← Chapters

နားလည်မှု လွဲတာပါ သခင်ကြီး

Vol. 58 Ch. 801

နားလည်မှု လွဲတာပါ သခင်ကြီး

Vol. 58 Ch. 801

" မင်းက ငါ့ဓားချက်ကို ခံရပြီးတာတောင် ဘာမှ မဖြစ်ပါလား ။ ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိတယ်နဲ့တူတယ် ။ အဲ့လိုဆိုမှတော့လဲ ငါ့ဓားချက်ကို နောက်တစ်ကြိမ် ထပ်ခံကြည့်လိုက်ပါဦးကွာ ။ ဒီတစ်ခါတော့ ငါ့ဘက်က ညှာတာပေးနေမှာ မဟုတ်ဘူး "

အကိုကြီးဆိုသူက အေးစက်စက် မျက်လုံးများဖြင့် ပြောလိုက်သည်။

ချွှင် ...

သူ့လက်ထဲရှိ ဓားက ရုတ်တရက် အရောင်တောက်လာ၏။

သူ့အနောက်ဘက်တွင်လည်း ကြောက်မက်ဖွယ် အစွမ်းနှင့် ဓားအရိပ်တစ်ခု စုစည်းလာသည်။

တဖက်မှ လောထျန်းမှာကား မျက်နှာကြီးစူပုတ်

လျက် ..

ထို့နောက် သူ့လက် လှုပ်ရှားသွားပြီး လမ်းဘေးမှ တုတ်ချောင်းတစ်ခုကို ကောက်လိုက်သည်။

ချွှင်..

လောထျန်းက ထိုတုတ်ချောင်းအား ဓားသဖွယ် ယမ်းလိုက်ရာ ဓားစွမ်းအင်တစ်ခု ထွက်လာ၏။

" ဟင်... မင်းက "

ဟောင်ယွိရှန့်မင်ဂိုဏ်းမှ အကိုကြီးဆိုသူ ၎င်းကိုမြင်သောအခါ ဒေါသပိုထွက်သွားဟန်တူသည်။

သူ့အစွမ်းအထက်ဆုံး ဓားကွက်ကို ရင်ဆိုင်ရန်အတွက် လောထျန်းက တုတ်ချောင်းတစ်ချောင်းကိုသာ အသုံးပြုနေသည် မဟုတ်ပါလား ။

၎င်းမှာ သူ့အား စော်ကားအရှက်ခွဲလိုက်ခြင်းပင် ။

" ကောင်လေး. မင်းက ငါ့ကို စော်ကားရဲနေတယ်ပေါ့

လေ ။ သေစမ်းကွာ "

သူ အော်ကာ ဓားဖြင့် လွှဲခုတ်လိုက်သည်။

ကြောက်မက်ဖွယ် ဓားအရိပ်တစ်ခု ကောင်းကင်ယံမှ ရုတ်ချည်းကျလာ၏။

" အကိုကြီးက တကယ်ကို အံ့မခန်းပါပဲ "

" အကိုကြီးက ဒီလောက်အစွမ်းထက်တဲ့ ဓားကွက်ကို ကျင့်ကြံထားနိုင်တာလား "

ဟောင်ယွိရှန့်မင်ဂိုဏ်း၏ ဂိုဏ်းသားတစ်စုထံမှ အော်ဟစ်အားပေးသံများ ထွက်လာသည်။

သို့သော် လောထျန်းက အနည်းငယ် သက်ပြင်းချ၍သာ ပြောလိုက်ပါ၏။

" ပေးစရာရှိတဲ့ အကြွေးကို ပြန်ပေးလိုက်ရင် ပြီးရောကွာ ၊ အခုတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံရတယ်လို့ .... "

သူ ပြောပြီး လက်ထဲမှ တုတ်ချောင်းကို တဖက်လူဆီ

သို့ အသာပစ်လိုက်သည်။

ဝှစ်...

