သည်ကို မြင်သည့်အခါ၌ လော်ပင်းအား အထဲသို့ မခေါ်ဝံ့တော့ပေ။
တခြားသူများ မရှိတော့သည်ကို မြင်လိုက်ရပြီးနောက် ခေါင်းဆောင်ဟောင်းက လင်းရန်တို့ကို ခေါ်လိုက်လေသည်။
ခေါင်းဆောင်ဟောင်းမှာ ယခုအချိန်ထိ သူ၏စိတ်ထဲ၌ ထူးဆန်းနေဆဲပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤမျှလောက်ငယ်ရွယ်သည့်
မိန်းကလေးတစ်ဦးသည်က သူ၏ မွေးရပ်မြေမှ စစ်မှန်သည့် ဆန်ခေါက်ဆွဲက်ု ချက်ပြုတ်နိုင်ခဲ့သည့်အတွက်ကြောင့်ဖြစ်ပေသည်။
လင်းရန် ရောက်လာသည့်အချိန်တွင် ခေါင်းဆောင်ဟောင်းက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ကလေးမလေး၊ ဒီဆန်ခေါက်ဆွဲကို ချက်ဖို့ ဘယ်လိုမျိုး စိတ်ကူးရခဲ့တာလဲ၊မင်းက ငါ့မွေးရပ်မြေကလား?”
လင်းရန်က ချက်ချင်းပင်
ခေါင်းယမ်းကာ အပြုံးနှင့် ရှင်းပြလိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်မက ဒီလိုဆန်ခေါက်ဆွဲမျိုးကို အရင်က စားဖူးတယ်လေ၊ နောက်တော့ ဦးလေးလီ ပြောပြလို့ ခေါင်းဆောင်တို့ မွေးရပ်မြေကလည်း အဲဒီဘက်မှာပဲဆိုတာကို သိခဲ့ရတယ်၊ ဒါကြောင့် ခေါင်းဆောင် စားဖို့ တစ်ပန်းကန် ချက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ”
ခေါင်းဆောင်ဟောင်း၏ အစာစားချင်စိတ် သိပ်မကောင်းသည်ကို သူမ ရိပ်မိကြောင်းကိုမူ မပြောပြလိုက်တော့ပေ။
ယခင်က သူမ မြို့ပြ၀န်းကျင်၌ နေခဲ့ဖူးသည်ကို စဉ်းစားမိလျှင် အနည်းငယ် ကံကောင်းသည်ဟု ခံစားမိသည်။
မြို့ပြသည်က ပို၍ ကျယ်ပြန့်သည့် ကမ္ဘာကြီးနှင့် ထိတွေ့မှုရှိနေခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူမ၏
အကြောင်းပြချက်အား ပြောလိုက်လျှင် မည်သူကမှ သူမအား
သံသယဝင်ကြမည် မဟုတ်ပေ။
ခေါင်းဆောင်ဟောင်းမှာ လင်းရန်၏ စကားကို ကြားရလျှင် အနည်းငယ်မျှ စိတ်ပျက်သွားသော်လည်း သူ့အနေဖြင့်နားလည်နိုင်ပေသည်။
စိတ်ပျက်ရသည့်အကြောင်းမှာကား သူ၏ ဇာတိမြေမှ သူများနှင့်
မတွေ့ဆုံရသည့်အတွက်ကြောင့်ပင် ဖြစ်ချေသည်။
သို့သော် စဉ်းစားကြည့်လျှင်
လင်းရန်ဆိုသည့်မိန်းကလေးက ဤခေါက်ဆွဲကို တစ်ခါမျှသာ စားဖူးပြီး
ဤကဲ့သို့သော အရသာမျိုးကို ပြန်၍ ဖန်တီးချက်ပြုတ်နိုင်ခဲ့သည်။
ဤကဲ့သို့ ချက်ပြုတ်ရာ၌ ထူးချွန်သည့်အရည်အချင်းမှာ အမှန်တကယ်ပင် ရှားပါးပေသည်။
