အခန်း (၁၇၅၆-၁၇၅၈)
Vol. 118 Ch. 1756-1758
အခန်း(၁၇၅၆)
"ဝုန်း.."
စကားအဆုံးသတ်သည်နှင့် ကျန်းချန်က လက်ဟန်များကို ပြုလုပ်လိုက်ရာ အင်အားကြီးမားသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို ကြည့်ရင်း မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ တစ်ကိုယ်လုံးကို သေခြင်းတရား၏ အရိပ်အငွေ့က ဖုံးလွှမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းချန်ကို ရင်ဆိုင်နေရခြင်းသည် သူတို့ စုန့်မိသားစု၏ ခေါင်းဆောင်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။
ဤအချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်အမျိုးသားသည် စတင် ဖိနှိပ်ခံနေရပြီ ဖြစ်၏။
သူက လုံးဝ တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်နတ်ဘုရားတတိယအဆင့်ခွန်အားကို အစွမ်းကုန် ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုရားကမ္ဘာအဖြစ် ပြောင်းလဲ၍ သူ့ဆီသို့ ဖိနှိပ်လိုက်သော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို ရင်ဆိုင်လိုက်သည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်သို့ ထိုးဖောက်သွားပြီ ဖြစ်ရာ သာမန်တတိယအဆင့် ကောင်းကင်နတ်ဘုရားများသည် သူ၏စွမ်းအားကို မည်သို့မှ ခုခံနိုင်မည်မဟုတ်ပေ။
ထို့အပြင် ကျန်းချန် ယခု ထုတ်ဖော်ထားသော အရာသည် လူသားဧကရာဇ်စည်းတံဆိပ် ဖြစ်သည်။
မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကောင်းကင်နတ်ဘုရားကမ္ဘာနှင့် ထိပ်တိုက်ဆုံတွေ့မိပြီးနောက်တွင် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်သည် မီးခိုးရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို တိုက်ရိုက်ပင် ချိုးဖျက်ပစ်လိုက်သည်။
ထို့နောက်တွင်မူ မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ်ဖြင့် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားကို တိုက်ခိုက်နေစဥ်အတွင်း ဟုန်ချင်းဟော်နှင့် အခြားသော ကောင်းကင်နတ်ဘုရားသုံးဦး တို့သည် ကျန်းချန်တို့နှစ်ဦး တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်ရိုက်ခတ်မှုများကြောင့် ပေရာပေါင်းများစွာအထိ နောက်ဆုတ်ခဲ့ရသည်။
ဟုန်ယဲ့ကုန်သည်အသင်းမှ ကောင်းကင်နတ်ဘုရား အဆင့်အောက်ရှိ ကျင့်ကြံသူများကမူ အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ် စွမ်းအင်ရိုက်ခတ်မှုအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြ၏။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသည့် ဟုန်ချင်းဟော်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
စုန့်ကျုူံးသည် စုန့်မိသားစု၏ နာမည်ကျော် အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ၎င်း၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေကာ သူ့ထက်ပင် မြင့်မား၏။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် ထိုကောင်လေးသည် စက္ကန့်ပိုင်းအတွင်း အနိုင်ယူလိုက်သည်။
"မင်း မင်း ဘယ်သူလဲ"
တခြားတစ်ဖက်တွင်လည်း ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သော စု့န်ကျုံးသည် သူ၏ ဟန်ချက်ကို အတော်လေး ထိန်းချုပ်လိုက်ရသည်။
ဤအချိန်တွင် သူ၏ အမူအရာသည် ကြောက်လန့်တကြား ဖြစ်နေခဲ့ကာ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး တစ်ကိုယ်လုံးတွင်လည်း သွေးများ စိမ့်ထွက်နေခဲ့၏။
သူရှေ့ရှိ ကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေပြီဟု သူခန့်မှန်းခဲ့သည်။
"ရှေးဟောင်းနဂါးကုန်းမြေက ကျန်းချန်"
