← Chapters

အခန်း (၈၀၆)

Vol. 58 Ch. 806

အခန်း (၈၀၆)

Vol. 58 Ch. 806

ဖုန့်လင်းတောင် ၊ သက်ကယ်မိုး တဲအိမ်လေးတစ်လုံး၌ ....

ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်မှာ တံခါးအပြင်ဘက်မှ အသံများကြောင့် နိုးလာပြီး အပြင်သို့ တုန်တုန်ယင်ယင် လျှောက်လာ၏။

" အဘိုး ၊ ဖုန့်လင်းတောင်က အဖွဲ့တွေနဲ့ ဂိုဏ်းတွေ ဘယ်မှာရှိတာလဲ မေးချင်လို့ပါ "

လောထျန်း မေးလိုက်သည်။

သူ ဖုန့်လင်းတောင်သို့ ရောက်လာပြီးနောက် အကြိမ်အနည်းငယ် လှည့်ပတ်ရှာကြည့်ခဲ့သောလည်း ဂိုဏ်းကြီးကြီး တစ်ခုကိုမှ မတွေ့ခဲ့ရပါချေ။

ထို့ကြောင့် .. သူ ကြံရာမရသည့်အဆုံး တောင်တစ်ခုလုံးကို အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်ခဲ့ပြီး.. ထို့နောက်မှ တောင်ပေါ်သို့လာကာ ရှာနေခြင်းဖြစ်သည်။

သူ ခက်ခက်ခဲခဲ ရှာပြီးနောက်တွင်ကား တဲအိမ်လေးတစ်လုံးကို တွေ့သွားခဲ့သဖြင့် ယခု ထိုတဲအိမ်လေးသို့ ရောက်နေခြင်းပင် ။

သူ့မေးခွန်းကို ကြားသောအခါ အဘိုးအို အံ့သြသွားပုံပေါ်ပြီး တုန်တုန်ယင်ယင် ပြန်မေး၏။

" ဂိုဏ်း.. ဟုတ်လား ၊ ဖုန့်လင်းတောင်မှာ ဘယ်ဂိုဏ်း ရှိလို့လဲ "

" ဟင်... "​

လောထျန်း အံ့အားသင့်သွားကာ ရှောက်ရဘက် လှည့်ကြည့်လိုက်သည်။

ရှောက်ရမှာလည်း နားမလည်နိုင် ဖြစ်နေပုံပေါ်ပါ၏။

" မဖြစ်နိုင်တာ... ကျွန်မ မှားစရာအကြောင်းမရှိဘူးလေ ။ ကျွန်မတို့ တိုင်လင်စင်မြင့်ကို အကြွေးပေးစရာ ရှိတဲ့သူက ဖုန့်လင်းတောင်ကပဲ "

ထိုစကားကို ကြားသောအခါ အဘိုးအိုက ရုတ်တရက် ခေါင်းမော့ကြည့်လာပြီး မေးသည်။

" မင်းတို့က တိုင်လင်စင်မြင့်ကလား.. "

ရှောက်ရ ခေါင်းညိတ်လိုက်၏။

" ဟုတ်ပါတယ် "

အဘိုးအို အောင့်သက်သက် ပြုံးလိုက်သည်။

" ဒါဆိုရင်တော့ မင်းတို့ရှာနေတဲ့သူက ငါပဲကွ "

" ဟင်... "

ထိုတခဏ၌ လောထျန်းရော ၊ ရှောက်ရပါ အံ့သြမှင်သက်သွားကြပါသည်။

သူတို့နှစ်ယောက်လုံး နားမလည်နိုင်သည့် မျက်လုံးများဖြင့် အဘိုးအိုအား ခေါင်းစခြေဆုံး ကြည့်လိုက်ကြ၏။

အဘိုးအို ဆက်မေးလာသည်။

" မင်းတို့နှစ်ယောက်က အကြွေးတောင်းဖို့ လာခဲ့ကြတာလား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ "

အဘိုးအိုက တံခါးဝမှ ဘေးသို့ ကိုယ်ကိုယို့၍ တဲအိမ်အား လက်ညိုးထိုးပြကာ ပြော၏။

" အဲ့အကြွေးကို ပေးနိုင်မယ်လို့ ထင်တဲ့ ဘယ်ဟာကိုမဆို ယူသွားကြပါကွာ "

