အခန်း (၈၀၃)
Vol. 58 Ch. 803
" ဘယ်လိုဖြစ်ပြီး .... "
ဟောင်ယွိရှန့်မင်ဂိုဏ်းမှ လူများအားလုံး လွန်စွာ တုန်လှုပ်သွားကုန်တော့သည်။
ထိုစဥ် လောထျန်းက လက်ဝါးနှစ်ဖက်ကို စု၍ အေးစက်စက် ပြောလာ၏။
" မင်းတို့အားလုံးက ငါ့ကို မိစ္ဆာကြီးလို့ သတ်မှတ်ထားကြတယ်ပေါ့လေ ။ ကောင်းပြီ... အဲ့လိုဆိုတော့လဲ ငါက ဒီနေ့ မိစ္ဆာကောင်ကြီး လုပ်ပေးရမှာပေါ့ "
သူ ပြောကာ ဟောင်ယွိရှန့်မင်ဂိုဏ်းမှ ဘိုးဘေးတစ်ယောက်ကို လက်ဖြင့် ဖမ်းဆုပ်၍ မြေပြင်သို့ ခပ်ပြင်းပြင်း ပစ်ချလိုက်သည်။
ဘုန်း...
မြေပြင် ပြိုကွဲသွားပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာ၏။
ဘိုးဘေးမှာ အပိုင်းပိုင်း ဖြစ်သွားခဲ့ရလေပြီ..
" ဒါ... "
၎င်းကို မြင်လိုက်ရသော ဟောင်ယွိရှန့်မင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံး သေမတတ် ကြောက်ရွံ့သွားကြတော့သည်။
သူတို့၏ အစွမ်းထက် ဘိုးဘေးကြီးက လောထျန်းကြောင့် သေသွားခဲ့ရလေပြီ ။
၎င်းမှာ မလွန်လွန်းဘူးလား...
သို့သော် အားလုံး အသိပြန်မဝင်လာခင်မှာပင် လောထျန်း၏ လက်က လျှပ်စီးပမာ လှုပ်ရှားသွားပြီး ကျန် ဘိုးဘေးနှစ်ယောက်ကို ဖမ်းဆုပ်လိုက်ပြန်၏။ ထို့နောက် ပထမတစ်ယောက်အတိုင်း ထပ်လုပ်လိုက်သည် ။
ဘုန်း... ဘုန်း ..
အသံကျယ် နှစ်သံနှင့်အတူ ဘိုးဘေးနှစ်ယောက်လုံး
သေသွားကြပြန်တော့သည်။
ထိုအချိန်တွင်... ဟောင်ယွိရှန့်မင်ဂိုဏ်း တစ်ခုလုံး ကြောက်လန့်တကြားဖြင့် ဝုန်းဒိုင်းကြဲသွားပါ၏။
သူတို့ အားအကိုးရဆုံးသော ဘိုးဘေးသုံးယောက်လုံး သေသွားခဲ့ကြလေပြီ ။
သူတို့ သေဆုံးသွားရပုံမှာလည်း ဆိုးရွားလှပါ၏။
ထိုစဥ်တွင် သူတို့၏ ဂိုဏ်းချုပ်ကြီးမှာလည်း အခြေအနေမဟန်တော့ကြောင်း ရိပ်စားမိကာ လေထုကို ဆွဲဖြဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်..
ဝုန်း...
လောထျန်းက သူ့ရှေ့သို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်း ရောက်လာပြီး သူ့အား ဟင်းလင်းပြင်လေထုထဲမှ ကန်ထုတ်လိုက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း ..
