← Chapters

အခန်း (၈၀၇)

Vol. 58 Ch. 807

အခန်း (၈၀၇)

Vol. 58 Ch. 807

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ် အဲ့ကောင်ကို ထိန်းထားမယ် ။ သခင်ကြီးက အစီအမံကိုပဲ မြန်မြန်လုပ်လိုက်ပါ ။ ကျုပ်ပြောတာ နားထောင်ပါဗျာ.. အဲ့ကောင်ကို မတိုက်ခိုက်ပါနဲ့ "

အဘိုးအိုက စိုးရိမ်တကြီး အော်ပြောလိုက်သည်။

သူ ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ့ကိုယ်မှ အရောင်အဝါလည်း တိုးထွက်လာ၏။

သို့သော်.. ချက်ချင်းဆိုသလိုပင် သူ့သွေးအစွမ်း ထိခိုက်သွားဟန်တူကာ.. သူ သွေးအန်သွားပြီး သူ့အရောင်အဝါလည်း ပြန်အားနည်းသွားသည်။

ဝီ...

ထိုအချိန်တွင် အမည်းရောင်အငွေ့မှာ ရေတွင်းပျက်ထဲမှ လုံးဝ ထွက်လာခဲ့ပြီဖြစ်ကာ လေထဲတွင် လူရိပ်တစ်ခုအဖြစ် စုစည်းလာနေသည်။

" နောက်ဆုံးတော့ လွတ်မြောက်သွားပြီ ... မင်းတို့ အမှိုက်ကောင်တွေက ငါ့ကို နှစ်အကြာကြီး ချုပ်နှောင်ထားခဲ့ကြတာ ။ ခွေးကောင်တွေ.. မင်းတို့အားလုံး သေမယ် "

ဝုန်း ...

ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့တစ်ခု ရုတ်ချည်း လွင့်ပျံ့လာ၏။

ထို့နောက် လူရိပ်က ဘေးသို့ လှည့်ကြည်လိုက်ရာ လောထျန်းအား တွေ့သွားသည်။

" ဟား ဟား.. ငါ့ကို လွတ်ပေးလိုက်တာ မင်းလား ကောင်လေး ။ မင်းက ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင် ဘာလုပ်ရမယ်ဆိုတာ သိသားပဲကွ ။ အခု ဒူးထောက်လိုက်... မင်းရဲ့ အသိစိတ်ပင်လယ်ထဲမှာ ငါ့အမှတ်အသား ချန်ထားပေးမယ် ။ မင်းကို ငါ့ရဲ့အခိုင်းအစေ ဖြစ်ခွင့် ပေးမယ်ကွာ.. "

" အဲ့အတွက်လဲ မရှက်နဲ့နော် ။ ငါ့ရဲ့ အမှတ်အသားကို လက်ခံပြီးသွားတာနဲ့. .. မင်းကို မသေမျိုးဘုရင်

အဆင့် တန်းရောက်သွားအောင် လုပ်ပေးမယ် ။ ပြီးရင် ငါ့မျိုးနွယ်စုရဲ့ သိုင်းကျမ်းတွေကိုလဲ ကျင့်ကြံခိုင်းမယ်။ အဲ့ကျရင် မင်းရဲ့အစွမ်းက ဟို ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေထက် မနည်းတော့ဘူးကွ "

သူ ပြောကာ လောထျန်းဆီသို့ ပျံသန်းလာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ သူ လှည့်စားတာကို မခံနဲ့နော် "

အဘိုးအို လှမ်းအော်ပြောလာ၏။

" ပါးစပ်ပိတ်ထားစမ်း "

အမည်းရောင်အရိပ်က အဘိုးအိုအား ပြန်အော်လိုက်သည်။

ထို့နောက် သူ လောထျန်းရှေ့ ဆက်လျှောက်လာ၏။ သို့သော် တဖက်မှ လောထျန်းက အသံတိတ်နေသဖြင့် သူ မျက်မှောင်ကြုံ့သွားပါသည်။

" ဘာလို့လဲ... ဒီကိစ္စကို စဥ်းစားစရာ အချိန်တွေအကြာကြီး လိုသေးတာလား ။ ငါ့ စိတ်ရှည်တာက အကန့်အသတ် ရှိတယ်နော် "

ထိုစဥ် လောထျန်း ရုတ်တရက် ခေါင်းမော့လာကာ တဖက်လူကို ကြည့်၍ ပြောလိုက်သည်။

" မင်းက ငါ့ကို ပြောနေတာလား "

" အင်... "

ဤတစ်ကြိမ်တွင် အမည်းရောင်အရိပ် အမှန်တကယ် မှင်သက်သွားရသည်။

ထို့နောက် သူ ဒေါသတကြီး ပြော၏။

" ဘာတွေလျှောက်ပြောနေတာလဲကွ ။ ငါက မင်းကိုမပြောလို့ ဘယ်သူ့ကို ပြောရမှာလဲ "

