မြေတွင်းအောင်းပိုးကောင်ကြီးများ ၂
Vol. 22 Ch. 330
“...... ဘယ်သူလဲ ......”
“...... ဟာကွာ ...... “
တစ်ဖက်တွင် နန်ကျင်းသည်လည်း ပြတ်တောက်နေသော အသံများကို ကြားလိုက်ရသည်။ သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားသည်၊၊ သူမသည် ဆက်သွယ်ရေးခလုတ်ကို နှိပ်ပြီး အရေးတကြီး ပြောလိုက်သည်။
“ကပ္ပတိန်လင်း အဲ့ဒါ ဖက်ကက်အသံနဲ့ တူတယ်။ သူတို့က ကျွန်မတို့ လူတွေပဲ”
“ဖက်ကက်…လူအိုကြီးမို” နန်ကျင်း အော်ခေါ်လိုက်သည်။
“...... အေးတယ်။ မြေအောက်မှာ။ မလုပ်နဲ့ ......”
“မြေအောက်မှာလား”
လင်းရှန်သည် အဓိက စကားလုံး ကို ဖမ်းယူလိုက်ပြီး မျက်ခုံးများတွန့်လိုက်သည်။
“သူတို့ ဘာပြောနေတာလဲ”
—ဘဇ်—
ဝင်ရိုးစွန်းယာဉ်သည် အချက်ပြရင်းမြစ်ဆီသို့ အရှိန်မြှင့်လိုက်သည်။
သူတို့ မောင်းနှင်လာသည်နှင့်အမျှ စစ်မြေပြင်သည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။
ပျက်စီးနေသောယာဉ်များ၊ ဖျက်ဆီးခံရသော Iron-Guard 3 စစ်တပ်အဆင့်တိုက်ခိုက်ရေး မီကာများ၊ နှင်းများပေါ်တွင် အင်ဂျင်အပိုင်းစများသာ ကျန်တော့သည့် ပျက်စီးနေသော ဟိုဗာယာဉ်များနှင့် စတားဖလိ့တပ်သားများ၏ ရေခဲနေသောအလောင်းများ—၎င်းတို့၏ စွမ်းအင်သုံးချပ်ဝတ်တန်ဆာများသည် ယခုအခါ ရေခဲပန်းပုများသာ ဖြစ်နေလေသည်။
ထို့နောက် အဝေးတွင် ဧရာမအနက်ရောင် အရိပ်တစ်ခုသည် ဆီးနှင်းမုန်တိုင်းထဲမှ တဖြည်းဖြည်းထင်ရှားလာသည်၊၊
“အဲ့ဒါ ဘာလဲ” ကီကီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“သယ်ယူပို့ဆောင်ရေး သင်္ဘောလား”
“... မဟုတ်သေးဘူး”
ဝင်ရိုးစွန်းယာဉ်နှစ်စီးသည် လျင်မြန်စွာ ရှေ့သို့ တိုးသွားသည်။ ပထမတွင် လင်းရှန်နှင့် နန်ကျင်းတို့သည် ၎င်းသည် ကြီးမားသော အနက်ရောင်တောင်တန်းတစ်ခု သို့မဟုတ် Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောထက်ပင် ပိုကြီးသော ဧရာမလေသင်္ဘောကြီးတစ်စီးဟု ထင်ခဲ့ကြသည်။
သို့သော် ပို၍ နီးကပ်လာသောအခါ ကြောက်မက်ဖွယ်ရာအမှန်တရားက ပေါ်ထွက်လာသည်။
ထို “တောင်တန်းသဏ္ဌန်” သည် ဧရာမ အနက်ရောင်ပိုးကောင်ကြီး ဖြစ်သည်။
