← Chapters

အခန်း (၂၁၇)

Vol. 22 Ch. 217

အခန်း (၂၁၇)

Vol. 22 Ch. 217

နောက်တစ်နေ့ မနက်စောစောတွင်တော့ လင်းရန်နှင့် စုန့်ရှီးယန်တို့သည် ထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့ကြသည်။

သူတို့အနေဖြင့် အပြင်ဘက်သို့ ခရီးသွားရန်အတွက် လက်မှတ်အမျိုးမျိုးကိုလည်း ယမန်နေ့ကတည်းက တပ်မဟာခေါင်းဆောင်ထံမှ ရရှိခဲ့ကြသည်။

တပ်မဟာခေါင်းဆောင်က တပ်မဟာတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်ရုံသာမက လင်းမိသားစု၏ ဆွေမျိုးတစ်ဦးလည်း ဖြစ်သောကြောင့် လင်းကျန်းအန်းက သူ၏ သမီး လင်းရန်နှင့် စုန့်ရှီးယန်တို့ ချစ်ကြိုက်နေခဲ့သည့် သတင်းကို ဖုံးကွယ်မထားခဲ့ပေ။

တပ်မဟာခေါင်းဆောင်ကတော့ ထိုသတင်းကို ကြားလိုက်ရလျှင် အချိန် ခဏမျှ အံ့အားသင့်သွားခဲ့ပြီးသော်လည်း သူတို့ နှစ်ဦးကြားမှ အခြေအနေကိုပြန်တွေးကြည့်လျှင် ကျိုးကြောင်းစီလျော်သည်ဟု ခံစားခဲ့ရသည်။

အဆုံးတွင်တော့ သူတို့နှစ်ယောက်မှာ အိမ်ထောင်မပြုရသေးသည့် လူငယ်နှစ် အိမ်ထောင်မပြုရသေးသော မိန်းမပျိုလေးသာဖြစ်သည် မဟုတ်ပါလား။ ထို့အပြင် လူငယ်နှစ်ဦးသးလုံးက ရုပ်ရည်ချောမောနေခဲ့ကြပြီး အကျင့်စရိုက်ကလည်း ကောင်းမွန်နေခဲ့သည်။

ရုပ်ရညာချောမောပြီး ထူးချွန်သော လူနှစ်ယောက်က အချင်းချင်း ဆွဲဆောင်ခဲ့မိသည်က ပုံမှန်သာ ဖြစ်ပေသည်။

ထို့အပြင် ရှောင်စုန့်က လင်းရန်ကို သူ့၏အိမ်သို့ လည်ပတ်ရန် ခေါ်သွားချင်နေကြောင်းကို ကြားလိုက်ရလျှင် တပ်မဟာခေါင်းဆောင်အနေဖြင့် ရှောင်စုန့်က ပို၍ပင် စိတ်ချရသူ ဖြစ်သည်ဟု ခံစားခဲ့ရပြီး လင်းရန်နှင့် စုန့်ရှီးယန်တို့အတွက် လက်မှတ်များကို ချက်ချင်းပင် ထုတ်ပေးခဲ့သည်။

လင်းကျန်းအန်းအနေဖြင့် ယနေ့တွင် လင်းရန်နှင့် စုန့်ရှီးယန်တို့ကို လိုက်ပို့ရန်အတွက် ဆေးဖက်ဝင်အပင်များ စုဆောင်းရေးအဖွဲ့နှင့်အတူ အလုပ်မသွားခဲ့ပေ။ ထို့အစား သူက တခြားသူများကို စောင့်ကြည့်ခိုင်းခဲ့ပြီး လင်းရန်နှင့်စုန့်ရှီးယန်တို့၏ ပစ္စည်းများကို မြို့သို့ သယ်ယူပို့ပေးရန်တွင် ကူညီပေးခဲ့သည်။

ကံကောင်းစွာဖြင့် ဤအချိန်က နွေရာသီဖြစ်နေပြီး လင်းရန်ကလည်း အပြင်ဘက်တွင် ခဏလောက်သာ နေရမည်ဖြစ်သောကြောင့် အဝတ်အစား အနည်းငယ်ကိုသာ ယူလာခဲ့ပြီး သိပ်အများအပြားမရှိပါချေ။

ထို့ကြောင့် တပ်မဟာတွင်ရှိနေသော လူများက သူတို့ သုံးဦး မြို့ဘက်သို့ လျှောက်သွားသည်ကို မြင်လိုက်ရသော်လည်း မည်သူကမျှ သိပ်ပြီး မတွေးတောနေခဲ့ကြပေ။

