အခန်း (၈၀၀)
Vol. 58 Ch. 800
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးရဲ့ ကိုယ်ပွားပုံရိပ်က ဘာလို့ ထွက်ပြေးသွားခဲ့တာလဲ "
ယွမ်မိသားစု အိမ်တော်အပြင်သို့ ရောက်လာပြီးနောက်.. ရှောက်ရက လောထျန်းအား နားမလည်နိုင်စွာ ကြည့်၍ မေးလိုက်သည်။
လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ဖြေလိုက်၏။
" ကျုပ်လဲ မသိဘူး ။ ဒါပေမယ့် ကျုပ် စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးနဲ့ နည်းနည်းတော့ ရင်ဆိုင်ခဲ့ဖူးတယ် ။ အမြဲတမ်းလဲ သူပဲ ခံသွားရတာ ။ အဲ့တော့ သူ့ရဲ့ ကိုယ်ပွားပုံရိပ်က ကျုပ်ကို ဘာမှမလုပ်နိုင်လောက်မှန်း သိသွားလို့ ၊ ဒီတိုင်းကြီး အလကား မရှုံးချင်လို့နဲ့ တူပါတယ် "
" ဘယ်လို.. သခင်ကြီးက စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးကို အနိုင်ယူနိုင်ခဲ့တာလား ။ သခင်ကြီးက အခု ဘယ်ကျင့်ကြံခြင်းအဆင့်မှာလဲ "
ရှောက်ရ တုန်လှုပ်သွားကာ ထပ်မေးလိုက်သည်။
" တုကျဲ့အဆင့်ကိုး ထိပ်ဆုံးမှာလေ ။ ဘာဖြစ်လို့လဲ "
လောထျန်း ပြန်မေး၏။
" တု... တုကျဲ့အဆင့်ကိုးထိပ်ဆုံးမှာ.. ဟုတ်လား "
လောထျန်းက သူမအား နောက်နေသည်ဟု ခံစားရကာ ရှောက်ရ နှုတ်ခမ်းမဲ့သွားသည်။
သို့သော်.. လောထျန်းအား ခေါင်းစခြေဆုံး သေချာကြည့်လိုက်ချိန်တွင်မူ.. လောထျန်းကိုယ်တွင် မသေမျိုးစွမ်းအင် ရှိမနေဘဲ စိတ်စွမ်းအင်များသာ ရှိနေသည်ကို တွေ့လိုက်ရပါ၏။
" သဘောပေါက်ပြီ .. ၊ လက်ထောက်ဂိုဏ်းချုပ်ကြီးက ထူးခြားတဲ့ အခွင့်ကောင်းတစ်ခုနဲ့ ကြုံခဲ့ရလို့ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးထက် ပိုသာတဲ့ စိတ်ဝိဥာဥ်အစွမ်းကို ပိုင်ဆိုင်ထားတာနဲ့တူတယ် ။ ဒါပေမယ့်.. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ တကယ်လဲ တုကျဲ့အဆင့်မှာပဲ ရှိနေသေးတာ... "
" ဟုတ်တယ်.. အဲ့လိုပဲ ဖြစ်ရမယ် ။ သူ အစီအမံတွေ
ကို ခဏလေးနဲ့ သင်ယူနိုင်ခဲ့တာ မဆန်းတော့ပါဘူး ။ အဲ့လို စိတ်ဝိဥာဥ်အစွမ်းမျိုး ရှိထားမှတော့ ဘယ်လိုလုပ် မမြန်ပဲနေမှာလဲ "
" ပြီးရင် .. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးပေမယ့် စိတ်ဝိဥာဥ်အစွမ်းက အရမ်းမြင့်ထားတော့... တိုက်ခိုက်စွမ်းရည်က မသေမျိုးဘုရင်နဲ့တောင် ယှဥ်လို့ရမယ် ထင်တယ် "
" ဒီတိုင်းဆိုရင်တော့ ငါတို့ တိုင်လင်စင်မြင့်က ပိုပြီး ထွန်းတောက်လာတော့မယ့်ပုံပဲ "
ထိုသို့ တွေးနေရင်း ရှောက်ရ၏မျက်နှာ ဝင်းပသွားသည်။
" အင်.. ခင်ဗျား ဘာဖြစ်နေတာလဲ "
ထိုစဥ် လောထျန်းက သူမဘက်လှည့်ကြည့်ကာ မေးလာ၏။