ကျန်းချန်က စုန့်ကျုံးကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါးကုန်သည်အသင်းရဲ့ နောက်ကွယ်က အင်အားစုဖြစ်တဲ့ ရှေးဟောင်းနဂါးကုန်းမြေကလား"
ကျန်းချန်၏ စကားကိုကြားလျှင် ဟုန်ချင်းဟော်သည်လည်း အံ့အားသင့်သွားခဲ့သည်။
စုန့်ကျုံးသည် မဟာမြေရိုင်းနယ်မြေမှ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားက သာလွန်သော်လည်း ထိုကောင်လေးသည် တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူခဲ့သည်။
"ကောင်လေး မင်းက လက်စသတ်တော့ ရှေးဟောင်းနဂါးကုန်သည်အသင်းရဲ့ နောက်ကွယ်မှာရှိတဲ့ နယ်မြေငယ်လေးက ဖြစ်နေတာကိုး"
စုန့်ကျုံး၏ မျက်ဝန်းတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့ပြီး ကုမင်ဟဲကို စူးစိုက်ကြည့်လိုက်သည်။
"ခေါင်းဆောင်ကု.. ဒါက မဟာမြေရိုင်းနယ်မြေပဲ.. ရှေးဟောင်းကုန်းမြေ မဟုတ်ဘူး.. ရှေးဟောင်းနဂါးကုန်းမြေက ကျင့်ကြံသူ ရောက်လာတာနဲ့ပဲ.. ငါတို့ စုန့်မိသားစုက မင်းကို ဘာမှ လုပ်မရဘူးလို့ မထင်နဲ့"
"စုန့်ကျုံး.. မင်းက သေရတော့မှာတောင် ငါ့ရဲ့လူတွေကို ခြောက်လှန့်ရဲတယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ အသာအယာ ဝှေ့ယမ်းလိုက်ရာ စုန့်ကျုံး၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် ချက်ချင်းဆိုသလိုပင် အေးခဲသွားခဲ့သည်။
စုန့်ကျုံးက ကြောက်ရွံ့သွားပြီး ခွန်အား အလုံးအရင်းကို အသုံးပြုကာ ရုန်းကန်ခဲ့သော်လည်း နေရာမှ ရွေ့လျား၍ မရခဲ့ပေ။
"ကျန်း.. ကျန်းချန်.. မင်း.. မင်း ငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက စုန့်မိသားစုရဲ့ တတိယ အကြီးအကဲပဲ.. မင်း ငါ့ကို သတ်ရင် စုန့်မိသားစုက မင်းကို လုံးဝအလွှတ်ပေးမှာမဟုတ်ဘူး"
စုန့်ကျုံးက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဟားဟား စုန့်မိသားစုက ဘာမို့လို့လဲ.. ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက် ခေါင်းဆောင်တဲ့ အင်အားစုလောက်ကို ငါကျန်းချန်က ဂရုစိုက်နေရမှာလား"
ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အရှင်ဟော်ယွင်ရဲ့ မြေပုံသတင်းကို ပြောပြရင်တော့ ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
"မင်းဘာတွေပြောနေလဲ ငါဘာမှမသိဘူး"
စုန့်ကျုံးက ခါးခါးသီးသီးပင် ပြောဆိုလိုက်သည်။
"ကောင်းပြီလေ မင်းက ဘာမှမသိဘူး ဆိုမှတော့ မင်းကိုအသက်ရှင်ခွင့်ပေးထားလို့လည်း ဘာအကျိုးမှရှိမှာ မဟုတ်ဘူး"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ရေရွတ်လိုက်ပြီးနောက်တွင် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အဆုံးမဲ့နေရာလွတ်မုန်တိုင်းသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် စုန်ကျုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်အထိ သတ်ဖြတ်ပစ်လိုက်သည်။
"အကြီးအကဲကျန်းက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်ထိုက်ပါပေတယ်.. အကြီးအကဲကျန်းရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ"
ကျန်းချန်က စုန့်ကျုံးကို ကြက်တစ်ကောင်ကဲ့သို့ အလွယ်တကူသတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ကုမင်ဟဲသည် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
စုန့်ကျုံးကို တစ်ခဏအတွင်း သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ဟုန်ချင်းဟော်တို့ သုံးဦးထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့၏။
ထိုအခါ ဟုန်ချင်းဟော်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
