← Chapters

အခန်း (၁၄၉)

Vol. 15 Ch. 149

အခန်း (၁၄၉)

Vol. 15 Ch. 149

လင်းရန်သည်ကား သူမ၏ဖခင်ဖြစာသူ လင်းကျန်းအန်း သူမအတွက် ၀ယ်လာပေးမည့် လက်ဆောင်ပစ္စည်းများကို ဂရုမစိုက်ပေ။ သူမက လင်းကျန်းအန်း၏ ဘေးကင်းရေးကို ဂရုစိုက်ရန်သာ ထပ်ခါတလဲလဲ ပြောခဲ့သည်။

ယခုအချိန်၌ လင်းကျန်းအန်း၏

အတွေးများအားလုံးမှာ သူ၏ အလုပ်အပေါ်တွင်သာ ရှိနေပြီး အတော်လေးပင် အလေးအနက်ထားနေပုံ ရပေသည်။

လင်းရန်၊ အဘွားလင်းနှင့် အခြားသူများလည်း မည်သို့မှမတတ်နိုင်ကြပေ။

ပြီးခဲ့သည့်အ‌ခေါက်က တောင်ပေါ်‌တွင် ဖြစ်ပျက်ခဲ့သည့် မတော်တဆမှုပြီးသည့်နောက်၌ လင်းကျန်းအန်းအနေဖြင့် ပို၍ သတိထားလိမ့်မည်ဟု သူတို့ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် လင်းကျန်းအန်းအား ထပ်မံ၍ မစိုးရိမ်ကြတော့ပေ။

မကြာမီတွင်ပင အလုပ်သွားရတော့မည့်အချိန်သို့ရောက်တော့မည်ကို တွေ့လိုက်ရသောကြောင့် လင်းရန်လည်း  ကွန်မြူနတီသို့ ထွက်လာခဲ့သည်။

သူမ ကွန်မြူနတီသို့ ရောက်သည့်အချိန်တွင်ပင် ချန်ဝမ်မှ သူမအား ထပ်၍ လာရှာသည်ကို တွေ့လိုက်ရသည်။

လင်းရန်အနေဖြင့် ထိုသူက ယမန်နေ့က ဖြစ်ပျက်ခဲ့သည်များကို ပြောလို၍ လာရှာသည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ချန်ဝမ်က ပြောလာခဲ့သည်။

“ရှောင်လင်း၊ ငါတို့မှာ နောက်ထပ် မင်းအတွက် နောက်ထပ် အချက်အပြုတ် အလုပ်တစ်ခုရှိတယ်၊ ဘယ်လိုလဲ.. မင်း လက်ခံနိုင်မလား?”

လင်းရန် အတော်လေးအံ့သြသွားခဲ့ရပြီး မျက်တောင်ခတ်လိုက်မိသည်။

ဤခေတ်ကာလ၌ လူအများမှာ သူမထင်ထားသည်ထက် ပို၍ အဆင်ပြေနေကြသည်များလား။

ချက်ပြုတ်ပေးခဲ့ပြီး တစ်ရက်မျှသာရှိသေးသော်လည်း သူမအတွက်  နောက်ထပ်ချက်ပြုတ်ရန် အလုပ်တစ်ခုရလာခဲ့ပြန်သည်။

ဤသည်မှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ အခြေအနေများစွာ  ကောင်းနေခဲ့သည်။

“လက်ခံမှာ‌ပေါ့၊ ဒါပေမဲ့ ဦးလေးချန်၊ ဘာတွေများ ဖြစ်နေတာလဲဆိုတာ အရင်ပြောပြပါဦး”

ချန်ဝမ်လည်း လင်းရန်မှ ဤအလုပ်ကို ငြင်းလိမ့်မည်မဟုတ်ဟု တွေးထားခဲ့ပြီးဖြစ်၍ ပြုံးပြကာ  သူမအား ရှင်းပြခဲ့သည်။