၎င်းတုတ်ချောင်းမှာ ဘာမှ ထူးခြားဟန်မတူဘဲ ပုံမှန်တုတ်ချောင်းတစ်ခုလိုသာ လွင့်သွားပါ၏။

" ဟား ဟား.. မင်းဆီမှာ လှည့်ကွက်တွေ မရှိတော့ဘူးနဲ့ တူတယ် "

တဖက်မှ အကိုကြီးဆိုသူက လှောင်ပြုံးဖြင့် ပြောလာသည်။

သူ့ဘေးနားမှ ကျန်လူများအားလုံး၏ မျက်နှာထက်တွင်လည်း လှောင်ပြုံးကိုယ်စီ ရှိနေပါ၏။

တိုက်ခိုက်နေသူ နှစ်ယောက်ထဲတွင် ကြောက်မက်ဖွယ် ဓားအစွမ်းနှင့် ကောင်းကင်ယံမှ ကျလာသော ဓားတစ်လက်ပမာ အထင်ကြီးစရာ ကောင်းလှပါသည်။

တဖက်တွင်ကား... အရွက်ခြောက်များနှင့် တုတ်ချောင်းတစ်ခု ...

၎င်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် မည်သူက အစွမ်းထက်ပြီး မည်သူက အစွမ်းနိမ့်သည်ကို သိနိုင်ပါ၏။

ထို့နောက်တွင်မူ အကိုကြီးဆိုသူ၏ ဓားစွမ်းအင်က လောထျန်း၏ တုတ်ချောင်းနှင့် တွေ့သွားပါသည်။

အကိုကြီးဆိုသူ၏ ဓားစွမ်းအင်က ရုတ်ချည်း ပြိုကွဲသွား၏။

သို့သော် တဖက်မှ တုတ်ချောင်းကမူ ဓားစွမ်းအင်ကို ထိုးဖောက်၍ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

" ဘယ်လိုဖြစ်ပြီး.... "

ဟောင်ယွိရှန့်မင်ဂိုဏ်းမှ လူများအားလုံး အံ့သြမှင်သက်သွားကြသည်။

ဘာတွေ ဖြစ်သွားပါသလဲ...

သူတို့ အကိုကြီး၏ ဓားကွက်မှာ ဘာပြစ်ချက်မှမရှိဘဲ ပြည့်စုံလှသည်ကို.. အဘယ့်ကြောင့် အလွယ်တကူ ပြိုကွဲသွားရပါသနည်း ။

သို့သော် ဤမျှနှင့် မပြီးသေးပါ ..

တုတ်ချောင်းက လေထဲမှ ပြန်ကျလာပြီး အကိုကြီးဆိုသူ၏ ရှေ့သို့ ရုတ်ချည်း ရောက်လာ၏။

" ဒါ... "

အကိုကြီးဆိုသူ ၎င်းကိုတားရန် ကြိုးစားလိုက်သည်။

သို့သော် ...

ဝုန်း...

တုတ်ချောင်းက သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားကာ သူ့ခန္ဓာကိုယ်တစ်ဝက် တမဟုတ်ချင်း ဖျက်ဆီးခံလိုက်ရတော့သည်။

ထိုမျှ မကသေးပါ..

ဝှစ် ...

တုတ်ချောင်းက အကိုကြီးဆိုသူ၏ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်သွားပြီးနောက် လေကိုခွင်း၍ ရှေ့ဆက်တိုးသွားပြီး မလှမ်းမကမ်းရှိ တောင်တစ်လုံးပေါ်သို့ ကျသွားသည်။

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ တောင်တစ်ခုလုံး အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွား၏။

" ဘာကြီးလဲဟ "