သူက ထိတ်လန့်သော အမူအရာဖြင့် အလျင်အမြန်ပင် တောင်းပန်လိုက်၏။
"ကျန်း သခင်လေးကျန်း ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ ကျွန်တော်တို့ ဟုန်ယဲ့ ကုန်သည်အသင်းက စုန့်မိသားစု ဖိအားပေးလို့သာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဆန့်ကျင်ခဲ့ရတာပါ"
"ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်သည်။
ယင်းနောက်တွင် ချက်ချင်းဆိုသလိုပင် ဆန်းကြယ်သော လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ကျူးရှန်းစည်းတံဆိပ်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ဟုန်ချင်းဟော်တို့ သုံးဦးဆီသို့ သက်ရောက်လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဟုန်ချင်းဟော်တို့သုံးဦးသည် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ဘဲ ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် သုတ်သင်ခံလိုက်ရ၏။
အခန်း(၁၇၅၇)
"အကြီးအကဲကျန်း.. ဒီစုန့်ကျုံးက စုန့်မိသားစုက တတိယအကြီးအကဲပဲ.. ကျွန်တော်တို့ အခု သူ့ကို သတ်လိုက်တဲ့အတွက် စုန့်မိသားစုက ထိုင်ကြည့်နေမှာ မဟုတ်လောက်ဘူး"
ကုမင်ဟဲက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။
စုန့်မိသားစုသည် နန်လီမြို့ တောင်ဘက်ရှိ ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုကြီး ၃ခုထဲတွင် ၁ခုအပါအဝင် ဖြစ်ပြီး စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွိလုံသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်ကာ စုန့်မိသားစုတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ၁၀ဦးထက်မနည်း ရှိသည်။
ယခု ကျန်းချန်က စုန့်ကျုံးကို သတ်ပစ်လိုက်ပြီဖြစ်ရာ စုန့်မိသားစုသည် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ထိုင်ကြည့်နေမည် မဟုတ်လောက်ပေ။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်အမင်း အင်အားကြီးသော်လည်း စုန့်မိသားစုကဲ့သို့ အင်အားစုများနှင့်ယှဥ်ပြိုင်ရန် မလွယ်ကူသေးဟု သူထင်ခဲ့၏။
"ဟားဟား တကယ်တော့ ငါလည်း စုန့်မိသားစုကို ဒီအတိုင်းလွှတ်ပေးထားဖို့ အစီအစဥ် မရှိပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် ကုမင်ဟဲ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ကု.. ငါ့ကို စုန့်မိသားစုဆီ ခေါ်သွားပေးပါ"
ဟုန်ယဲ့ ကုန်သည်အသင်းက စုန့်မိသားစု၏ လှုံ့ဆော်မှုအောက်တွင် ရှိနေသည်ကို သိရှိပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ ကျန်ရှိနေသော မြေပုံအပိုင်းအစများနှင့် ပတ်သက်သည့် သတင်းများအတွက် စုန့်မိသားစုသို့ ကိုယ်တိုင် သွားရောက်ရန် စီစဥ်ခဲ့သည်။
ထို့အပြင် သူက ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်ရာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို မဟာမြေရိုင်းနယ်မြေတွင် အခြေချနိုင်ရန် ကူညီပေးရမည် မဟုတ်ပါလော။
ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် မဟာမြေရိုင်းနယ်မြေတွင် ခိုင်ခိုင်မာမာ ရပ်တည်လိုပါက တိုက်ရိုက် အကျဆုံး နည်းလမ်းမှာ သူတို့၏ ခွန်အားကို ပြသကာ နန်လီမြို့တွင် သြဇာထူထောင်ရန်ပင် ဖြစ်သည်။
ဤသို့ဖြင့် အခြားသော အင်အားစုများသည် သူတို့ကို အထင်သေးဝံ့တော့မည်မဟုတ်ပေ။
ယခု စုန့်မိသားစုက သူတို့ကို လာရောက် ဒုက္ခပေးနေသည် ဖြစ်ရာ ကျန်းချန်သည် စုန့်မိသားစုကို အသုံးပြု၍ ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ အမည်ကို ရှန်လုံမြို့တွင် ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ဆုံးဖြတ်လိုက်သည်။