လောထျန်းနှင့် ရှောက်ရ. : " .......... "

အဘိုးအိုနောက်မှ တဲအိမ်မှာ အလွန်ပင် အခြေအနေဆိုးနေပြီး ... အိုးများ ၊ ခွက်များပင် စုံစုံလင်လင် ရှိဟန်မတူပါ ။

ထိုသို့သော နေရာမျိုးတွင် အကြွေးကို ချေနိုင်မည့် မည်သို့သောပစ္စည်းမျိုး ရှိနိုင်ပါမည်နည်း ။

" အဘိုးကြီး ၊ ဘာတွေ ဖြစ်နေတာလဲ "​

လောထျန်း နားမလည်နိုင်စွာ မေးလိုက်တော့သည်။

အဘိုးအိုက ခြောက်ကပ်ကပ်အပြုံးဖြင့် ပြန်ပြော၏။

" ကြည့်ရတာ မင်းက တိုင်လင်စင်မြင့်ကို ရောက်တာ မကြာသေးဘူးနဲ့တူတယ် "

လောထျန်းနှင့် ရှောက်ရတို့ ခေါင်းညိတ်လိုက်ကြသည်။

အဘိုးအိုက သက်ပြင်းချ၍ ဆက်ပြော၏။

" မဆန်းပါဘူးကွာ ။ အဲ့တုန်းက ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီးတော့ ငါ့ ကျင့်ကြံခြင်း ၉၀% လောက်လဲ ဖျက်ဆီးခံခဲ့ရတာကြောင့်မို့... ဒီမှာ တစ်ယောက်တည်းလာနေပြီး ကျင့်ကြံနေခဲ့တာ ။ ဒါပေမယ့် နောက်ပိုင်းတော့.. ဒီမှာ သက်ရှိတွေအားလုံးကို ဒုက္ခပေးပြီး အများကြီးကို သတ်နေခဲ့တဲ့ အကောင်ကြီးတစ်ကောင်ရှိမှန်း သိခဲ့ရတယ်ကွ "

" ငါ အဲ့ကောင်ကြီးကို မြန်မြန်ရှင်းပစ်ချင်ပေမယ့် ငါ့ရဲ့ အစွမ်းကလဲ မလုံလောက်ဘူးလေ ။ ဒါပေမယ့်.. ကံကောင်းပြီးတော့ မင်းတို့ တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းချုပ်ကြီးက ဒီကို ရောက်လာခဲ့တယ်ကွ ။ အဲ့လိုနဲ့ အစီအမံတွေ သုံးပြီးတော့ အဲ့ကောင်ကြီးကို သတ်ပေးဖို့ ငါ သူ့ကို အကူညီတောင်းခဲ့တယ် "

" အဲ့လိုသတ်လို့ အောင်မြင်သွားခဲ့ရင် အစီအမံကို လုပ်ရတဲ့ ကုန်ကျစားရိတ်ကို သူ့ကို ပြန်ပေးမယ်ဆိုပြီး သဘောတူခဲ့ကြတာပေါ့ကွာ "

" ဒါပေမယ့်... အဲ့ကောင်ကြီးက အစွမ်းထက်လွန်းတယ်ကွ ။ မင်းတို့ ဂိုဏ်းချုပ်ကြီးရဲ့ အစီအမံနဲ့တောင် အဲ့ကောင်ကြီးကို အပြတ်မရှင်းနိုင်ခဲ့ဘူး ၊ ယာယီလေးပဲ ချုပ်နှောင်ထားနိုင်ခဲ့တာ "

" အဲ့တိုက်ပွဲ ပြီးတဲ့နောက်မှာ ငါလဲ ဒဏ်ရာဆိုးဆိုးရွားရွား ထပ်ရသွားခဲ့တယ် ။ ဒါပေမယ့် ငါ ဒီနေရာကနေ ထွက်သွားရင်လဲ အဲ့ကောင်ကြီးက အချုပ်အနှောင်ကနေ လွတ်ပြီး သက်ရှိတွေအားလုံးကို ပြန်ဒုက္ခပေးလာမှာ စိုးရတယ် ။ ဒါ့ကြောင့်မို့ ငါ ဘာမှမတတ်နိုင်ဘဲ ဒီမှာပဲ နေနေခဲ့ရတာ "

" အဲ့လိုဆိုတော့.. ငါ့အနေနဲ့ တိုင်လင်စင်မြင့်ကို ပေးစရာရှိတဲ့ အကြွေးကို ပြန်ပေးဖို့အတွက် ပိုက်ဆံလဲရှာမရဘူးပေါ့ကွာ "

အဘိုးအို ထိုသို့ပြောပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ ဘာမှ ဆက်မပြောတော့ပါ ...

