← Chapters

အခန်း (၂၁၅)

Vol. 22 Ch. 215

အခန်း (၂၁၅)

Vol. 22 Ch. 215

တခြားလူများ ထွက်ခွာသွားပြီးနောက် အဘွားလင်းက လင်းရန်အား သူမ၏ အနောက်ဘက်ခန်းသို့ တိုက်ရိုက် ခေါ်သွားပြီး သူမ၏ စိတ်ကူးမြားအကြောင်းကို မေးမြန်းခဲ့သည်။

“ရန်ရန်၊ အဘွားက အတွေ့အကြုံရှိသူတစ်ဦးအနေနဲ့ ပြောပြချင်တယ်.. ရှောင်စုန့်က တကယ်ကို ကောင်းမွန်တဲ့ ကလေးပါ.. အဘွားက စာမတတ်ပေမဲ့ လူတွေရဲ့စိတ်ကိုတော့ တိတိကျကျ အကဲခတ်နိုင်ပါသေးတယ်

သူ့ရဲ့ စိတ်နေစိတ်ထားက နည်းနည်းလောက် အေးစက်တယ်ဆိုပေမဲ့ သူက လက်တွေ့ကျတာတွေကို လုပ်နိုင်တယ်.. ဒါက ပါးစပ်နဲ့ပဲ ပြောတတ်သူတွေထက် အများကြီး ပိုကောင်းတယ်”

ဥပမာအားဖြင့် လော့ပင်းနှင့် ချန်ကျားယန်ကဲ့သို့ လူမျိုးများပင် ဖြစ်သည်။

“သေချာတာပေါ့.. အရေးအကြီးဆုံးက ဒီကောင်လေးက မင်းကို တကယ် ကြိုက်နေတယ်ဆိုတာကို အဘွား မြင်နိုင်တယ်”

အဘွားလင်းက စကားပြောရင်း ရယ်မောနေခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင်ပျော်ရွှင်သော အမူအရာဖြင့် လင်းရန်ကို ကြည့်လာခဲ့သည်။

သူတို့ မတိုင်လင်က ဧည့်ခန်းမထဲတွင် ရှိနေစဥ်တွင် စုန့်ရှီးယန်သည်က သူမ၏ စကားများကို ဆက်လက် ဖြေကြားနေခဲ့သော်လည်း သူ၏ မျက်လုံးများကတော့ လင်းရန်ဆီသို့သာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်နေခဲ့ပြီး သူမကို တိုက်ရိုက် မကြည့်ခဲ့ပေ။

ထို့ကြောင့် သူမအနေဖြင့် ဂရုတစိုက် အကဲခတ်နိုင်ခဲ့သည်။

လင်းရန်က သူ့ကို လျစ်လျူရှုနေသည့်အချိန်တွင် နာကျင်နေပုံရသေးသည်ကိုပင် မြင်လိုက်ရနိုင်သည်။

သူတို့ နှစ်ယောက်ကြားမှ ဆက်ဆံရေးမှာ စိတ်ခံစားချက် နက်နဲခိုင်မာပုံရသည့် စုန့်ရှီးယန်တွင်သာ အားနည်းချက် ရှိနေပုံရသည်။

ဒါက လင်းရန်အတွက် ကောင်းတဲ့ အရာပဲလေ!

လင်းရန်က အဘွားဖြစ်သူ၏ နောက်ပြောင်ခြင်းကို ခံရပြီးနောက် မျက်နှာနီရဲလာခဲ့ရသည်။

“အဘွား! ကျွန်မကို မနောက်ပါနဲ့တော့!”

“ကောင်းပြီ၊ ကောင်းပြီ၊ အဘွား မင်းကို မနောက်တော့ဘူး၊ ဟားဟားဟား၊ ဒါပေမဲ့ မင်း သေသေချာချာ စဉ်းစားသင့်တယ်.. ငါ ခုနက ပြောခဲ့သလိုပဲ၊

ရှောင်စုန့်နဲ့ မင်းရဲ့ အစ်ကိုကြီးက မကြာခင် ထွက်ခွာရတော့မှာ ဖြစ်နိုင်တယ်.. ဒါကြောင့် ဒီနေရာမှာ မင်းအနေနဲ့ အရင်ဆုံး ဆုံးဖြတ်ချက်ချရမယ်..

