← Chapters

အခန်း (၈၀၅)

Vol. 58 Ch. 805

အခန်း (၈၀၅)

Vol. 58 Ch. 805

" သူက... "

ဟန်ထျန်းဂိုဏ်းချုပ်ကြီး မျက်လုံးပြူးသွားပြီး သူ့မျက်လုံးများ မျက်လုံးအိမ်ထဲမှ ပေါက်ထွက်တော့မလို ဖြစ်သွားသည်။

၎င်းက မည်သို့သော အစွမ်းမျိုးပါလဲ ...

အရာတစ်ခုအား မထားနိုင်ခြင်းနှင့် ၊ ၎င်းကို လေထဲလွှင့်ပစ်ပြီး အပျော်ကစားနေခြင်းမှာ သဘောတရားခြင်း လုံးဝ ကွဲပါသည်။

" ဟေ့.. မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက ဘယ်သူလဲ ။ ငါတို့ တိုင်လင်စင်မြင့်ကို ပေးစရာရှိတဲ့ အကြွေးကို ပေးမှာလား ၊ မပေးဘူးလား "

လေထဲမှ လောထျန်းက ထပ်မေးလာသည်။

" ဒါ... "

ဟန်ထျန်းဂိုဏ်းချုပ်ကြီး ထိုတခဏ၌ လုံးဝ ဆွံ့အနေ

ပါ၏။

ထိုစဥ် သူ့ဘေးမှ အကြီးအကဲတစ်ယောက်က ပြောသည်။

" ဂိုဏ်းချုပ်ကြီး... အဲ့လူနဲ့ တိုက်ခိုက်ချင်လားဗျ ။ ကျုပ်တို့ ဂိုဏ်းချုပ်ကြီးကို ထောက်ခံအားပေးဖို့ အသင့်ပဲ "

" ဟုတ်တယ် ၊ ဂိုဏ်းချုပ်ကြီးရဲ့ အစွမ်းနဲ့ဆို သူ့ကို ဘာမှကြောက်စရာမရှိဘူး "

အခြားအကြီး တစ်ယောက်ကလည်း ဝင်ပြောသည်။

ဟန်ထျန်းဂိုဏ်းချုပ်ကြီး၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ ရုတ်တရက် ပြောလိုက်၏။

" အားလုံး... ကျုပ်ထင်တာတော့ အကြွေးပြန်မပေးတာက... ကျုပ်တို့ ဟန်ထျန်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် မကောင်းဘူး ။ ဟုတ်တယ်မလား... "

" ဟင်... "

ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြမှင်

သက်သွားကြသည်။

သူတို့၏ ဂိုဏ်းချုပ်ကြီးက ဂိုဏ်း၏ ဂုဏ်သိက္ခာကို ဘယ်တုန်းက စဥ်းစားခဲ့ပါသနည်း ။

ဟန်ထျန်းဂိုဏ်းချုပ်ကြီးက တည်တည်ငြိမ်ငြိမ် ထပ်ပြောလာသည်။

" အားလုံး... ကျုပ်တို့ရဲ့ ဟန်ထျန်းဂိုဏ်းက အများရဲ့ လေးစားခံရပြီးတော့ ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုလေ ။ အဲ့တော့ အကြွေးပေးစရာရှိတာကို ပြန်မပေးရင် မကောင်းဘူး ဖြစ်သွားမှာပေါ့ ။ အဲ့တော့ ပိုက်ဆံ ပြန်ပေးလိုက်သင့်တယ်လို့ ကျုပ် ထင်တယ် "

အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်... ပြိုင်တူ ပြန်ပြောလိုက်ကြ၏။

" ဂိုဏ်းချုပ်ကြီးက တကယ်ကို အမြော်အမြင်ကြီးလှပါတယ် "

၎င်းကိုမြင်မှ ဟန်ထျန်းဂိုဏ်းချုပ်ကြီး သက်ပြင်းရှည်ကြီး ချကာ... လောထျန်းဘက် ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်သည်။