ဂိုဏ်းချုပ်ကြီး၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော တောင်များနှင့် တိုက်မိသွားပြီးမှ... နောက်ဆုံး ချောက်ကမ်းပါးတစ်ခုတွင် ရပ်သွားသည်။
သို့သော်.. ထိုစဥ်တွင် သူ့ကိုယ်ထဲရှိ အရိုးများအားလုံးနှင့် မာရီတျန်တို့ ကျိုးကြေနေခဲ့ပြီဖြစ်ကာ အသက် ဆက်ရှင်နိုင်တော့မည် မဟုတ်မှန်းလည်း သေချာနေလေပြီ ။
" သခင်... သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့ ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ "
တဖက်မှ အကြီးအကဲ ၅ သေမတတ်ပင် ကြောက်ရွံ့နေပါတော့၏။
သူ အလွန်လည်း နောင်တရနေလေပြီ ။
အစကတည်းက တိုင်လင်စင်မြင့်အား ပေးစရာရှိသည့် အကြွေးကို ဘာကြောင့် မပေးမိခဲ့ရပါသနည်း ။
သူ့ လောဘကြောင့်သာ မဟုတ်လျှင် ယနေ့လိုအဖြစ်
မျိုး လုံးဝ ဖြစ်လာမည်မဟုတ်ပါ ။
ထိုစဥ် လောထျန်းက သူ့အား အေးစက်စက် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။
" ခုနကတော့ မင်းက သိပ်ပြီးမောက်မာနေခဲ့သေးတာ မဟုတ်လား "
လောထျန်း လှောင်လိုက်၏။
ဂလု...
အကြီးအကဲ၅ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရပြီး ဘာလုပ်ရမည် မသိဘဲ တစ်ကိုယ်လုံး တုန်နေပါတော့သည်။
" သေလိုက်တော့ "
ချွှင်..
ထိုစဥ်မှာပင် လောထျန်းက ဓားတစ်လက်ကို ဆွဲထုတ်၍ သူ့ခေါင်းကို ဖြတ်လိုက်ပါ၏။
ဘုတ်...
အကြီးအကဲ၅ ၏ ခန္ဓာကိုယ် မြေပြင်သို့ လဲကျသွားတော့သည်။
သူ့ခေါင်းကမူ လောထျန်းလက်ထဲ ကျလာ၏။
" ဒါကို ပြန်ယူသွားပြီးတော့ အကြီးအကဲရှုကို ပေးလိုက်ပါ ။ သူ့အတွက် လက်တုန့်ပြန်ပေးတာလို့ သတ်မှတ်လို့ရတယ် "
လောထျန်းက ထိုခေါင်းပြတ်အား ရှောက်ရဆီသို့ ပစ်ပေးကာ ပြောလိုက်သည်။
ရှောက်ရမှာကား ကြောက်လွန်း၍ မေ့လဲကျမလိုပင် ဖြစ်သွားရပါ၏။ သို့သော် သူမ အချိန်မီပြန်ထိန်းပြီး ခေါင်းပြတ်ကို သေချာဖမ်းလိုက်နိုင်ပါသည်။
ထိုစဥ်တွင် တဖက်မှ ဟောင်ယွိရှန့်မင်ဂိုဏ်းသားများမှာ မှင်သက်ဆွံ့အလျက်...
သူတို့ဂိုဏ်း၏ ဦးဆောင်သူများ ဖြစ်ကြသော ဘိုးဘေးများ နှင့် ဂိုဏ်းချုပ်ကြီးသာမက အစွမ်းထက် အကြီးအကဲ ငါးယောက်လုံးမှာလည်း လောထျန်း၏
ဓားချက်တစ်ချက်ဖြင့် အပြောင်ရှင်းခံလိုက်ရလေပြီ ။
ယခု လောထျန်းက ဘာဆက်လုပ်ပါမည်လဲ..
ဘုတ်...