မဟုတ်ရင် သူတို့ ထွက်ခွာသွားတဲ့အချိန် ရှောင်စုန့်ကို နောက်တစ်ကြိမ် တွေ့ချင်ရင်၊ ဒါမှမဟုတ် ရှောင်စုန့်ရဲ့ အမေကို တွေ့ချင်ရင်၊ ဒါမှမဟုတ် ငါတို့ မိသားစုကို ဒီလိုမျိုး ကိစ္စတွေမှာ ကူညီစေချင်တယ်ရင် သိပ်ပြီး မလွယ်ကူတော့ဘူး”

ထို့အပြင် ဤကာလအတွင်း ကိစ္စရပ်များ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက ပြဿနာများစွာကိုလည်း သေချာပေါက် နည်းပါးသွားစေမည် ဖြစ်သည်။

လင်းရန် အဘွားလင်း၏ စကားများကိုလည်း ဂရုတစိုက်နားထောင်ခဲ့သည်။

သူမ ရက်များကို ရေတွက်ကြည့်လိုက်လျှင် စုန့်ရှီးယန်နှင့် သူမ၏ အစ်ကိုကြီး လင်းကွမ်ချင်းတို့က အိမ်တွင် ရောက်ရှိနေသည်မှာ အမှန်ပင် အချိန်ကြာမြင့်နေခဲ့ပေပြီ။

အရာအားလုံးကို အစီအစဉ်မည်ဆိုချပါက အနည်းဆုံး လဝက်ခန့်ကြာမြင့်ပေလိမ့်မည်။

သူတို့ နောက်ဆုံးအကြိမ် မစ်ရှင် သွားခဲ့ရသည့် အချိန်က ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် စစ်တပ်က သူတို့ကို မကြာမီ ပြန်လည်ခေါ်ယူလောက်ပေတော့မည် ။

အခုလိုမျိုး ဆွဲဆန့်နေမယ်ဆိုရင် တကယ်ကို မသင့်တော်လှတော့ဘူး။

အဆုံးတွင်တော့ သူတို့နှစ်ယောက်က ဤကာလအတွင်း နေ့တိုင်း အတူရှိခဲ့ကြပြီး သူမသည်လည်း စုန့်ရှီးယန်ကိုလည်း ကောင်းစွာ သိရှိထားခဲ့ပြီဟု ဆိုနိုင်ပေပြီ။

သူမ မသေချာသောအရာ တစ်ခုမှာ တစ်ဖက်လူ၏အိမ်မှ အခြေအနေဖြစ်ပြီး စုန့်ရှီးယန်က ထိုအကြောင်းကိုလည်း သူမဆီသို့ ရိုးသားစွာ ရှင်းပြခဲ့သည်။

ထိုကြောင့် ဤသို့ကြည့်ခြင်းအားဖြင့် ထပ်မံ၍ သိရှိနိုင်စရာမည်သည့်အရာမှ မရှိတော့ဟု ထင်ရသည်။

သူတို့ နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်ဆိုသည်ကတော့ ဘုရားသခင်ပင် မဖြေနိုင်သော မေးခွန်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဆိုရလျှင်သူမ၏ စတုတ္ထအဒေါ်နှင့် လော့ပင်းတို့က အစပိုင်း၌ အလွန် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိခဲ့ကြသော်လည်း နောက်ပိုင်းတွင် သူတို့ ကွာရှင်းခဲ့ကြရသည်။

ဒီလိုဆိုမှတော့ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဘယ်လိုများ ခန့်မှန်းနိုင်မှာလဲ။

သူမက စုန့်ရှီးယန်အပေါ် ကောင်းမွန်သော ခံစားချက် ရှိနေပြီး သူနှင့် ရှေ့ဆက်ရန် စိတ်ကူးကို ငြင်းပယ်ချင်စိတာမရှိပါက သူမအနေဖြင့် ဤခြေလှမ်းကို ရဲရဲဝံ့ဝံ့ လှမ်းသင့်ပေသည်။

အချိန်ခဏမျှ စဉ်းစားပြီးနောက် လင်းရန် ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ပြီး အဘွားလင်းကို ပြောခဲ့သည်။

“အဘွား၊ ကျွန်မ ကွမ်ကျိုးကို နှစ်ရက်လောက် သွားကစားချင်တယ်.. အဘွား ဘယ်လို ထင်လဲ”

သူမက “ကစားရန်” သွားမည်ဟု ပြောခဲ့သော်လည်း တကယ်တမ်းတွင်သူမက စုန့်မိသားစု၏ အခြေအနေကို ရှင်းလင်းအောင် ကြည့်ရှုရန် သွားခြင်းသာ ဖြစ်ပေသည်။