" သခင်ကြီးကိုယ်တိုင် မလာခဲ့ရင်တောင်.. ကျုပ်က

အဲ့ပိုက်ဆံကို ပြန်ပေးဖို့ အရင်တည်းက တွေးထားတာပါဗျာ ။ ကျေးဇူးပြုပြီးတော့ ခဏလေးစောင့်ပေးပါ သခင်ကြီး ၊ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး လေးသန်း.. ဟုတ်တယ်မလား "

ထိုစကားကို ကြားသောအခါ လေထဲမှ လောထျန်း အံ့အားသင့်သွားပြီး ရှောက်ရဘက် လှည့်ကြည့်၍ ပြောလိုက်၏။

" ဒီကောင်က ဟို ဟောင်ယွိရှန့်မင်ဂိုဏ်းထက် ဆင်ခြင်ဉာဏ်ပိုရှိတာပဲ "

ရှောက်ရမှာကား ဆွံ့အလျက်...

ထို့နောက် လောထျန်း ပစ်မြှောက်၍ ကစားနေသည့် တောင်တန်းကြီးကို သူမ ရုတ်တရက်မော့ကြည့်ကာ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။

" မသေမျိုးတောင်တန်းကြီးကို လေထဲ ဟိုပစ်ဒီပစ်နဲ့ ကစားနေမှတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူက မသိဘဲနေမှာလဲ "

သို့သော် ထိုစဥ်တွင် လောထျန်းက အောက်မှလူများအား ငုံ့ကြည့်ကာ ရုတ်တရက် ပြောလာ၏။

" ခဏနေဦး "

" ဟင်... "

သူ့စကားကြောင့် ဟန်ထျန်းဂိုဏ်းချုပ်ကြီး မှင်သက်သွားသည်။

လောထျန်း ဆက်ပြော၏။

" အလယ်အလတ်အဆင့် စိတ်စွမ်းအင်ကျောက်တုံး လေးသန်းက အရင်းပဲ ရှိသေးတာလေ ။ မင်းတို့က နှစ်တွေအကြာကြီး အကြွေးယူထားတာဆိုတော့ အတိုးလေးဘာလေး ထည့်တွက်ရမှာပေါ့ "

အတိုး တဲ့လား...

ဟန်ထျန်းဂိုဏ်းမှ လူများအားလုံး တစ်ပြိုင်နက်တည်း မျက်မှောင်ကြုံ့သွားကြသည်။

ဟန်ထျန်းဂိုဏ်းချုပ်ကြီးသည်ပင် မျက်နှာမသာမယာ ဖြစ်သွားပါ၏။

ထိုစဥ်တွင် လေထဲမှ လောထျန်းမှာ တောင်ကို မပစ်တော့ဘဲ ရွှေရောင်လက်ကြီးကို သုံး၍ ၎င်းအား လှည့်

နေပါသည်။

ဧရာမ မသေမျိုးတောင်တန်းကြီးမှာ သူ့လက်ထဲတွင် သစ်ကြားသီးတစ်ခုလို ဟိုလှည့်ဒီလှည့်....

" ဒါ.... "

၎င်းကို မြင်လိုက်ရသော ဟန်ထျန်းဂိုဏ်းချုပ်ကြီး စိတ်ဓာတ်ကျသွားရပြန်တော့သည်။

ထိုလူ၏ အစွမ်းမှာ သူထင်ထားသည်ထက်ပင် ပိုအစွမ်းထက်ကြောင်း သိသာပါ၏။

ထိုစဥ်မှာပင်..

ဝုန်း ...

လောထျန်းလက်ထဲမှ မသေမျိုးတောင်တန်းကြီးမှ ရုတ်တရက် အပိုင်းတစ်ပိုင်း ပြတ်ထွက်ကာ အောက်ကျလာသည်။

" သတိထား..... "

ဟန်ထျန်းဂိုဏ်းချုပ်ကြီး အလန့်တကြား ရေရွတ်

လိုက်၏။

ဘုန်း..

