← Chapters

အခန်း (၂၁၄)

Vol. 22 Ch. 214

အခန်း (၂၁၄)

Vol. 22 Ch. 214

အခြေအနေက ဤနေရာအထိ ရောက်လာချိန်တွင်တော့ ဘေးနာတွင်ရှိနေခဲ့သည့် ယင်းဖန်မှာ နောက်ထပ်မထိန်းချုပ်ထားနိုင်တော့ သတိကြီးကြီးနှင့် စကားဝင်ပြောလာခဲ့သည်။

“အမေ၊ ကျွန်မကတော့ ဒါကို ကောင်းမွန်တဲ့ကိစ္စလို့ ထင်တာပဲ.. ရှောင်စုန့်ရဲ့ စရိုက်က ဘယ်လောက်ကောင်းမွန်လဲဆိုတာကို မပြောပါနဲ့ဦး..

အဓိကအချက်က သူ့ရဲ့ အမေက ကျွန်မတို့ မိသားစုရဲ့ အခြေအနေကို သိပြီးတာတောင် ရန်ရန်ကို ဒီလိုမျိုး ကြိုက်နှစ်သက်နေတုန်းပဲလေ

ဒီလိုမျိုး ကောင်းမွန်တဲ့ ယောက္ခမဆိုတာက ဒီဘက်ခေတ်မှာ မီးအိမ်နဲ့ လိုက်ရှာတာတောင် မတွေ့နိုင်လောက်ဘူးနော်

ရန်ရန်သာ သူနဲ့ လက်ထပ်မယ်ဆိုရင် အနည်းဆုံးတော့ သူမက အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး!”

“ဟေး..တတိယချွေးမ မင်းက ဘာကိုပြောချင်နေတာလဲ.. ငါ့ရဲ့ရှေ့မှာပဲ ငါ ဘယ်လောက်မကောင်းဘူးဆိုတာကို ရဲရဲတင်းတင်း ပြောချင်နေတာလား”

အဘွားလင်းမှာ သူမ ပြောခဲ့သည့် စကားကို ကြားလိုက်ရသည်နှင့် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ယင်းဖန်တစ်ယောက် အလွန် ကြောက်လန့်သွားပြီး သူမ၏ လက်ကို လျင်မြန်စွာ ဝှေ့ရမ်းခဲ့လေ၏။

“အမေ.. အမေ.. ကျွန်မက အဲဒီလို ပြောချင်တာ မဟုတ်ပါဘူး.. ကျွန်မ ဆိုလိုတာက အမေလိုမျိုး ကောင်းမွန်တဲ့ ယောက္ခမမျိုးကို ရှာရတာ ခက်ခဲတယ်လေ

ရန်ရန် နောင်တစ်ချိန် လက်ထပ်မယ်ဆိုရင် မကောင်းတဲ့ ယောက္ခမတွေနဲ့ တွေ့ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုပြောချင်တာပါ”

“ အခုချိန်က အနည်းဆုံးတော့ ရှောင်စုန့်ရဲ့ အမေက အတော်လေးကောင်းပုံရတယ်...”

အဘွားလင်းလည်း သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အနည်းငယ် ပို၍ သက်သောင့်သက်သာဖြစ်လာခဲ့သော်လည်း သူမက လေသံပြင်းပြင်းနှင့် ပြောခဲ့လေ၏။

“ဒါက သူမ စာထဲမှာ ရေးထားရုံပဲရှိနေသေးတာ.. သူမ အပြင်မှာ အဲဒီလို ရည်ရွယ်ချက်ရှိမရှိကို ဘယ်သူ သိမလဲ!”