စုန့်ရှီးယန်က သူ၏ အမေကို လှမ်းခေါ်နိုင်သည်ဟု ပြောခဲ့သော်လည်း လင်းရန်ကတော့ စဉ်းစားကြည့်ပြီးနောက် သိပပြီး မကောင်းလောက်ဟု ခံစားခဲ့ရသည်။

အဆုံးတွင်တော့ အမေစုန့်မှာ နောက်ပိုင်းတွင် သူမ၏ မိသားစု အကြီးအကဲ ဖြစ်လာမည့်သူဖြစ်နိုင်ချေရှိပေသည်။ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ပထမဆုံး တွေ့ဆုံချိန်တွင် အမေစုန့်ကို လှမ်းခေါ်ပြီး လာရောက်လည်ပတ်စေခြင်းက မှားယွင်းနေပေလိမ့်မည်။

အဘွားလင်းက သူမ၏ စကားကို ကြားလျှင် သူမကို ရိုးရှင်းစွာ ပြုံးပြ၍ ပြောခဲ့သည်

“ကောင်းပြီ.. ဘာပဲဖြစ်ဖြစ် မင်း ပျော်နေသရွေ့ အဆင်ပြေပါတယ်၊ အဘွား ပြောခဲ့သလိုပဲ၊ မင်းရဲ့ အဖေ၊ ဦးလေးနဲ့ အဘွားက ဒီအိမ်ကနေ မင်းကို အမြဲတမ်း စောင့်နေမှာပါ”

လင်းရန် သူမ၏ နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်ပြီး ဝမ်းနည်းသည့် စိတ်ခံစားချက်များဖြင့် အဘွားလင်း၏ ပခုံးများကို ဖက်လိုက်သည်။

“အင်း .. သမီး သိပါတယ် အဘွား”

သူမ၏ ဘဝတွင် ဤကဲ့သို့သော မိသားစုမျိုး ရှိရလာခြင်းအတွက် အလွန်ပင်ပျော်ရွှင်ဝမ်းသာမိသည်။

ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သောကြောင့် လင်းရန်က ဆက်လက့ တုံ့ဆိုင်းမနေတော့ဘဲ စုန့်ရှီးယန်ထံသို့ တိုက်ရိုက် သွား၍ သူ၏ မိဘများနှင့် တွေ့ဆုံရန် ကွမ်ကျိုးသို့ လိုက်မည့် အစီအစဉ်အကြောင်းကို ပြောပြခဲ့သည်။

“အခု ကျွန်မရဲ့ မိသားစုဝင်တိုင်းက ရှင့်အကြောင်းကို သိနေပြီဆိုတော့ ကျွန်မလည်း ဦးလေးနဲ့ အဒေါ်ဆီကို သွားရောက်လည်ပတ်သင့်တယ်လို့ ထင်တယ်.. ဒါပေမဲ့ ကျွန်မရဲ့ တောင်းဆိုချက်က နည်းနည်းလောက် ရုတ်တရက် ဖြစ်နိုင်ပြီး သူတို့အတွက် အဆင်မပြေဖြစ်သွားလောက်မလားဆိုတာကိုတော့ မသိဘူး.. တကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ မေ့လိုက်လို့ရတယ်”

စုန့်ရှီးယန်တစ်ယောက် အံ့အားသင့်ကြောင်အမ်းသွားခဲ့သည်။

ထို့နောက်တွင် သူ့အနေဖြင့် လင်းရန် ပြောခဲ့သော စကားများ၏ အဓိပ္ပာယ်ကို လျင်မြန်စွာ သဘောပေါက်ခဲ့လေသည်။

ဆိုလိုသည်မှာ သူမာ သူနှင့်အတူ လိုက်ပြီး သူ၏မိဘများကို တွေ့ဆုံရန် ဆန္ဒရှိသည်။

တစ်နည်းအားဖြင့်သူ့နှင့်အတူ နေရန် ဆန္ဒရှိသည်။

သူနဲ့ လက်ထပ်ဖို့အတွက်တောင် ဆန္ဒရှိနေခဲ့သည်!

သူ စဥ်းပင် မစဉ်းစားဘဲ ပြောခဲ့သည်။

“သေချာပေါက်ရတာပေါ့! မင်း အရင် ပြန်သွားပြီး ကောင်းကောင်း အိပ်လိုက်လေ.. ကိုယ် သူတို့ဆီကို ချက်ချင်း သွားပြောပြလိုက်မယ်!”