၎င်းကို မြင်လိုက်ရသော လူများဆီမှ အံ့သြတကြီး ရေရွတ်သံများ ထွက်လာကြသည်။

သူတို့အကိုကြီးအား တစ်ချက်တည်းဖြင့် သတ်ခဲ့သည်ကပင် ကြောက်စရာကောင်းလွန်းနေလေပြီ ။

ထိုမျှမကသေးဘဲ.. ၎င်းတုတ်ချောင်းလေးက တောင်တစ်ခုလုံးကိုပါ ပြားချပ်သွားအောင် လုပ်နိုင်ခဲ့

သတဲ့လား... ။

အမှန်တွင်မူ သူတို့ ဟောင်ယွိရှန့်မင်ဂိုဏ်းထဲမှ တောင်များအားလုံးကို မရေမတွက်နိုင်သော အစီအမံများဖြင့် ကာရံထားပါ၏။

သို့သော်.. ထိုသို့သော အံ့မခန်း အကာအကွယ်များက တုတ်ချောင်းလေး တစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရလေပြီ ။

သူတို့ရှေ့မှ လူက မည်မျှကြောက်စရာကောင်းပါသနည်း ။

အားလုံးက ကြောက်ရွံ့တုန်လှုပ်နေသော မျက်လုံးများဖြင့် လောထျန်းအား လှည့်ကြည့်လိုက်ကြသည်။

ထိုစဥ် လောထျန်းက လက်ကို ဖုန်ခါ၍ ရှောက်ရအား ပြော၏။

" တောင်ပေါ်တက်ပြီး အကြွေးသွားယူရအောင် "

" အင်... ဟုတ်ကဲ့ "

ရှောက်ရမှာလည်း ထိုစဥ်မှ အသိပြန်ဝင်လာကာ လောထျန်းနောက်မှ တောင်ပေါ်သို့ လိုက်သွားသည်။

ထိုစဥ် ဟောင်ယွိရှန့်မင်ဂိုဏ်းထဲမှ လူများမှာလည်း အစောပိုင်းက အဖြစ်အပျက်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြလေပြီ ။

ဝှစ်.... ဝှစ်... ဝှစ်...

ချက်ချင်းမှပင် လေကိုခွင်း၍ လာနေသော အသံများ နေရာစုံမှ ထွက်လာ၏။

" ငါတို့ ဟောင်ယွိရှန့်မင်ဂိုဏ်းကို ဘယ်ကောင်ရန်စရဲတာလဲ "

ခေါင်းလောင်းသံကြီးတစ်ခုလို ကျယ်လောင်လှသည့် အော်သံတစ်ခုလည်း တောင်များကြားမှ ထွက်လာသည်။

ထို့နောက်..

ဝုန်း .

လူရိပ်တစ်ခု လေထဲသို့ ပျံတက်လာကာ ထိုသူ၏ ကိုယ်မှ မှိန်ဖျော့ဖျော့ လရောင်တစ်ခု ထုတ်လွှတ်လာ၏။

သူ့အသွင်မှာ ကောင်းကင်ယံတွင် ရှိနေသော လတစ်စင်းလိုပါပင် ..

" အကြီးအကဲ ၅ ပဲဟေ့ ၊ အကြီးအကဲ ၅ ရောက်လာပြီ "

လူငယ်ဂိုဏ်းသားများ စိတ်လှုပ်ရှားသွားကြသည်။

လောထျန်းနောက်မှ ရှောက်ရက တီးတိုးပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ သူတို့ရဲ့ အကြီးအကဲ ၅ က သခင်ကြီးရှုရဲ့ ခြေထောက်ကို ချိုးခဲ့တဲ့သူပေါ့ ။ သူက ကောင်းကင်ဘုံမသေမျိုးအဆင့်ကို ရောက်ထားတာကြာပြီ ။ ကျွန်မထင်တာတော့... သူ အဲ့အဆင့်ကို တော်တော်တောင် ကျော်နေပြီထင်တယ် "

လောထျန်းက ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်လိုက်သည်။

ဝုန်း..