"အကြီးအကဲကျန်း.. တကယ်ပဲ စုန့်အိမ်တော်ကို တိုက်ရိုက်သွားမလို့လား"
ကျန်းချန်၏ စကားကိုကြားလျှင် ကုမင်ဟဲက ထိတ်လန့်သွားခဲ့သည်။
သူ၏ မျက်ဝန်းတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
စုန့်မိသားစုသည် မြို့တောင်ဘက်ရှိ အင်အားစုကြီး သုံးစုထဲမှ တစ်စု ဖြစ်ပြီး နန်လီမြို့တွင် နှစ်သန်းပေါင်းများစွာ သမိုင်းကြောင်း ရှိခဲ့သည်။
ပုံမှန်အားဖြင့် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် ကျင့်ကြံသူ တစ်ဦးသည်ပင် စုန့်မိသားစုကို အလွယ်တကူ ရန်မစရဲပေ။
ထို့ကြောင့် ကျန်းချန်က တစ်ကိုယ်တော်စွမ်းရည်ဖြင့် စုန့်မိသားစု တစ်စုလုံးနှင့် ယှဥ်ပြိုင်ရန် စီစဥ်ခြင်းသည် မသင့်လျော်ဟု သူထင်ခဲ့သည်။
"စုန့်မိသားစုက ဟုန်ယဲ့ ကုန်သည်အသင်းကို နောက်ကွယ်ကနေ လှုံ့ဆော်ပြီး ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ဒုက္ခပေးဖို့ ညွှန်ကြားရဲမှတော့ သူတို့နဲ့ ဒီအကြွေးကို ရှင်းဖို့အတွက် ငါသွားကိုသွားရမှာပဲ.. မင်းငါ့ကို ယုံကြည်တယ်ဆိုရင် စုန့်အိမ်တော်ဆီ ခေါ်သွားပေးပါ.. ဒီနေ့ ငါက ရှေးဟောင်းနဂါးကုန်သည်အသင်းရဲ့ အမည်ကို မြို့တော်အနှံ့ ကျော်ကြားအောင် လုပ်မယ်"
ကျန်းချန်က သူ၏ နံဘေးရှိ ကုမင်ဟဲကို ကြည့်ကာ ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
သို့ရာတွင် သူ၏ လေသံထဲတွင် လွှမ်းမိုးချုပ်ကိုင်နေသော စွမ်းရည်များ ပါဝင်နေခဲ့၏။
စုန့်မိသားစုလို မြို့တောင်ဘက်၏ ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုကြီး သုံးစုထဲမှ တစ်စုကို အနိုင်ယူခဲ့လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အင်အားစုများစွာက ကြောက်ရွံ့လာမည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ ရောက်လျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းသည် နန်လီမြို့တွင် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သော အခွင့်အလမ်းကို ရရှိနိုင်မည် ဖြစ်၏။
"ကောင်းပါပြီ အကြီးအကဲကျန်း.. ကျွန်တော့်နောက်ကနေ လိုက်လာခဲ့ပါ"
ကုမင်ဟဲက သွားများကို အံကြိတ်လိုက်သည်။
သူ၏ မျက်ဝန်းတွင်လည်း ပြတ်သားသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ရှေးဟောင်းနဂါးကုန်သည် အသင်း၏ ကံကြမ္မာကို မြင့်တက်စေမည့် အခွင့်အရေးသည် ကျန်းချန်ပေါ်တွင် မူတည်နေခဲ့သည်။
ကျန်းချန်သည် အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့်ပင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့်အကြီးအကဲ ဖြစ်လာနိုင်သည်ဖြစ်ရာ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့်ပင် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည် ရှိကောင်းရှိနိုင်သည်ဟု ကုမင်ဟဲ တွေးမိခဲ့သည်။
ထိုသို့ တွေးမိလျှင် ကုမင်ဟဲသည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို လမ်းပြကာ စုန့်မိသားစုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
နန်လီမြို့တောင်ဘက်ရှိ ကောင်းကင်နတ်ဘုရားအဆင့် အင်အားစု သုံးစုထဲမှ တစ်စုဖြစ်သည့် စုန့်မိသားစုသည် မြို့တောင်ဘက်တွင် အလွန်ကြီးမားသော သြဇာအာဏာကို တည်ထောင်ထားခဲ့သည်။
စုန့်မိသားစု၏ အလယ်ဗဟိုရှိ လျှို့ဝှက်အခန်းထဲတွင် အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် အဓိကထိုင်ခုံတွင် ထိုင်နေခဲ့သည်။
ထိုသူမှာ စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွိလုံပင် ဖြစ်၏။
ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲ အများအပြားသည်လည်း ထိုင်ခုံပေါ်တွင် ကိုယ်စီ ထိုင်နေခဲ့ကြသည်။