ယခုတစ်ကြိမ် လင်းရန်အား ချက်ပြုတ်ပေးရန် ငှားရမ်းသည့်သူမှာ ယမန်နေ့က မွေးနေ့ပွဲ၌

နေ့လည်စာ စားရန် လာခဲ့သည့် အဘိုးလီ၏ သားအကြီးဆုံးဖြစ်သူ (ချန်၀မ်၏ ယောက်ဖ)ပင် ဖြစ်သည်။

သူသည်ကား ယမန်နေ့က လင်းရန်ချက်ပြုတ်ထားသည့်အစားအသောက်များကို စားသောက်ပြီးသည့်နောက်၌ ချက်ချင်းပင် ကြိုက်နှစ်သက်သွားခဲ့ပြီး အလွန်အရသာရှိသည်ဟု ချီးကျူးနေခဲ့သည်။

ထိုနေ့ညနေပိုင်း၌ မိသားစုတစ်ခုလုံး စုစည်း၍ အတူထိုင်ကာ စကားစမြည်ပြောဆိုနေသည့်အချိန်၌ သူသည်က ချန်၀မ်အား လင်းရန်၏အကြောင်းကို မေးမြန်းခဲ့သည်။

လင်းရန်သည်ကချန်ဝမ်လုပ်နေသည့် ကွန်မြူနတီရှိ ထမင်းစားဆောင်မှ  စားဖိုမှူးဖြစ်ကာ ချန်ဝမ်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ၌ အလွန်ပင် သဘောကျသွားခဲ့လေ၏။

သူ့အနေဖြင့် ချန်ဝမ်အား ယုံကြည်သည်ဖြစ်၍ လင်းရန်မှာ ချန်ဝမ်နှင့် နီးစပ်သည့် သူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သိသာထင်ရှားသည်။

ဟင်းလျာများနှင့်ပတ်သက်၍လည်း မည်သို့မျှပြောစရာမရှိပေ။ မတိုင်ခင်က တည်ခင်းခဲ့သော စားပွဲပေါ်မှ  ဟင်းပွဲများနှင့်ပင် လုံလောက်ပေသည်။

“ဦးလေးရဲ့အစ်ကိုကြီး မွေးနေ့လား၊ ဒါမှမဟုတ် ဘာအတွက်များလဲ”

“သူ့ရဲ့ မွေးနေ့မဟုတ်ပါဘူး၊ သူက ပွဲကိုစီစဉ်တဲ့သူပါ!”

ချန်ဝမ် ထိုသို့ ဖြေဆိုလာသည့်အချိန်တွင် တစ်ဖက်လူက ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်လိုက်ကာ လျှို့ဝှက်သည့် လေသံဖြင့် ပြောလိုက်သည်။

“ငါ့ရဲ့အစ်ကိုတစ်ယောက်က ခရိုင်မြို့မှာ အလုပ်လုပ်တာလေ၊ ခိုင်းစေတဲ့သူက ခရိုင်အုပ်ချုပ်ရေးမှူးပဲ!”

ခရိုင်အုပ်ချုပ်‌ရေးမှူးဟူသည့် ရာထူးသည်ကား မသေးလှပါချေ။

...........

“ခရိုင်အုပ်ချုပ်ရေးမှူးက  ဧည့်သည်တွေကို ညစာဧည့်ခံတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတာကို တွေ့တော့  ငါ့ရဲ့အစ်ကိုကြီးကလည်း  အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အကူညီရှာနေတာ၊

မမျှော်လင့်ဘဲ မင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်ဆို‌ပါတော့၊  ဒါက မင်းနဲ့ သူ့ရဲ့ရေစက်လို့ပဲ ဆိုရတော့မှာပဲ”

ခရိုင်အုပ်ချုပ်ရေးမှူး၏အိမ်၌

ချက်ပြုတ်ရန် အခွင့်အ‌ရေးရသည်မှာ

တခြားလူများမဆိုထားနှင့်၊ ချန်ဝမ်ကိုယ်တိုင်ပင် မနာလိုဖြစ်မိရသည်။

သူတို့ကဲ့ သာမန်ပြည်သူများမှာ

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခွင့်ရှိရန် အခွင့်ရေးမရှိပေ။