လောထျန်းက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြန်ပြောသည်။

" ဒါဆို... မင်းက ငါ့ကို အခိုင်းအစေ ဖြစ်စေချင်တယ်လို့ ပြောလိုက်တာပေါ့ "

" ဒါပေါ့ကွ.. အဲ့ဒါ မင်းအတွက် ဂုဏ်ယူစရာ ကိစ္စကြီးပဲလေ "

အရိပ်မည်းကြီး ပြော၏။

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဂုဏ်ယူစရာ ဟုတ်လား ၊ မင်းကို ဂုဏ်ယူစရာဖြစ်အောင် လုပ်ပေးမယ် "

ဝုန်း...

စကားဆုံးချိန်မှာပင် လောထျန်း၏ ကောင်းကင်ဘုံလက်ဝါး အသက်ဝင်လာကာ အရိပ်မည်းကြီးအား ရိုက်လိုက်၏။

အရိပ်မည်းကြီးက ၎င်းကိုကြည့်ရင်း လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ခေါင်မာတဲ့ အရူးလေး ၊ မင်းက ငါ့ကို တိုက်ခိုက်ချင်သေးတာလား ။ ရယ်လိုက်ရတာကွာ.. မင်းတို့ လူသားတွေရဲ့ တိုက်ခိုက်မှုက ငါ့အတွက်တော့ အသုံးမဝင်ဘူးကွ "

ဝုန်း ....

ထိုစဥ်မှာပင် လောထျန်း၏ လက်ဝါးကြီး ကျလာကာ.. အရိပ်မည်းကြီး ပြိုကွဲသွားတော့သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. သတိထားနော် ။ သူတို့မျိုးနွယ်စုရဲ့ ခန္ဓာကိုယ်တွေက ထူးခြားကြတယ် ။ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် မြန်မြန်ပြန်ကောင်းတတ်ကြတယ်... "

ဘေးမှ အဘိုးအိုက လောထျန်းအား လှမ်းသတိပေးလာ၏။

သို့သော် လောထျန်း ပြန်မပြောနိုင်ခင်မှာပင် ရှောက်ရက တအံ့တသြ မေးလိုက်ပါသည်။

" မြန်မြန်ပြန်ကောင်းနိုင်တယ်.. ဟုတ်လား ၊ ကျွန်မတော့ အဲ့လိုမထင်ဘူး ... "

အဘိုးအိုက စိုးရိမ်တကြီး ပြန်ပြော၏။

" ကျုပ်က မဟုတ်တာကို ပြောပါ့မလားဗျာ ။ ကျုပ် အဲ့ကောင်တွေနဲ့ ရင်ဆိုင်လာတာ နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီ ။ အဲ့တော့ သူတို့ကို ကောင်းကောင်းကြီး သိတယ် .. ။ အဲ့​ကောင်တွေက အရမ်းသန်မာပြီးတော့.. ချောင်းလေးတစ်ချက် ဆိုးလိုက်ရင်တောင်.... ဟင်... "

အဘိုးအို ပြောနေရင်း စကားတစ်ဝက်မှာပင် လေထဲရှိ အမည်းရောင်အငွေ့များကို ညွှန်ပြလိုက်သည်။

သို့သော် ထိုစဥ်မှာပင် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သူ သတိထားမိသွားပါ၏။

ထိုစဥ်တွင် ပြိုကွဲသွားခဲ့သော အငွေ့များမှာ လောထျန်း၏ လက်ဝါးချက်ကြောင့် များစွာထိခိုက်သွားခဲ့ဟန် တူပါသည်။ ၎င်းမှာ လူရိပ်အဖြစ် ပြန်စုစည်းရန် ကြိုးစားနေသည့်တိုင်... ချောချောမွေ့မွေ့ ပြန်ကောင်းမလာဘဲ ဆက်တိုက်သာ ပြိုကွဲနေပါ၏။

၎င်းကို မြင်လိုက်ရသော အဘိုးအိုမှာ လွန်စွာတုန်လှုပ်နေတော့သည်။

ထို့နောက် သူ လောထျန်းဘက် လှည့်ကြည့်ကာ ပြော၏။

" သခင်ကြီး... ဘယ်လို လုပ်လိုက်တာလဲ "

ထို အရိပ်မည်းကြီး၏ အစွမ်းကို သူ ကောင်းကောင်းသိထားပြီးသားပင် ။

တိုက်ခိုက်စွမ်းရည်နှင့် ပတ်သက်လာလျှင် ၎င်း၏ အစွမ်းက လူသားမျိုးနွယ်၏ မသေမျိုးဘုရင်ထက်ပင် များစွာ ပိုသာနိုင်ပါသည်။

သို့သော် အမှန်တကယ် ကြောက်စရာကောင်းသည့် အရာမှာ ထိုကောင်ကြီးများက မသေမျိုးများ ဖြစ်ကြခြင်းပင် ။

သတ်၍မရသော ရန်သူမှာ အမှန်တကယ်လည်း အိမ်မက်ဆိုးကြီးနှင့် တူသည်မဟုတ်ပါလား...

