← Chapters

အခန်း (၂၁၆)

Vol. 22 Ch. 216

အခန်း (၂၁၆)

Vol. 22 Ch. 216

လင်းရန်နှင့် စုန့်ရှီးယန်တို့၏ ကိစ္စ မပေါ်ပေါက်မီအချိန်က စုန့်ရှီးယန်မှာ သူတို့၏ လင်းမိသားစု၏ ကျေးဇူးရှင်နှင့် ဧည့်သည်တစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် လင်းရန်နှင့် စုန့်ရှီးယန်တို့၏ ဆက်ဆံရေး ပေါ်ပေါက်ပြီးနောက်တွင်တော့ စုန့်ရှီးယန်၌ တစ်ခုတည်းသော ကိုယ်ရေးအချက်အလက်သာ ရှိတော့သည်။

၎င်းမှာ လင်းမိသားစုရှိ လူတိုင်း၏ အကဲဖြတ်ခြင်းကို စောင့်ဆိုင်းနေသော “အနာဂတ် သားမက်လောင်း”သာ ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စတွင် လင်းရန်၏ ဆွေမျိုးများအနေဖြင့် သူတို့သည်က သေချာပေါက် သူမ၏ဘက်၌ ရပ်တည်ပြီး စုန့်ရှီးယန်ကို ပြင်ပလူကဲ့သို့သာ ဆက်ဆံရမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် စုန့်ရှီးယန်သည်လည်း လင်းမိသားစု၏ အတွေးများကို လုံးဝ နားလည်နိုင်ခဲ့ပြီး သူတို့ လင်းမိသားစုသို့ လုံးလုံးလျားလျားဝင်ရောက်နိုင်မည့်နေ့ကိုသာ စတင် မျှော်လင့်နေခဲ့သည်။

လင်းမိသားစု၏ တခြားသောမိသားစုဝင်များနှင့် စကားပြောရန် လွယ်ကူသော်လည်း လင်းကွမ်းချင်းကို ရင်ဆိုင်ရသောအချိန်တွင်တော့ စုန့်ရှီးယန်တစ်ယောက် အနည်းငယ်လောက် အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရသည်။

ထိုနေ့က ညဘက် မှောင်လာသည့်အချိန်တွင် လင်းမိသားစုတစ်ခုလုံးက သူတို့၏ အိမ်ခန်းများသို့ အိပ်စက်ရန် သွားခဲ့ကြသည်။ စုန့်ရှီးယန်သည်လည်း လင်းကွမ်းချင်းနှင့်အတူ အခန်းသို့ ပြန်သွားခဲ့သည်။

ယခင်က အမြဲတစေ သူနှင့် ဘေးချင်းယှဉ် လျှောက်ခဲ့သော လင်းကွမ်းချင်းမှာ ရုတ်တရက် သူ၏ ခြေလှမ်းများ၏ အမြန်နှုန်းကို မြှင့်လိုက်ပြီး အရှေ့ဘက်မီ လျှောက်သွားခဲ့လေသည်။

ပြီးနောက် ခုတင်ပေါ်တွင် တိုက်ရိုက် လှဲလျောင်းလိုက်ပြီး နံရံဘက်သို့ လှည့်နေခဲ့သည်။ သူက စုန့်ရှီးယန်ကို စကားပြောဆိုရန် အခွင့်အရေးပင် မပေးခဲ့ပေ။

စုန့်ရှီးယန်တစ်ယောက် အကူအညီသွားခဲ့ရသည်။

သူ ခုတင်ဘေး၌ ခဏလောက် ရပ်နေခဲ့ပြီး နောက်ဆုံးတွင် သူ၏ အပြစ်ရှိစိတ်ကို ထိန်းချုပ်ပြီး စကားပြောခဲ့လေသည်။

“အဟမ်း.. ကွမ်းချင်း၊ ငါတို့ စကားပြောကြရအောင်”

လင်းကွမ်းချင်း၏ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီး နံရံကိုသာ ဒေါသတကြီး ကြည့်လိုက်သည်။

သူက အိပ်ပျော်နေသကဲ့သို့ ဟန်ဆောင်ပြီး စုန့်ရှီးယန် ပြောခဲ့သည့် စကားကို မကြားသကဲ့သို့ နေချင်ခဲ့သော်လည်း ခဏလောက် စဉ်းစားပြီးနောက်တွင် သူအနေဖြင့် ဒေါသများက ပို၍ပင်တိုးလာခဲ့ရသည်။

“ဘာများ ပြောစရာရှိလို့လဲ! မင်းက ဒီနေ့ကစပြီး အလုပ်အကိုင်ကောင်းလည်းရှိနေပြီး၊ ချစ်ကြိုက်ပြီးလက်ထပ်ရမဲ့ မိန်းကလေးလည်း ရှိနေပြီ.. အားလပ်ရက်ပြန်လာတဲ့အချိန်မှာ ဒီလို ကောင်းမွန်တဲ့ လက်တွဲဖော်ကို ရှာနိုင်ခဲ့တယ်..

