ထွက်ခွာခြင်း
Vol. 22 Ch. 326
ဘစ်ဇ်...
ရုတ်တရက် လျှပ်စစ် စက်နှိုးမော်တာသည် လည်ပတ်သွားကာ အင်ဂျင်မှ နက်ရှိုင်းစွာ မြည်ဟည်းလာသည်။
လင်းရှန် ထရပ်လိုက်ပြီး အမျိုးသမီးများကို ကျော်ကာ နန်ကျင်းဘက်သို့ လှည့်ကြည့်သည်။ “ကောင်းပြီ။ ငါတို့ရဲ့ အစီအစဉ်အတိုင်းပဲ”
“ကောင်းပြီ”
နန်ကျင်း၏ မျက်နှာထားက ပြေလျော့သွားသည်။
“ကျွန်မ အစောပိုင်းတုန်းက တွက်ချက်ထားတာ - အခု ထွက်သွားလို့ နှင်းတွေ ကျတာ ရပ်နေမယ်ဆိုရင် ဒီည ၁၀ နာရီလောက်မှာ စီလန်မြို့ကို ရောက်သင့်တယ်။ ဒရာကာမာ ရေခဲချိုင့်ဝှမ်းကို ဝင်သွားရင် သွားလာချိန် အနည်းဆုံး နှစ်နာရီ ထပ်တိုးလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီလန်ကို မရောက်ခင် မှောင်သွားမှာပဲ၊၊ ဒါကြောင့် ကျွန်မတို့မှာ အချိန် နည်းနည်းတော့ ရှိတယ်”
သို့သော် လင်းရှန်က ခေါင်းခါလိုက်သည်။ “နှင်းမုန်တိုင်း ပြန်လာလိမ့်မယ် - နှင်းတွေက တစ်ခုတည်းသော ခြိမ်းခြောက်မှု ဖြစ်မှာ မဟုတ်ဘူး။ ငါတို့ ဒီရှာဖွေရေးကို မြန်မြန် လုပ်ရမယ်။ အခြေအနေ မကောင်းဘူးဆိုရင် ချက်ချင်း ဆုတ်ခွာပြီး တတ်နိုင်သမျှ မြန်မြန် ရွေ့ရမယ်။ ရထား မသွားနေသရွေ့ ဘယ်သူမှ လုံခြုံမှာ မဟုတ်ဘူး။ စီလန်မြို့ကို ရောက်မှပဲ ငါတို့ သက်ပြင်းချနိုင်မယ်”
စီလန်ကို ဖီးနစ်အဖွဲ့အစည်းက လုံခြုံရေး အပြည့်အဝ ချထားပြီး အသက်ရှင်ကျန်ရစ်သူများဖြင့် ပြည့်နှက်နေသည် - အခြေခံအားဖြင့် ဤမုန်တိုင်းဒဏ်ခံနေရသော ကမ္ဘာတွင် တစ်ခုတည်းသော စစ်မှန်သော ဘေးကင်းသော ခိုလှုံရာ ဖြစ်သည်။ ထိုနေရာတွင်သာ လင်းရှန်သည် သူ၏ သတိကြီးသောစိတ်အခြေနေကို အနည်းငယ် လျှော့ချနိုင်ပေမည်။
အမှောင် အမှတ်အသားအချက်အလက်များကို ဖီးနစ်အဖွဲ့အစည်းသို့ ပေးပို့နေစဉ်အတွင်း သူသည် အဆင့်မြှင့်တင်ထားသော ရထားမောင်းနှင်အား စနစ် - သို့မဟုတ် ယန္တရားနည်းစနစ်များနှင့် စွမ်းရည်တိုးတက်မှုများဆိုင်ရာ အချက်အလက် အချို့ကို ရယူနိုင်ရန်လည်း မျှော်လင့်ခဲ့သည်။
