အခန်း (၇၆)
Vol. 8 Ch. 76
မြို့တွင် ကေဒါတစ်ယောက်၏ဇနီးအဖြစ် နှစ်အတော်ကြာ နေထိုင်ခဲ့ရပြီးနောက် လီရှို့လီထံတွင် စုနရှို့ထဲမှရရှိခဲ့သေ အကျင့်များဖြစ်ပေါ်လာခဲ့ပြီး မျက်နှာရရှိခြင်းကို သဘောကျလာခဲ့သည်။
ယခုတွင် လင်းမိသားစု၏ ချွေးမဖြစ်သူက သူမအား ဤကဲ့သို့ ကြိမ်းမောင်းနေသောကြောင့် လီရှို့လီတစ်ယောက် နှလုံးရောဂါဖြင့် သေလုနီးပါး ဖြစ်နေသကဲ့သို့ ခံစားလာရသည်။
စုန့်ဝေ့မှာ တံမြတ်စည်းဖြင့် အရိုက်ခံရမည့် အဖြစ်အပျက်ကြောင့် မူလတွင် ဒေါသထွက်နေခဲ့ရသည်။ သို့သော် ယခု လီရှို့လီ၏ ငိုကြွေးသံကပါ သူ၏နားထဲသို့ ဝင်လာသောအချိန်တွင် သူ့နှလုံးသားက ပို၍ပင် ဒေါသထွက်လာပြီး ပေါက်ကွဲလုနီးပါးဖြစ်နေခဲ့လေသည်။
သို့သော် သူ့သမီး စုန့်စစ်ယွီ၏ အနာဂတ်ကို တွေးမိသောအချိန်တွင်တော့ သူ၏ လက်ရှိအလွန်ရှက်စရာကောင်းသည့် အခြေအနေကနှိုင်းယှဉ်နိုင်မည်မဟုတ်ကြောင်း တွေးတောကာ စုန့်ဝေးတစ်ယောက် အံကြိတ်ကာ ဆက်လက်သည်းခံနေခဲ့ရသည်။
အကျီလက်အောက်တွင် တွဲလျောင်းကျနေသော လက်များကတော့ လက်သီးကို တင်တးင်းဆုတ်လိုက်မိကာ အသက်ပြင်းထန်စွာရှူ၍ ဒေါသကိုမျိုချလိုက်ပြီး လင်းမိသားစုကို ခိုကိုးရာမဲ့သည့်ပုံဖြင့် ပြုံးပြလိုက်သည်။
“ဒီနေ့ ကျွန်တော်တို့ရဲ့ ရုတ်တရက်လာရောက်လည်ပတ်မှုက လူတိုင်းကို အနှောင့်အယှက် ဖြစ်စေမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ရှို့လီရဲ့ စိတ်အားထက်သန်မှုကို ငဲ့ညှာပြီးတော့ ရန်ရန်နဲ့ စကားပြောခွင့်ပေးပါဦး”
“ရန်ရန်က ငယ်ငယ်လေးကတည်းက ရှို့လီနဲ့ အတူလိုက်လာခဲ့တာပါ၊ ဒီတစ်ခေါက် သူ ကျေးလက်ဒေသကိုသွားရတာကလည်း ရှို့လီမသိခဲ့ဘဲ ဖြစ်သွားတဲ့ကိစ္စကြောင့်ပါပဲ၊
ဒါကြောင့် ရက်နည်းနည်းကြာတော့ သူမက သူ့သမီးမရှိဘဲ အထီးကျန်မှုကို မခံနိုင်တော့တဲ့အတွက် ရန်ရန်ကို ပြန်ခေါ်သွားလို့ ရနိုင်မလားဆိုပြီး လာကြည့်တာပါ”
“ကျွန်တော်တို့ နှစ်ယောက်ရဲ့လာရင်းအကြောင်းကိစ္စကို မင်းတို့နားလည်မှု လွဲနေတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒီနှစ်တွေမှာ ကျွန်တော် ရန်ရန်ကို ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာကို သိလိမ့်မယ်ထင်တယ်၊