ကံကောင်းစွာဖြင့် သူတို့၏ အစ်ကိုကြီးမှာ  ခရိုင်အစိုးရရုံး၌ အလုပ်လုပ်နေခဲ့သည့်အတွက်ကြောင့်သာ ဤသို့သိရှိခဲ့ရခြင်းဖြစ်သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတွင်

နေ့စဥ်နေ့တိုင်းလုပ်ဆောင်ရန် ကိစ္စများစွာ ရှိနေပြီး လူချမ်းသာများစွာနှင့်လည်း သိသည်။ သူနှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိရန်ဆိုသည်မှာ များစွာ ခက်ခဲပေသည်။

ဤချက်ပြုတ်သည့်အလုပ်အား ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက  လင်းရန်အနေဖြင့် ဟုန်ပေါင်းများစွာ ရရုံသာမက သူ၏အစ်ကိုကြီးသည်လည်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ

စိတ်ကျေနပ်မှာကြောင့် ချီးကျူးသည်ကို ခံရပေလိမ့်မည်။

ထို့ကြောင့် ဤသည်မှာ  သူတို့မိသားစုအတွက်ဖြစ်စေ၊ လင်းရန်အတွက်ပင် ဖြစ်စေ လက်လွတ်မခံသင့်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

ချန်ဝမ်၏စကားများကို နားထောင်ပြီးသည့်နောက် ၌ လင်းရန်၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဤအခွင့်အရေးကို အသုံးချကာ

ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဆက်ဆံရေးကောင်းအောင် လုပ်နိုင်မည်လားဟူသည့် အတွေးဖြစ်သည်။

ငွေရေးကြေးရေးအရဆိုရလျှင်လည်းလင်းရန်အနေဖြင့်  ဤအလုပ်ကို  သေချာပေါက်ပင် လက်ခံရလိမ့်မည်း။

သို့သော်  သူမ ပျော်ရွှင်နေစဉ်မှာပင်

ချန်ဝမ်က ရုတ်တရက် ညှိးနွမ်းသည့် လေသံဖြင့် ထပ်၍ ပြောလိုက်သည်။

“ ဒါပေမဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက အတွေ့အကြုံ ဗဟုသုတ များတဲ့သူဆိုတာ မင်းလည်းသိပါတယ်၊ 

သူက စားကောင်းသောက်ဖွယ်တွေ  အများကြီးကိုလည်း စားဖူးမှာပဲ၊ ဒါကြောင့် ငါ့ရဲ့အစ်ကိုကြီးနဲ့ ငါက ခရိုင်အုပ်ချုပ်ရေးမှူးအတွက် ဟင်းပွဲအချို့ ချက်ပြုတ်ခိုင်းဖို့ အခွင့်အရေးရှာပြီး၊  သူတို့ ဆုံးဖြတ်တာကို အရင်ဆုံးစောင့်လိုက်မလို့၊ အဲဒါကို မင်း လက်ခံနိုင်ပါ့မလား?”

ချန်ဝမ်မှာ လင်းရန်အား  ယုံကြည်မှုရှိသော်လည်း တစ်ဖက်တွင် သူမ ချက်ပြု‌တ်ပေးရမည့်သူမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဖြစ်နေသည့်အတွက် လင်းရန်၏ လက်ရာအပေါ် စိတ်ကျေနပ်မည်လားဆိုသည်ကို  သေချာမသိနိုင်ပေ။

ထို့ကြောင့် သူနှင့် သူ၏အစ်ကိုကြီးတို့သည် ခရိုင်အုပ်ချုပ်ရေးမှူးအား လင်းရန်၏လက်ရာကို ဦးစွာ  ထမင်းကျွေးဖိတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သူ့အနေဖြင့် ထိုသို့ပြောလိုက်မိသည့်အတွက် လင်းရန်အား စိတ်မသက်မသာဖြစ်စေမည်ကို၊ လင်းရန်မှ သူတို့ သူမကို မယုံသင်္ကာဖြစ်နေသည့်အတွက်ကြောင့်ဟု ထင်သွားမည်ကို စိတ်ပူခဲ့မိသည်။