သူတို့က လင်းကျန်းအန်းအနေဖြင့် နောက်တစ်ကြိမ် ကိစ္စတစ်ခု သွားလုပ်တော့မည်ဟုသာ တွေးခဲ့ကြသည်။

နောက်ဆုံး မြို့သို့ ရောက်သောအချိန်တွင်တော့ လင်းကျန်းအန်းက သူ၏ လက်ထဲရှိ အိတ်ကို လင်းရန်ဆီသို့ ပေးခဲ့သော်လည်း စုန့်ရှီးယန်က ကြားမှ ဆွဲယူသွားခဲ့သည်။

“ဒုတိယဦးလေး၊ ကျွန်တော့်ကို ပေးပါ”

လင်းကျန်းအန်းလည်း မငြင်းဆန်ခဲ့ဘဲ ခရီးဆောင်အိတ်ကို စုန့်ရှီးယန်ဆီသို့ ပေးခဲ့ပြီးနောက် သူ့ကို ဘေးသို့ ပို့လိုက်ကာ လင်းရန်ကိုသာ ကြည့်ခဲ့သည်။

“ရန်ရန်၊ အပြင်မထွက်ခင်တုန်းက အဖေနဲ့ အဘွား ပြောခဲ့တာတွေကို မှတ်ထားနော်.. အပြင်ဘက်မှာ ဂရုစိုက်ပါ.. မင်းမှာ ပြဿနာ တစ်ခုခု ရှိလာရင်လည်း ဒေသခံ ရဲဘော်တွေဆီကို တိုက်ရိုက် သွားပြီးအကူအညီ တောင်းရမယ်နော်၊ နားလည်လား”

ဘေးနားတွင်ရှိနေသော စုန့်ရှီးယန်လည်း လင်းကျန်းအန်း၏စကားကို ကြားလျှင် ရုတ်တရက် စိတ်ထိခိုက်သွားခဲ့ရသည်။

လင်းကျန်းအန်းက ဤလမ်းတစ်လျှောက်တွင် သူ့ဘက်မှ လင်းရန်ကို မကာကွယ်နိုင်ဟု ခံစားနေရသည်လား။

သူ့ကို အနည်းငယ် အထင်သေးနေခြင်းသာ မဟုတ်ပါလား။

အဖေလင်း၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုကို မြင်လိုက်ရလျှင် လင်းရန်လည်း နာခံစွာ တုံ့ပြန်ခဲ့သည်။

“သမီး သိပါတယ် အဖေ၊ စိတ်မပူပါနဲ့၊ သမီး ဂရုစိုက်ပါ့မယ်”

လင်းကျန်းအန်းလည်း လင်းရန်အနေဖြင့် ယခင်က စုန့်(စုန့်ဝေ့)မိသားစုနှင့်အတူ ကိစ္စများစွာကို ကြုံတွေ့ခဲ့ရကြောင်းကို တွေးတောလိုက်မိသည်။

ဤအကြောင်းကို စဉ်းစားလိုက်ပြီးနောက်တွင် သူ့၏သမီးက ကိုယ့်ကိုယ်ကို ကာကွယ်ရေးကို လုံးဝ မသိရှိသည်မဟုတ်ဟု ခံစားလိုက်ရပြီး စိတ်ချလာခဲ့လေသည်။

မကြာလင် လိုင်းကားက ထွက်ခွာတော့မည် ဖြစ်သောကြောင့် လင်းကျန်းအန်းသည်လည်း အချိန်မဖြုန်းတော့ဘဲ လင်းရန်နှင့် စုန့်ရှီးယန်တို့ကို ကားပေါ်သို့ တက်ရန် တိုက်တွန်းခဲ့သည်။

လိုင်းကားက စတင်ပြီး တဖြည်းဖြည်း မောင်းထွက်သွားချိန်တွင်တော့ လင်းကျန်းအန်းတစ်ယောက် စိတ်မချနိုင်ဖြစ်နေသည့် မျက်လုံးများကို ပြန်လည်ရုပ်သိမ်း၍ ပြန်သွားခဲ့လေသည်။

ကားပေါ်တိင်ရှိနေသော လင်းရန်သည်လည်း အဖေလင်း လှည့်ထွက်သွားသည်ကို မြင်လိုက်ရပြီးနောက် သူ၏ အာရုံကို အရှေ့ဘက်သို့ ပြန်လည် စုစည်းလိုက်လေသည်။