အတိုချုပ်အားဖြင့် ဖီးနစ်အဖွဲ့အစည်းနှင့် ပြန်လည် ပေါင်းစည်းခြင်းသည် ဗဟိုအာဏာပိုင် အဖွဲ့အစည်းတစ်ခုနှင့် ပြန်လည် ချိတ်ဆက်ခြင်းကို ဆိုလိုပေသည်။ အဆက်မပြတ် ထွက်ပြေးနေရသော အသက်ရှင်ကျန်ရစ်သူများအတွက် ထိုကဲ့သို့သော ဖွဲ့စည်းပုံကို ပြန်လည် ရှာဖွေတွေ့ရှိခြင်းသည် ကြီးမားသော စိတ်ဓာတ် မြှင့်တင်မှု ဖြစ်သည်။
နောက်ဆုံး မျှော်လင့်ချက်
လေတိုက်ခတ်သံများကြားတွင် အနန္တရထားကို လင်းရှန် ဖန်တီးထားသော စိတ်ကြိုက် သတ္တုချိတ်ဆက်ကိရိယာမှတစ်ဆင့် နဂါးတောင် ၁ ၏ နောက်ဘက်၌ ချိတ်ဆက်ထားသည်။
အနန္တရထားအတွင်း၌ လင်းရှန်သည် သူ၏ အဓိက အဖွဲ့ဝင်များကို စုဝေးစေပြီး အစီအစဉ်ကို အကျဉ်းချုပ် ပြောပြလိုက်သည်။
“ကီကီနဲ့ ငါ သွားမယ်။ အရင်က စီစဉ်ထားတဲ့အတိုင်းပဲ - ငါ မရှိရင် ဆရာမချန်က ရထားကို ထိန်းချုပ်ရမယ်”
သူသည် သူ၏ နာရီကို ကြည့်လိုက်ပြီး ထပ်လောင်းပြောသည်။ “နဂါးတောင် ၁ နဲ့ အားလုံး အဆင်ပြေပြီ - ငါတို့ သုံးနာရီထက် ပိုကြာမှာ မဟုတ်ဘူး။ နှင်းမုန်တိုင်း တိုက်လာရင်တော့ စောစော ဆုတ်ခွာမယ်”
သူသည် လုရှင်းချန်နှင့် ရှားရှားဘက်သို့ လှည့်လိုက်သည်။
“မီးတောက်နဲ့ ရှားရှား...မင်းတို့ နှစ်ယောက် ဒီမှာ ဦးဆောင်ပါ။ ရှားရှား၊ မီးနတ်ဘုရားစက်ရုပ်ကို အလျင်အမြန် တုံ့ပြန်နိုင်ဖို့ အသင့်ပြင်ထားပါ။ ဆရာမချန်က နဂါးတောင် ၁နဲ့ အဆက်အသွယ် ချိတ်ထားပါ။ လို့ဟွာနဲ့ ရှုချင်းက ရထားတွဲတွေကို စောင့်ကြည်ပေးလိမ့်မယ်”
ချန်ဆီရွှမ်က ခေါင်းညိတ်သည်။ “ကျွန်မတို့ အပြင်မှာ S-Class အဆင့်ရှိတဲ့ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို တကယ်ရှိနေတယ်လို့ တွေးရမှာလား”
“ဟုတ်တယ်... အဲဒါ အရမ်း အန္တရာယ်များပုံရတယ်” ရှားရှားက ထပ်ပြောသည်။
“ဒါကြောင့် ငါတို့ပဲ သွာဖို့ စီစဥ်ခဲ့တာပဲ” လင်းရှန်က ရှင်းပြသည်။
“လူနည်းလေ ဆုတ်ခွာရတာ မြန်လေပဲ”
“ကောင်းပြီ၊ ရှင်တို့ နှစ်ယောက်လုံး ဂရုစိုက်ကြပါ” ချန်ဆီရွှမ်က ပြောသည်။
“သွားကြစို့ ကလေးမ” လင်းရှန်က ခေါ်လိုက်သည်။ ကီကီက ထိုအချိန်တွင် ထောင့်မှ ပတ်လာပြီး PX-05 စက်ရုပ်ကို သူမနှင့်အတူ ဆွဲလာသည်။
“ဒီကောင်ကို ကျွန်မတို့ ယူသွားမယ်။ အသုံးဝင်လာနိုင်တယ်”