ထိုစဥ် လူငယ်ဂိုဏ်းသားတစ်ယောက်က မြေပြင်သို့ ဒူးထောက်ချပြီး ငိုသံကြီးဖြင့် ပြောလာသည်။
" သခင်ကြီး ၊ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ ။ ကျုပ်က ဂိုဏ်းထဲကိုရောက်တာ တစ်လလောက်ပဲ ရှိပါသေးတယ် ။ ကျုပ် ဘာမှ မလုပ်ခဲ့ပါဘူး "
" သခင်ကြီး ၊ ကျုပ်ကလဲ အပြင်ဘက်က ဂိုဏ်းခွဲမှာ နှစ်ပေါင်းသုံးဆယ်လောက် နေလာခဲ့ရပြီးတော့ ဒီကနေ ဘာအကျိုးအမြတ်မှ မရခဲ့ပါဘူးဗျာ။ သူတို့လုပ်ထားတဲ့ မကောင်းတဲ့ကိစ္စတွေက ကျုပ်နဲ့ ဘာမှမပတ်သက်ပါဘူး "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကလည်း ငိုကြွေးရင်း ပြောသည်။
ထိုတခဏ၌ ကျန်လူများအားလုံးလည်း အသိဝင်လာကြကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ငိုကြွေးလိုက်ကြ၏။
လောထျန်း ၎င်းကိုကြည့်ရင်း မျက်ခုံးပင့်သွားရသည်။
အကျိုးအမြတ်ကို မြင်သည်နှင့် ကိုယ့်ဂိုဏ်းသားများကို မေ့ထားသော ဂိုဏ်းတစ်ခု၏ ဂိုဏ်းသားများက ဘာသတ္တိမှ မရှိကြသည်မှာ မဆန်းလှပါ...
ထိုသို့တွေးပြီး သူ အသံအက်အက်ဖြင့် မေးလိုက်သည်။
" မင်းတို့တွေ အသက်ရှင်ချင်ကြလား "
" ဟုတ်ကဲ့ "
အားလုံး ပြန်ဖြေကြ၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" အင်း... မင်းတို့က ဒီဂိုဏ်းရဲ့ ဂိုဏ်းသားတွေဆိုတော့ ဂိုဏ်းထဲမှာ ဘယ်ဟာကအဖိုးတန်လဲဆိုတာ သိ
ကြမှာပေါ့ ။ ဒီမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို သွားယူခဲ့ကြ ။ အဲ့ပစ္စည်းတွေရဲ့ တန်ဖိုးက လုံလောက်တယ်ဆိုရင် ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ် ။ မဟုတ်ရင်တော့ မင်းတို့ သေရမှာနော် ။ ငါ့ရဲ့ ခွင့်ပြုချက်မရဘဲ ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေလဲ သေရမယ် "
ထိုစကားကို ကြားသောအခါ တဖက်မှ ဂိုဏ်းသားများ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ထို့နောက်တွင်မူ...
" လာဟေ့... ငါက ရတနာတိုက်ကို သွားမယ် ။ အဲ့မှာရှိတဲ့ ပစ္စည်းတွေက.. "
" သိုင်းကျမ်းစာတိုက်ကိုလဲ ချန်ထားလို့မရဘူး "
" တောင်အနောက်ဘက်က တားမြစ်နယ်မြေ ... တောင်အနောက်ဘက်က တားမြစ်နယ်မြေ ... "
ထိုလူစုက ချက်ချင်းမှာပင် ဂိုဏ်းထဲသို့
အသည်းအသန် ပြေးဝင်သွားလိုက်ကြတော့သည်။
ဤသို့ဖြင့် တခဏအကြာတွင်... ေလာထျန်းရှေ့၌ ရတနာများ တောင်များသဖွယ် ပုံလာပါ၏။
" ဟင်... "
လောထျန်းပင် ၎င်းကိုကြည့်ကာ အနည်းငယ် အံ့သြသွားရပါသည်။
သူက ဒီတိုင်းသာ ပြောလိုက်ခြင်းဖြစ်သော်လည်း... ထိုလူစုက အသက်ရှင်လိုစိတ်ဖြင့် ပျောင်ပိုင်မြို့မှ ဖျက်ဆီးရေးအဖွဲ့လောက်နီးပါး မြန်မြန်ဆန်ဆန် လှုပ်ရှားသွားခဲ့ကြပါသည်။