ပြီးတော့ အရင်က ရန်ရန်ကို ဒီမှာနေခိုင်းဖို့ထက် ပိုပြီးကောင်းမွန်တဲ့နည်းလမ်းကို ရှာမတွေ့ခဲ့တဲ့အတွက်ကြောင့် ဒီကိုစေလွှတ်ပေးလိုက်ရတာက အမှန်ပဲ၊
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ရန်ရန် မြို့ထဲမှာနေပြီးတော့ မြို့ထဲမှာအလုပ်လုပ်ဖို့အတွက် ကျွန်တော် နည်းလမ်းကောင်းတစ်ခု ရှာတွေ့ခဲ့ရတယ်၊ သူ့အနေနဲ့ ဒီလိုအခွင့်အရေးကို လက်မလွှတ်သင့်ဘူးလို့ ကျွန်တော်ထင်တယ် ဒါကြောင့်ပဲ သူ့ကို လာရှာရတာပါ”
စုန့်ဝေ့ပြောခဲ့သည့် အစပိုင်း စကားလုံးများနှင့် ယှဦ်လိုက်မည်ဆိုလျှင် နောက်ဆုံးပြောခဲ့သည့်စကားက အအောင်မြင်ဆုံးသာဖြစ်ပြီး သူ့ပတ်ဝန်းကျင်မှ လူများသာမက လင်းမိသားစုကိုပင် အံ့အားသင့်စေခဲ့သည်။
စုန့်ဝေ့ရဲ့ စကားတွေအရဆိုရင် မြို့ထဲမှာလင်းရန်အတွက် သင့်တော်တဲ့ အလုပ်တစ်ခုကို ရှာတွေ့ခဲ့တာလား?
မြို့ပေါ်မှာ အလုပ်လုပ်ရတာက သံပန်းကန်နဲ့ ထမင်းတစ်ပန်းကန်စားရသလိုမျိုး အာမခံချက်ရှိတယ်။ အလုပ်ဌာနကပေးတဲ့ လစာကလည်း ရသေးတယ်။
ဒါက ကောင်းမွန်လွန်းတဲ့ ကိစ္စပဲ!
ဒါက ကျေးလက်ဒေသမှာနေပြီး ပညာတက်လူငယ်တစ်ယောက်အဖြစ် အလုပ်လာလုပ်နေရတာထက် အများကြီး ပိုကောင်းတယ်မဟုတ်ဘူးလား?
ပတ်ဝန်းကျင်ရှိ လူများအားလုံးက ခေတ္တလောက် လင်းမိသားစုကို မနာလိုစိတ်ဖြင့် ကြည့်လာခဲ့ကြသည်။
သို့သော်လည်း လင်းမိသားစုကတော့ စုန့်ဝေ့နှင့် လီရှို့လီတို့ကို အမူအရာမဲ့စွာဖြင့်သာ ကြည့်နေခဲ့ပြီး သူတို့၏ မျက်လုံးများက စိတ်ယိုင်မှုအရိပ်အယောင်ကို အနည်းငယ်ပင် ထုတ်ဖော်မပြဘဲ ကြည့်နေခဲ့ကြသည်။
ဘာဖြစ်နေတာလဲ!
သူတို့က ရူးနေတာပဲဖြစ်ရမယ်!
ကောင်းမွန်တဲ့အလုပ်ဟုတ်လား?
ဒီနှစ်ယောက်က သူတို့လင်းမိသားစုကို တကယ်ကြီး ငတုံးတွေလို့ ထင်နေတာ မဟုတ်ဘူးလား?
အခုခေတ်ကာလမှာ အလုပ်အကိုင်ကောင်းတွေက ဒီလောက် မြန်မြန်ရှာနိုင်မယ်ဆိုရင် ကျေးလက်ဒေသမှာ ပညာတတ်လူငယ်တွေ အများကြီးရှိနေမှာမဟုတ်ဘူး!
စုန့်ဝေ့နဲ့ လီရှို့လီတို့က လင်းရန်ကို အသိမပေးဘဲ ကြင်ဘက်ချိန်းတွေ့တဲ့နေရာကို ခေါ်သွားခဲ့တဲ့အကြောင်းကို သူတို့ ရှာဖွေတွေ့ရှိထားပြီးပြီ။
အခု သူတို့တွေက သူမအတွက် အလုပ်ကောင်းတစ်ခုကို အမြန်ရှာတွေ့ခဲ့ပြီဆိုတဲ့စကားကိုသုံးပြီး သူမကို မြို့ထဲကို ပြန်ခေါ်သွားချင်နေတာလား?