လောထျန်းနှင့် ရှောက်ရတို့မှာလည်း ထိုစဥ်မှ အဘယ့်ကြောင့် အကြွေးမရသည်ကို နားလည်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုလူက အကြွေးပြန်မပေးချင်၍ မဟုတ်ဘဲ... ပေးစရာပိုက်ဆံ ရှိမနေခြင်း ဖြစ်ပါသည်။

" ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ "

ရှောက်ရ မေးလိုက်သည်။

လောထျန်းမှာလည်း ကူကယ်ရာမဲ့စွာသာ ပြန်ပြောလိုက်၏။

" ဘယ်တတ်နိုင်မှာလဲဗျာ.. မေ့လိုက်ရုံပဲ ရှိတော့တာပေါ့ "

ထို့နောက် သူ အဘိုးအိုကိုကြည့်ကာ ပြောလိုက်သည်။

" အဘိုးကြီး ၊ ကျုပ်က တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးပဲ ။ အဲ့တော့ ကျုပ်ပဲ ဆုံးဖြတ်ချက်ချလိုက်မယ်.... ခင်ဗျား ကျုပ်တို့ တိုင်လင်စင်မြင့်ကို ပေးစရာရှိတဲ့ အကြွေးကို ကျေပေးလိုက်ပြီဗျာ "

သူ့စကားကြောင့် အဘိုးအို ရုတ်တရက် ခေါင်းမော့လာ၏။

" ဒါ... တကယ်ကြီး ပြောနေတာလား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါပေါ့ဗျ ။ ကျုပ် ခင်ဗျားဆီကနေလဲ ပိုက်ဆံ မလိုချင်​တော့ဘူး ... "

အဘိုးအို ခေါင်းယမ်း၍ ပြန်ပြောသည်။

" ကျုပ် မေးတာ အဲ့တာမဟုတ်ဘူး ။ သခင်လေးက တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးဆိုတာ တကယ်လားလို့ မေးတာ "

လောထျန်း အနည်းငယ် နားမလည်ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်ပါ၏။

" ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ "

အဘိုးအို ရုတ်တရက် ခါးမတ်သွားသည်။

" ဒါဆိုရင်... သခင်လေးရဲ့ အစီအမံပညာက ဘယ်အဆင့်ရှိလဲ "

ထိုစဥ် လောထျန်းအပြောကိုပင် မစောင့်ဘဲ ရှောက်ရက ဂုဏ်ယူစွာ ဝင်ပြော၏။

" ကျွန်မတို့ လက်ထောက်ဂိုဏ်းချုပ်ကြီးက အစီအမံ

ပညာရပ်မှာတော့ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးပဲ "

တဖက်မှ အဘိုးအိုက အပြုံးဖြင့် ပြန်ပြောသည်။

" မိန်းကလေးက ရယ်စရာ ပြောတတ်သားပဲ ။ အဲ့လောက် အသက်ငယ်ငယ်လေးနဲ့ ကမ္ဘာကြီးရဲ့ နံပါတ်တစ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ဒါပေမယ့်... တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးဆိုတော့ တော်တော်လေး ကောင်းမှာပါ ။ ကျုပ် တစ်ခုလောက် တောင်းဆိုစရာ ရှိတယ်ဗျ.. အဆင်ပြေရင် လက်ထောက်ဂိုဏ်းချုပ်ကြီး သဘောတူပေးနိုင်မလား... "

လောထျန်း အူကြောင်ကြောင် မျက်လုံးဖြင့် ပြန်ကြည့်လိုက်သည်။

" ဘာကိစ္စလဲ... "

အဘိုးအို သက်ပြင်းချလိုက်၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး အနေနဲ့ ကျုပ်အတွက် အစီအမံတစ်ခု လုပ်ပေးလို့ရမလားဗျာ "