အသံကျယ် တစ်သံနှင့်အတူ ပြုတ်ကျလာသော တောင်ကြီးက သူတို့ ဟန်ထျန်းဂိုဏ်းတောင် အနောက်ဘက်ခြမ်းရှိ ကန္တာရဆီ ကျသွားသည်။

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီးနောက် ... ဟန်ထျန်းဂိုဏ်း၏ အကာအကွယ်အစီအမံ ချက်ချင်းအရောင်လက်လာသည်။ သို့သော် ၎င်းအစီအမံက တမဟုတ်ချင်း ပြန်ပြိုကွဲသွားပါ၏။

ဘုန်း....

ဧရာမ ဖုန်မှုန့်လုံးကြီး လေထဲ တက်လာကာ သူတို့ ဟန်ထျန်းဂိုဏ်းတစ်ခုလုံးအား ဖုံးအုပ်သွားတော့မလို ဖြစ်သွားသည်။

လောထဲမှ လောထျန်း လန့်သွားကာ လှုပ်ရှားနေရာမှ ချက်ချင်းရပ်လိုက်၏။

" ဟင်... ဘာလို့ ကျသွားတာလဲ ။ တခြားသူတစ်ယောက်ရဲ့ ဂိုဏ်းကို ဖျက်ဆီးမိတာဆိုတော့ ငါတို့ဘက်က အမှားဖြစ်သွားတာပေါ့ ။ သူတို့တွေ ပိုက်ဆံတောင်းတော့မှာလား မသိပါဘူးကွာ "

လောထျန်း ရေရွတ်ကာ ရွှေရောင်လက်ကြီးထဲမှ တောင်တန်းအား မော့ကြည့်လိုက်သည်။

ထိုစဥ်တွင်... ဟန်ထျန်းဂိုဏ်းထဲရှိ.... ဖုန်များပေကျံနေသော ဟန်ထျန်းဂိုဏ်းချုပ်ကြီးမှာ... မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်လျက်...

" ဒါ.. သူ သတိပေးလိုက်တာလား မသိဘူး ။ အဲ့လိုပဲ ဖြစ်ရမယ် ။ ငါ ခုနက တွန့်ဆုတ်နေလို့ သူ ဒေါသထွက်သွားတာထင်တယ် ။ ခုလိုသာ ထပ်ဖြစ်လို့ကတော့ ငါတို့ တောင်တစ်ခုလုံး ပြားချပ်သွားမှာပဲ ။ အဲ့လိုသာဆိုရင် ..... "

သူ ထိုသို့တွေးကာ ချက်ချင်း အော်ပြောလိုက်၏။

" သခင်ကြီး ၊ ကျုပ်တို့ အခုချက်ချင်း ပြန်ပေးပါ့မယ်ဗျာ ။ အတိုးရော ပေးပါ့မယ် "

" ဟင်... "

သူ့စကားကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်။

" ဒါ... အဲ့လိုကြီးကျ မကောင်းဘူးထင်တယ်... "

" မဟုတ်... ကိစ္စမရှိပါဘူးဗျာ ။ ကျုပ်တို့က တကယ်ကို လိုလိုလားလား ပေးချင်တာပါ... တကယ်ပါ ။ အကြီးအကဲချင်း .. ရတနာတိုက်ကို မြန်မြန်သွားလိုက်လေ "

ဟန်ထျန်းဂိုဏ်းချုပ်ကြီး အော်ပြောလိုက်သည်။

" ဟုတ်ကဲ့ "