စုန့်ဝေ့နှင့် လီရှို့လီတို့က လင်းရန်ကို ခေါ်ဆောင်ရန် ပို၍ စိတ်ပြီးဇောကြီးနေသည်ကိုမြင်တွေ့နေရလေလေ လင်းမိသားစုက သူတို့ထံတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ဟု ယုံကြည်လေလေသာဖြစ်သည်။
စုန့်ဝေ့မှာ သူ့ဘက်မှ ထိုစကားများကိုပြောပြီးနောက် လင်းမိသားစု၏ သဘောထားများက ပိုကောင်းလာလိမ့်မည်ဟု တွေးထင်ထားခဲ့မိသည်။
သို့သော်လည်း သူတို့၏ မတုန်မလှုပ်အကြည့်များကို မြင်လိုက်ရသော် စုန့်ဝေ့၏ရင်ထဲတွင် ရုတ်တရက် မကျေမနပ်ဖြစ်လာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်မှာပင် လင်းရန်က အခန်းမှ ပြန်ထွက်လာသာည်ကို စုန့်ဝေ့ မြင်တွေ့လိုက်ရသည်။
သူမက သူပြောသည့်စကားကို ကြားလိုက်ပုံရပြီး စုန့်ဝေ့ကို အံ့သဩစွာဖြင့် ကြည့်လိုက်သည်။
“အန်ကယ်စုန့်၊ အန်ကယ် ပြောတာအမှန်ပဲလား၊ သင့်တော်တဲ့အလုပ် ရှာတွေ့ပြီလား?”
ဤသည်ကိုမြင်သောအခါ စုန့်ဝေ့က လင်းရန်ကို အလျင်အမြန် ပြုံးပြပြီး ပြောလိုက်သည်။
“ဟုတ်တယ် ရန်ရန်၊ အန်ကယ်စုန့်က ဒီရက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှုပ်နေတာလေ၊ အခု ကိစ္စပြီးသွားလို့ မင်းအတွက် စာရင်းသွင်းပေးဖို့ မစောင့်နိုင်တော့ဘူးဖြစ်နေတာ၊ အခုက ငါ မင်းအတွက် အလုပ်ကို တိုက်ရိုက် သွင်းပေးလိုက်ရပြီ၊ ဒါကြောင့် မင်းကိုအိမ်ပြန်ခေါ်ဖို့ လာခဲ့တာ”
“အိမ်မှာ အားလုံးစီစဉ်ပြီးပြီ၊ အခု အိမ်နီးနားချင်းတွေ အတင်းအဖျင်းပြောမှာကို မင်းစိတ်ပူစရာ မလိုတော့ဘူး၊ မင်းစိတ်အေးချမ်းသာစွာနဲ့ မြို့ထဲမှာနေလို့ရတယ်!”
“ဝိုး အန်ကယ်စုန့်က အရမ်းတော်တာပဲ!”
လင်းရန်က ‘ဝိုး’ဟူသောအသံကို ကျယ်လောင်စွာ ပြောထွက်လိုက်ပြီး သူ၏ အံ့အားသင့်သော အကြည့်ကလည်း စုန့်ဝေ့၏ နှလုံးသားကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။
လင်းရန်က သွေးဆောင်ခံရနိုင်သည်ဟု သူခံစားမိသည်။
ဘေးနားရှိ လင်းမိသားစုကပင် မျက်မှောင်ကြုတ်လိုက်မိကာ လင်းရန်ကို စိုးရိမ်တကြီးဖြင့် ငကြည့်နေကြလေသည်။
“ရန်ရန်......”
သူလှည့်စားတာ မခံရစေနဲ့!
ရလဒ်အနေဖြင့် လင်းမိသားစုက တခြား မည်သည့်စကားမျှ မပြောနိုင်မီတွင် လင်းရန်က နောင်တရနေသော အကြည့်ဖြင့် ပြောလာသည်။
“အဲဒီမှာ အလုပ်ကောင်းတွေရှိနေပြီဆိုတော့ အစ်မစစ်ယွီအတွက် ပေးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်မက အခု ကျေးလက်ဒေသကို ရောက်လာပြီဆိုတော့ ပြန်သွားလို့မရတော့ဘူး”
ဘာလဲ?