ထိုမွန်းစတားကြီးသည် ဧရာမစက်မှုပိုက်လိုင်းတစ်ခုကဲ့သို့ မီတာရာနှင့်ချီ ရှည်လျားပြီး နှင်းပြင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသည်။ ၎င်း၏ ဧရာမတွင်းနက်ကဲ့သို့ ပါးစပ်ကြီးသည် သူတို့နှင့် မျက်နှာချင်းဆိုင်အနေထားတွင်ရှိနေပြီး သွားများက ဝဲကတော့ပုံစံဖြင့် အများပြားရှိနေသည်၊၊ ၎င်းသည် ဝင်ရိုးစွန်းယာဉ်နှစ်စီးလုံးကို တစ်ကိုက်တည်းနှင့် ဝါးမျိုကာ စားပစ်နိုင်လောက်အောင် ကြီးမားလှသည်။
ယာဉ်နှစ်စီးလုံးသည် ချက်ချင်း ရပ်တန့်သွားသည်။
“ဒီသောက်ကျိုးနဲကြီးက ဘာလဲ”
နန်ကျင်း အသက်ရှူမှားသွားသည်။
“သေနေပုံရတယ်”
လင်းရှန် အသက်အောင့်ထားလိုက်သည်။
“မနေ့က လှုပ်တဲ့ ငလျင်က ဒီကောင်ကြောင့် ဖြစ်တာလား”
“ဝါး…. အတော်ကြီးတဲ့ တီကောင်ကြီးပဲ”
ကီကီ အံ့သြစွာ ပြောလိုက်သည်။
လင်းရှန်သည် ထိုသတ္တဝါ၏ ခန္ဓာကိုယ်ပေါ်ရှိ နက်ရှိုင်းသော အစင်းကြောင်းများကို သတိပြုမိသည်။ အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာတစ်ခုမှာ ၎င်း၏ ဧရာမခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံနီးပါးကို ဖြတ်တောက်ထားသည်။ သေစေနိုင်သော ထိခိုက်မှု ဖြစ်သည်။
ထိုအချိန် နန်ကျင်းသည် အားဖေးဘက်သို့ လှည့်လိုက်ရာ သူ၏ ဖြူဖျော့နေသော မျက်နှာအမူအရာကို သတိပြုမိသွားသည်။
“အားဖေး ဘာဖြစ်တာလဲ”
သူ၏ အသံသည် တုန်ယင်နေသည်။
“အရမ်းများတဲ့... မွန်းစတားတွေ”
ထို့နောက် နှင်းများအောက် နက်ရှိုင်းသောနေရာမှ—
—ကရက်။
—ကရက်။
ဝုန်းး
ကျယ်လောင်သော မြည်ဟည်းသံတစ်ခုသည် အေးခဲနေသော စစ်မြေပြင်ကို ချိုးဖျက်လိုက်သည်။
ပြီးနောက် ရေခဲအောက်မှ ကြီးမားသော လှုပ်ရှားမှုတစ်ခုပေါ်ထွက် လာသည်။
ကီကီသည် သူမ၏ လက်ကို ဝှေ့ယမ်းပြီး စိတ်စွမ်းအားလှိုင်းရိုက်ခတ်မှု တစ်ခုကို ထုတ်လွှတ်လိုက်ရာ နှင်းတစ္ဆေများကို ဘောလုံးကြီးတစ်လုံးကဲ့သို့ လေထဲသို့ လွင့်စင်သွားစေသည်။
—ဘစ်ဇ်—
လမ်းကြောင်းကို ဖြတ်တောက်တော့မည့် အချိန်တွင် လေဆာရောင်ခြည်တစ်ခု ရှေ့သို့ ပစ်ခတ်လာသည်။
—ထပ် ထပ် ထပ်—
ထိုအခိုက်အတန့်တွင် လည်နေသော ဓားတစ်ချောင်းသည် ရှေ့ရှိ နှင်းတစ္ဆေများကို ဖြတ်၍ ပျံသန်းသွားပြီး အသားနှင့် ဦးခေါင်းများကို သွေးသံရဲရဲဖြင့် ပက်ဖြန်းကာ လှီးဖြတ်သွားသည်။ ထိုလည်နေသောဓားသည် လေထဲတွင် မျဥ်းကွေးတစ်ခုဖြင့် လှည့်သွားပြီးနောက် နန်ကျင်း၏ ဝင်ရိုးစွန်းယာဉ်ပေါ်တွင် မတ်တပ်ရပ်နေသော သေးသွယ်သောပုံရိပ်ထံသို့ ပြန်ရောက်လာသည်။
