← Chapters

အခန်း (၇၈)

Vol. 8 Ch. 78

အခန်း (၇၈)

Vol. 8 Ch. 78

စုန့်ဝေ့က လင်းရန်၏ အဖြေကို ကိုယ်တိုင်ကြားသိခဲ့ရပြီးနောက်တွင် ငြိမ်သက်သွားခဲ့သည်။

သူက လင်းရန်ကို စူးရဲစွာဖြင့် ထပ်ကြည့်လိုက်သည်။ သူ အမြင်လွဲမှားနေသည်လားဆိုသည်ကို မသိသော်လည်း သူ့ရှေ့တွင်ရှိနေသော မယားပါသမီးက မြို့ထဲတွင်ရှိနေစဉ်ထက် ပိုရင့်ကျက်ပုံရပြီး သူက အနည်းငယ်ပို၍ သဘောကျချင်စရာကောင်းနေခဲ့သည်။ ပြင်းထန်တဲ့လေထုတို့လည်း ရှိနေပေသည်။

စုန့်ဝေက စိတ်ရှုပ်ထွေးနေခဲ့သော်လည်း လင်းရန်ဘေးနားတွင်ရှိနေသော လင်းမိသားစုကို ကြည့်ပြီးနောက် သဘောပေါက်သွားခဲ့ရသည်။

လင်းမိသားစုက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူနှင့် လီရှို့လီတို့၏ မကောင်းကြောင်းကို လင်းရန်၏ နားထဲတွင်ပြောနေခြင်းကြောင့် ဖြစ်လိမ့်မည်။ သူတို့အနေဖြင့် လင်းရန်ကို ပြန်ခေါ်၍မရတော့သည်မှာ သေချာနေခဲ့ပြီ။

“ကောင်းပြီ၊ ဒီလိုဆိုရင် ငါတို့တွေ ဒီအချိန် မလာခဲ့သင့်ဘူးထင်တယ်”

စုန့်ဝေ့က လင်းရန်နှင့် သူ့ပတ်ဝန်းကျင်ရှိ လင်းမိသားစုကို အေးစက်စွာ ပြုံးပြလိုက်သည်။

“ငါ စုန့်ဝေ့ရဲ့အာရုံနိုင်စွမ်းကလည်း သိပ်မကောင်းဘူးထင်တယ်၊ ငါက

နှစ်ပေါင်းများစွာ ဝံပုလွေတစ်ကောင် မွေးခဲ့တယ်လိုထင်နေပေမဲ့ မျက်လုံးဖြူတဲ့ ဝံပုလွေတစ်ကောင်ကိုပဲ ရခဲ့တာပဲ!”

“ငါတို့ စုန့်မိသားစုမှာ လင်းရန် ဆိုတာ ဘယ်တော့မှ ရှိတော့မှာ မဟုတ်ဘူး၊ လင်းရန် မင်းဘာသာမင်း ဂရုစိုက်လိုက်တော့!”

စုန့်ဝေ့၏ ခြိမ်းခြောက်မှုကို ကြားလျှင် လင်းရန်က အကူအညီမဲ့နေရသကဲ့သို့ ဟန်မဆောင်ဘဲ မနေနိုင်ခဲ့ပေ။

သို့သော် သူမ၏ စိတ်ထဲမှ တိတ်တဆိတ် မပြောဘဲ မနေနိုင်ခဲ့ပေ။

“ရှင့်ရဲ့ စကားတည်ပါစေလို့ မျှော်လင့်ပါတယ်၊ ကျွန်မဆီကို ဘယ်တော့မှ ပြန်မလာပါနဲ့၊ မဟုတ်ရင် ကျွန်မ ရှင့်ကိုအထင်သေးမိလိမ့်မယ်!”

လင်းကျန်းအန်းက အရှေ့သို့တစ်လှမ်းတိုးပြီး လင်းရန်ကို သူ့နောက်တွင် ကာထားလိုက်သည်။

သူက စုန့်ဝေ့ကို တိုက်ရိုက်ကြည့်လိုက်ပြီး အေးစက်နေသောအသံဖြင့် ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့၊ ငါ, လင်းကျန်းအန်း နဲ့ လင်းမိသားစု ရှိနေသမျှတော့ ရန်ရန်ကို ဘယ်တော့မှ ဒုက္ခမရောက်စေရဘူး!”