လင်းရန်သည်ကား ခေါင်းဆောင်ဟောင်းမှ သူမအား ထပ်၍ ချီးကျူးသည်ကို ရှက်ရွံ့ခြင်းမရှိဘဲ နားထောင်နေခဲ့သည်။
လင်းရန်၏ အခြေအနေကို အကြမ်းဖျင်း သိရှိပြီးသည့်နောက်၌ ခေါင်းဆောင်ဟောင်းက လင်းရန်အား မွေးနေ့ပွဲအတွက် ဟင်းပွဲများအကြောင်းကို ပြောပြခဲ့လေသည်။
ခေါင်းဆောင်ဟောင်း၏တောင်းဆိုချက်မှာ
အမှန်တကယ်တော့ အလွန်ပင်ရိုးရှင်းလွန်းပေသည်။
သူက ဖြုန်းတီးခြင်းနှင့် မလိုအပ်ဘဲ အပိုကုန်ကျခြင်းမရှိစေဘဲ ယနေ့ကဲ့သို့ပင် ရိုးရှင်းစွာ ချက်ပြုတ်ပေးရန် နှင့် ဇာတိအငွေ့အသက်များပါဝင်ပြီး ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မရွေး နှစ်သက်စေရန်သာဖြစ်သည်။
ဤတောင်းဆိုချက်သည်က ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် ကောင်းမွန်စွာလုပ်ဆောင်ရန် အတော်လေးပင် ခက်ခဲပေသည်။
လူတိုင်းကို စိတ်ကျေနပ်စေရန်အတွက် ချက်ပြုတ်နိုင်ဖို့ဆိုသည်က မလွယ်ကူပါချေ။
သို့သော် လင်းရန်အတွက်တော့
ဤသည်မှာ ပြဿနာမရှိပေ။
သူမတွင် တခြားစွမ်းရည်များမရှိသော်လည်း ချက်ပြုတ်ရန်အတွက်မူ
စိတ်ကူးဉာဏ်များ ပြည့်နှက်နေပေသည်။
အရေးအကြီးဆုံးအချက်မှာ သူမအနေဖြင့် ခေါင်းဆောင်ဟောင်း နှစ်သက်သည့် အရသာကိုသာ ဂရုစိုက်ချက်ပြုတ်ရန် လိုအပ်ပေသည်။
ယနေ့ လာခဲ့ကြသည့်လူတိုင်းသည်က
ခေါင်းဆောင်ဟောင်းအတွက်သာ
လာခဲ့ကြသည့်အတွက်ကြောင့် သူ့အား စိတ်ကျေနပ်အောင်လုပ်နိုင်မည်ဆိုပါက အခြားသူများလည်း မည်သို့မှပြောနိုင်မည်မဟုတ်ပါချေ။
“ကောင်းပါပြီ၊ ကျွန်မ နားလည်ပါပြီ၊
ဟင်းပွဲတွေကို စီစဉ်ပြီးရင် ခေါင်းဆောင်ဟောင်းနဲ့
အတည်ပြုပါ့မယ်၊ အဲဒီအချိန် မသင့်တော်ဘူးလို့ ထင်ရင် ထပ်ပြီးပြောင်းလဲလိုက်ပါ့မယ်”
“ကောင်းပါပြီ!”
ဟင်းပွဲများအား သူ၏ စိတ်သဘောအတိုင်း စီစဉ်ထားမည်ဖြစ်ပြီး လိုအပ်လျှင် အပြောင်းအလဲပင် လုပ်ပေးနိုင်သည်ဟု ကြားရသည့်အချိန်၌ ခေါင်းဆောင်ဟောင်းမှာ
အလွန်အမင်း စိတ်သက်သာရာရသွားကာ သဘောတူလိုက်လေသည်။
လင်းရန်အား ချီးကျူးပြီးသည့်နောက်၌ ခေါင်းဆောင်ဟောင်းင သူ၏ဘေးတွင်ရှိနေသော လီကျင်းခမ်းအား ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
“ရှောင်လီ၊ ဒီတစ်ခေါက်တော့ မင်း တကယ်ကို ကြိုးစားထားတာပဲ”
လီကျင်းခမ်းသည်လည်း လျင်မြန်စွာ လက်ယမ်းပြပြီး ပြန်၍ပြောလိုက်လေသည်။
“ခေါင်းဆောင် ပျော်နေရင် ရပါပြီ!