ထိုစဥ်မှာပင် အကြီးအကဲ၅ က လေထဲမှ ကျလာကာ သူတို့ရှေ့နားတွင် ဆင်းသက်လိုက်သည်။

သူ့ဘေးပတ်လည်တွင်လည်း အစွမ်းထက်ကျင့်ကြံသူ ဆယ်ယောက်ကျော် ပါလာသေး၏။

လောထျန်း ထိုသူများအား တစ်ချက်ကြည့်လိုက်ရာ သူတို့ထဲတွင် ရွှေရောင်မသေမျိုးအဆင့် ရောက်ထားသူ လေးယောက်ရှိကြောင်း တွေ့လိုက်ရသည်။

" အကြီးအကဲ၅ ၊ ကျုပ်တို့ အကိုကြီးကို အဲ့လူ သတ်လိုက်ပြီဗျ "

ထိုစဥ် ဟောင်ယွိရှန့်မင်ဂိုဏ်းမှ ဂိုဏ်းသားလူငယ်တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဘာပြောတယ် "

အကြီးအကဲ၅ မျက်မှောင်ကြုံ့သွား၏။

ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ အေးစက်စက် ပြောသည်။

" ကောင်လေး ၊ မင်းက ငါတို့ ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်ကိုတောင် သတ်ရဲတာဆိုတော့... မင်း သေဖို့ထိုက်တန်တယ် "

လောထျန်း သူ့အား ပြန်ကြည့်ကာ ပြောလိုက်၏။

" ငါက ဘာလို့ သူ့ကိုသတ်လိုက်ရတာလဲဆိုတာ မမေးတော့ဘူးလား "

အကြီးအကဲ၅ က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" မင်းရဲ့ အကြောင်းပြချက်က ဘာဖြစ်ဖြစ်.. ဟောင်ယွိရှန့်မင်ဂိုဏ်းကို မလေးမစားလုပ်ရင် အသတ်ခံရမှာပဲ "

ဝုန်း ...

ထိုတခဏ၌ အကြီးအကဲ၅ ၏ ကိုယ်မှ မသေမျိုးစွမ်းအင်များ ပေါက်ထွက်လာကာ မသေမျိုးအလင်းတန်းတစ်ခုလည်း ကောင်းကင်ယံနှင့် မြေကြီး

ကို ထိုးဖောက်သွား၏။ သူ့အသွင်မှာ နတ်ဘုရားတစ်ပါး လိုပါပင်...

အမှန်တွင်မူ အကြီးအကဲ၅ သည် မြေပြင်သို့ ဆင်းသက်ပြီးသည်နှင့် လောထျန်းကိုယ်မှ မသေမျိုးစွမ်းအင်ပင် မရှိသည်ကို သတိထားမိပြီး ဖြစ်ပါသည်။

ထိုသို့သော ပုရွက်ဆိတ်လေးတစ်ကောင်နှင့် ဘာစကားတွေ ပြောနေစရာ လိုပါသနည်း ။

ဒီတိုင်း သတ်လိုက်ရုံသာရှိသည် မဟုတ်ပါလား...

သို့သော် ထိုစဥ်တွင်..

" အကြီးအကဲ၅ ၊ သတိထားနော်... ။ အဲ့ကောင်က ထင်သလောက် မရိုးဘူးဗျ ။ သူက မင်ယွိတောင်ကိုတောင် ဖျက်ဆီးခဲ့တာ "

သူ့နောက်မှ ဂိုဏ်းသားလူတစ်ယောက် ပြောလာသည်။

" မင်း ဘာပြောလိုက်တယ်.. "

ထိုစကားကြောင့် အကြီးအကဲ၅ မှင်သက်သွားပြီး နောက်လှည့်ကြည့်လိုက်၏။

ဂိုဏ်းသားလူငယ်က အစောပိုင်းတွင် လောထျန်းလက်ချက်​ကြောင့် ပြားသွားခဲ့သော မင်ယွိတောင်ဘက် လကိညိုးထိုးပြလိုက်သည်။