“အခု ငါ့ရဲ့အောင်မြင်မှုတွေက စုန့်ဝေ့, မင်းလောက် မကောင်းဘူးဆိုရင်တောင် အခုကစပြီး ငါကြိုးစားမယ်၊ ရန်ရန်ကို ပိုကောင်းတဲ့ဘဝ ပေးနိုင်ဖို့ ငါအကောင်းဆုံးကြိုးစားမှာ၊ သူ လင်းမိသားစုမှာနေရင် ဘယ်တော့မှ မတရားခံရတာမျိုး မရှုစေရဘူး!”

လင်းရန်က လင်းကျန်းအန်း၏ နောက်တွင် ရပ်နေရင်းဖြင့် ဖခင်လင်း၏ မြင့်မားသည့် ကျောပြင်ကို ကြည့်ပြီး ရုတ်တရက် လုံခြုံမှုအပြည့်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏မိသားစုက ဆင်းရဲသော်လည်း သမီးဖြစ်သူကို စိတ်ရင်းအပြည့်နှင့် စဉ်းစားပေးသည့် နှလုံးသားရှိသည်။

ဒါက ဖခင်ကောင်းတစ်ယောက်ပဲ!

လင်းကျန်းအန်း၏ ကတိသစ္စာကို ကြားပြီးနောက် စုန့်ဝေ့က အလွန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

သူ အလုပ် ကြိုးစားချင်နေတာလား?

သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ လင်းရန် ဗိုက်မဆာအောင် အစားအသောက်ပမာဏ နည်းနည်းလောက် တိုးလာအောင်ဘဲ လုပ်နိုင်မှာမလား?

သူက လင်းရန်ကို ပိုက်ဆံ၊ လက်မှတ်၊ အိမ်စတာတွေနှင့် မြို့ထဲမှာလို ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ပေးနိုင်လား?

ရယ်ချင်စရာကောင်းလိုက်တာ!

စုန့်ဝေ့က လေသံပေါ့ပေါ့ဖြင့်လှောင်ပြောင်လိုက်ပြီး လင်းကျန်းအန်းကို ပြောလိုက်သည်။

“ကောင်းပြီ၊ မင်း မင်းရဲ့ကတိကို တကယ်တည်ပြီး မင်းရဲ့ သမီးကို ကောင်းကောင်းဂရုစိုက်နိုင်မယ်လို့ မျှော်လင့်တယ်၊ တခြားသူတွေရဲ့သမီးက ငါ့အိမ်ကို ထပ်လာတာကို ငါ မတွေ့ချင်တော့ဘူး”

လင်းကျန်းအန်းက စုန့်ဝေး၏ စကားလုံးများထဲမှ အထင်သေးမှိနှင့်မထီမဲ့မြင်ပြုမှုကို သဘာဝကျစွာပင် ကြားလိုက်ရသည်။

ထိုသူက သူ့အား ရန်ရန်ကို ပိုကောင်းသည့်ဘဝကို ပေးနိုင်စွမ်းမရှိဟု ပြောနေပြီး၊ သူ၏ ယခင်က နေထိုင်မှုအခြေအနေများနှင့်ပင် နှိုင်းယှဉ်၍ မရဟု ဆိုလိုချင်နေခြင်းဖြစ်သည်။

သူ အလေးအနက် ငြင်းခုံရန် မအားသေးမီ အခြားတစ်ဖက်မှ စိတ်တိုတက်သည့် အဘွားလင်းက ဆက်၍ နားမထောင်နိုင်တော့ပါချေ။

သူမက တတိယချွေးမ၏ လက်ထဲမွ တံမြက်စည်းကို တိုက်ရိုက်ဆွဲယူလိုက်ပြီး “ဖတ်!” ဆိုသည့်အသံနှင့်အတူ စုန့်ဝေ့ထံသို့ ပစ်ပေါက်လိုက်သည်။

“အဓိပ္ပါယ်မရှိပြောနေတာတွေ အရမ်းများနေပြီ၊ နင့်လိုကောင်က ဘယ်လိုလုပ် လူကောင်းတစ်ယောက်ဖြစ်နိုင်မှာလဲ? ဒီနေရာက ထွက်သွားစမ်း!”