“လင်းရန် မင်းရူးနေတာလား? မြို့ထဲမှာ အလုပ်ရှိနေသေးတောင် မင်းက ဒီမှာနေချင်သေးတာလား? မင်ရဲ့ အန်ကယ်စုန့်က မင်းအတွက် အဆုံးထိလုပ်ပေးခဲ့ရတယ်ဆိုတာ မင်းသိလား-“
“လီရှို့လီ ၊ မင်းဘယ်သူတွေကို အော်နေတာလဲ? အရူးဖြစ်နေတဲ့သူက မင်းပဲလို့ငါထင်တယ်!
လီရှို့လီက လင်းရန်ကို ကြိမ်းမောင်းနေသည်ကိုကြားသောအခါတွင် အဘွားလင်းက ပြန်လည် ဟောက်လိုက်ပြီး လီရှို့လီကို အောင်အောင်မြင်မြင် အားနည်းသွားစေခဲ့သည်။
“ကျွန်မက ဘာဖြစ်လို့ရူးနေရမှာလဲ? အမေ၊ အမေပြောတာက အရမ်းကျောချမ်းစရာကောင်းတာပဲ၊ ကျွန်မက ကျွန်မရဲ့အစ်မကို အခွင့်အရေးကောင်းတစ်ခု ပေးခဲ့တာ မဟုတ်ဘူးလား?
အမေပဲအမြဲတမ်းပြောခဲ့တာပဲလေ၊ ကျွန်မရဲ့ အစ်မကို အိမ်မှာ အစစအရာရာ ဂရုစိုက်ခွင့်ပေးရမယ်၊ ကျွန်မရဲ့အစ်မကို အရင်ဦးစားပေးရမယ်၊ အခု ကျွန်မရဲ့အစ်မအတွက် ဒီလောက်အခွင့်အရေးလေး စွန့်လွှတ်လိုက်တာကို အခု သမီးကို ဘာလို့ ဆူနေတာလဲ…”
လင်းရန်က အလွန်အမင်း မှားယွင်းခံနေရသလို ခံစားနေမိခဲ့သည်။
လီရှို့လီမှာ အိမ်တွင်ရှိနေသည့် အချိန်တုန်းက လင်းရန်အား စုန့်စစ်ယွီကို အလျှော့ပေးဖို့အတွက် အမြဲတမ်းတောင်းဆိုခဲ့သည်။
ဒါပေမယ့် အခုချိန်မှာကျမှ ဒီကောင်မလေးက ဒီကိစ္စကို အဲဒီအကြောင်းအရာတွေနဲ့ နှိုင်းယှဥ်နေတာလား?!
“ငါ…အိုး...အဲဒါက ဘယ်လိုလုပ်ပြီး ဒီကိစ္စနှင့် တူညီနေရမှာလဲ?!”
လီရှို့လီမှ စုန့်မိသားစုတွင်ရှိစဉ် လင်းရန်အား ထိုသို့သောစကားများပြောထားသည်ကို ကြားလိုက်ရသောအခါတွင် လင်းမိသားစုက သူမကို ပို၍ပင် ရွံရှာသွားခဲ့သည်။
သူမက သူမရဲ့သမီးအရင်းကို ဦးစားမပေးတဲ့အပြင် သူမရဲ့ မျက်လုံးတွေထဲမှာ သူမရဲ့လင်ပါသမီးက ပိုပြီးတန်ဖိုးကြီးတယ်လို့တောင် သဘောထားခဲ့တာလား?
လီရှို့လီရဲ့ ဦးနှောက်က မြည်းတစ်ကောင်ဆီမှာ အကန်ခံလိုက်ရတာဖြစ်နေမှာကိုတောင် ကြောကာ်မိတယ်!
“ဘာတွေများ ကွာခြားနေလို့လဲ? အမေဘဲ ကျွန်မတို့နှစ်ယောက်လုံးက အမေရဲ့သမီးတွေလို့ ပြောခဲ့တာ မဟုတ်ဘူးလား?”