လောထျန်း ဆွံ့အသွားရသည်။

သူ ဤနေရာသို့ အကြွေးတောင်းရန် လာခဲ့သည်ကို အကြွေးမရဘဲ အစီအမံတစ်ခု ထပ်လုပ်ပေးရမယ်တဲ့လား ။

သို့သော်... ထိုသို့ လွဲနေသည်ကို ခံစားမိသည့်တိုင် လောထျန်း မျက်မှောင်ကြုံ့၍ ဆက်မေးလိုက်ပါသည်။

" ဘယ်လို အစီအမံမျိုး လုပ်စေချင်တာလဲ "

အဘိုးအို အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ သူ့အကျ်ီလက်ထဲရှိ ကျောက်စိမ်းပြားအဆောင်တစ်ခုကို ထုတ်လိုက်၏။ ထို့နောက် ၎င်းကျောက်စိမ်းပြားအား လောထျန်းကိုပေးကာ ပြောသည်။

" ဒါ.. ပြီးခဲ့တဲ့နှစ်တွေမှာ ကျုပ် ခက်ခက်ခဲခဲနဲ့ ရေးထားတဲ့ ပုံစံပါ ။ သခင်လေး အဲ့အစီအမံကို လုပ်ပေးလို့ရမလား "

လောထျန်း ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ကျောက်စိမ်းပြားကို ယူ၍ သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် စစ်ဆေးကြည့်လိုက်၏။ ပြီးနောက်တွင်ကား သူ အံ့သြသွားရပါသည်။

" အဆင့်ကိုး အစီအမံပါလား.. ။ ပြီးတော့... ဒါ နှစ်ဖက်လုံးကို ဖျက်ဆီးပစ်မယ့် အစီအမံပဲ "

အဘိုးအို ခေါင်းညိတ်လိုက်သည်။

" အမှန်ပါပဲ ။ ဒီ အစီအမံနဲ့ မဟုတ်ရင် ဟိုကောင်ကြီးကို သတ်လို့မရဘူးဗျ ။ လက်ထောက်ဂိုဏ်းချုပ်ကြီးအနေနဲ့ ကျုပ်ကို အစာအဖြစ်ထားပြီး အဲ့ကောင်ကြီးကို သတ်ပေးလို့ရမလားလို.. ကျုပ် တောင်းဆိုချင်တာပါ "

ထိုစကားကို ကြားသောအခါ လောထျန်း မနေနိုင်ဘဲ အဘိုးအိုအား အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်၏။

" အဘိုးကြီး ၊ ခင်ဗျားက သူနဲ့ ဘယ်လိုရန်ငြိုး ရှိထားလို့ ဒီလောက်စိုးရိမ်ကြောက်လန့်နေရတာလဲ "

လောထျန်း မေးလိုက်သည်။

အဘိုးအို ခေါင်းယမ်း၍ ပြန်ပြော၏။

" ရန်ငြိုးမဟုတ်ဘူးဗျ... တရားမျှတမှုအတွက်ပါ ။ အဲ့ကောင်ကြီးက အခု အစွမ်းအနိမ့်ဆုံးအချိိန် ရောက်နေတာ ။ သူ့ကို ခုချိန်မှ မသတ်လိုက်ရင် သူ မကြာ

ခင်မှာ ပြန်ကောင်းလာလိမ့်မယ်။ အဲ့ကျရင် လူတွေ ဘယ်လောက်တောင် သေကြရမလဲ မပြောနိုင်ဘူး ။ ဒီတော့.. ကျုပ် နည်းနည်းအသုံးဝင်နေတုန်းမှာ လုပ်လိုက်တာ ပိုကောင်းတယ်လေ "

" ဒါ.... "

တဖက်မှ ရှောက်ရ ဆွံ့အသွားရသည်။

လောထျန်းက ခေတ္တမျှ စဥ်းစားနေဟန် တူပြီးနောက် မေးလာ၏။

" အဲ့ကောင်ကြီးက ဘယ်မှာလဲ "

အဘိုးအို၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် အရောင်လက်သွားကြသည်။

" သခင်လေးက ကူညီမလို့လား ။ ဝမ်းသာလိုက်တာဗျာ.. ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ကြပါ "