သို့သော်လည်း အဘွားလင်းသည်ကား နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီးဖြစ်ကာ သူမထံတွင် အတွေ့အကြုံ တချို့ ရှိနေဆဲသာ ဖြစ်ပေသည်။

အနည်းဆုံး မတိုင်ခင်က စာထဲတွင်ရေးသားထားသည့် အမေစုန့်၏ လေသံနှင့် စကားလုံးများမှတဆင့် သူမ၏ စရိုက်ကို အကြမ်းဖြင်း ဆုံးဖြတ်နိုင်ခဲ့သည်။

သူမအနေဖြင့် အမေစုန့်က ပေါင်းသင်းဆက်ဆံရ လွယ်ကူပြီး သူတို့၏ မိသားစု၏ အခြေအနေများကိုလည်း အမှန်တကယ် ဂရုမစိုက်ကြောင်း ပြောနိုင်သည်။

သို့သော် ဤအရာအားလုံးက သူမ ရန်ရန်နှင့် မတွေ့မီအချိန်တွင် ကြိုက်နှစ်သက်ခြင်းအပေါ် အခြေခံထားခြင်းသာ ဖြစ်ပေသည်။

အမှန်တကယ် တွေ့ဆုံပါက မည်သည့်အရာများ ဖြစ်လာမည်ကို မသေချာသေးပါချေ။

အဘွားလင်း၏ခေါင်းက ရှုပ်ထွေးမှုများဖြင့် ပြည့်နေချိန်တွင် စုန့်ရှီးယန်တစ်ယောက် အမေဖြစ်သူ ပို့ပေးခဲ့သော ပစ္စည်းများကို သယ်ဆောင်၍ ရောက်ရှိလာခဲ့သည်။

“အဘွား၊ ဒုတိယဦးလေး၊ ကျွန်တော့် ရဲ့အမေက ဒါတွေကို ရန်ရန်ကို ပေးဖို့ ပို့ပေးခဲ့တာပါ.. ရန်ရန် အသုံးပြုနိုင်တဲ့ပစ္စည်းတွေအပြင် ကျန်တဲ့ ပစ္စည်းတွေက လူတိုင်းအတွက်ထည့်ပေးထားတာတွေပါ၊

တစ်ခုခု လိုအပ်တာရှိမယ်ဆိုရင် ကျွန်တော့်ကို ပြောပြလို့ ရပါတယ်၊ ကျွန်တော် အဘွားတို့အတွက် တစ်ခုခု ရှာပေးနိုင်မလားဆိုတာ ကြည့်လိုက်ပါ့မယ်”

လူတိုင်းမှာ အခန်းအလယ်သို့ရောက်ရှိလာသည့်ရပစ္စည်းများကို မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

သူတို့်က ထိုဖောင်းကား ပြည့်လျှံနေသော အထုပ်ကြီးများကို မြင်လိုက်ရလျှင် လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့ကြသည်။

ဒါ.. ဒါက တကယ်ပဲ ဒီအတိုင်း ပို့ပေးလိုက်တဲ့ လက်ဆောင်လေးပဲလား။

ဒါက အိမ်အပြောင်းအရွှေ့လုပ်လို့ရတဲ့ ပမာဏလောက် ရှိနေတာ မဟုတ်ဘူးလား!

အဘွားလင်းအနေဖြင့် လွန်ခဲ့သည့်တစ်စက္ကန့်လောက်က အမေစုန့်ဘက်မှ မည်မျှ ရိုးသားသည်ကို မသေချာခဲ့ပေ။

သို့သော် သူမ ဤပစ္စည်းများကို မြင်လိုက်ရချိန်တွင်တော့ လုံးဝ စိတ်ချယုံကြည်သွားခဲ့တော့သည်။

သူတို့ကဲ့သို့ မျိုးဆက်ကြီးမှ လူများ၏ အတွေးအခေါ်က အလွန်ပင် ရိုးရှင်းလွန်းသည်။

တစ်စုံတစ်ဦးက တခြားသူများကို ရိုးသားစွာ ၊ကောင်းမွန်စွာ ဆက်ဆံခြင်း ရှိ၊ မရှိကို သိနိုင်ရန်အတွက် ထိုသူက သူတို့အတွက် ငွေသုံး၍ ပစ္စည်းများ ဝယ်ပေးလိုသည့် စိတ်ဆန္ဒ ရှိ၊ မရှိကိုသာ ကြည့်ခြင်းဖြစ်ပေသည်။