အဘွားလင်း၏ ပစ်မှတ်က အလွန်ကောင်းမွန်ပြီး စုန့်ဝေ့၏ ခေါင်းကို တိုက်ရိုက်ထိမှန်ခဲ့သောကြောင့် သူ ယိုင်နဲ့သွားခဲ့ပြီး လဲကျမတက်ပင် ဖြစ်သွားခဲ့သည်။

မထွက်ခွါမီ ဤကဲ့သို့ အနိုင်ကျင့်ခံရပြီးနောက် စုန့်ဝေ့က သဘာဝကျစွာဖြင့် ဆက်၍ မနိုင်ရဲတော့ချေ။

အဆုံးတွင် သူက လင်းရန်နှင့် လင်းကျန်းအန်းကို အေးစက်စွာ ကြည့်ပြီးနောက် ကျောခိုင်းကာ လှည့်ထွက်သွားခဲ့တော့သည်။

လီရှို့လီကတော့ သူမနှင့် သူမ၏သမီး ခွဲခွါရတော့မည်ဖြစ်သောကြောင့် ဝမ်းနည်းမှုထဲတွင် နစ်မြောနေတုန်းပင်ဖြစ်လေသည်။

စုန့်ဝေ့ ထွက်သွားသည်ကို မြင်သောအခါ သူမက ထပ်မဲပြီး စိုးရိမ်လာခဲ့ရပြန်သည်။

သူမက ဘယ်ဘက်တွင် ရှိနေသော လင်းရန်ကို ကြည့်လိုက်ပြီး ညာဘက်တွင် စုန့်ဝေးကို ပြန်ကြည့်လိုက်ပြန်သည်။

အဆုံးတွင်တော့ သူမက စုန့်ဝေး၏ နောက်သို့ လိုက်သွားရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။

သို့သော် မထွက်ခွါမီ သူမက အလျှော့မပေးသေးဘဲ လင်းရန်ကို လျင်မြန်စွာ ပြောလိုက်သည်။

“မင်း အန်ကယ်စုန့်က အခု စိတ်ဆိုးနေလို့ပြောခဲ့တာ? အချိန်တန်ရင် ငါ ပြန်သွားပြီး သူ့ကို နားချလိုက်မယ်၊ ပြီးရင် မင်းဆီကို ဖုန်းဆက်လိုက်မယ်!”

ပြောပြီးသည်နှင့် စုန့်ဝေးနောက်သို့ အမြန်လိုက်သွားခဲ့လေတော့သည်။

စုန့်ဝေ့နှင့် လီရှို့လီတို့က ရုတ်တရက် ရောက်လာခဲ့ပြီး ရုတ်တရက် ထွက်ခွသွားခဲ့ကြပြီး ဤပြဇာတ်ကလည်း ပြီးဆုံးသွားခဲ့သည်။

လင်းမိသာ့၏ တံခါးဝတွင် စုရုံးနေသည့် အခြားလူများသည်လည်း ဤသည်ကိုမြင်သောအခါ တဖြည်းဖြည်း ထွက်ခွါသွားကြလေသည်။

သို့သော် လူများထွက်သွားသော်လည်း လင်းမိသားစု၏ ကိစ္စရပ်များကို ဆွေးနွေးနေသည် အသံများက များစွာရှိနေတုန်းပင်ဖြစ်သည်။

အဘွားလင်းက ဤသည်ကိုမြင်သော် ထိုလူများ၏ ကျောပြင်များကို ကြည့်ကာ တိုက်ရိုက် အော်ပြောလိုက်သည်။

“တခြားသူတွေရဲ့ ကိစ္စတွေမှာ ဝင်မပါနဲ့၊ ကိုယ့်ကိစ္စကိုယ် ဂရုစိုက်ကြစမ်းပါ!”

ခိုသို့ ပြောပြီးသည်နှင့် သူမက တံခါးကို ပြန်ပိတ်လိုက်ပြီး ဆက်လက်နားမထောင်တော့ပေ။

သို့သော် သူမ ပြန်လှည့်လိုက်ပြီးနောက် ခြံထဲက မိသားစုကြီးကို၊ အထူးသဖြင့် လင်းရန်ကို မြင်လျှင် အဘွားလင်းမှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

“ရန်ရန် ဒီနေ့ကိစ္စအတွက် အရမ်းဝမ်းမနည်းပါနဲ့၊ သမီးဆီမှာ နောင်ကျရင် အဲဒီအန်ကယ်စုန့်ဆိုတာ မရှိတော့ဘူးဆိုပေမဲ့ မင်းအဖေ ပြောသလိုပဲ၊ ငါတို့ မိသားစုတစ်စုလုံးက မင်းကို ကောင်းကောင်းဆက်ဆံမယ်၊ အဲ့ဒီ စုန့်ဝေ့ ထက်တောင် ပိုကောင်းအောင် ဆက်ဆံပေးမယ်!”