လင်းရှန်က ခေါင်းညိတ်သည်။
“ကောင်းတယ်”
ဗရူးးး
နှင်းများထဲမှာ ဖုံးကွယ်နိုင်သော ပုံစံပါသည့် ဝင်ရိုးစွန်းယာဉ်နှစ်စီးက ၎င်းတို့အောက်ရှိ နှင်းများကို ကြိတ်ချေကာ ကျယ်လောင်သောအသံဖြင့် ထွက်ခွာသွားသည်။ လင်းရှန်နှင့် ကီကီက တစ်စီး၊ နန်ကျင်း၊ အားဖေးနှင့် ရှောင်ချင်းတို့က နောက်တစ်စီးကို စီးနင်းလိုက်ပါသွားကြသည်။ တစ်ခနအတွင်း ယာဉ်နှစ်စီးလုံးသည် အရှေ့မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားကြပြီး နှင်းတိမ်တိုက်များကို တိုးဝှေ့ကာ ကျယ်ပြန့်သော အဖြူရောင်မြေရိုင်းထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
“ကိုသြဒိနိတ်တွေကို မှတ်တမ်းတင်ပြီး လမ်းကြောင်းကို အမှတ်အသား လုပ်ထား” လင်းရှန်က ပြောသည်။
“လုပ်နေပါပြီရှင့်” ကီကီက အူမြူးနေဟန်ဖြင့် ပြန်ဖြေသည်။
အကွာဝေးတစ်ခုရောက်တိုင်း သူမသည် စိတ်စွမ်းအင်ကို အသုံးပြု၍ အချက်ပြစက်ငယ်ပါသည့် တုတ်ရှည်တစ်ချောင်းကို နက်ရှိုင်းသော နှင်းထဲသို့ ထိုးသွင်းနေသည်။ ထို့နောက် သူမ၏ ကိရိယာကို နှိပ်လိုက်ပြီး အချက်ပြစက်ပေါ်ရှိ မှိတ်တုတ်မှိတ်တုတ် အစိမ်းရောင်မီးလုံးကို အသက်ဝင်စေသည်။
၎င်းက လင်းရှန် ဒီဇိုင်းဆွဲထားသော ယာယီ ဆက်သွယ်ရေး ချိတ်ဆက်စခန်းတစ်ခု ဖြစ်ပြီး နှင်းမုန်တိုင်းက ၎င်းတို့၏ အချက်ပြများကို အနှောင့်အယှက် ပေးရင်တောင် အပြန်လမ်းကို ခြေရာခံနိုင်အောင် ကူညီပေးသည်။
ယာဉ်များက နှင်းဖုံးလွင်ပြင်ထဲသို့ နစ်ဝင်သွားသောအခါ ၎င်းတို့သည် အဆုံးမဲ့ အဖြူရောင်ပင်လယ်ကို ရွက်လွှင့်နေသော လှေများသဖွယ် ခံစားရသည်။
မူရင်း ပါလ်မားမြက်ခင်းပြင်များ၊ ကျယ်ဝန်းပြီး တောင်ကုန်းမရှိသော နေရာသည် ယခုအခါ နှင်းများဖြင့် လုံးလုံး ဖုံးလွှမ်းနေသည်။ ကောင်းကင်နှင့် မြေကြီးက တောက်ပနေသော အဖြူရောင်နှင့် ပေါင်းစပ်သွားသည်။ သူတို့ ဖြောင့်တန်းစွာ မောင်းနှင်နေခြင်း ရှိ-မရှိ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ လမ်းကြောင်းပြစနစ်များသည် အခြေခံသံလိုက်အိမ်မြှောင် လမ်းညွှန်ချက်များအဖြစ်သို့ လျော့ကျသွားသည်…၊၊