မြေပြင်ပေါ်ရှိ ပစ္စည်းအစုအဝေးကို အမြင်အားဖြင့် ခန့်မှန်းကြည့်လျှင်ပင် အနည်းဆုံး ရာဂဏန်းလောက် ရှိနေပေလိမ့်မည်။

“အိုး.. မင်းရဲ့ အမေက အရမ်း ယဉ်ကျေးလွန်းတာပဲ.. ဘာလို့ ဒီလောက်တောင် အများကြီး ပို့ပေးလိုက်ရတာလဲ”

အဘွားလင်းက ဤသို့ပြောနေခဲ့သော်လည်း ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးကဆော့ ပျောက်ကွယ်မသွားခဲ့ပါချေ။

ဤသည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်တစ်ယောက် သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်ပြီး ရှင်းပြခဲ့သည်။

“ အဆင်ပြေပါတယ်အဘွား .. ကျွန်တော့်ရဲ့အမေကလည်း ကျွန်တော် ရန်ရန် သဘောကျတာတွေကို သတိမထားမိဘဲ ရန်ရန်အတွက် ဘာဝယ်ပေးရမလဲ မသိဖြစ်နေမှာကို စိုးရိမ်နေခဲ့တာလေ

ဒါကြောင့် သူမက ရိုးရိုးရှင်းရှင်းပဲ ကျွန်တော့်အတွက် ကူညီပြီး ပြင်ဆင်ပေးခဲ့တာပါ.. ပြောရရင် အမေကလည်း ကျွန်တော့်လိုမျိုးရန်ရန်ကို သဘောကျနေခဲ့တာ”

နောက်ဆုံးသော စကားကို ပြောခဲ့သည့်အချိန်တွင် စုန့်ရှီးယန်က သူ၏ ပင်ကိုယ် တည်ငြိမ်သော အမူအရာဖြင့် ရည်ရွယ်ချက်ရှိရှိပြုမူခဲ့သော်လည်း သူ၏ နီရဲနေသော နားရွက်များက သူ့ကို သစ္စာဖောက်နေခဲ့သည်။

စုန့်ရှီးယန်ရဲ့ အမေက တကယ်ကို စဉ်းစားတတ်တဲ့သူပဲ!

အဘွားလင်း ပို၍ပင် ကျေနပ်လာခဲ့သည်။

“မင်း ပြောတာကို ကြည့်လိုက်ပါဦး.. သူမက ရန်ရန်ကိုတောင် မတွေ့ဖူးသေးဘူး.. ဒီလောက်တောင် သဘောကျနေတယ်ဆိုတော့ မင်းဘက်က ကောင်းမွန်တဲ့ စကား တစ်ခုခု ပြောခဲ့လို့ပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

ဘေးနားတွင်ရှိနေသော လင်းကျန်းအန်းကနေ ဤအခြေအနေသို့ မြင်လိုက်ရလျှင် လုံးဝ စိတ်ပျက်သွားခဲ့ရတော့သည်။

သူ၏အမေက နောက်ထပ် ခဏလောက် ထိန်းထားနိုင်မည်ဟု သူ ထင်မြင်မိခဲ့သော်လည်း သူမက ဤမျှ လျင်မြန်စွာ တစ်ဖက်သို့ ကူးပြောင်းသွားခဲ့လေသည်။

သူမက သူ၏ သမီးကို ကာကွယ်ပေးနေသည့်သူများကိုင်စွဲထားသည့် အလံကို ပစ်ချလိုက်သည့်ပုံရသည်။