ဒါက တကယ်တော့ တိုက်ဆိုင်မှုတစ်ခုလို့တောင်ဆိုရမှာ၊
ကျွန်တော့်ရဲ့ယောက်ဖက မကြာသေးခင်ကမှ ကျွန်တော်တို့ရါ့အိမ်မှာ ကူညီချက်ပြုတ်ပေးဖို့အတွက်ဆိုပြီး ရှောင်လင်းကို ခေါ်လိုက်တာလေ၊
အဲဒီအချိန်တုန်းက အစားအသောက်တွေက တကယ်ကို အဆင်ပြေခဲ့တာလေ၊ ဒါကြောင့် ခေါင်းဆောင်ရဲ့ ကိစ္စကို တွေးမိခဲ့တာ၊ ဒါက တကယ်ကို ကံကြမ္မာနဲ့ ဘုရားသခင်ရဲ့ အလိုတော်ပါပဲ”
ထိုစကားများ ထွက်ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ချန်ဝမ်ကလည်း အချိန်ကိုက်ရောက်ရှိလာခဲ့သည်။
ခေါင်းဆောင်က ထိုစကားကို ကြားလိုက်ရလျှင် ပြုံးလိုက်မိပြီး ချန်ဝမ်အား ကျေးဇူးတင်စကား ပြောလိုက်သည်။
ချန်ဝမ်ကတော့ အံ့အားသင့်နေခဲ့ကာပျော်ရွှင်၀မ်းသာမှုကို ဖုံးကွယ်မထားနိုင်တော့ပေ။
သူသည်ကား ခရိုင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ခေါင်းဆောင်နှင့် စကားပြောခွင့်ရလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့ဖူးပါချေ။
ခေါင်းဆောင်ထံမှ ကျေးဇူးတင်စကားကြားဖို့ရန်ဆိုသည်က ပို၍ပင် ဝေးကွာလွန်းပေသေးသည်။
“ရပါတယ် ခေါင်းဆောင်၊ ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ ကျွန်တော် အခုလိုမျိုး ကူညီနိုင်တာကပဲ ဂုဏ်ယူစရာပါ၊
နောက်ပြီး အဓိကတာဝန်ယူခဲ့တဲ့သူက ကျွန်တော်တို့ရဲ့ စားဖိုမှူး ရှောင်လင်းပဲလေ! ရှောင်လင်းက အသက်ငယ်ပေမယ့် သူမရဲ့ ဟင်းချက်စွမ်းရည်က ဘယ်သူ့ထက်မဆို ပိုကောင်းပါတယ်၊
သူမကို မချီးကျူးတဲ့သူဆိုပြီး တစ်ယောက်မှ မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ မိသားစုဆိုရင် သူမ ချက်တဲ့
ဟင်းပွဲတွေကို အခုထိတောင် သတိရနေကြတုန်းပဲ”
ဆန်ခေါက်ဆွဲအား စားခဲ့သည့် ခေါင်းဆောင်ဟောင်းတို့ ဇနီးမောင်နှံလည်း ထိုအချက်ကို သဘောတူခဲ့သည်။ သူတို့သည်လည်း လင်းရန်၏ လက်ရာမှာ အလွန်ကောင်းသည်ကို သဘောတူကြပေသည်။
သို့သော်လည်း ဆန်ခေါက်ဆွဲကို မစားခဲ့ရသည့် အနီးအနားမှ တခြားသူများမှာကား ချန်ဝမ်၏ စကားများသည်က အလွန်ချဲ့ကားလွန်းသည်ဟု တွေးထင်ခဲ့ကြသည်။
ဤမိန်းကလေးငယ်၏ အချက်အပြုတ်သည်သာ အမှန်တကယ်ပင် ဤမျှလောက်
အရသာရှိသည်ဆိုပါက
အဘယ်ကြောင့် သူမ၏နာမည်ကို သူတို့ မကြားဖူးရသနည်း။
ယနေ့ တခြားသူများ ခေါ်လာသည့် စားဖိုမှူးများထဲမှ တချို့မှာ မြို့ထဲမှ