စုန့်ယွိလုံက သူ၏ ဘယ်ဘက်ရှိ ဆံပင်များ ဖြူဖွေးနေသော အကြီးအကဲကို ကြည့်ကာ အခန်း၏ တိတ်ဆိတ်မှုကို ရုတ်တရက် ချိုးဖျက်လိုက်သည်။
"အကြီးအကဲ.. စုန့်ကျုံးဆီက ဘာသတင်းမှမရသေးဘူးလား"
"မရသေးပါဘူး"
ဆံဖြူအဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
"မြို့မြောက်ဘက်မှာရှိတဲ့ ဝမ်ဖူမိသားစုက သတင်းမပေါက်ကြားအောင် သတိထားဖို့ ကျွန်တော်တို့ကို ထပ်ခါတလဲလဲ သတိပေးထားတယ်.. ဒါကြောင့် ကျွန်တော် စုန့်ကျုံးကို စိတ်ထင်တိုင်း လျှောက်မလုပ်ဖို့တော့ မှာထားတယ်.. စုန့်ကျုံး ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ"
စုန့်ယွီလုံက မျက်မှောင် ခပ်တင်းတင်းကြုတ်ကာ ရေရွတ်လိုက်သည်။
မကြာသေးမီက နန်လီမြို့၏ မြောက်ဘက်ရှိ ဝမ်ဖူ မိသားစုသည် စုန့်မိသားစုဆီ လူငယ်တစ်ဦးကို လျှို့ဝှက်စွာ စေလွှတ်ခဲ့သည်။
ထိုလူငယ်က အရှင်ဟော်ယွင်၏ အမွေအနှစ် မြေပုံ တစ်စိတ်တစ်ပိုင်းကို ယူဆောင်သွားသူ တစ်ဦးသည် မြို့တောင်ဘက်သို့ ထွက်ပြေးသွားသည်ဟု ဆိုခဲ့သည်။
ထို့ကြောင့် စုန့်မိသားစုအား ထိုသူကို ရှာဖွေပြီး မြေပုံကို ပြန်လည်သိမ်းယူရန် အကူအညီ တောင်းခံခဲ့၏။
စုန့်မိသားစုက ထိုမြေပုံ တစ်စိတ်တစ်ပိုင်းကို ရှာဖွေတွေ့ရှိခဲ့လျှင် အရှင်ဟော်ယွင်၏ အမွေအနှစ်ကနေ အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့်ပင် စုန့်ယွိလုံသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ချက်ချင်းပင် သဘောတူခဲ့သည်။
ဤကိစ္စကို အကောင်အထည်ဖော်ရန်အတွက် စုန့်ယွိလုံသည် ထျန်းကျီမျှော်စင်မှ တစ်ဆင့် မြို့တောင်ဘက်သို့ ထွက်ပြေးသွားသောလူအား ရှာဖွေရန်အတွက် နတ်ခရစ္စတယ်သန်းပေါင်းများစွာကို အကုန်အကျခံခဲ့သည်။
အဆုံးသတ်တွင် ထျန်းကျီမျှော်စင်ကနေ စုန့်ယွိလုံသည် ထိုလူ၏ တည်နေရာကို လျင်မြန်စွာ ရှာဖွေ တွေ့ရှိခဲ့သော်လည်း ထိုလူသည် မြေပုံကို ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ ရောင်းချလိုက်ပြီဟု သိခဲ့ရ၏။
ထိုအကြောင်းကြောင့်ပင် စုန့်ယွိလုံသည် မြေပုံကို ပြန်လည်သိမ်းယူရန်အတွက် တတိယအကြီးအကဲ စုန့်ကျုံးကို ရှေးဟောင်းနဂါး ကုန်သည်အသင်းထံ တိတ်တဆိတ် စေလွှတ်ခဲ့ခြင်းပင်။
"ခေါင်းဆောင်စိတ်ချပါ.. စုန့်ကျုံးရဲ့ စွမ်းရည်နဲ့ဆိုရင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို ကိုင်တွယ်ဖို့က လိုအပ်တာထက်တောင် ပိုပါတယ်"
ဆံပင်ဖြူဖွေးနေသည့် အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူ၏ အမူအရာက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို လုံးဝ အမှုမထားသည့် အမူအရာ ဖြစ်နေခဲ့၏။
"စုန့်ကျုံးကို သတိလှမ်းပေးပြီး ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ခိုင်းလိုက်ပါ"
စုန့်ယွီလုံက လေးနက်စွာ ပြောလိုက်သည်။
စုန့်ကျုံးက ရှေးဟောင်းနဂါးကုန်သည်အသင်းကို ကိုင်တွယ်ရာတွင် ပြဿနာမရှိနိုင်ဟု ထင်ရသော်လည်း သူ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်ကို မရေမရာ ရရှိနေခဲ့သည်။
ဆံဖြူအဘိုးအိုက ခေါင်းညိတ်လိုက်ပြီး စုန့်ကျုံးထံ သတင်းစကားပေးပို့ရန် ပြင်ဆင်လိုက်စဥ်မှာပင် စုန့်မိသားစုမှ တပည့်တစ်ဦးသည် အခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်ကာ အပြင်ဘက်ကနေ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
"ခေါင်းဆောင် ပြဿနာတော့တက်ပြီ.. တတိယ အကြီးအကဲ စုန့်ကျုံးရဲ့ ဝိညာဥ်ကဗ္ဗျည်းတိုင်က ရုတ်တရက် ကွဲကြေသွားခဲ့ပြီ"
စုန့်မိသားစုမှ တပည့်၏ စကားကိုကြားလျှင် အခန်းတစ်ခုလုံး၏လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