စုန့်ရှီးယန်က ထိုသို့ ပြောပြီးသည်နှင့် အနောက်သို့လှည့်၍ အိမ်ပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။

လင်းရန်တစ်ယောက် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး လျင်မြန်စွာ သတိပြန်ဝင်လာကာ စုန့်ရှီးယန်ကို အော်ခေါ်ရလေတော့၏။

“စုန့်ရှီးယန်၊ အဲဒီမှာ ရပ်နေလိုက်! ဘယ်အချိန်မှာသွားမလဲဆိုတာ ကျွန်မ မပြောရသေးဘူးလေ!”

စုန့်ရှီးယန် ရပ်တန့်သွားပြီး အသံကျယ်ကျယ်နဲ့ချောင်းဟန့်လိုက်ကာ လင်းရန်ဆီသို့ ပြန်သွားပြီး တိကျသော အချိန်ကို မေးမြန်းခဲ့သည်။

“နှစ်ရက်အတွင်းလောက်ဖြစ်မှာ ပေါ့၊ ကျွန်မ ကွန်မြူနတီကနေ အရင်ဆုံး ခွင့်တောင်းရမယ်.. ခွင့်မတောင်းဘဲ အလုပ်ကနေ ထွက်သွားလို့ ဘယ်လိုလုပ်အဆင်ပြေမလဲ”

ဆိုရလျှင် ဤကိစ္စမှာ အရင်ဆုံး ဆွေးနွေးရန် လိုအပ်သည့် ကိစ္စသာဖြစ်သည်။ စုန့်ရှီးယန်မနေဖြင့် မတိုင်ခင်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဤအကြောင်းကို စဉ်းစားရန် မေ့သွားခဲ့သည်။ လင်းရန်က သတိပေးပြီးမှသာ သတိပြန်ဝင်လာခဲ့သည်။

သို့သော် ဤအခြေအနေက သူ့၏ အလွန်အမင်း ပျော်ရွှင်နေသည်ကို မတားဆီးနိုင်သကဲ့သို့ လင်းရန် မနက်ဖြန် အလုပ်ဆင်းပြီးနောက်တွင် ယူဆောင်လာမည့် သတင်းကောင်းကို မျှော်လင့်နေခြင်းမှလည်း မတားဆီးနိုင်ခဲ့ပါချေ။

စုန့်ရှီးယန်၏ ဆုတောင်းများက အကျိုးသက်ရောက်ပုံရသည်။ ကွန်မြူနတီက လင်းရန်တစ်ယောက် ဆွေမျိုးများဆီသို့ လည်ပတ်ရန် သွားရမည်ကို ကြားလျှင် သူမကို ခွင့်ပေးရန်အတွက် အနည်းငယ် ဝန်လေးနေခဲ့ကြသော်လည်း ချက်ချင်းပင် တစ်ပတ်စာခွင့် ပေးလာခဲ့သည်။

ဤတစ်ပတ်အတွင်း ကွန်မြူနတီ၏ စားဖိုဆောင်တွင် ချက်ပြုတ်ရမည့် ထမင်းဟင်းများအတွက်ကတော့ ဝမ်ရှို့ကျူကသာ ယာယီ အစားထိုးနိုင်ပေလိမ့်မည်။

ကံကောင်းစွာဖြင့် ဝမ်ရှို့ကျူ၏ အချက်အပြုတ်ကျွမ်းကျင်မှုအရည်အချင်းက လင်းရန်ကဲ့သို့ မကောင်းလှသော်လည်း ဤကာလအတွင်း အတွေ့အကြုံများ ရရှိပြီးနောက်တွင် သူမ ချက်ပြုတ်သည့် အစားအစာကလည်း မဆိုးရွားတော့ပါချေ။

အနည်းဆုံးတော့ ကွန်မြူနတီမှ လူများချက်ပြုတ်သည့် ပျမ်းမျှလက်ရာထက်တော့ ပိုကောင်းပေသည်။

ထို့ကြောင့် ဤတစ်ပတ်အတွင်း သူတို့က ဝမ်ရှို့ကျူ ချက်ပြုတ်သည့် အစားအစာကိုသာ ယာယီ စားရမည်ဖြစ်ပြီး လင်းရန် ပြန်လာသည့်အချိန်ထိ စောင့်ဆိုင်းနေကြရလိမ့်မည်။