အကြီးအကဲချင်းကလည်း ချက်ချင်းတုန့်ပြန်ကာ လှည့်ထွက်သွား၏။

မကြာခင်မှာပင် သူ အထုပ်အပိုး တပွေ့တပိုက်ဖြင့် ပြန်ရောက်လာပါသည်။

ဟန်ထျန်းဂိုဏ်းချုပ်ကြီးမှာလည်း နည်းနည်းလေးပင် အချိန်မဆွဲရဲဘဲ အထုပ်များကို လက်နှစ်ဖက်ဖြင့် ပိုက်၍ လောထျန်းဆီ ရောက်လာ၏။

ထို့နောက် သူ အပြုံးဖြင့် ဆိုသည်။

" သခင်ကြီး ၊ အတိုးရော အရင်းရော ဒီမှာပါ "

လောထျန်းက ရှောက်ရအား အထုပ်များကို သိမ်းရန် အချက်ပြလိုက်သည်။

ထို့နောက် သူ ပြုံး၍ ပြောလိုက်၏။

" ဂိုဏ်းချုပ်ကြီးက တော်တော်လေး စဥ်းစားဆင်ခြင်တတ်တာပဲ "

ဟန်ထျန်းဂိုဏ်းချုပ်ကြီး ရင်ထဲ တုန်သွားသလိုပါပင်..

အမှန်တွင်မူ.. သူ ထိုသို့ စဥ်းစားဆင်ခြင်ပြီး မပြုမူချင်ပါ...

သို့သော် သူ့အစွမ်းက ထိုသို့လုပ်ရန် ခွင့်မပြုပါချေ။

" ကဲ... ဒါဆိုရင် ကျုပ် တခြားဆီ အကြွေးသွားတောင်းစရာ ရှိသေးလို့ သွားခွင့်ပြုပါဦး "

လောထျန်း ပြောပြီး.. ဧရာမ တောင်တန်းကြီးကို သယ်၍ ထွက်ခွာသွားတော့သည်။

လောထျန်း ထွက်သွားပြီးနောက်တွင်မူ... ဟန်ထျန်းဂိုဏ်းချုပ်ကြီးမှာ လေထဲမှ ပြုတ်ကျတော့မလိုပင် ဖြစ်သွား၏။

" ဂိုဏ်းချုပ်ကြီး.. အဆင်ပြေရဲ့လား "

အကြီးအကဲတစ်စုက သူ့နားသို့ အပြေးအလွှား ရောက်လာကြသည်။

" ဂိုဏ်းချုပ်ကြီး ၊ ဘာလို့ မတိုက်ခိုက်လိုက်ရတာလဲ​ဗျ ။ မဟုတ်မှလွဲရော.. အဲ့လူရဲ့အစွမ်းက.... "

အကြီးအကဲတစ်ယောက်က စူးစမ်းစွာ စကားစလိုက်၏။

ဟန်ထျန်းဂိုဏ်းချုပ်ကြီး သူ့ဘက်သို့ အေးစက်စက် လှည့်ကြည်လိုက်သည်။

အကြီးအကဲမှာ ထိုအကြည့်ကြောင့် အလွန်ကြောက်ရွံ့ပြီး တစ်ကိုယ်လုံးပင် တုန်သွား၏။

ထိုစဥ် ဟန်ထျန်းဂိုဏ်းချုပ်ကြီးက အသံတုန်တုန်ဖြင့် ပြောလာသည်။

" အားလုံးကို အမိန့်ထုတ်လိုက်ပါ ။ ခုချိန်ကစပြီး

တော့ တိုင်လင်စင်မြင့်ကို ဘယ်သူမှ ရန်သွားမလုပ်ရဘူးလို့ ။ တိုင်လင်စင်မြင့်က လူတွေနဲ့တွေ့ရင် သေချာသတိထားပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံကြလို့ ပြောလိုက်ပါ ။ မဟုတ်ရင် ဘာကိုမှ ညှာတာမပေးဘဲ အသတ်ခံရမယ် "

" ဒါ.... "