အကြီးအကဲ၅ ၎င်းကိုကြည့်ကာ မှင်သက်သွားပါ၏။

မင်ယွိတောင်သည် သူတို့ ဟောင်ယွိရှန့်မင်ဂိုဏ်းထဲရှိ မသေမျိုးတောင်များထဲမှ တစ်ခုဖြစ်ပြီး အစီအမံပေါင်းစုံဖြင့် ကာကွယ်ခံထားရသော တောင်တစ်လုံးပင် ။

သူ့အတွက်ပင် ထိုသို့သော တောင်တစ်လုံးကို ဖျက်ဆီးရန် မလွယ်ပါချေ။

တဖက်လူက ထိုသို့သောအစွမ်းမျိုး အမှန်တကယ် ရှိသတဲ့လား...

" သူက ဘယ်လို မသေမျိုးလက်နက် သုံးသွားခဲ့တာ

လဲ "

အကြီးအကဲ၅ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

အကယ်၍ တဖက်လူက ထိပ်တန်းအဆင့် မသေမျိုးလက်နက် တစ်ခုကို သုံးခဲ့သည်ဆိုလျှင် သူ ဂရုစိုက်စရာ မလိုလှပါ ။

၎င်းကို ကောင်းသည်ဟုပင် ပြော၍ရပါသေး၏။

တဖက်လူကို သတ်လိုက်လျှင် ထိုလက်နက်အား သူ ယူနိုင်သွားမည် မဟုတ်ပါလား ။ သို့ဆိုလျှင် သူ့အစွမ်းလည်း ပိုတိုးလာပေလိမ့်မည်။

ထိုစဥ်မှာပင် အခြားဂိုဏ်းသားတစ်ယောက်က တုန်တုန်ယင်ယင် ပြောလာပါသည်။

" သူက အရွက်ခြောက်တွေနဲ့ သစ်ကိုင်းခြောက်တစ်ခုကိုပဲ သုံးသွားခဲ့တာ... "

" ဘယ်လို.... "

ဤတစ်ကြိမ်တွင်ကား အကြီးအကဲ၅ မှင်သက်သွားရပါတော့သည်။

အချိန်အတန်ငယ် ကြာသွားပြီးမှ သူ ပြန်မေးလိုက်၏။

" သူက သစ်ကိုင်းခြောက်နဲ့ ပုံစံတူတဲ့ ရတနာတစ်ခုကို သုံးသွားတာ မဟုတ်မှန်း သေချာရဲ့လား ။ ဥပမာ.. ဒါလောင် မသေမျိုးသစ်ပင်လိုပေါ့.... "

တဖက်မှ ဂိုဏ်းသားလူငယ် ခေါင်းယမ်းပြသည်။

" မဟုတ်ဘူးဗျ ၊ သူက.. ဟိုလမ်းဘေးကနေ ကောက်လိုက်တာ ။ ကျုပ် သေချာကို မြင်ခဲ့ရတာ "

အကြီးအကဲ၅ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

လမ်းဘေးမှ ကောက်ထားသော သစ်ကိုင်းခြောက်တစ်ခုဖြင့် မင်ယွိတောင်ကို ဖျက်ဆီးခဲ့တယ်တဲ့လား...

ထိုသို့ လုပ်နိုင်ရန် မည်သို့သောအစွမ်းမျိုး လိုအပ်ပါသနည်း ။

ကြည့်ရသည်မှာ သူ မှားသွားခဲ့ပုံပင်..

" မင်းက တိုက်ခိုက်ချင်တာလား "

ထိုစဥ် တဖက်မှလောထျန်းက အေးစက်စက် မေးလာ၏။

အကြီးအကဲ၅ ချက်ချင်း ဟန်ဆောင်ပြုံးတစ်ခု ပြုံးကာ ပြောလိုက်သည်။

" သခင်ကြီး ၊ ကျုပ်တို့ကြားမှာ... နားလည်မှုလွဲသွားတယ်တဲ့ တူတယ်... "

All Chapters