သို့သော်လည်း သူမ၏ မိသားစုကို ဤသို့ ထားခဲ့ရသည့်အတွက်ကြောင့် သူမ၏ စိတ်ခံစားမှုကိုလည်း အနည်းငယ် ထိခိုက်စေခဲ့ပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားကာ မျက်လုံးများတွင် အနည်းငယ်လောက် ဆုံးရှုံးသွားသည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူ့၏ဘေးနားတွင်ရှိနေသော စုန့်ရှီးယန်က ဤသည်ကို မြင်လိုက်ရသောကြောင့်ည စိုးရိမ်ပူပန်စွာဖြင့် ပြောခဲ့သည်။

“အိပ်ချင်နေပြီလား.. အိပ်ချင်ရင် ခဏလောက် အိပ်လိုက်လေ.. ခရိုင်မြို့ကိုရောက်ရင် ကိုယ် နှိုးလိုက်မယ်”

“ဒီနေရာမှာ ဘယ်လိုလုပ်ပြီး အိပ်နိုင်မှာလဲ”

လင်းရန်အနေဖြင့် တကယ်တမ်းတွင်တော့ အနည်းငယ်လောက် အိပ်ချင်နေခဲ့သည်။

ယမန်နေ့ညက အဘွားလင်းကသူမ၏ နားထဲ၌ အမျိုးမျိုးသောအကြောင်းအရာများကို တတွတ်တွတ် ပြောနေခဲ့သောကြောင့် သူမ ကောင်းစွာ မအိပ်စက်နိုင်ခဲ့ပေ။

သို့သော်လည်း သူမအနေဖြင့် အဘွားလင်း၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ဖြတ်တောက်ခိုင်းရန် ရှက်ရွံ့နေခဲ့သောကြောင့် ညဘက်တွင် မှေးကနဲသာ အိပ်ခဲ့ရသည်။

သို့သော် မြို့မှ ခရိုင်မြို့သို့ လမ်းသည်က သွားလာရန် မလွယ်ကူလှပါချေ။

ကားပေါ်တွင် ထိုင်နေစဉ် ပို၍ပင်သိသာပြီး တုန်ခါနေခဲ့သည်။ သူမ အိပ်ပျော်နိုင်မည်ဆိုမှသာ ထူးဆန်းပေလိမ့်မည်။

စုန့်ရှီးယန်လည်း သူမ၏စကားကို ကြားလျှင် ချက်ချင်းပင် အခြေအနေကို စဉ်းစားခဲ့ပြီး သူ၏ ကိုယ်ပိုင် အဝတ်တစ်ထည်ကို ထုတ်ကာ သူ၏ ပခုံးပေါ် သို့တင်လိုက်ပြီး လင်းရန်ဆီသို့ အချက်ပြလိုက်သည်။

“အခု ဘယ်သူမှ ကိုယ်တို့ကို ကြည့်မနေဘူး.. မင်း ခဏလောက် ကိုယ့်ရဲ့ပခုံးပေါ်မှာ အိပ်လို့ ရတယ်”

သူတို့ နှစ်ယောက်က နောက်ဆုံးတန်းတွင် ထိုင်နေခဲ့ကြပြီး အချိန်ကလည်း အလွန် စောနေသေးသဖြင့် ပတ်ဝန်းကျင်တွင် လူအများအပြား မရှိခဲ့ပေ။

သူတို့က နောက်ဆုံးတန်းတွင်ထိုင်နေကြပြီး နေရာတွင် သီးသန့် ရှိနေကြသောကြောင့် လက်ညှိုးထိုးခံရမည့်အကြောင်းကိုလည်း စိတ်ပူစရာ မလိုအပ်ပါချေ။

ထို့အပြင် ခြေတစ်လှမ်း နောက်ဆုတ်၍ စဉ်းစားကြည့်ပြီးရ တစ်စုံတစ်ဦးက အမှန်တကယ် ပြောလာမည်ဆိုပါကလည်း သူတို့က လေးနက်သော ချစ်သူရည်းစားဆက်ဆံရေးသာဖြစ်ပြီး ယောက်ျား၊မိန်းမကြားမှ ဆက်ဆံရေးကို ရှုပ်ထွေးအောင် လုပ်နေခဲ့ကြခြင်းမဟုတ်ပါချေ။

သူ့၏မိန်းကလေးကို ပို၍ သက်တောင့်သက်သာ အိပ်စေချင်သောကြောင့် သူ၏ ပခုံးပေါ်တွင် မှီစေခြင်းက မည်သည့်နေရာတွင်မှားယွင်းနေပါသည်နည်း။

သူတို့ကြားတွင် ရှုပ်ထွေးစရာလည်း မရှိသကဲ့သို့ ပုခုံးပေါ်တွင်လည်း အဝတ်တစ်ထည်ကိုတောင် ခံထားသေးသည် မဟုတ်ပါလား။