စုန့်မိသားစု၏ ခေါင်းဆောင် စုန့်ယွိလုံအပြင် စုန့်မိသားစု၏ အကြီးအကဲများ၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
အခန်း(၁၇၅၈)
"မင်း မင်းဘာပြောလိုက်တာလဲ"
စုန့်ယွီလုံက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် သူ၏ရှေ့မှ စုန့်မိသားစုတပည့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
သူက နားကြားမှားသည်ဟုပင် ထင်ခဲ့၏။
ကွဲကြေသွားသော ဝိညာဥ်ကဗ္ဗျည်းတိုင်သည် သေဆုံးခြင်းကို ကိုယ်စားပြုသည်။
စုန့်မိသားစု၏ တတိယ အကြီးအကဲ ဖြစ်သူ စုန့်ကျုံးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး စုန့်မိသားစု၏ အစွမ်းထက်ဆုံး ကျင့်ကြံသူထဲမှ တစ်ဦး ဖြစ်သည်။
ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် သူသိထားသလောက် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် တစ်ဦးသာ ရှိ၏။
ထိုကဲ့သို့သော အင်အားစုသည် စုန့်မိသားစု၏ ရှေ့တွင် ပုရွက်ဆိတ်များနှင့် အတူတူပင် ဖြစ်သည်။
စုန့်ကျုံး၏ ခွန်အားဖြင့်သာ ဆိုလျှင် ရှေးဟောင်းနဂါး ကုန်သည်အသင်းကို တစ်ယောက်တည်းဖြင့်ပင် နှိမ်နင်းရန် လွယ်ကူ၏။
သို့သော်လည်း ယခုအခါတွင် စုန့်ကျုံးသည် ရှေးဟောင်းနဂါးကုန်သည်အသင်းကို မနှိမ်နင်းနိုင်ခဲ့သည့် အပြင် အသက်ကိုပါ ဆုံးရှုံးခဲ့ရသည်။
စုန့်မိသားစု၏ တပည့်က ငိုယိုသော မျက်နှာထားဖြင့် ပြောလိုက်၏။
"ခေါင်းဆောင် အကြီးအကဲ စုန့်ကျုံးရဲ့ ဝိညာဥ်ကဗ္ဗျည်းတိုင်က တကယ်ပဲ ကွဲကြေသွားတာပါ"
"ခေါင်းဆောင်.. ငါ အခုပဲ စုန့်ကျုံးကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရတော့ဘူး.. ကြည့်ရတာ စုန့်ကျုံးသေဆုံးသွားတာ တကယ် ဖြစ်နိုင်တယ်"
ထိုစကားကို ပြောနေသည့် ဆံဖြူအဘိုးအို၏ မျက်နှာအမူအရာသည် အလွန်တရာပင် အကျည်းတန်သွားခဲ့သည်။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ စုန့်ကျုံးကို သတ်ဖြတ်နိုင်တဲ့စွမ်းရည် လုံးဝမရှိနိုင်ဘူး.. ကြည့်ရတာ ရှေးဟောင်းနဂါးကုန်သည်အသင်းမှာ အပြောင်းအလဲတချို့ ရှိနေတဲ့ပုံပဲ"
စုန့်ယွီလုံက အသက်ကိုခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ပထမအကြီးအကဲ.. မင်းကိုယ်တိုင် ရှေးဟောင်းနဂါးကုန်သည်အသင်းကို သွားပြီး စုံစမ်းပါ.. ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ငါသိချင်တယ်"
စုန့်ကျုံးသည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။
ယင်းကြောင့် စုန့်ကျုံးကို သတ်ဖြတ်နိုင်သူသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ရမည်ဟု သူခန့်မှန်းခဲ့သည်။
ထိုသို့သော အစွမ်းထက် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် သူတို့စုန့်မိသားစုပင် သတိထား ကိုင်တွယ်ရလိမ့်မည် ဖြစ်၏။
"ဘိုးဘေး စိတ်မပူပါနဲ့.. ကျွန်တော်အခုပဲ သွားစုံစမ်းလိုက်ပါ့မယ်"
ဆံဖြူအဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် ထရပ်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံသည် စုန့်မိသားစု၏ အထက်တွင် ပဲ့တင်ထပ်လာခဲ့၏။
"ရှေးဟောင်းနဂါး ကုန်သည်အသင်းက ကျန်းချန်.. စုန့်မိသားစုရဲ့ ခေါင်းဆောင်ကို လာရောက်တွေ့ဆုံပါတယ်.. ကျေးဇူးပြုပြီး ထပ်တွေ့ပေးပါ"
ထိုစကားသံက စုန့်မိသားစုရှိ လူတိုင်းထံသို့ ပျံ့နှံ့သွားခဲ့ပြီး စုန့်မိသားစု တစ်ခုလုံးကိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