အဘိုးအိုက ပြောပြောဆိုဆိုပင် တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့လျှောက်သွားပြီး ... လောထျန်းနှင့် ရှောက်ရတို့အား ဖုန့်လင်းတောင် တောနက်ပိုင်းထဲသို့ ဦးဆောင်ခေါ်လာ၏။ မကြာမီမှာပင် သူတို့ ရှေးဟောင်း

ရေတွင်းပျက်ကြီး တစ်ခုရှေ့ ရောက်သွားကြသည်။

ထိုနေရာသို့ ရောက်သည်နှင့် ဘေးပတ်လည်မှ အစီအမံအစွမ်းကို လောထျန်း ခံစားမိလိုက်သည်။

၎င်းကိုမြင်သော အဘိုးအိုက ချက်ချင်းရှင်းပြ၏။

" ဒီမှာ တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် လုပ်ထားခဲ့တဲ့ အဆင့် ၇ မသေမျိုးအစီအမံတွေ ၁၂ ခုတောင် ရှိတယ် ။ အားလုံးက ဟိုကောင်ကြီးကို ဖိနှိပ်ဖို့အတွက် လုပ်ထားခဲ့တာ "

" ဒါပေမယ့်.. ပြီးခဲ့တဲ့နှစ်တွေမှာတော့ အစီအမံရဲ့အစွမ်းက တဖြည်းဖြည်း အားလျော့လာပြီး အဲ့ကောင်ကြီးကို ထိန်းချုပ်နိုင်စွမ်းလဲ လျော့လာခဲ့တယ် ။ တကယ်လို့ သခင်လေးတို့သာ ရောက်မလာရင် အလွန်ဆုံး နောက်သုံးနှစ်လောက်အတွင်းမှာ အဲ့ကောင်ကြီး လွတ်ထွက်သွားတော့မှာ "

ထိုစကားကို ကြားသောအခါ လောထျန်း စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ဘေးပတ်လည်အား စစ်ဆေးကြည့်လိုက်သည်။ အမှန်တကယ်လည်း ရေတွင်းပျက်ကြီးထဲ၌ ဆိုးယုတ်သော မိစ္ဆာ

အရောင်အဝါတစ်ခု ပိတ်မိနေပါ၏။

ထိုစဥ် အဘိုးအိုက လောထျန်းအား ထပ်ပြောလာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အစီအမံကို စလုပ်လို့ရပါပြီ "

လောထျန်း ခေါင်းညိတ်ပြီး စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ထွင်းစာများ ချက်ချင်းရေးလိုက်၏။

" ဟင်.... "

အဘိုးအိုမှာ ၎င်းကိုကြည့်နေရင်း အံ့အားသင့်သွားပြီး မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီအစီအမံက မှားနေတယ် .... "

သို့သော် လောထျန်းက သူ့အား ဘာမှပြန်မပြောဘဲ အစီအမံကိုသာ ဆက်ရေးနေပါသည်။

တခဏအကြာမှာပင် အစီအမံက ပြီးသွားပါ၏။

ဝီ...

အစီအမံ၏ အတွင်းဘက်နှင့် အပြင်ဘက် ချက်ချင်းခြားသွားသည်။

" ကဲ... အခု ဒီမှာရှိထားတဲ့ တခြားအစီအမံတွေကို ဖွင့်လိုက်မယ်

လောထျန်း ပြောသည်။

အဘိုးအို တစ်ခုကို ရုတ်တရက်နားလည်သွားကာ အလန့်တကြား ပြော၏။

" သခင်လေးက အဲ့ကောင်ကြီးကို ကိုယ်တိုင် ရင်ဆိုင်မလို့လား ။ မဖြစ်ဘူးနော်.. အဲ့ကောင်ကြီးကို သာမာန်နည်းတွေနဲ့ သတ်လို့်ရဘူး "

သို့သော် လောထျန်းက သူ့အား လျစ်လျူရှုထားပြီး ရေတွင်းဘေးမှ အစီအမံကိုသာ လက်ဖြင့်တောက်၍ ဖျက်ဆီးပစ်လိုက်သည်။

ဝုန်း ....

အစီအမံ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက်...

ရေတွင်းထဲမှ အမည်းရောင်အငွေ့တစ်ခု လေထဲ တက်လာ၏။

All Chapters