" သခင်ကြီး ၊ ကျုပ်တို့အသက်ကို ချမ်းသာပေးမှာလားဗျာ "
ထိုစဥ် သက်လတ်ပိုင်းအရွယ် ဂိုဏ်းသားတစ်ယောက်က အသံတုန်တုန်ဖြင့် မေးလာ၏။
လောထျန်း ခေါင်းညိတ်ပြမည့်ပုံ ပြင်လိုက်စဥ်မှာပင် ရှောက်ရက ဝင်ပြောလာသည်။
" နင်တို့တွေ တိုင်လင်စင်မြင့်နဲ့ ငါတို့ လက်ထောက်
ဂိုဏ်းချုပ်ကြီးရဲ့ ရန်သူ ဘယ်တော့မှ ဖြစ်မလာပါဘူးလို့ ကျိန်ကြ "
လောထျန်း အံ့အားသင့်သွားကာ သူမဘက် လှည့်ကြည့်လိုက်၏။ ရှောက်ရက ဤမျှ စိတ်ကူးကောင်းမည်ဟု သူ ထင်မထားခဲ့ပါ ။
ထို့နောက် လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် ။ အဲ့လို ကျိန်ပြီးသွားရင် မင်းတို့ သွားလို့ရပြီ "
တဖက်မှ လူများမှာလည်း ထိုစကားကို ကြားသည်နှင့် အသက်ဘေးမှ ကင်းလွတ်ခွင့် ရသွားသည့်အလား ချက်ချင်း ကျိန်လိုက်ကြပါ၏။
" ဟင်.... "
တဖက်လူများ ထိုသို့ ကျိန်စာဆိုနေကြစဥ်မှာပင်... ထိုလူများဆီမှ မျက်လုံးဖြင့် မမြင်နိုင်သော ခပ်ပါးပါး အမျှင်တန်းလေးတစ်ခုစီ ထွက်လာပြီး သူ့လက်ထဲသို့ ကျလာသည်ကို လောထျန်း ရုတ်တရက် ခံစားမိလိုက်သည်။
သူသာ ဆန္ဒရှိပါက ထိုသူများ၏ ကံတရားအား စိတ်ကြိုက်ဖျက်ဆီးနိုင်သလိုလည်း သူ ခံစားလိုက်ရ၏။
သို့သော် တခဏအကြာတွင်မူ ထိုခံစားချက်က ပြန်ပျောက်ကွယ်သွားခဲ့သည်။
" ထူးဆန်းလိုက်တာ.... "
လောထျန်း ခေတ္တမျှ အံ့အားသင့်သွားရပါသည်။
ထိုစဥ်တွင် ကျိန်စာ ဆိုပြီးကြသူများ အားလုံးကလည်း လောထျန်းအား ကြောက်လန့်တကြား ကြည့်နေကြပါ၏။
လောထျန်း ထိုသူများကိုကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
" သွားကြတော့.. ငါ့လမ်းမှာ ဝင်မရှုပ်ကြနဲ့ "
" ဟုတ်ကဲ့ "
အားလုံး ပျော်ရွှင်သွားကြကာ တောင်အောင်သို့
အသည်းအသန် ပြေးဆင်းသွားကြတော့သည်။
အားလုံး ထွက်သွားကြပြီးနောက်မှ လောထျန်း ရှောက်ရဘက်လှည့်ကြည့်ကာ မေးလိုက်၏။
" ဒါနဲ့ဆို အကြွေးရမယ့်ပမာဏနဲ့ တူလောက်တယ်မလား "
ရှောက်ရ အနည်းငယ် ခေါင်းရှုပ်နေဟန် တူပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
" လုံလောက်တာထက်တောင် ပိုပါတယ် ။ အဆ ရာချီပြီးတောင် ပိုနေပြီ... "
ဟောင်ယွိရှန့်မင်ဂိုဏ်းသည် ဂိုဏ်းကြီးတစ်ခုဖြစ်ရာ သူတို့၏ ချမ်းသာကြွယ်ဝမှုကလည်း အမှန်တကယ်ပင် ကြောက်စရာကောင်းပါ၏။
လောထျန်း ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။
" ပိုက်ဆံကို ပြန်ပေးလိုက်ရင် ပြဿနာက အေးသွားမှာကို ၊ ဒီလူတွေက တမင်သက်သက် ကိုယ့်ကိုကိုယ် သေကြောင်းကြံကြတာ.. "
ထို့နောက် သူ ရှောက်ရဘက်လှည့်ကာ ထပ်မေး၏။
" နောက် အကြွေးရစရာ ဘယ်သူရှိသေးလဲ "
ရှောက်ရက ချက်ချင်းပြန်ဖြေသည်။.