သို့သော် ဤသည်မှာ  သူ့ဘက်မှ အတွေးလွန်ကာ များစွာ စဥ်းစားခဲ့ခြင်းသာဖြစ်ပေသည်။

လင်းရန်အနေဖြင့် ဤအခြေအနေကို ကောင်းစွာနားလည်ပေးနိုင်သည်။

သူမအနေဖြင့်  ယခင်အချိန်တုန်းကလည်း ဤကဲ့သို့သော ကိစ္စမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။ 

အတိတ်ဘဝအချိန်တွင် သူမ နာမည်မရသေးသည့်အချိန်က

အနည်းငယ် အဆင့်အတန်းမြင့်သည့် သူများအတွက် ချက်ပြုတ်ပေးရသည့်အခါမျိုးတွင် သူမ၏ ဟင်းပွဲများကို ဦးစွာ မြည်းစမ်းစေသည်မျိုး ကို လုပ်ပေးခဲ့ဖူးသည်။

ထိုသို့ မြည်းစမ်းပြီးသည့် နောက်မှသာ  သူတို့ အနေဖြင့်စိတ်အေးနိုင်ပေလိမ့်မည်။

ဤသည်မှာ  သူမနှင့် တစ်ဖက်မှငှားရမ်းသည့် လူအတွက် အမှန်တကယ်ပင် ကောင်းမွန်သည့်

အစီအစဥ်သည်။

သူမအတွက်မူ အနည်းငယ်

အလုပ်များခြင်းနှင့် ချက်ပြုတ်ရာ၌ တစ်ကြိမ်ပိုသွားခြင်းသာရှိသည်။

“ရပါတယ်၊ ဦးလေးချန်ကပဲ အချိန်ကြည့်ပြီး စီစဉ်လိုက်ပါ၊ ကျွန်မ ဘယ်အချိန်အားလဲ၊ ဘယ်အချိန်အလုပ်သွားလဲဆိုတာကိုတော့  ရှင်သိပါတယ်၊ ဦးလေးချန် စီစဥ်ပြီးရင် ကျွန်မကို ပြောလို့ရတယ်လေ”

လင်းရန်က စိတ်ကျေနပ်စွာ ပြောနေသည်ကို မြင်သည့်အခါ၌ ချန်ဝမ်လည်း ချက်ချင်းပင် ပြန်၍ ဖြေလိုက်သည်။

“ကောင်းပြီ  ကောင်းပြီ၊  ဒါဆို ငါ သွားပြီး စီစဉ်လိုက်မယ်၊  စီစဉ်ပြီးသွားရင် မင်းကို လာပြောလိုက်မယ်”

သူတို့နှစ်ဦးက ထိုအတိုင်းပင် သဘောတူလိုက်ကြသည်။

ညဘက် လင်းရန် အိမ်ပြန်ရောက်သည့်အခါ၌ သူမ၏ဒေါ်လေး လင်းကျန်းဖူအား ထိုကိစ္စကို ပြောပြလိုက်ပြီးလင်းကျန်းဖူသည်လည်း  အံ့သြသွားခဲ့ရသည်။

လင်းရန်၏ အချက်အပြုတ်စွမ်းရည်မှာ ဤမျှလောက်  ကောင်းနေလိမ့်မည်ဟု သူမ မထင်ခဲ့ထား‌ခဲ့ပေ။

သို့သော်လည်း လင်းရန်မှ မြို့သို့

အစမ်းချက်ပြုတ်ရန် သွားရဦးမည်ဟု ကြားလိုက်ရသည့်အခါ၌  ဤသည်မှာ ထင်ထားသလောက် မလွယ်ကူကြောင်း လင်းကျန်းဖူ နားလည်သွားခဲ့သည်။

“ဒေါ်လေး၊ ကျွန်မ မြို့ကို သွားတဲ့အချိန် ဒေါ်လေးမှာ အချိန်ရှိရင် ကျွန်မနဲ့အတူ လိုက်ခဲ့ပါလား”