ရှောက်ရ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျွန်မ ပြောရမလား ၊ မပြောရဘူးလား မသေချာဖြစ်နေတဲ့ ကိစ္စတစ်ခု ရှိ
တယ်ရှင့် "
" ဘာကိစ္စလဲ "
လောထျန်း မေးလိုက်သည်။
ရှောက်ရ ခေါင်းကုတ်လိုက်၏။
" ဒီလိုပါရှင် ။ တကယ်တော့ ကျွန်မတို့ တိုင်လင်စင်မြင့်က အစပိုင်းမှာ အခြေအနေ အဲ့လောက်မဆိုးဘူး ။ ဟို အရင်ဂိုဏ်းချုပ်ကြီး ပျောက်သွားပြီးတဲ့နောက်မှာ တခြားဒေသက အကြွေးတွေအများကြီးကို တောင်းမရလို့ ခုလိုတွေ ဖြစ်သွားခဲ့ရတာ "
လောထျန်း လန့်သွားကာ ပြန်မေးလိုက်သည်။
" ဘာလို့ ပြန်တောင်းလို့ မရတာလဲ "
ရှောက်ရ သက်ပြင်းချလိုက်၏။
" ကျွန်မတို့ကို အကြွေးပြန်ပေးရမယ့် သူတွေက အင်အားကြီး ဂိုဏ်းတွေနဲ့ အဖွဲ့တွေရှင့် ။ ကျွန်မတို့ တိုင်လင်စင်မြင့်က သူတို့လောက် အစွမ်းမထက်တော့.. သူတို့က ကျွန်မတို့ကို ပေါ်တင်ကြီး မပေးဘဲ ငြင်းခဲ့ကြတာ... "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" အဲ့လိုလဲ ရှိတာလား ။ အဲ့လိုတွေ ဘယ်လောက်များလဲ "
ရှောက်ရ : " အများကြီးပဲရှင့် ။ ဒါပေမယ့် ကျွန်မတို့ အများဆုံး ရစရာရှိတဲ့ မိသားစုသုံးခုရှိတယ် .... "
" ပထမတစ်ခုက ဟောင်ယွိရှန့်မင် ဆိုတဲ့ အဖွဲ့ပဲ ။ သူတို့က ကျွန်မတို့ကို အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သန်း ငါးဆယ်တောင် ပေးရမှာ "
ထိုသို့ပြောနေရင်း သူမ ရုတ်တရက် ရှင်းပြ၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အဲ့ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး သန်းငါးဆယ် နဲ့ဆို မြို့ငယ်တစ်မြို့ကိုတောင် ဝယ်လို့ရတယ် "
လောထျန်း မျက်လုံးပြူးသွားသည်။
" အဲ့လောက် များတာလား ။ ခင်ဗျားတို့ သွားမတောင်းကြဘူးလား "
လက်ရှိ တိုင်လင်စင်မြင့်၏ အခြေအနေက မည်မျှဆိုးမှန်း သူ သိပါ၏။
လက်ရှိ တိုင်လင်စင်မြင့်၏ ခန်းမရှေ့ပိုင်းမှာ ဆိုင်ငယ်လေး တစ်ခုလောက်သာ ရှိသည်မဟုတ်ပါလား ။
အကယ်၍ ထိုအကြွေးကိုသာ ပြန်ရပါက ဆိုင်ကို နောက်ထပ်မိုင်များစွာပင် ထပ်ချဲ့၍ ရနိုင်ပါသည်။
ရှောက်ရက အောင့်သက်သက်ပြုံး၍ ပြန်ပြောရှာ၏။
" ပြန်သွားမတောင်းဘဲ ဘယ်နေပါ့မလဲရှင် ။ အဲ့တုန်းကဆို အကြီးအကဲရှု ကိုယ်တိုင်သွားပြီးတော့ တောင်းခဲ့တာ ။ ဒါပေမယ့် သူ ဂိုဏထဲ မဝင်ရသေးခင်မှာတင် အဲ့လူတွေ သူ့ခြေထောက်ကို ချိုးပြီးတော့ သူ့ကို အတင်းဆွဲထုတ်ခဲ့ကြတာရှင့် ။ ပြီးတော့ နောက်ထပ် သူတို့ဆီကို အကြွေးလာတောင်းရဲရင် သနားညှာတာမပေးဘူးလို့လဲ ခြိမ်းခြောက်ခဲ့ကြသေးတယ် "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်ခုံးပင့်သွားသည်။
လွန်လွန်းလှပါတကား ...