" ဟန်ထျန်းဂိုဏ်း.. သူတို့က ကျွန်မတို့ကို အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး လေးသန်း ပေးစရာရှိတယ် ။ အခု သွားမှာလား.. "
လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြော၏။
" ခဏနေဦးဗျ "
ထို့နောက် သူ အသက်ပြင်းပြင်း ရှိုက်လိုက်ရာ သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ ဝုန်းခနဲ တိုးလာကြသည်။
ထိုစဥ် ဟောင်ယွိရှန့်မင်ဂိုဏ်း အပြင်ဘက်၌ ...
ဟောင်ယွိရှန့်မင်ဂိုဏ်းသား များစွာပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သော သူတို့ဂိုဏ်းအား မျက်နှာငယ်ဖြင့် ကြည့်နေကြ၏။
" အရင်က အခြေအနေ သိပ်ကောင်းခဲ့တဲ့ ဂိုဏ်းကြီးက အခုတော့.. တောင်တွေပဲ ကျန်တော့တယ်ကွာ "
" ဟုတ်ပါ့ကွာ ။ ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲ ငါးယောက်က အဲ့လိုကြောက်စရာကောင်ကြီးကိုမှ ဘာလို့ ရန်စခဲ့ကြတာလဲ မသိဘူး "
" ဟူး... ဟောင်ယွိရှန့်မင်ဂိုဏ်းရဲ့ အမွေအနှစ်တွေလဲ ပြောင်သွားရပြီကွာ "
" အဲ့လိုကြီးတော့လဲ ပြောလို့မရဘူးလေ ။ ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ ဆိုပေမယ့် မသေမျိုးတောင်က ရှိနေသေးတာပဲ ။ အချိန်တစ်ခုကြာပြီးသွားရင် တစ်ယောက်ယောက်က အရင်လိုဖြစ်အောင် ပြန်တည်ဆောက်ရင် ဆောက်နိုင်မှာပေါ့ ၊ ဘယ်ပြောနိုင်မလဲ... "
ဂိုဏ်းသားများ ထိုသို့ ပြောဆိုနေကြစဥ်မှာပင်.. ရုတ်တရက်...
ဝုန်း ...
မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာ၏။
" ဘာတွေ ထပ်ဖြစ်ပြန်ပြီလဲ "
ဟောင်ယွိရှန့်မင်ဂိုဏ်းမှ ဂိုဏ်းသားများအားလုံး အလွန်ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။
လောထျန်းက သူတို့နောက်သို့များ ထပ်လိုက်လာသလားဟုလည်း တွေးပြီး ကြောက်သွားကြ၏။
ထိုစဥ်မှာပင်... ဂိုဏ်းသားလူငယ်တစ်ယောက်က ဟောင်ယွိရှန့်မင်ဂိုဏ်း ရှိသည့်ဘက် လက်ညိုးထိုးပြကာ အသံတုန်တုန်ဖြင့် ပြောသည်။
" ဟို... တောင်တန်း... တောင်တန်းကြီးတစ်ခုလုံး မြေကြီးထဲကနေ ဆွဲထုတ်ခံလိုက်ရတာလား... "