"ဟမ့်.. အင်အားစုငယ်လေး တစ်ခုဖြစ်တဲ့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကများ ငါ့ရဲ့စုန့်အိမ်တော်အထိ လာပြီး ရမ်းကားဝံ့တယ်.. ငါသူတို့နဲ့ စုန့်ကျုံးရဲ့ အကြွေးကို မရှင်းရသေးခင် သူတို့က ငါ့ဆီ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး.. အကြီးအကဲတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကလူတွေကို ငါနဲ့အတူ သွားတွေ့ကြစို့"
စုန့်ယွိလုံက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏ လူများကို ဦးဆောင်ကာ ခန်းမထဲကနေ ထွက်လာခဲ့သည်။
မကြာမီမှာပင် စုန့်ယွိလုံသည် စုန့်မိသားစုမှ အကြီးအကဲများနှင့်အတူ စုန့်မိသားစု၏ တံခါးဝသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့၏။
ဤအချိန်တွင် စုန့်မိသားစု၏ တံခါးဝသည် ရှုပ်ပွနေခဲ့ပြီး စုန့်မိသားစု၏ အစောင့် ၁၀ယောက်ကျော်သည် သွေးအိုင်ထဲတွင် လဲကျနေသည်ကို စုန့်ယွိလုံ မြင်လိုက်ရသည်။
စုန့်ယွိလုံ၏ မျက်ဝန်းထဲတွင် ချက်ချင်းဆိုသလို ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။
သူ၏ အကြည့်က တံခါးဝတွင်ရပ်နေသော ပုံရိပ်နှစ်ခုပေါ်သို့ ကျရောက်သွားခဲ့၏။
စုန့်ယွိလုံသည် ထိုနှစ်ဦးထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် မစိမ်းပေ။
ထိုအမျိုးသားမှာ ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ ခေါင်းဆောင် ကုမင်ဟဲ ဖြစ်သည်။
ကုမင်ဟဲ၏ ဘေးတွင်မူ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ရှိနေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိလျှင် သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အသက်၁၀၀ပင် မပြည့်သေးဟန်တူသော ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
ထိုကဲ့သို့ အစွမ်းထက်သော ပါရမီရှင်သည် နန်လီနယ်မြေတစ်ခုလုံးမှာပင် အလွန်တရာ ရှားပါး၏။
ဤအချိန်တွင် စုန့်ယွီလုံသည် ရှေးဟောင်းနဂါးကုန်သည်အသင်းတွင် စုန့်ကျုံးက အဘယ်ကြောင့် ကျဆုံးသွားရသည်ကို အဆုံးသတ်၌ နားလည်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား တတိယအဆင့်သာရှိသည့် စုန့်ကျုံးသည် ဤကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှိသည့် နတ်ဆိုးဆန်သော ပါရမီရှင်ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။
စုန့်ယွီလုံက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ကုမင်ဟဲကို ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။
"ကုမင်ဟဲ မင်းက ငါ့ရဲ့ စုန့်မိသားစု နယ်မြေထဲကို ဝင်လာပြီး ရမ်းကားဝံ့တဲ့အထိ သတ္တိရှိနေပါလား"
"ဟားဟား ခင်ဗျားတို့ စုန့်မိသားစုက မြို့တောင်ဘက်မှာရှိတဲ့ အင်အားစုကြီး သုံးစုထဲက တစ်စု ဖြစ်ထိုက်ပါပေတယ်.. ခင်ဗျားရဲ့လေသံကိုက တကယ်ကို လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိနေတာပဲ.. ဘာလဲ ခင်ဗျားတို့ စုန့်မိသားစုပဲ ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ လူလွှတ်ပြီး ဒုက္ခပေးလို့ရတာလား.. ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းကရော ခင်ဗျားတို့ စုန့်မိသားစုဆီ လာလို့မရဘူးလား"
ကုမင်ဟဲက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
စုန့်ယွီလုံက နှာခေါင်းရှုံ့လိုက်ပြီး ကုမင်ဟဲကို လျစ်လျူရှုလိုက်ကာ ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ စုန့်မိသားစုရဲ့ အကြီးအကဲ စုန့်ကျုံးက မင်းရဲ့လက်ထဲမှာ ကျဆုံးခဲ့တာမဟုတ်လား"
"ဟုတ်တယ် စုန့်ကျုံးကို ငါသတ်လိုက်တာပဲ"
ကျန်းချန်က ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက စုန့်မိသားစုရဲ့ ခေါင်းဆောင် စုန့်ယွီလုံလား.. မင်းက စုန့်မိသားစုက လူတွေကို အကြောင်းမဲ့ ငါတို့ ရှေးဟောင်းနဂါး ကုန်သည်အသင်းဆီ တိုက်ခိုက်ဖို့ စေလွှတ်ခဲ့တယ်.. ဒီအတွက် မင်းတို့ စုန့်မိသားစုက ငါ့ကို ရှင်းပြချက် ပေးသင့်တယ်လို့ မထင်ဘူးလား"