အကြွေးပြန်မပေးခြင်းကပင် လွန်လှပြီကို... အကြွေးရှင်၏ ခြေထောက်ကိုပါ ချိုးခဲ့သေးသတဲ့...
တဖက်မှ ရှောက်ရက စကားဆက်သည်။
" အဲ့ ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက ရွှေရောင်မသေမျိုးအဆင့်မှာလေ ။ သတင်းကြားတာတော့ သူတို့ရဲ့ဘိုးဘေးဆိုရင် ကောင်းကင်ဘုံမသေမျိုးအဆင့်တောင် ရောက်ထားပြီတဲ့ ။ ဒါကြောင့်လဲ ကျွန်မတို့ ဘာမှ ဆက်မပြောရဲတော့တာ ။ ဒါပေမယ့် လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ အစွမ်းနဲ့ဆိုရင်တော့.. ဘာပြဿနာမှ မရှိနိုင်လောက်ဘူး.. "
လောထျန်း လက်ကာပြ၍ ပြောလိုက်သည်။
" ဘာမှ ထပ်ပြောစရာ မလိုတော့ဘူးဗျာ ။ အဲ့ဟောင်ယွိရှန့်မင်ဂိုဏ်းက ဘယ်မှာလဲ ။ ကျုပ်ကို လမ်းပြပါဦး "
ရှောက်ရ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ကောင်းပါပြီ ။ ဒါဆို သွားကြမယ် "
ဤသို့ဖြင့်....
ဟောင်ယွိရှန့်မင်ဂိုဏ်း ၊ အပြင်ဘက်၌ ...
လေထု မငြိမ်မသက် ဖြစ်လာပြီး ရှောက်ရနှင့် လောထျန်းတို့ ပေါ်လာကြ၏။
" ဒါ... "
ရှောက်ရ ခေါင်းမော့ကြည့်လိုက်ရာ ဟောင်ယွိရှန့်မင်ဂိုဏ်း၏ အကာအကွယ်အစီအမံကို တွေ့ပြီး တစ်ကိုယ်လုံး တုန်သွားသည်။
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်၏။
ရှောက်ရ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" အကြီးအကဲရှု ဆီကနေ ကြားထားတာတော့ သူတို့ဂိုဏ်းရဲ့ အကာအကွယ်အစီအမံက ကျွန်မတို့ အရင်ဂိုဏ်းချုပ်ကြီး လုပ်ပေးထားခဲ့တဲ့ လမင်းဓား အစီအမံတဲ့ ။ အခု အရင်ဂိုဏ်းချုပ်ကြီးက မရှိတော့ပေမယ့် ... ဒီအစီအမံက ရှိနေတုန်းပဲ "
ထိုစကားကြောင့် လောထျန်း ပို၍ မရွှင်မပျ ဖြစ်သွားသည်။
ထိုသူများက ပေးစရာအကြွေးကို မပေးသည့်အပြင် အစီအမံကို ဆက်သုံးရဲနေသတဲ့လား ။
ထို ဟောင်ယွိရှန့်မင်ဂိုဏ်းက အမှန်တကယ် အံ့သြစရာပင် ...