လင်းရန်က ရေရွတ်လိုက်ပြီးထပ်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျွန်မမပြန်ဘူး၊ ကျွန်မ ဒီမှာ ကောင်းကောင်းနေ,နေတယ်၊ အမေတို့နှစ်ယောက် သမီးအတွက် စိတ်ပူစရာမလိုဘူး၊ အမေ ကျွန်မကိုလွမ်းရင် ဒီနေ့လိုမျိုး ကျွန်မကို လာတွေ့လို့ရတယ်”
သေချာတာပေါ့။ ပစ္စည်းတွေများများသယ်လာရင်တော့ အကောင်းဆုံးပါပဲ။
သို့သော် စုန့်ဝေးနှင့် လီရှို့လီက ကျေးလက်ဒေသသို့လာ၍ သူမကိုလာတွေ့သည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်ဖြစ်နိုင်မှန်းကို လင်းရန်သိသည်။
စုန့်ဝေ့က သူမကို နောက်ဘယ်တော့မှ အကူအညီပေးတော့မှာ မဟုတ်လောကငဘူးထင်တယ်။
ဒါကို တွေးကြည့်ရင် တကယ်တော့ နည်းနည်းနှမြောစရာပဲ။
စုန့်ဝေ့က လင်းရန်ကို ပြင်းထန်စွာကြည့်ရင်း သူမ ပြောသည်များက စိတ်ရင်းဖြင့်ပြောသည်လား၊ လှည့်စားလိုနေသည်ဆိုသည်ကို ဆုံးဖြတ်ရန် ကြည့်လိုက်သည်။
သို့သော်လည်း ကံမကောင်းစွာနှင့် ဤကောင်မလေး လင်းရန် ပြောသောစကားက စိတ်ရင်းနှင့်ပြောနေခဲ့ခြင်းပင်ဖြစ်နေကြောင်းကို သူတွေ့ရှိခဲ့ရသည်။
သူမက တကယ်ကြီး သူတို့နဲ့ ပြန်လိုက်ဖို့ မစီစဉ်ထားခဲ့ဘူး!
ဘယ်လိုဖြစ်လို့!
“ရန်ရန် မင်း ဘာလို့ ခဏလောက် သေသေချာချာပြန်မစဉ်းစားတာလဲ၊ မင်းရဲ့အစ်မစစ်ယွီအတွက် ငါထပ်ပြီး အဖြေရှာလိုက်မယ်၊ မင်းရဲ့အမေနဲ့ငါအစိုးရိမ်ဆုံးက မင်းပဲ”
စုန့်ဝေ့က လက်မလျှော့သေးပေ။
“မြို့ကို ပြန်ရောက်တာနဲ့ မင်း အဆောက်အဦးကြီးထဲမှာ ဆက်နေနိုင်တယ်၊ အရသာရှိတဲ့ အစားအသောက်တွေ စားပြီး နေရာမရွေး အချိန်မရွေး အဝတ်အစားအသစ်တွေ ဝတ်လို့ရတယ်၊
ခုနက အန်ကယ်စုန့် မင်းကိုပေးခဲ့တဲ့ ပစ္စည်းတွေအားလုံးကလည်း ကုန်တိုက်တွေမှာ အများကြီးရှိတယ်၊ မင်းလိုချင်သမျှ ဝယ်နိုင်တယ်၊ တကယ်လို့ မင်းသာ ကျေးလက်ဒေသမှာဘဲ နေမယ်ဆိုရင် ဒါတွေကို ရနိုင်မှာမဟုတ်သလို မင်းကြိုက်တဲ့ အဆာပြေမုန့်တွေလည်း မြို့ထဲမှာလို မကြာခဏ စားနိုင်တော့မှာ မဟုတ်ဘူး”
“မင်းသာ ပြန်လိုက်လာမယ်ဆိုရင် အိမ်မှာရှိတဲ့ ကောင်းတဲ့အရာတွေအားလုံးကို မင်းကိုပေးမယ်!”
စုန့်ဝေ့တစ်ယောက် သူ၏ စကားများကြောင့် တခြားသူများကို သဲလွန်စပေးမိသွားမည်ကိုပင် ဂရုမစိုက်တော့ဘဲ သူတို့နှင့် ပြန်လိုက်လာစေရန်အတွက် လင်းရန်ကို အစွမ်းကုန် သွေးဆောင်ဖြောင်းဖြနေခဲ့လေတော့သည်။
**