ဒုတိယယာဉ်တွင် နန်ကျင်းသည် လင်းရှန်၏ နောက်မှ လိုက်လာပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
“ယန္တရားစွမ်းအား... တကယ်ကို ပါရမီရှင်ပဲ။ ဒီ ရေခဲ ငရဲထဲမှာ သူက အချက်ပြ ချိတ်ဆက်စခန်းကို ဘာမှ မရှိတဲ့ လေထဲကနေ ဆွဲထုတ်လိုက်နိုင်တယ်”
“သူ... သူ တကယ်ကို သန်မာတယ်” အားဖေးက နောက်ခန်းမှ တိုးတိုးလေး ပြောသည်။
“သူ... ကျွန်တော့်ရဲ့ လေဆာရောင်ခြည်ကို ကာကွယ်လိုက်နိုင်တယ်”
နန်ကျင်း အံ့အားသင့်သွားသည်။ ထို့နောက် သူမက ပြောသည်။ “သူ့ရထားက ပုန်းကွယ်နေတဲ့ စွမ်းရည်တွေနဲ့ ပြည့်နေတယ်။ သူ့ဘေးက မိန်းကလေး - သူမက စိတ်စွမ်းအင် ရှိတယ်။ ငါ နိုးထလာတဲ့ အစွမ်းထက်သူ အများကြီးနဲ့ တွေ့ဖူးတယ်၊၊ ဒါပေမဲ့ သူမက စိတ်စွမ်းအင်ရှိတဲ့ တစ်ဦးတည်းသောသူပဲ။ လင်းရှန်ရဲ့ ယန္တရားစွမ်းရည်အတွက်ကတော့... ငါ တစ်ခါမှ ကြားတောင် မကြားဖူးဘူး။ အဲဒါက စွမ်းအားတစ်ခုတည်း မဟုတ်ဘူး - ဘုရားသခင်က ပေးအပ်ထားတဲ့ အရာတစ်ခုလို ခံစားရတယ်”
“သူက... ယန္တရားစွမ်းရည်ရှိတဲ့ တစ်ဦးတည်းသောသူ မဟုတ်ဘူး” ရှောင်ချင်းက ရုတ်တရက် ပြောလိုက်သည်၊၊ သူမ၏ အသံသည် အနိမ့်မြင့် အတတ်ကျမရှိပေ၊၊
“ဟမ်” နန်ကျင်းက သူမ၏ နောက်ကြည့်မှန်မှတစ်ဆင့် သူမကို ကြည့်လိုက်သည်။
“မင်း နောက်တစ်ယောက်နဲ့ တွေ့ဖူးလား”
ရှောင်ချင်းက စူးရှသော နှင်းများကို စိုက်ကြည့်နေပြီး တိတ်ဆိတ်သွားပြန်သည်။
နန်ကျင်းက ဆက်မမေးတော့ပေ။ ထိုနှစ်ဦးစလုံးသည် အနွယ်တော်များဟု ခေါ်သော ထူးဆန်းသော ဘာသာရေးဂိုဏ်းနှင့်တူသော အဖွဲ့အစည်းတွင် ငရဲကို ဖြတ်သန်းခဲ့ရကြောင်း သူမ သိသည်။ သူတို့တွင် ပြင်ပကမ္ဘာအပေါ် အယုံအကြည်ကင်းမဲ့မှုက နက်ရှိုင်းစွာ စွဲမြဲနေလေသည်။ သူမက သူတို့ကို ကယ်တင်ပြီးနောက် ၎င်းတို့၏ ယုံကြည်မှုကို ရရှိရန် အချိန် အတော်ကြာ ယူခဲ့ရသည်။ နှစ်ဦးစလုံးသည် ရထားကို ကာကွယ်ရန် အသက်ကို ပဓာနမထားဘဲ ကြိုးစားခဲ့ကြသည်။ သူတို့ လင်းရှန်ကို တစ်ကြိမ် တိုက်ခိုက်ခဲ့သောအခါ အခြေအနေက ပိုဆိုးသွားမည်ကို သူမ ကြောက်လန့်ခဲ့သည် - သို့သော် ကံကောင်းစွာဖြင့် ဘာမှ မဖြစ်ခဲ့ပေ။