လင်းရန်အနေဖြင့် စုန့်ဝေ့မှ သူမကို စုန့်မိသားစုထဲမှ ကန်ထုတ်လိုက်သောကြောင့် ဝမ်းနည်းနေခြင်း မရှိသည်မှာ သေချာပေသည်။ သို့သော် လင်းမိသားစုရှေ့တွင် သူမ၏ စိတ်လှုပ်ရှားမှုကို အလွန်သိသာအောင် မပြချင်သောကြောင့် သူမက ခေါင်းငြိမ့်ပြရုံသာ တတ်နိုင်ခဲ့သည်။

“အဘွား၊ သမီး သိပါတယ်၊ သမီးတို့ မိသားစုအနေနဲ့ အခုကစပြီး ကောင်းကောင်းမွန်မွန် နေထိုင်ကြမယ်”

“ဟုတ်တယ်၊ အခုကစပြီး မိသားစုအနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ကြစို့!”

နေ့လည်ခင်းတွင် ဤကဲ့သို့ ကိစ္စများ ဖြစ်ပျက်ခဲ့သော်လည်း အဘွားလင်းက မကောင်းသည့်အရာများကို တစ်ချိန်လုံး အာရုံစိုက်နေရန် မရည်ရွယ်ထားပေ။ ထို့ကြောင့် သူမ၏ မိသားစုဝင်များကို အဓိကအခန်းထဲသို့ ခေါ်ပြီးနောက် မနက်က မြို့ထဲသို့သွားစဉ်တွင် လင်းကျန်းဖူ ထံမှ သိခဲ့ရတဲ့အရာများကို ပြောပြခဲ့သည်။

လင်းရန်က ကွန်မြူနတီတွင် အလုပ်လုပ်ရလိမ့်မည်ဆိုသည်ကို ကြားသောအခါ လင်းမိသားစုဝင်များက အလွန်စိတ်လှုပ်ရှားခဲ့ကြပြီး နေ့လည်ဘက်တွင် စားဖိုမှူးကျိုးကို သွားတွေ့သောအချိန်တွင် လင်းရန် ချောချောမွေ့မွေ့ အောင်မြင်ပါစေဟု ဆုတောင်းပေးခဲ့ကြသည်။

.…….

စုန့်ဝေးနှင့် လီရှို့လီတို့မှာမူ မြို့ကို မရောက်ခင်အထိ အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့ကြသည်။

မြို့ထဲသို့ ရောက်သောအချိန်တွင် လီရှို့လီက စုန့်ဝေ့ကို သတိရှိစွာဖြင့် မေးမြန်းကြည့်ရန် သတ္တိမွေးခဲ့သည်။

“လောင်စုန့် ၊ အခု စိတ်ပြေသွားပြီလား?”

စိတ်ပြေသွားတာလား?

သူ လင်းမိသားစုဆီကနေ ခံစားခဲ့ရတဲ့ အရှက်ရမှုက သူ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး!

လီရှို့လီ မေးပြီးနောက် စုန့်ဝေ၏ အဖြေကို မစောင့်ဘဲ ဆက်ပြောလိုက်သည်။

“အဲဒီကောင်မလေး ရန်ရန်က လင်းမိသားစုက လူတွေကြောင့် လမ်းမှားကို ရောက်သွားတာ ဖြစ်ရမယ်၊ ခဏစောင့်ပေးပါ၊ ကျွန်မ သူမနဲ့ ပိုပြီး စကားပြောလိုက်မယ်၊

သူမ စိတ်ပြောင်းသွားမယ်ဆိုတာ ကျွန်မသေချာတယ်၊ ရှင် သူမလို ကောင်မလေးတစ်ယောက်အတွက်နဲ့ စိတ်တိုမနေပါနဲ့”

“လီရှို့လီ”

စုန့်ဝေက ရုတ်တရက် သူမကို စကားဖြတ်ပြောလိုက်ပြီးနောက် လီရှို့လီ တစ်ခါမျှ မမြင်ဖူးခဲ့သော အေးစက်စက် အမူအရာနှင့် သူမကို ကြည့်ကာ ပြောလာခဲ့သည်။

“ငါ ခုနက ပြောခဲ့တာကို ဒုတိယအကြိမ် ထပ်မပြောချင်ဘူး၊ နောက်ပိုင်းမှာ ငါ့ရဲ့စုန့်မိသားစုမှာ လင်းရန်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး၊ ငါ့ရှေ့မှာ သူမအကြောင်း လုံးဝထပ်မပြောနဲ့”

“မင်းလည်း မင်းရဲ့သမီးအရင်းကို သတိရပြီးတော့ သူမနဲ့ မခွဲချင်ဘူးဆိုရင် အခုချက်ချင်း ပြန်လှည့်သွားလိုက်လို့ရတယ်၊ မင်း လင်းမိသားစုကို ပြန်သွားလိုက်ပြီး သူမနဲ့ အတူနေလို့ရတယ်၊ ငါ မင်းကိုမတားဘူး”

လီရှို့လီက မှင်တက်သွားခဲ့သည်။

စုန့်ဝေ့က သူမကို ဤကဲ့သို့သော စကားလုံးများကို ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ ဆိုလိုတာက သူမသာ လင်းရန်ကို သူမရဲ့သမီးအဖြစ် ဆက်လက်အသိအမှတ်ပြုနေဦးမယ်ဆိုပါက သူမကိုလည်း စုန့်မိသားစုထဲကနေ ကန်ထုတ်ပစ်မယ်လို့ ဆိုလိုတာပဲ!!