ငါ့လိုမျိုး အရူးတစ်ယောက်နဲ့ ဘာတွေများ ပြောစရာရှိနိုင်မှာလဲ...”

ဝံပုလွေကို အိမ်ထဲကိုထည့်ပြီး တံခါးကိုပါ တိုက်ရိုက်ပိတ်လိုက်သေးတယ်။

လင်းကွမ်းချင်း၏ စကားများက ပို၍ တရားလွန်လာခဲ့ပြီး သူ၏ လေသံကလည်း ပို၍ပင် ဆိုးရွားကာ မကောင်းဆိုးဝါးဆန်လာသည်ကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် အနည်းငယ်လောက် အပြစ်စိတ်များ ရှိနေသေးသော်လည်း ယခုအချိန်တွင်တော့ တစ်ဖက်လူကို ဆက်ပြီး ချော့မြူရန် လိုအက်သည်ဟု မတွေးတော့ဘဲ စစ်တပ်ထဲတွင် လေ့ကျင့်နေသော စစ်သားတစ်ဦးကဲ့သို့ ပြင်းထန်မာကြောသော အသံဖြင့် အော်ဟစ်ခဲ့သည်။

“လင်းကွမ်းချင်း!”

ဤရင်းနှီးသော လေသံမှာ လင်းကွမ်းချင်း၏ အရိုးများထဲ၌ ထွင်းထုပြီးသား ဖြစ်သောကြောင့် သူ့အနေဖြင့် မစဉ်းစားဘဲ တုံ့ပြန်ခဲ့လေသည်။

“ရှိပါတယ်!”

သူ ထိုသို့ ဖြေပြီးနောက်မှသာ သူသည်က သူ စစ်တပ်တွင် ရှိနေခြင်းမဟုတ်ကြောင်းနှင့်၊ ခေါင်းဆောင်ထံမှ အပြစ်တင်ခံနေရခြင်း မဟုတ်ဘဲ အိမ်တွင်သာ ရှိနေခြင်းဖြစ်ကြောင်းကို ရုတ်တရက် သဘောပေါက်ခဲ့သည်!

ဤအချက်ကို သဘောပေါက်ပြီးချိန်တွင် လင်းကွမ်းချင်း တိတ်ဆိတ်သွားခဲ့လေသည်။

“…”

သူ၏ ကျယ်လောင်သော တုံ့ပြန်မှုက စုန့်ရှီးယန်ကိုလည်း ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။

ဒီကလေးက လုံးဝ တုံးအ,သွားပြီလား?

သို့သော်လည်း ဤအချိန်တွင် စုန့်ရှီးယန်အနေဖြင့် အနည်းငယ်မျှသော မနှစ်သက်မှုကိုပင် ပြသရန် မဝံ့တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက လင်းကွမ်းချင်းကို နူးညံ့သော အသံဖြင့်သာ ဆက်လက် ပြောဆိုခဲ့ရသည်။

နောက်ဆုံးမှာ ဘယ်သူကများ လင်းကွမ်းချင်းကို လင်းရန်ရဲ့ အစ်ကို ဖြစ်စေခဲ့လို့လဲ။

“ကောင်းပြီ၊ ရှုန်းတိ.. မိန်းကလေးတစ်ယောက်လိုမျိုး ဆက်ပြီး ရေရွက်မနေနဲ့တော့.. မင်း မကျေနပ်တာ တစ်ခုခု ရှိရင် ငါ့ကို တိုက်ရိုက် ပြောလိုက်.. မင်း စိတ်ခံစားချက်မကောင်းရင် ငါ့ကို နှစ်ချက်လောက် ထိုးလိုက်လို့ ရတယ်.. ငါ ပြန်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး”