အထူးတလည်ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
သို့သော်လည်း ခေါင်းဆောင်ဟောင်းမှ လင်းရန်အား ဤမျှလောက်အထိ ချီးကျူးနေသည်ကို မြင်သည့်အခါ၌
သူတို့အနေဖြင့် သံသယများ ပြည့်နေသော်ငြားလည်း မည်သို့မှ မပြောနိုင်ကြပေ။
မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်ဟောင်း ကျေနပ်ပျော်ရွှင်နေလျှင် ရပြီဟုသာ တွေးလိုက်ကြသည်။
တခြားသူများက ထိုကဲ့သို့ တွေးနိုင်ကြသော်လည်း တုန်လိလိမှာမူ လင်းရန်နှင့်လင်းကျန်းဖူတို့ ချီးကျူးခံနေရသည်ကို ကြည့်ကာ စိတ်ထဲ၌ အလွန်အမင်းပင် မပျော်မရွှင်ဖြစ်နေခဲ့သည်။
သူမက မူလကတည်းက လော်ပင်းကြောင့် လင်းကျန်းဖူကို အမြင်မကြည်ခဲ့ပေ။
ယခုလည်း လင်းကျန်းဖူသည်က မည်သည်မှမလုပ်ဘဲ လင်းရန်၏ ဆက်ဆံရေးကို အသုံးချကာ ချီးကျူးခံနေရသည့်အတွက်ကြောင့်
သူမ ပိုမို၍ မပျော်မရွှင်ဖြစ်လာသည်။
သူမ၏ဘဝတွင် အဆိုးမြင်မှုများကို သိပ်ပြီးမကြုံခဲ့ရသကဲ့သို့ သူမတွင် စိတ်ဆိုးလွယ်သောစိတ်နေသဘောထားလည်း ရှိသည်။
သူမကိုယ်သူမ မည်မျှပင်
ထိန်းချုပ်ရန် ကြိုးစားနေစေကာမူ
နောက်ဆုံး၌ လင်းကျန်းဖူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်သည့်အခါတွင် မထိန်းချုပ်နိုင်တော့ဘဲ အလွန်အမင်း ဒေါသထွက်လာခဲ့သည်။
သို့နှင့် သူမ၏ ဒေါသက ပေါက်ကွဲထွက်လာကာ လင်းကျန်းဖူအား ပြောလိုက်သည်။
“ရဲဘော် ရှောင်လင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊
ဆန်ခေါက်ဆွဲတစ်ပန်းကန်လောက်လေးကို ချက်ပြုတ်ပြီး ကျွန်မရဲ့ အဘိုးကို စိတ်ကျေနပ်အောင်လုပ်နိုင်တယ်၊
အသက်ငယ်ငယ်လေးနဲ့ တကယ်ကို တော်တဲ့ စားဖိုမှူးတစ်ယောက်ပဲမလား၊ ဒါဆို သူမရဲ့ ဘေးမှာရှိနေတဲ့ ရဲဘော်လည်း တကယ်တော်တဲ့ စားဖိုမှူးတစ်ယောက်ပဲ ဖြစ်ရမယ်၊
အခု ကျွန်မရဲ့ ချစ်သူက ထမင်းမစားရသေးဘူးဆိုတာကို ရုတ်တရက် သတိရသွားလို့ ဒီရဲဘော်ကို တစ်ခုခု ချက်ပြုတ်ပေးဖို့ ကူညီပေးပါလို့ တောင်းဆိုလို့ရမလား မသိဘူး”
တုန်လိလိ၏ ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့လေသည်။
နေရာတွင်ရှိနေသော တခြားသူများအုးလုံးမှာ တုန်လိလိထံသို့ အံ့ဩပြီး ရှုပ်ထွေးသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
*