စုန့်ရှီးယန်ထံမှ သူ၏ပုခုံးပေါ်တွင် အိပ်ခိုင်းသည့် စကားကို ကြားလျှင် လင်းရန်လည်း သူမ၏ ညာဘက်တွင်ရှိနေသော ကားမှန်ကို ကြည့်လိုက်ပြီးနောက် ဘယ်ဘက်တွင်ရှိနေသော စုန့်ရှီးယန်၏ ပခုံးကို ပြန်ကြည့်လိုက်သည်။

ပုခုံးပေါ်တွင် အဝတ်တစ်ထည်ကိုလည်း ခံထားသေးသောကြောင့် ပို၍ နူးညံ့မည်မှာ သေချာပြီး ပို၍ သက်တောင့်သက်သာ ရှိစေလိမ့်မည်။

သူမလည်း ကိုယ့်ကိုယ်ကို အပင်ပန်းခံ၍ ခေါင်းမာမနေတော့ပေ။

“ဒါဆိုလည်း ကျွန်မ ခဏလောက် အနားယူလိုက်ဦးမယ်.. ကျွန်မတို့ ရောက်တော့မယ်ဆိုရင် ကျွန်မကို နိုးဖို့ သတိရဦး”

လင်းရန် ထိုသို့ ပြောပြီးနောက် သူမ၏ ခေါင်းကို စုန့်ရှီးယန်၏ ပခုံးပေါ်တွင် ဖြည်းဖြည်းချင်း မှီလိုက်သည်။ မှီရန်အတွက် အခမဲ့ ခေါင်းအုံးတစ်ခု ရှိနေချိန်တွင် ငြင်းပယ်ပါက တုံးအ,ရာရောက်ပေလိမ့်မည်။

စုန့်ရှီးယန်အနေဖြင့် လင်းရန်က အမှန်တကယ် မငြင်းဘဲ လက်ခံလိုက်မည်ဟု မထင်မှတ်ခဲ့ပေ။

လင်းရန်၏ ခေါင်းက သူ၏ ပခုံးပေါ်တွင် မှီလာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားခဲ့ခဲ့လေသည်။

မသိစိတ်မှပင် အသက်ရှူခြင်းကို ရပ်တန့်လိုက်မိပြီး လုံးဝ မလှုပ်ရဲတော့ပေ။

သူ့အနေဖြင့် နားထဲ၌ လင်းရန်၏ ချောမွေ့သော အသက်ရှူသံကို မကြားရမချင်း သူ၏ အသက်ရှူခြင်းကို ထိန်းထားခဲ့မိပြီး လင်းရန် အမှမ်တကယ် အိပ်ပျော်သွားပြီဟု ထင်မှသာ သတိကြီးကြီးးဖြင့် ခေါင်းကို လှည့်ပြီး လင်းရန်အား တစ်ချက်ကြည့်လိုက်မိသည်။

လင်းရန်က သူ၏ ပခုံးပေါ်၌ အေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်လိုက်ရလျှင် စုန့်ရှီးယန်တစ်ယောက် ရုတ်တရက် ဖော်ပြ၍မရသော အောင်မြင်မှုနှင့် စိတ်ကျေနပ်မှုတို့ကို ခံစားခဲ့ရသည်။

သူမကို မှီခွင့်ပေးနိုင်ခြင်းက ဤမျှလောက် ပျော်ရွှင် ကျေနပ်စရာ ကောင်းနေခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပါချေ။

…

သူတို့ နှစ်ယောက် မြို့ထဲမှ မနက်ပိုင်း၌ စတင် ထွက်ခွာခဲ့ကြသည်။ ခရိုင်မြို့သို့ ရောက်ပြီးနောက်လည်း မြို့ကြီးသို့ ဦးတည်သည့် ကားကို လျင်မြန်စွာ ပြောင်းစီးခဲ့ကြသည်။

ထို့နောက် သူတို့က လမ်းပေါ်တွင် နောက်တစ်ရက်လောက်အထိ အချိန်ကုန်ခဲ့ကြပြီး နောက်တစ်နေ့ မနက်ပိုင်းမှသာ မြို့ကြီးသို့ ရောက်ရှိခဲ့သည်။

မူလက လင်းရန်အနေဖြင်် မြို့သို့ ရောက်ပြီးနောက်တွင် သူမ၏ အဒေါ် လင်းကျန်းဖူဆီသို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း အဘွားလင်းက သူမ၏ အစီအစဉ်ကို တားဆီးခဲ့သည်။