လင်းကျန်းအန်းတစ်ယောက် အလွန် အထီးကျန်နေသကဲ့သို့သာ ခံစားလာရပေပြီ။

“မဟုတ်ပါဘူး! အဘွား.. ဒီအကြောင်းကို စိတ်မပူပါနဲ့၊ ကျွန်တော့်ရဲ့အမေက ကျွန်တော့် မျက်နှာကြောင့် ရန်ရန်ကို ဒီလို သဘောကျနေတာ လုံးဝ မဟုတ်ပါဘူး”

စုန့်ရှီးယန်က ချက်ချင်းပင် ရှင်းပြခဲ့သည်။

“ကျွန်တော့်ရဲ့အမေ ရန်ရန်ကို သဘောကျတာက ရန်ရန်ရဲ့ ကိုယ်ပိုင် ထူးချွန်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးကြောင့်ပါပဲ.. ကျွန်တော် အမေ့ကို ရန်ရန်နဲ့ သူမရဲ့ ပထွေးအကြောင်း၊ သူမ ကိုယ့်ဘာသာ အလုပ်ရှာခဲ့တဲ့အကြောင်း... အဲဒါတွေကိုတော့ ပြောပြခဲ့ဖူးပါတယ်”

လင်းရန်တစ်ယောက် တစ်ဖက်လူဒစကားကို ကြားလိုက်ရလျှင် ခဏမျှ အံ့အားသင့်သွားခဲ့လေသည်။

စုန့်ရှီးယန်အနေဖြင့် မိခင်ဖြစ်သူဆီသို့ ဤအကြောင်းများကိုပင် ပြောပြထားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပါချေ။

သူ သူမကိုတောင် မပြောပြခဲ့ဘူး!

သို့သော်လည်း ထိုအကြောင်းကို စဉ်းစားပြီးနောက်တွင် သူမ စုန့်ရှီးယန်၏ ရည်ရွယ်ချက်များကို ရုတ်တရက် နားလည်ခဲ့သည်။

သူက အမေစုန့်မှ သူမကို ပို၍ ကြိုက်နှစ်သက်စေရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ပေမည်။ သူက ဤအကြောင်းများကို ပြောပြခဲ့ပြီး အမေစုန့်အာ သူမကို တန်ဖိုးထားစေရန် ဘေးဘက်မှ တွန်းပို့နေခဲ့သည်။

ထိုအကြောင်းများအားလုံးကို ကြားပြီးနောက်တွင် အဘွားလင်းအနေဖြင့် သူမ၏ နှလုံးသားထဲရှိ ကန့်ကွက်မှု အများစုကို ဖယ်ရှားပြီးဖြစ်နေခဲ့ပေပြီ။

တခြားလူများ၏ တန်ဖိုးကို သိရှိနားလည်တတ်သူများသည်က မည်သည့်အချိန်တွင်မှ ဆိုးရွားနိုင်မည်မဟုတ်ပါချေ။

ထို့အပြင် စုန့်ရှီးယန် ကိုယ်တိုင်လည်း ကောင်းမွန်သော လူငယ်တစ်ဦး ဖြစ်ပြီး အဘွားလင်း ယခင်က စဉ်းစားခဲ့သော “မြေးသားမက်လောင်း” ရွေးချယ်မှုနှင့် တွက်ဆကြည့်လျှင် တစ်ဖက်လူက အလွန် ကျေနပ်စရာကောင်းနေခဲ့သည်။

သူတို့ နှစ်ယောက်ကို လက်ထပ်ပေးလိုက်မယ်ဆိုရင် အရမ်း အလျင်စလို ဖြစ်သွားလောက်မလား။

“ရှောင်စုန့်၊ မင်းနဲ့ ရန်ရန်တို့အတွက် မင်း ဘယ်လိုမျိုး အစီအစဉ်တွေ လုပ်ထားလဲ၊ လွန်ခဲ့တဲ့ နှစ်ရက်က မင်းနဲ့ ကွမ်ချင်းတို့ရဲ့ မစ်ရှင်အကြောင်းတွေ ပြောနေတာကို ငါ ကြားလိုက်မိတယ်..