လင်းရန်က သူမ၏ဒေါ်လေး လင်းကျန်းဖူတစ်ယောက် ဤနှစ်ရက်အတွင်း အိမ်တွင်ငေးငိုင်လျက်ရှိနေသည်ကို မြင်နေရသည့်အတွက်  အပြင်သို့ထွက်ပြီး စိတ်ပြေလက်ပျောက် အပန်းဖြေလမ်းလျှောက်ခိုင်းရန် အစီအစဉ်ဆွဲထားခဲ့သည်။

ခရိုင်မြို့သည်ကား  အထူးတလည် ကြီးမား စည်ကားခြင်း မရှိသော်ငြားလည်း သိပ်ပြီးလည်းသေးငယ်နေခြင်းမျိုးမဟုတ်ပေ။

သို့ဖြစ်၍ သူတို့ မတွေ့လိုသည့်သူများကို အလွယ်တကူ တွေ့မိလိမ့်မည် မဟုတ်ပေ။

လင်းကျန်းဖူသည်လည်း လင်းရန်အား ကူညီရန် သဘောတူထားပြီးဖြစ်သည့်အတွက် သူမအနေဖြင့် မငြင်းဆန်တော့ပေ။

“ကောင်းပြီ၊ ဒါဆို သွားဖို့ အချိန်သိရပြီးရင် ဒေါ်လေးကို လာပြောလိုက်လေ၊ ဒေါ်လေး မင်းနဲ့အတူတူ

လိုက်ခဲ့မယ်”

ဤသို့ဖြင့် လင်းရန်နှင့် သူမ၏ဒေါ်လေးဖြစ်သူ လင်းကျန်းဖူတို့က အလုပ်ရှင်မှ ဦးစွာ မြည်းစမ်းနိုင်ပြီး အစမ်းဟင်းလျာများကို အတူသွားရောက်ချက်ပြုတ်ရန် သဘောတူခဲ့ကြသည်။

လင်းရန်တစ်ယောက်  ထိုနေ့ရောက်လျှင် မည်သို့ လုပ်ရမည်ကို  စဥ်းစားနေဆဲအချိန်တွင် မမျှော်လင့်ဘဲ သူမ၏ဒေါ်လေးဖြစ်သူမှ

ရုတ်တရက် ခေါင်းစဥ်ပြောင်းကာ  သူမအား မေးခွန်းတစ်ခု မေးလာခဲ့သည်။

“ရန်ရန်၊ ပညာတတ်လူငယ်အိမ်ရာမှာ မင်းရဲ့သူငယ်ချင်းတွေ ရှိလား၊ မင်း  မနက်က အလုပ်ကိုသွားတဲ့အချိန် ပညာတတ်လူငယ်တစ်ယောက် ရောက်လာပြီး မင်းကို လာတွေ့တာလို့ ပြောတယ်”

ပညာတတ်လူငယ်သူငယ်ချင်းများအကြောင်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုက်နက် လင်းရန်သည်ကား မသိစိတ်မှ ကျောက်ရှီလဲ့အား  စဥ်းစားမိလိုက်သည်။

သူမ ခေါင်းညိတ်ကာ ပညာတတ်လူငယ်နေရာ၌ သူငယ်ချင်းရှိကြောင်း ပြောတော့မည့်ဆဲဆဲတွင်  တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ကျောက်ရှီလဲ့သည်က သူမ၏

အလုပ်အခြေအနေကို သိနေခဲ့သည်ပင်။

သူမ ပုံမှန်မည်သည့်အချိန် အလုပ်သွားသည်ကိုလည်း သိသင့်သည်။ ထိုကြောင့် ယုတ္တိရှိစွာ တွေးကြည့်ပါက အကယ်၍ အရေးပေါ်ကိစ္စမရှိပါက ထိုအချိန်၌  သူမထံလာရန် မဖြစ်နိုင်ပေ။

ကျောက်ရှီလဲ့အပြင် ပညာတတ်လူငယ်စခန်း၌ သူမအား လာရှာမည့်သူမှာ ချန်ကျားယန် တစ်ဦးတည်းသာ ရှိနိုင်လောက်ပေသည်။

ချန်ကျားယန်သာဆိုပါက  လင်းရန်အနေဖြင့် ပို၍ သတိထားရပေတော့မည်။

All Chapters