သူမသည် တဝူးဝူးတိုက်ခတ်နေသောလေပြင်းအောက်တွင် ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းထားပြီး ယာဉ်ပေါ်သို့ ခုန်တက်လာသော နှင်းတစ္ဆေများကို ဓား-သေနတ် ဖြင့် ခုတ်ပိုင်းနေရာ မီးပွင့်များ ဖြာထွက်နေသည်၊၊
—ဘန်း ဝှစ်—
လင်းရှန်သည် စတီယာရင်ဘီးကို အလျင်အမြန် လှည့်လိုက်ပြီး နှင်းတစ္ဆေအချို့ကို ဘီးအောက်တွင် ကြိတ်ချေလိုက်ကာ လက်ကို မြှောက်ပြီး ပစ်လိုက်သည်၊၊
[ယန္တရားစွမ်းအင် အမြောက်]
ဘန်းးး
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ သူ၏လက်ချောင်းထိပ်ရှိ ယန္တရားစွမ်းအားမြင့်တတ်လာပြီး အပူချိန်မြင့်စွမ်းအင်ပေါက်ကွဲမှုများ ကို ထုတ်လွှတ်လိုက်သည်။ နှင်းတစ္ဆေ ဒါဇင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးလိုက်ပြီး လေထဲတွင် အသားညှော်နံ့များဖြင့် ပြည့်နှက်သွားသည်။
“ဂျစ်... ဒီကိုလာခဲ့။ အရှေ့တောင်ဘက်။ ဟူး ဟူး ဝှစ်... ဒီမှာ လောလောဆယ် လုံခြုံတယ်”
ကျယ်လောင်သောအသံ တစ်ခုက ဆက်သွယ်ရေးမှတစ်ဆင့် ရောက်လာပြီး လင်းရှန် ချက်ချင်း တုံ့ပြန်လိုက်သည်။
“အစ်ကိုရှီ ခင်ဗျားတို့ အဆင်ပြေရဲ့လား”
ကွဲနေသော ကားပြတင်းပေါက်များသည် အေးခဲနေသောလေကို ကားအတွင်းသို့ တိုက်ခတ်စေပြီး မီတာပြကိရိယာနှင့် စတီယာရင်ဘီး ကို လျင်မြန်စွာ နှင်းခဲဖုံးသွားစေသည်။ အပူပေးစနစ် ပျက်စီးသွားသော်လည်း ဆီးနှင်းမုန်တိုင်းက ပိုမိုဆိုးရွားလာသဖြင့် မြင်ကွင်းကို ပြင်းထန်စွာ ကန့်သတ်ထားသော်လည်း လူတိုင်း အအေးဒဏ်ခံ ဝတ်စုံ များ ဝတ်ဆင်ထားသောကြောင့် ကံကောင်းပေသည်။
“လင်းရှန်”
ရှီတိယွမ် သည် အနန္တရထားမှ လူတစ်ယောက်က ဤနေရာတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားသည့်အလား အံ့အားသင့်သွားပုံရသည်။
“လူအိုကြီးရှီ ကပ္ပတိန်လင်းက ကူညီဖို့ ရောက်လာတာပဲ” နန်ကျင်းက ဆက်သွယ်ရေး မှတစ်ဆင့် အော်ပြောလိုက်သည်။
“မြန်မြန်... အရှေ့တောင်ဘက်—ချောက်ကမ်းပါးဘက်ကို—ဝှစ် ဝှစ်... ဒီမှာ လောလောဆယ် လုံခြုံတယ်”
ရှီတိယွမ် အော်ပြောလိုက်သည်။
သူ၏ အသံကို ကြားရသောအခါ နန်ကျင်း သည် သက်ပြင်းချလိုက်ပြီးနောက် လီဗာကို ဆောင့်နင်းလိုက်ကာ ဝင်ရိုးစွန်းယာဉ်ကို အရှိန်အပြည့်ဖြင့် ရှေ့သို့ မောင်းနှင်သွားသည်။