လင်းရန်က ထွက်ခွာမည့်နေ့အတွက် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကာ မနက်ဖြန်အချိန်ပင် ဖြစ်ပေမည်။

အချိန်က နည်းပါးနေပြီဖြစ်သောကြောင့် စုန့်ရှီးယန်က ထိုနေ့ နေ့လယ်ခင်း၌ စာတိုက်သို့ သွားပြီး သူ လင်းရန်ကို ကွမ်ကျိုးသို့ ခေါ်လာမည့်အကြောင်းကို ချင်းယွင်ကျစ်ဆီသို့ သတင်းကောင်းပြောပြခဲ့သည်။

သူနှင့် လင်းရန်တို့က ဤနေရာမှ စတင် ထွက်ခွာပါက စုန့်မိသားစုထံသို့ ရောက်ရန် လေးရက်ခန့် ကြာမည်ဖြစ်သည်။

စာက သူတို့နှစ်ယောက်ထက် တစ်ရက်စော၍ ထွက်ခွာခဲ့သည်။

သူတို့ ကွမ်ကျိုးသို့ ရောက်သောအချိန်တွင် စာက ချင်းယွင်ကျစ်၏ လက်ထဲသို့ ရောက်ရှိကာစပင်ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။

သူမထံတိင် ပြင်ဆင်ရန် အချိန် သိပ်မရှိတော့ပေ။

သို့သော် အမေဖြစ်သူ၏ ပြင်ဆင်စရာကိစ္စနှင့်ယှဥ်ပါက လင်းရန်ကို ပြန်ခေါ်သွားခြင်းကသာ သေချာပေါက် ပို၍ အရေးကြီးပေသည်။

ထို့ကြောင့် စုန့်ရှီးယန်တစ်ယောက် စာ ရောက်ရှိသည်က အလွန်နောက်ကျသွားသောကြောင့် ချင်ယွင်ကျစ် ဒေါသ မထွက်ပါစေနှင့်ဟုသာ ဆုတောင်းနိုင်ခဲ့သည်။

ကိစ္စများက အလျင်အမြန် ဖြစ်လာခဲ့သောကြောင့် လင်းမိသားစုသည်လည်း စိတ်လှုပ်ရှားလာခဲ့ကြသည်။

အထူးသဖြင့် အဘွားလင်းနှင့် လင်းကျန်းအန်းတို့က ပို၍ပင် စိုးရိမ်ခဲ့ကြသည်။ အဘွားလင်းက လင်းရန် ထွက်ခွာမည့် ရက်မတိုင်မီ ညတွင် လင်းရန်၏ အခန်းသို့ တိုက်ရိုက် သွားပြီး သူမနှင့်အတူ အိပ်ခဲ့သည်။

သူမက မအိပ်ခင်အချိန်တွင် ထိုကိစ္စနှင့်ပတ်သက်၍ ဂရုပြုရမည့် အချက်များကို လင်းရန်ဆီသို့ သင်ကြားပြောပြခဲ့သည်။

လင်းကျန်းအန်းအတွက်ကတော့ သူက စုန့်ရှီးယန်ကို အပြင်သို့ ခေါ်သွားပြီး လမ်းတစ်လျှောက် “စကားပြော” ခဲ့လေသည်။

သူတို့ နှစ်ယောက် မည်သည့်အကြောင်းအရာများကို ပြောခဲ့သည်ကိုတော့ ပါဝင်ပတ်သက်သူ နှစ်ဦးမှလွဲ၍ တခြားမည်သူမျှ မသိရှိခဲ့ကြပေ။

သို့သော် စကားပြောပြီး ပြန်လာသောအချိန်တွင် လင်းကျန်းအန်း၏ စုန့်ရှီးယန်အပေါ် သဘောထားက ကောင်း၊ မကောင်းကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိလာနိုင်ခဲ့ကြသည်။

လင်းကျန်းအန်းက အနည်းဆုံးတော့ ဤစကားပြောဆိုမှုကို အလွန် ကျေနပ်ခဲ့ပုံရသည်။

စုန့်ရှီးယန်၏ စိတ်ကျေနပ် ၊ မကျေနပ်နှင့် ပတ်သက်လျှင်တော့..

ထိုအကြောင်းက လင်းမိသားစု၏ စိုးရိမ်ပူပန်မှု ဘောင်ထဲတွင် မပါဝင်သေးပေ။

All Chapters