သူမ၏ အဒေါ်သည်က မြို့ထဲတွင် အမြဲတစေ ရှိနေမည်ဖြစ်ကာ ပြေးသွားမည်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း သူမ၏ အချိန်ကတော့ ယခုအချိန်တွင် အလွန် တင်းကျပ်နေသည်။

သူတို့ ကွမ်ကျိုးသို့ သွားရန် အချိန်ကို ဂရုတစိုက်စီမံဖို့ကသာ အရေးအကြီးဆုံးဖြစ်ပြီး တခြား မည်သည့်ကိစ္စကိုမဆို နောက််သို့ပို့ထားခြင်းက ပိုကောင်းပေသည်။

သူတို့ ဤကိစ္စမှ ပြန်လာပြီးမှသာ လင်းကျန်းဖူထံသို့ သွားခရောက်လည်ပတ်လျှင်လည်း နောက်မကျသေးပါချေ။

လင်းရန်လည်း ဤစကားကို ကြားပြီးနောက် ဆက်လက်၍ မတောင်းဆိုတော့ပေ။

ထို့ကြောင့် သူတို့နှစ်ယောက် မြို့ကြီးသို့ ရောက်ပြီးနောက်တွင် ကွမ်ကျိုးသို့သွားမည့် ရထားလက်မှတ် ဝယ်ရန် ဘူတာရုံသို့ တိုက်ရိုက် သွားခဲ့ကြသည်။

သို့သော်လည်း ကွမ်ကျိုးသို့ ရထားများသည်က တစ်နေ့လျှင် နှစ်စီးသာ ရှိသည်။ စုန့်ရှီးယန်အနေဖြင့် သူ နေ့လည်ပိုင်း ရထားကို မီနိုင်လောက်သည်လား မသေချာခဲ့သောကြောင့် လင်းရန်ကို ဘူတာရုံအပြင်ဘက်၌ စောင့်ဆိုင်းစေပြီး သူကတော့ အခြေအနေကို ကြည့်ရန်အတွက် အတွင်းပိုင်းသို့ ဝင်သွားခဲ့သည်။

စုန့်ရှီးယန်က လင်းရန် ရပ်နေနိုကာရန်အတွက် တိတ်ဆိတ်သော နေရာကို ရှာဖွေခဲ့ပြီးနောက် သူမကို ပြောခဲ့လေသည်။

“ရန်ရန်၊ ဒီမှာ ခဏလောက် စောင့်နေဦးနော်၊ ကိုယ် အထဲကို သွားပြီး လက်မှတ် ဝယ်လိုက်ဦးမယ်၊ ချက်ချင်း ပြန်ထွက်လာမယ်နော်.. ဘူတာရုံက လူတွေနဲ့ ပြည့်နေတယ်.. ဟိုနားဒီနား လျှောက်မသွားနဲ့ ကောင်းပြီလား”

လင်းရန်၏ ခေါင်းက အနက်ရောင် မျဉ်းကြောင်းများဖြင့် ပြည့်နေခဲ့သည်။

စုန့်ရှီးယန်ရဲ့ လေသံက ကလေးတစ်ယောက်ကို ချော့မြူနေတဲ့ပုံစံ ဖြစ်နေတယ်လို့ သူမ ဘာလို့ ခံစားနေခဲ့ရတာလဲ?

သူမ သူ့ကို ဘူတာရုံဘက်သို့ တိုက်ရိုက် တွန်းထုတ်ခဲ့သည်။

“ကောင်းပြီ၊ ကျွန်မ သိတယ်၊ သွားတော့ သွားတော့!”

ဘူတာရုံ၌ လူများ တဖြည်းဖြည်း ပိုများလာသည်ကို မြင်လျှင် စုန့်ရှီးယန်သည်လည်း နောက်ထပ် မနှောင့်နှေးရဲတော့ဘဲ နောက်သို့လှည့်ကာ တွန်းတိုက်ဝင်သွားခဲ့လေသည်။

လင်းရန်လည်း သူ ထွက်ခွာသွားသည်ကို မြင်လျှင် သူမတွင်လည်း လုပ်စရာ မရှိနေသည့်အတွက် ပျင်းရိစွာဖြင့် ဘေးနားတစ်ဝိုက်ကိုသာ လှည့်ပတ် ကြည့်ရှုနေခဲ့သည်။

မမျှော်လင့်ဘဲ သူမ အနီးအနားကို လိုက်ကြည့်နေစဉ် ရင်းနှီးကျွမ်းဝင်သော ပုံပန်းရိပ်နှစ်ခုကို တွေ့ရှိခဲ့ရလေသည်။

All Chapters