မင်း ရက်တွေ အကြာကြီး အားလပ်ရက် ယူလို့မရဘူးမလား.. ဒါဆို မင်းနဲ့ ရန်ရန်က နေရာနှစ်ခုမှာ ခွဲခွာပြီးနေရမယ်ဆိုရင် မင်းတို့ရဲ့ ဆက်ဆံရေးက ဆက်ပြီးရှိနေနိုင်ပါဦးမလား...”

“အဘွား၊ တကယ်တော့ ကျွန်တော် အခုပဲ လုပ်နိုင်ပါတယ်! ရန်ရန်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် အခုပဲ လက်ထပ်ပွဲအတွက်အစီရင်ခံစာကို သွားတင်နိုင်တယ်!”

စုန့်ရှီးယန်တစ်ယောက် အဘွားလင်း၏စကားကို အလျင်အမြန် ဖြတ်ပြောလိုက်ပြီး သူ၏ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။

သူ လင်းရန်အား မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်လေ၏။ သို့သော်လည်း လင်းရန်က သူ့ကို လက်ထပ်ရန်အတွက် သေဘာတူခြင်းမရှိကြောင်းကို သိသာစွာဖြင့် မျက်မှောင်ကြုတ်သည်ကိုသာ မြင်လိုက်ရလေသည်။

စုန့်ရှီးယန်တစ်ယောက် နှလုံးသားတစ်ခုလုံး နာကျင်သွားခဲ့ရသော်လည်း ယခင်က ကြိုတင်ပြင်ဆင်မှုများကြောင့် ဖြစ်နိုင်သည်။

လက်ရှိတွင် သူ၏ နှလုံးသားက ပိုမိုပင် ကြံ့ခိုင်ကာ ခံနိုင်ရည်ရှိနေခဲ့ပေပြီ။

“လက်ထပ်ပွဲအတွက် အစီရင်ခံစာလား.. မင်းတို့တွေ လက်ထပ်ဖို့အတွက် မင်းရဲ့မိဘနှစ်ယောက်နဲ့ အရင်ဆုံး တွေ့ဖို့ မလိုဘူးလား”

အဘွားလင်းမှာ သူတို့၏ စစ်တပ်ရှိ လက်ထပ်ထိမ်းမြားခြင်းအတွက် လုပ်ငန်းစဉ်ကို နားမလည်ခဲ့ပေ။ သို့သော်လည်း စုန့်ရှီးယန်က လင်းရန်ကို သူ၏ အိမ်သို့ခေါ်ဆောင်ကာ မိဘများနှင့် တွေ့ဆုံပေးမည့်အကြောင်းကို မပြောခဲ့သောကြောင့် သူမ၏ မသိစိတ်မှ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားခဲ့ရသည်။

စုန့်ရှီးယန်လည်း အဘွားလင်း၏ စကားကို ကြားလျှင် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပြန်လည်ပြင်ဆင်၍ ပြောခဲ့လေသည်။

“သေချာပေါက် တွေ့ရမှာပေါ့ ! ဒါပေမဲ့ အရာအားလုံးက ရန်ရန်ရဲ့ ဆန္ဒပေါ်မှာ မူတည်နေတုန်းပါပဲ.. သူမဘက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျွန်တော်ဘက်က သူမကို ကျွန်တော့်ရဲ့ မိဘတွေနဲ့ တွေ့ဆုံဖို့အချိန်မရွေး ခေါ်သွားနိုင်ပါတယ်.. ဒါမှမဟုတ် ကျွန်တော့်ရဲ့အမေကို ဒီကို လာဖို့ ခေါ်ရမယ်ဆိုရင်လည်း ခေါ်နိုင်ပါတယ်!”