"ဟားဟား ကောင်လေး.. မင်းကိုယ်မင်း အတော်လေး အထင်ကြီးနေတဲ့ပုံပဲ.. ငါတို့ စုန့်မိသားစုရဲ့ တတိယအကြီးအကဲကို သတ်ဖြတ်ပြီးတာတောင် ငါ့ကို ရှင်းပြချက်ပေးဖို့ တောင်းဆိုရဲတယ် ငါ့ရှေ့မှာ ဒီလို စကားပြောဖို့ ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ"
စုန့်ယွိလုံက ဒေါသတကြီး ရေရွတ်လိုက်သည်။
သူက မဟာမြေရိုင်းနယ်မြေ၏ ပဉ္စမအဆင့် အထွတ်အထိပ်ကျင့်ကြံသူ ဖြစ်သည့်အလျောက် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အခြားသော နယ်မြေငယ်လေးများမှ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူများထက် များစွာသာလွန်သည်ဟု ယုံကြည်ခဲ့သည်။
"စုန့်ယွိလုံ မင်းနဲ့ဒီမှာ အဓိပ္ပါယ်မရှိတာတွေ ပြောနေဖို့ ငါ့မှာအချိန်မရှိဘူး"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"မင်းကို ငါ မေးစရာ မေးခွန်းတချို့ရှိတယ်.. မင်းအမှန်အတိုင်းဖြေမယ်ဆိုရင် မင်းတို့ စုန့်မိသားစုကို အလွှတ်ပေးဖို့ ငါစဥ်းစားပေးမယ်.. မဟုတ်ရင်တော့ ဒီနေ့ မင်းတို့ စုန့်မိသားစုကို နန်လီမြို့ကနေ ဖယ်ရှားပစ်မယ်"
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် စုန့်ယွိလုံနှင့် အခြားသူများ၏ အမူအရာသည် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
"ကောင်လေး ငါတို့ စုန့်မိသားစုက မင်းစိတ်တိုင်းကျ ရိုင်းစိုင်းချင်တိုင်း ရိုင်းစိုင်းလို့ရတဲ့နေရာ မဟုတ်ဘူး.. သေဖို့သာပြင်ထားလိုက်တော့"
ကျန်းချန်၏ မောက်မာသော စကားကိုကြားလျှင် စုန့်ယွိလုံ၏ နံဘေးရှိ ဆံဖြူအဘိုးအိုသည် သည်းမခံနိုင်တော့ဘဲ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
လေထုထဲတွင် ဧရာမလက်ဖဝါး တစ်ဖက် ဖြစ်ပေါ်လာခဲ့ပြီး နေရာလွတ်ကို ထိုးဖောက်ကာ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
ဆံဖြူအဘိုးအိုသည် ပထမအကြီးအကဲ စုန့်ချီနန် ဖြစ်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ကာ စုန့်မိသားစုခေါင်းဆောင် ပြီးလျှင် စုန့်မိသားစု၌ အစွမ်းအထက်ဆုံးဖြစ်သည်။
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ "ဝုန်း"ဟူသောအသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဧရာမ လက်ဝါးပုံရိပ်ကြီးသည် လေထုထဲတွင် ရုတ်တရက် ကွဲကြေသွားခဲ့သည်။
"ပုရွက်ဆိတ်လေးတွေကများ ငါ့ကို တိုက်ခိုက်ရဲတယ်.. မင်းတို့ရဲ့အဆင့်နဲ့ ငါ့ကို ယှဥ်လို့ရမယ်များ ထင်နေလား"
ကျန်းချန်က စုန့်ချီနန်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကို ထပ်မံ ဆန့်ထုတ်လိုက်ကာ အဝေးတွင်ရှိနေသော စုန့်ချီနန်ကို ဆွဲယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ နေရာလွတ်က လှိုင်းထန်လာခဲ့ပြီး မမြင်နိုင်သော နေရာလွတ် လှုပ်ခတ်မှုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် စုန့်ချီနန်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် သံလိုက်ဖြင့် ဆွဲငင်ခံလိုက်ရသကဲ့သို့ ကျန်းချန်ဆီ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။
"ဖယ်ရှားစမ်း"
စုန့်ချီနန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ခြေဖဝါးကို ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
ထို့နောက်တွင် ကမ္ဘာ့စွမ်းအား၄မျိုးသည် သူ၏ ခန္ဓာကိုယ်ကို ဝိုင်းရံသွားခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်ရှိ ကြောက်မက်ဖွယ်ဆွဲငင်မှုကို အပြည့်အဝ ခုခံလိုက်၏။