—ဝုန်း ဝုန်း ဝုန်း—
ရုတ်တရက် ပြင်းထန်သော ဒုန်းစိုင်းခြေသံများသည် နှင်းပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။
သူတို့အားလုံးသည် နှင်းတစ္ဆေအုပ်အလယ်တွင် ဧရာမခြေလေးချောင်းသတ္တဝါ အများအပြား သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာသည်ကို ချက်ချင်း သတိပြုမိကြသည်။
ဤသတ္တဝါများသည် မျက်လုံးများမရှိကြပေ။ ၎င်းတို့၏ ကွေးညွှတ်နေသော ခြေလက်များသည် သံမဏိကဲ့သို့ မာကျောပြီး လှုပ်ရှားမှုတိုင်းတွင် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်နေသည်၊၊ ၎င်းတို့သည် မယုံနိုင်လောက်အောင် အမြန်နှုန်းဖြင့် လှုပ်ရှားနေပြီး နှင်းတစ္ဆေအချို့ကို ၎င်းတို့၏ ခြေထောက်အောက်တွင် ကြိတ်ချေကာ အုပ်စုထဲမှ ရုတ်တရက် ပေါ်လာသည်။ တစ်ကောင်မှာ နန်ကျင်း၏ ဝင်ရိုးစွန်းယာဉ်ဆီသို့ တန်းတန်းမတ်မတ်ခုန်ဝင်လာသည်။
ဝုန်း ဝုန်း
ထိုခြေလေးချောင်းသတ္တဝါကြီးသည် အကြီးစားဖြစ်သည်။ ၎င်းသည် တွားသွားသည့် အနေအထားတွင်ပင် ဝင်ရိုးစွန်းယာဉ်ထက် ပိုကြီးနေသည်။ အားပြင်းသော ၎င်း၏ ဧရာမရှေ့လက်နှစ်ဖက်သည် ယာဉ်၏ ကိုယ်ထည်နှင့် ဘီးများကို ဆောင့်ဖိချလိုက်သည်။
ဘန်းး
ယာဉ်၏ သတ္တုတန်းများ လိမ်သွားပြီး ထိခိုက်မှုအောက်တွင် ကျယ်လောင်စွာ အသံထွက်လာသည်။
ခေါင်မိုးပေါ်တွင် ရှောင်ချင်းသည် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူမသည် လေထဲသို့ ခုန်တက်ကာ ပျံသန်း ပြီးနောက် သူမ၏ ဓား-သေနတ်ကို မွန်းစတား၏ ဦးခေါင်းခွံကို ပစ်မှတ်ထားကာ သေစေနိုင်သော ဒေါင်လိုက်လှီးဖြတ်မှုဖြင့် အောက်သို့ ဆွဲချလာသည်။
ယာဉ်အတွင်း၌ နန်ကျင်းသည်လည်း တစ်ပြိုင်နက် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမသည် အားဖေးကို ဆွဲကာ သူမ၏ ခြေထောက်ကို ကူရှင်မှ အားယူကာ ရှေ့သို့ ခုန်လိုက်ကာ ကွဲနေသော လေကာမှန်ကို ဖြတ်၍ အောက်သို့ ကျသွားသည်၊၊
—ချလွမ်—
ရှုချင်း ၏ ဓား-သေနတ်သည် မွန်းစတား၏ ဦးခေါင်းခွံကို ထိမှန်ပြီး စူးရှသော သတ္တုသံတစ်ခု ထွက်လာသည်။ ထိုသတ္တဝါ၏ အရိုးဖွဲ့စည်းပုံ သည် သဘာဝအတိုင်း မာကျောနေသည်။ ဓားသွားသည် ၎င်း၏ ဦးခေါင်းခွံကို တစ်ဝက်တပျက်သာ ခွဲလိုက်နိုင်ပြီး အနက်ရောင်သွေးများ ပြင်းထန်စွာ ပန်းထွက်လာသည်။