စုန့်ရှီးယန်သည်ကား စစ်တပ်ထဲတွင် သူ၏ ကျွမ်းကျင်သန်မာမှုကြောင့် နာမည်ကြီးပြီး တစ်ကိုယ်တော် တိုက်ပွဲ၌ သူ့ကို မည်သူကမျှ အနိုင်မရနိုင်ဟု ထင်ရသည်။

ထို့အပြင် စုန့်ရှီးယန်ထံမှ သူ၏ဂုဏ်ပုဒ်ဖြစ်သည့် ရှုံးပွဲမရှိအောင်နိုင်သူဆိုသည့်နာမည်ကို ရယူခြင်းနှင့် သူ့ကို အနိုင်ယူလိုခြင်းသည်က သူ၏ လက်အောက်ရှိ စစ်သားများစွာ၏ အိပ်မက်ပင် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် စုန့်ရှီးယန်က သူ့ရှေ့တွင် ရပ်နေစေပြီး သူ့ကို နှစ်ချက် ထိုးခွင့် ပေးမည်ဆိုသည်ကို ကြားလာရသည်။ ရိုးသားစွာ ပြောရလျှင် လင်းကွမ်ချင်းသည်လည်း ခဏမျှ စိတ်လှုပ်ရှားသွားခဲ့လေသည်။

သို့သော် ၎င်းကို ပြန်စဉ်းစားကြည်းပြီးနောက် ရုတ်တရက် စိတ်ပျက်သွားခဲ့ရပြန်သည်။

မင်း နိုင်ရင်ရော ဘာဖြစ်လဲ?

ဒါက လိမ်ညာတာပဲ မဟုတ်ဘူးလား။

ဒါ့အပြင် သူသာ တကယ်ပဲ စုန့်ရှီးယန်ကို အနိုင်ယူခဲ့မယ်ဆိုရင် တစ်ဖက်လူ သူရဲ့ညီမ လင်းရန်ကို ခေါ်ဆောင်သွားဖို့အတွက် ခွင့်ပြုလိုက်သလိုဖြစ်သွားတာပဲမဟုတ်ဘူးလား။

ဒါက သူ့ရဲ့အိပ်မက် မဟုတ်တော့ဘူး။

လင်းရန်က နောက်တစ်နေ့တွင် စုန့်ရှီးယန်နှင့်အတူ သူ့၏အိမ်သို့ လိုက်သွားပြီး ထိုတစ်ယောက်၏ ဇနီး ဖြစ်လာတော့မည်ကို တွေးလိုက်မိပြီးနောက်တွင် လင်းကွမ်းချင်း၏ ညီမကို ချစ်သော စိတ်က ချက်ချင်း ပွင့်ချပ် ရှစ်ခုအဖြစ် ပြိုကွဲသွားခဲ့သည်။

“အစ်ကိုစုန့် ... ကျွန်တော် ခင်ဗျားကို ပြန်ခေါ်လာခဲ့တဲ့အတွက် နောင်တရမိတယ်...”

စုန့်ရှီးယန်သည်လည်း သူ ပြောချင်သည့်အဓိပ္ပာယ်ကို သေချာပေါက် သိနေခဲ့သည်။

လင်းကွမ်းချင်းတစ်ယောက် အလွန် စိတ်ပျက်နေပြီး မိမိကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်း အပြစ်တင်နေသည့်ပုံစံကို မြင်လျှင် သူ တစ်ဖက်လူ၏ ဘေး၌ ဝင်ထိုင်လိုက်လေသည်။

ထို့နောက် သူ၏ပခုံးကို ပုတ်ကာ အလေးအနက် ရှင်းပြရုံသာ တတ်နိုင်တော့သည်။

“မင်းက ဒါတွေဖြစ်လာမယ်ဆိုတာကို မစဉ်းစားဖူးဘူးဆိုတဲ့ အကြောင်းကို မပြောနဲ့.. ငါကိုယ်တိုင်လည်း ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး”

တစ်လကျော်ဆိုသည့်ကာလအတွင်း သူသည်က မည်သူနဲ့မှ လက်ထပ်လိမ့်မည် မဟုတ်ဟူသော အနှစ် ၂၀ ကျော် စီမံကိန်းကို အမှန်တကယ် ပြောင်းလဲခဲ့ပြီး လင်းရန်နှင့် အချစ်ဇာတ်လမ်းတစ်ခု စတင်ခဲ့မိလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

“မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါ သိတယ်”