အားလုံး တုန်လှုပ်သွားကြ၏။

ထိုစဥ်မှလည်း သူတို့၏ ဂိုဏ်းချုပ်ကြီးက တဖက်လူအား မည်မျှ ကြောက်ရွံ့နေသည်ကို သူတို့ ခန့်မှန်းမိလိုက်ကြခြင်း ဖြစ်ပါသည်။

" သခင်ကြီး... အဲ့လူက... "

အကြီးအကဲချင်းက သတိထား၍ စကားစလာသည်။

ဟန်ထျန်းဂိုဏ်းချုပ်ကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြန်ပြော၏။

" အဲ့လူက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ် ။ သူ့အစွမ်းက အဆုံးအစမဲ့ မသေမျိုးဘုရင်ထက် မနိမ့်နိုင်ဘူး "

ထိုစကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

" အဆုံးအစမဲ့ မသေမျိုးဘုရင် .. ဒေသကြီးကိုးခုလုံးမှာ အစွမ်းအထက်ဆုံး ဆယ်ဘွဲ့ရ မသေမျိုးဘုရင်လား... ။ အဲ့လူက အဲ့လောက်တောင် အစွမ်းထက်တာလား ။ ချင်းယွမ်ဒေသမှာ အဲ့လိုလူတစ်ယေက် ဘယ်တုန်းက ပေါ်လာခဲ့တာလဲ... "

အကြီးအကဲချင်း တအံ့တသြ ရေရွတ်လိုက်သည်။

ဟန်ထျန်းဂိုဏ်းချုပ်ကြီး ခေါင်းညိတ်၍ ပြော၏။

" သူ ဘယ်ကရောက်လာတယ်ဆိုတာ မသိပေမယ့်... ချင်းယွမ်ဒေသမှာ အပြောင်းအလဲတွေ ဖြစ်တော့မှာ သေချာတယ် "

အားလုံး ရှုပ်ထွေးသော ခံစားချက်ကိုယ်စီဖြင့် တိတ်သွားကြတော့သည်။

ထိုစဥ်.... တဖက်တွင်..

" ရှောက်ရ ၊ နောက် ဘယ်သူကျန်သေးလဲ "

လောထျန်းက တောင်ကြီးကို လက်ထဲကိုင်ထားရင်း မေးလိုက်သည်။

" အိုး .... နောက်ထပ်က.. ဖုန့်လင်းတောင် ။ သူတို့က ကျွန်မတို့ကို အလယ်အလတ်အဆင့် မသေမျိုးကျောက်တုံး သုံးသန်း ပေးစရာရှိတာ...... "

လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြန်မေးလိုက်၏။

" အဲ့အဖွဲ့က တိုင်လင်စင်မြင့်က လူတွေကိုရော ဒဏ်ရာဖြစ်အောင် လုပ်ခဲ့ကြသေးလား "

ရှောက်ရ မြန်မြန်ခေါင်းယမ်းပြလိုက်သည်။

" အဲ့လိုမဟုတ်ဘူးရှင့်... ။ ဒါပေမယ့် ကျွန်မမှတ်မိသလောက်ဆိုရင်... အဲ့ကို အကြွေးတောင်းဖို့သွားတဲ့ အကြီးအကဲတိုင်းက သက်ပြင်းချ ၊ အံကြိတ်ပြီးပဲ ပြန်လာကြတာ ။ ဘာမှ ဆက်မပြောပြဘူး "

လောထျန်း မျက်နှာချက်ချင်းတည်သွားကာ ထပ်မေးသည်။

" အဲ့ဒါ ဘာလို့လဲ "

ရှောက်ရ. : " ကျွန်မလဲ မသိဘူး ။ မေးတော့လဲ ဘယ်သူမှ မဖြေကြဘူးရှင့် "

လောထျန်း ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်၏။

" အဲ့လိုဆိုတော့လဲ ကိုယ်တိုင်သွားကြည့်ကြတာပေါ့ ။ အဲ့ကျ သိရမှာပါ "

All Chapters