ထိုအခိုက်အတန့်တွင် လီရှို့လီတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားခဲ့ရကာ တုန်ယင်နေသော အသံဖြင့် မေးချင်နေခဲ့သည်။

“လောင်စုန့် ရှင်နောက်နေတာလား?”

သို့သော် စုန့်ဝေ့၏ အမူအရာမဲ့နေသော မျင်နှာကို ကြည့်လိုက်ပြီးနောက် စုန့်ဝေ့ ပြောခဲ့သည့်စကားက သူ့၏စိတ်ရင်းအမှန်ပင်ဖြစ်နေသည်ကို သူမ သိလိုက်ရသည်။

သူက သူနဲ့ သူမတို့ရဲ့ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့ ဆက်ဆံရေးကိုအမှန်တကယ် ဂရုမစိုက်ဘူး!

သူမကိုတောင် ကန်ထုတ်ပစ်လိမ့်မယ်!

ဤအကြောင်းကို တွေးမိသောအခါ လီရှို့လီက ရုတ်တရက် ကြောက်လန့်သွားခဲ့ရပြီး ဆယ်စုနှစ်တစ်ခုကျော် သူမနဲ့အတူ အိပ်စက်ခဲ့သည့် ဤလူက တကယ်တမ်းတွင် ထိတ်လန့်စရာကောင်းသည့် လုပ်ရပ်မျိုးကို လုပ်လာနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ၏အမူအရာကို မြင်ပြီးနောက် လီရှို့လီက စကားပြောနေသည်ကို ရပ်တန့်ခဲ့သည်။ စုန့်ဝေ့က သူမကို အေးစက်စွာ ထပ်ပြောလာခဲ့သည်။

“မင်း စုန့်မိသားစုကနေ မထွက်သွားချင်ဘူးဆိုရင် အခုကစပြီး ငါပြောတာကို သေချာနားထောင်!”

လွန်ခဲ့တဲ့နှစ်များက သူ လီရှို့လီ ကို သည်းခံခဲ့သည်၊ သူမကို ကောင်းမွန်စွာဆက်ဆံသည်က လင်းရန်ကို တည်ငြိမ်အောင် ထိန်းထားနိုင်စေရန်နှင့် လီရှို့လီမှ သူ့၏သမီးအား စိတ်ရင်းအပြည့်နှင့် ဂရုစိုက်စေရန်သာ ဖြစ်သည်။

သို့သော် ယခု သူ၏သမီးကလည်း အရွယ်ရောက်လာခဲ့ပြီဖြစ်ကာ လင်းရန်သည်လည်း ထွက်ပြေးသွားခဲ့သောကြောင့် လီရှို့လီကို ယခင်ကဲ့သို့ အလေးအနက်ထားတော့မည် မဟုတ်ပေ။

သူ့အတွက်တော့ လက်ရှိတွင် လီရှို့လီ၏ အကြီးမားဆုံးအခန်းကဏ္ဍမှာ အဝတ်လျှော်၊ ချက်ပြုတ်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်ရန်အတွက်လောက်သာ ရှိတော့သည်။

သို့သော် ဤအလုပ်များကိုလုပ်ရန်အတွက် သူမနေရာတွင် တခြားသူများကိုလည်း အစားထိုးနိုင်သည်။

ထို့ကြောင့် လီရှို့လီက လိုအပ်သည့် တစ်ဦးတည်းသောသူ မဟုတ်တော့ပေ။

သူမသာ စုန့်မိသားစုမှာ ရိုးရိုးသားသား နေချင်တယ်ဆိုရင် သူ့အမိန့်ကို နာခံရမယ်!

လီရှို့လီက သတိပြန်ဝင်လာပြီး ရင်ထဲမှ ကြောက်စိတ်ကို ဖိနှိပ်ကာ ပြန်ဖြေလိုက်သည်။

“ကျွန်မ... ကျွန်မ နားလည်ပါတယ်...”

**

All Chapters