အဘွားလင်းတစ်ယောက် ဤကဲ့သို့ ရွေးချယ်စရာ ရှိနေသေးသည်ကို ကြားလိုက်ရလျှင် မျက်လုံးများက ရုတ်တရက်တောက်ပလာခဲ့လေသည်။

“တကယ်လား.. မင်းရဲ့ အမေကို ဒီကို လာခိုင်းမယ်ဆိုရင် သူမကို အနှောင့်အယှက် မဖြစ်စေဘူးလား”

စုန့်ရှီးယန်က ရှင်းပြခဲ့လေသည်။

“မဖြစ်ပါဘူး၊ ကျွန်တော့်ရဲ့အမေက လုပ်စရာအလုပ်တွေ သိပ်ပြီးရှိနေတာမဟုတ်ဘူးလေ.. ပုံမှန်အားဖြင့် အားလပ်ချိန်တွေ များပါတယ်”

အဘွားလင်းမှ ခေါင်းညိတ်ပြီး စုန့်ရှီးယန်အား အမေဖြစ်သူကိုခေါ်လိုက်ရန် ပြောတော့မည်ကို မြင်လျှင် လင်းကျန်းအန်းတစ်ယောက် ဆက်ပြီး ထိုင်မနေနိုင်တော့ပေ။

“အမေ၊ ကျွန်တော်တို့တွေ ရန်ရန်ရဲ့သဘောထားကို အရင် မေးရအောင်.. သူမက ရှောင်စုန့်နဲ့ ခဏလောက်ပဲ တွဲရသေးတာလေ.. အမေက ရှောင်စုန့်ရဲ့ အမေနဲ့ တွေ့ဖို့ကို အရမ်း စိတ်အားထက်သန်လွန်းနေပြီ.. ဒါက အရမ်း စောလွန်းမနေဘူးလား”

ထိုသို့ ပြောပြီးနောက် လင်းကျန်းအန်းက လင်းရန်ဘက်ကို ကြည့်၍ သူ၏ မျက်လုံးများဖြင့် အချက်ပြခဲ့သည်: ရန်ရန်.. မင်း ထိန်းထားရမယ်နော်!

ကံကောင်းစွာဖြင့် သူ၏ သမီးက သူ့၏ မျှော်လင့်ချက်များကို ပြန်လည် အသက်ဝင်စေခဲ့သည်။

“အဘွား၊ ဒါက အရမ်း မြန်လွန်းတယ်.. ကျွန်မတောင် အဆင်သင့် မဖြစ်သေးဘူး”

“ကောင်းပြီ၊ ကောင်းပြီ၊ အဘွား နောက်ထပ် ဘာမှ မပြောတော့ဘူး.. မင်းရဲ့ အတွေးတွေက အရေးအကြီးဆုံးပဲ”

သို့သော် သူမက ဤသို့ ပြောလာခဲ့လျှင်ပင် အလွန် စိတ်လှုပ်ရှားနေဆဲ ဖြစ်ကြောင်းကို မြင်တွေ့နိုင်ဆဲဖြစ်ပေသည်။

စုန့်ကတော်သာ တကယ် လာနိုင်မယ်ဆိုရင် အရမ်း ကောင်းလိမ့်မယ်။

ဒါဆိုရင် မိသားစုတစ်ခုလုံးက ရန်ရန်နှင့်အတူ သူတို့ရဲ့အခြေအနေကို စစ်ဆေးနိုင်လိမ့်မယ်။

ထို့နောက်တွင်တော့ အဘွားလင်းက တခြားသောမေးခန်းတချို့ မေးခဲ့ပြီး စုန့်ရှီးယန်ကလည်း အလေးအနက်ထားပြီး ဖြေကြားခဲ့သည်။

အချိန်က သိပ်ပြီး မရှိတော့ဘဲ တခြားမိသားစုဝင်များက အလုပ်သွားရတော့မည့်အချိန်မှသာ မိသားစု အစည်းအဝေးကို ယာယီ ရပ်ဆိုင်းလိုက်လေ၏။

All Chapters