ထိုစဥ်မှာပင် ...
" ဟောင်ယွိရှန့်မင်ဂိုဏ်းက အပြင်လူတွေအတွက် ကန့်သတ်နယ်မြေပဲ ။ မင်းတို့က ဘယ်သူတွေလဲ "
ဂိတ်တံခါးအတွင်းဘက်မှ ဟောင်ယွိရှန့်မင် ဂိုဏ်းသားတစ်ယောက်က အော်မေးလာသည်။
လောထျန်း၏ မျက်နှာထား အနည်းငယ် အေးစက်သွားကာ ပြန်ပြောလိုက်၏။
" တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက အကြွေးတောင်းဖို့ လာတာ "
" တိုင်လင်စင်မြင့် ... အကြွေးတောင်းတယ်.. "
ထိုစကားကို ကြားသောအခါ တဖက်ဂိုဏ်းသား အံ့သြသွားဟန် တူပြီးနောက် မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။
" ခဏနေဦး ၊ အကြီးအကဲတွေကို သတင်းသွားပို့လိုက်ဦးမယ် "
လောထျန်း ဘာမှပြန်မပြောဘဲ လက်နောက်ပစ်၍သာ ဂိတ်တံခါးရှေ့တွင် စောင့်နေလိုက်သည်။
ဤသို့ဖြင့် မကြာခင်မှာပင် ဂိုဏ်းအတွင်းဘက်မှ လေကိုခွင်း၍ လာနေသော အသံများ ထွက်လာပြီး...
လူ ဆယ်ယောက်ကျော် လေထဲမှ ဆင်းသက်လိုက်ကြသည်။
" တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ဆိုတာ ဘယ်သူလဲ "
လူစုအား ဦးဆောင်လာသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မြေပြင်သို့ ဆင်းဆင်းချင်း
လောထျန်းနှင့် ရှောက်ရတို့ကို ကြည့်၍ မေးလိုက်၏။
" ကျုပ်ပဲ "
လောထျန်းက အေးဆေးပြန်ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ်လူကြီး မျက်မှောင်ကြုံ့သွားပြီးနောက်မှ.. လှောင်ပြုံးဖြင့် ပြန်ပြော၏။
" တိုင်လင်စင်မြင့်က လူတွေက တော်တော်သတ္တိကောင်းကြတာပဲ ၊ ဒီကိုတောင် လာရဲကြတာဆိုတော့ ။ ကြည့်ရတာ အရင်တစ်ခေါက်တုန်းက မင်းတို့ရဲ့ အကြီးအကဲရှု သင်ခန်းစာ ကောင်းကောင်းမရလိုက်ဘူးနဲ့တူတယ် "
သူ ထိုသို့ပြောပြီး နောက်မှ ဂိုဏ်းသားလူငယ်များဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
" လာကြဟေ့.. သူတို့ရဲ့ ခြေထောက်တွေကို ချိုးပစ်ပြီး အပြင်ကို လွင့်ပစ်လိုက်ကြ "
" ဟုတ်ကဲ့ပါ "
ပြောပြောဆိုဆိုပင် ဟောင်ယွိရှန့်မင် ဂိုဏ်းသားနှစ်ယောက် လောထျန်းဆီ လျှောက်လာကြ၏။
လောထျန်း ၎င်းကိုကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။
ထိုဂိုဏ်းက သူထင်ထားသည်ထက်ပင် ပိုအရှက်မဲ့နေပါသေး၏။
သူ့ခြေထောက်ကို ဖြတ်ပစ်မယ်တဲ့လား ...
နည်းနည်းလေးတောင် ဟန်မဆောင်ကြဘူး...
" ဟား ဟား ၊ မင်းတို့က သေချင်နေကြတာပဲ "
လောထျန်း၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ ဖျတ်ခနဲ လက်သွားတော့သည်။
ဝုန်း...
သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များလည်း လှုပ်ရှားသွားပြီး ..... တဖက်မှ ဂိုဏ်းသားနှစ်ယောက် အဝေးသို့ လွင့်ထွက်သွား၏။
" ဟင် ... "
၎င်းကိုမြင်သော ဟောင်ယွိရှန့်မင်ဂိုဏ်းသားများ၏ ဦးဆောင်သူ မျက်မှောင်ကြုံ့သွားကာ အေးစက်စက် ပြောလိုက်သည်။
" မင်းက တကယ်ကြီး ခုခံရဲတယ်ပေါ့လေ ။ ဒါ ခွင့်လွတ်လို့မရတဲ့ ကိစ္စပဲ ။ မင်းကို ငါကိုယ်တိုင် သတ်မယ် "
သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။
ဝုန်း...
မသေမျိုးစွမ်းအင်များ ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွားသည်။
" လုပ်ပစ် အကိုကြီး "
" အကိုကြီးက တကယ်အစွမ်းထက်တာပဲ "
ဟောင်ယွိရှန့်မင် ဂိုဏ်းသားများ အော်ဟစ်အားပေးလိုက်ကြ၏။
ထိုစဥ် သူတို့၏ အကိုကြီးဖြစ်သူ ဂိုဏ်းသားက လောထျန်းအား စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လာသည်။
" ဟား ဟား ... မင်းလို စိတ်စွမ်းအင်ပဲ ရှိသေးတဲ့ အမှိုက်ကောင်ကများ ဟောင်ယွိရှန့်မင်ဂိုဏ်းကို လာပြီး ပြဿနာရှာရဲတယ်ပေါ့ ။ ရယ်စရာ ကောင်းလိုက်တာကွာ ။ ဒီနေ့တော့ မင်းကိုငါသတ်မယ် "
ချွှင်..
သူ ပြောပြီး ဓားတစ်လက် ဆွဲထုတ်လိုက်သည်။
" လမင်းဓားစွမ်းအင်... ဖျက်ဆီးပစ် "
ဓား ထုတ်လိုက်သည်နှင့် ညကောင်းကင်ယံမှ လမင်းတစ်စင်းလို တောက်ပသော ဓားစွမ်းအင်တန်းတစ်ခုက လောထျန်းနှင့် ရှောက်ရတို့အား ချက်ချင်း လွှမ်းခြုံလာ၏။
" ဟား ဟား.. ဒီအရူးကောင်တွေက ကိုယ့်သေတွင်း
ကိုယ် တူးလိုက်ကြတာ "
ဂိုဏ်းသားအကိုကြီး ဆိုသူ ပြောပြီး နောက်လှည့်၍ ဂိုဏ်းထဲဘက်သို့ ပြန်လျှောက်သွားလိုက်သည်။ သူ နောက်သို့ပင် ပြန်လှည့်မကြည့်ခဲ့ပါ ။
လောထျန်းနှင့် ရှောက်ရတို့မှာ သေလူများအလား...
သို့သော် ထိုစဥ်တွင်...
" အကိုကြီး ... ကြည့်ပါဦးဗျ "
ဟောင်ယွိရှန့်မင် ဂိုဏ်းသားတစ်ယောက်က အသံတုန်တုန်ဖြင့် အော်ပြောလာ၏။
" ဟင်.. ဘာကို ကြည့်ခိုင်းနေတာလဲ "
သူတို့၏ အကိုကြီးဖြစ်သူ အံ့အားသင့်သွားကာ နောက်လှည့်ကြည့်လာသည်။
ထို့နောက်တွင်ကား .. မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်သွား၏။
ဂိတ်တံခါးအပြင်ဘက်တွင်််မူ ရှောက်ရနှင့် လောထျန်း
တို့က အေးအေးလူလူ ရပ်လျက်သား ...
" ဘယ်လိုဖြစ်ပြီးတော့... "
သူ အမှန်တကယ်ပင် အံ့သြသွားရတော့သည်။