လင်းကွမ်းချင်းသည်က နောက်ပိုင်းတွင် လင်းရန် သူ့နှင့် အတူနေရှိပါက သူ့ဘက်မှ သူမကို ဆိုးရွားစွာ ဆက်ဆံမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

သို့သော် တခြားသူများက သူ့ကို ဤသို့ ခန့်မှန်းသည်ကို လက်ခံနိုင်သော်လည်း လင်းကွမ်းချင်းသည်က သူ့နှင့်အတူ နှစ်ပေါင်းများစွာ ဘေးချင်းယှဉ်၍ တိုက်ပွဲဝင်ခဲ့သော ညီအစ်ကိုဟောင်းတစ်ဦး ဖြစ်ပေသည်။

ထိုသူက သူ့ကို ဤသို့ စဉ်းစားရဲနေခဲ့သည်။

စုန့်ရှီးယန်တစ်ယောက် ဤမတော်ရသေးသည့်ယောက်ဖကို အမှန်တကယ် ထိုးကြိတ်ချင်နေခဲ့သည်။

“ငါ ဘယ်လိုလူလဲဆိုတာ မင်း မသိဘူးလား.. ပြီးတော့ ငါ လင်းရန်နဲ့ လက်ထပ်ပြီးရင် သူမ သဘောတူပြီးတာနဲ့ ငါ သူမကို စစ်တပ်ထဲကို ဝင်ဖို့ အထက်လူကြီးတွေဆီမှာ လျှောက်လွှာ တင်မှာ

အချိန်ကျလာရင် မင်းက ဘေးကနေ စောင့်ကြည့်နေလို့ရတယ်၊ ငါက ဘာကို လုပ်ရဲတော့မှာလဲ”

လင်းကွမ်းချင်းလည်း ဤစကားကို ကြားလိုက်ရပြီးနောက် ရုတ်တရက် ခဏရပ်သွားခဲ့သည်။

အိုး၊ ဟုတ်သားပဲ!

ထိုအချိန်၌ သူနှင့် စုန့်ရှီးယန်တို့က တူညီသော ဌာနနှင့် တပ်ရင်းတစ်ခုတည်းတွင် ရှိနေလိမ့်မည်။

ထိုသူက တစ်ခုခု လုပ်ချင်လျှင်ပင် သူ၏ ကိုယ်ပိုင် မျက်လုံးများက သူ လုပ်ရဲမည်လားဆိုသည်ကို ကြည့်ရန် ရှာဖွေရေးမီးများကဲ့သို့ သူ့ကို စောင့်ကြည့်နေလိမ့်မည်!

ထို့အပြင် သူ၏ ညီမ လင်းရန်ပါ စစ်တပ်ထဲသို့ ဝင်လာမည်ဆိုပါက ပို၍ပင် ကောင်းမွန်လိမ့်မည်။

ထို့နောက်တွင် သူက စစ်တပ်ထဲတွင် စုန့်ရှီးယန်ကို စိုက်ကြည့်နေမည်ဖြစ်ပြီး သူမက မိသားစုဧရိယာ၌ သူ့ကို စောင့်ကြည့်နိုင်သည်။

ဤသို့ တွေးကြည့်လျှင် စုန့်ရှီးယန်သည်က မောင်နှမနှစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံနေရရုံသာမက အမှားတစ်ခုခုလုပ်ရဲပါက အသေတိုက်ခိုက်ခံရလိမ့်မည် ဖြစ်သည်။

လင်းရန်ကို တောင်းပန်ရန်ပင် အခွင့်အရေးလည်း မရှိတော့ပေ!

ဤသို့ တွေးကြည့်မည်ဆိုပါက သူ လုံးဝ မသိသော တစ်စုံတစ်ဦးကို သူ၏ ယောက်ဖ ဖြစ်ရန် ရှာဖွေခြင်းထက် စုန့်ရှီးယန်ကို ယောက်ဖအဖြစ် လက်ခံခြင်းက ပို၍ကောင်းပေသည်။

နောက်ဆုံးတော့ ထိုသူက သူ အလွန်ရင်းနှီးသူ ဖြစ်ပြီး သူ့၏အကြောင်းကိုလည်း အားလုံးကို သိထားသည်။

လရောင်အောက်တွင် စုန့်ရှီးယန်တစ်ယာက် လင်းကွမ်ချင်း၏ အမူအရာ ပျော့ပြောင်းသွားသည်ကို မြင်နိုင်ခဲ့သည်။

သူသည်က တစ်စုံတစ်ခုကိုပင် စဉ်းစားခဲ့ပြီး ရယ်မောနေခဲ့သည်။

ထိုကောင်စုတ်လေးမှာ သူ့ကို ကိုင်တွယ်ရန်အတွက် မကောင်းသော အကြံတချို့ကို စဉ်းစားနေပုံရသည်။

စုန့်ရှီးယန်တစ်ယောက် သည်းခံခဲ့လေ၏။ နောက်ဆုံးတွင် ဤကောင်စုတ်လေးသည်က လင်းရန်၏ ဝမ်းကွဲအစ်ကို ဖြစ်သောကြောင့် သူ့ကို မရိုက်ရက်ဟုသာ သူ၏ နှလုံးသားထဲ၌ တွေးနေခဲ့ရသည်။

“ကောင်းပြီ၊ မင်း မေးစရာ ဘာမှ မရှိတော့ဘူးဆိုရင် ဒီအတိုင်း ထားလိုက်ရအောင်.. တစ်နေကုန် ငါ့ကို ဆူပုတ်ပြီး ကြည့်မနေနဲ့တော့.. ယောက်ျားတစ်ယောက်အနေနဲ့ ရင့်ကျက်ပြီး သဘောထားကြီးစမ်းပါ”

လင်းကွမ်းချင်း နှာခေါင်းရှုံ့လိုက်သော်လည်း စုန့်ရှီးယန်ကို ဆက်လက် မုန်းတီးနေခြင်း မရှိတော့ပေ။

သူ၏ အဖွဲ့ခေါင်းဆောင်နှင့် သူ၏ ညီမ လင်းရန်တို့ကြားမှ ဆက်ဆံရေးက သိပ်ပြီး မမှန်သေးဟု ခံစားရဆဲ ဖြစ်သော်လည်း အရင်ကကဲ့သို့ ဆန့်ကျင်ခြင်း မရှိတော့ပေ။

ခဏအကြာတွင် လင်းကွမ်းချင်းတစ်ယောက် တစ်ခါမှ အချစ်ရေးမရှိဖူးသော လူငယ်တစ်ဦးအနေဖြင့် လက်တွဲဖော်နှင့် အတူရှိရခြင်းက မည်သို့ ခံစားစေသည်လဲဆိုည့်အကြောင်းကို စုန့်ရှီးယန်ဆီသိုး တိတ်တဆိတ် မမေးဘဲ မနေနိုင်တော့ပေ။

စုန့်ရှီးယန် သူ၏ လက်ကို ခေါင်းအုံးအဖြစ် အသုံးပြု၍ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

လင်းရန်၏ ပြုံးရယ်နေသော မျက်နှာက သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့လေသည်။ ထို့နောက်တွင် မသိစိတ်အရ နူးညံ့သော လေသံသို့ ပြောင်းလဲခဲ့ပြီး ဖြည်းဖြည်းချင်း ပြောခဲ့သည်။

“သူမကို မြင်နေရသရွေ့ စိတ်ချမ်းသာစေတဲ့ ခံစားချက်ပါပဲ”

မှောင်မိုက်ခြင်းကပင် မတားဆီးနိုင်လောက်သည့် စုန့်ရှီးယန်၏ လှိုင်းတံပိုးထန်သော လေသံကို နားထောင်လိုက်ရေသာ လင်းကွမ်းချင်း: “...”

ဟစ်..

သူ့အနေဖြင့် သူ၏ လက်များပေါ်၌ ရုတ်တရက် ပေါ်လာသော ကြက်သီးများကို ထိကြည့်လိုက်သည်။

တကယ်ကို သည်းမခံချင်စရာပဲ!

လူများက တစ်စုံတစ်ဦးနှင့် ချစ်ကြိုက်ပြီးနောက်တွင် ဤမျှ စိတ်ပျက်စရာ ကောင်းသွားနိုင်သည်လား။

အထူးသဖြင့် စုန့်ရှီးယန်ကဲ့သို့ “သွေးအေးသည့် ယောက်ျား”တစ်ယောက်ပင် ဤသို့ ဖြစ်လာလိမ့်မည်ဟု တွေးလိုက်မိလျှင် လင်းကွမ်းချင်းတစ်ယောက် တစ်စုံတစ်ဦးနှင့် ချစ်ကြိုက်မိခြင်းသည်က ကြောက်စရာ ကောင်းလွန်းသည်ဟု ရုတ်တရက် ခံစားလာခဲ့ရသည်။

All Chapters