ထိုစဥ် တဖက်မှ လောထျန်းမှာ လက်နောက်ပစ်ရပ်နေပြီး ပြန်စုစည်းရန် ခက်ခဲနေသော အမည်းရောင်အငွေ့အား မျက်မှောင်ကြုံ့ ကြည့်နေပါ၏။

" ဒီ မသေမျိုးခံစားချက်က သေဆုံးခြင်းနဲ့ မွေးဖွားခြင်း လမ်းစဥ်နဲ့ တော်တော်ဆင်တာပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ အဘိုးအို မနေနိုင်တော့ဘဲ လောထျန်းအား အံ့သြတကြီး လှည့်ကြည့်လိုက်သည်။

" သခင်ကြီးက သေဆုံးခြင်းနှင့် မွေးဖွားခြင်း တာအိုလမ်းစဥ်ကို သိနေတာလား ။ ဟုတ်တယ်ဗျ... အဲ့ဒါ သေဆုံးခြင်းနဲ့မွေးဖွားခြင်း မဟာတာအိုလမ်းစဥ်ပဲ "

လောထျန်း အဘိုးအိုဘက် လှည့်ကြည့်၍ ပြော၏။

" အဲ့ဟာက ထျန်းမင်ဧကရာဇ်နဲ့ ဘယ်လိုပတ်သက်လဲ "

အဘိုးအို တစ်ကိုယ်လုံးတုန်သွားကာ လောထျန်းအား တအံ့တသြ ထပ်ကြည့်လိုက်သည်။

" သခင်ကြီးက အများကြီး သိနေတာပဲ "

သူ ခေတ္တ ငြိမ်သွားပြီးမှ စကားဆက်၏။

" အဲ့ကောင်ကြီးတွေက ထျန်းမင်ဧကရာဇ်နဲ့ တစ်နည်းနည်း ဆက်စပ်နေမယ်ဆိုတာ ကျုပ်လဲ ရိပ်မိတယ် ။ ဒီကိစ္စက ထျန်းမင်ဧကရာဇ်ကြီး သေသွားတဲ့ကိစ္စနဲ့တောင် ဆက်စပ်နေလား မသိဘူး... ဒါမှမဟုတ်.. ထျန်းမင်ဧကရာဇ်ကြီးက မသေသေးတာလဲ ဖြစ်နိုင်တယ် "

" ဘယ်လို... "

လောထျန်း အံ့သြသွားရသည်။

ထျန်းယွမ်ကမ္ဘာ၏ အကြီးဆုံးရန်သူဖြစ်သော ထျန်းမင်ကမ္ဘာ၏ ဘိုးဘေးဖြစ်သူ ၊ အပေါ်ကမ္ဘာကို အုပ်စိုး

ထားခဲ့သော ထျန်းမင်ဧကရာဇ်ကြီးက မသေသေးသည်မှာ ဖြစ်နိုင်ပါသလား..

ထိုသတင်းမှာ အမှန်တကယ် တုန်လှုပ်စရာပင် ။

ထိုစဥ် အဘိုးအိုက ဆက်ပြောသည်။

" အဲ့ဒါကတော့ ကျုပ်ရဲ့ ခန့်မှန်းချက် သက်သက်ပါဗျာ ။ နောက်တစ်ခု ဖြစ်နိုင်တာက ထျန်းမင်ဧကရာဇ်ကြီး တကယ်သေသွားခဲ့ပြီးတော့... သူ့ရဲ့ သေဆုံးမှုကြောင့် ဖြစ်လာတဲ့ လမ်းစဥ်ကနေမှ ဒီ အမည်းရောင်အစွမ်း မျိုးနွယ်စု မွေးဖွားလာတာလဲ ဖြစ်နိုင်တာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကောင်တွေက ထျန်းမင်ဧကရာဇ်နဲ့ ဆက်စပ်နေတာတော့ သေချာတယ် "

သူ့စကားကြောင့် လောထျန်း မျက်နှာကြီး သုန်မှုန်သွားသည်။

အစပိုင်းတွင် သူသည် အဘိုးအို၏ ပြောစကားကြောင့်သာ ထို အမည်းရောင်အငွေ့များကို ရှင်းပစ်ရန် စဥ်းစားခဲ့ခြင်း ဖြစ်ပါ၏။

သို့သော်.. ယခု အခြေအနေက ထိုသို့ မဟုတ်တော့

ပါ ။

ထျန်းမင်ဧကရာဇ်ကြီးက သေသွားပြီဖြစ်စေ ၊ မသေသေးဘူးဖြစ်စေ ... ၎င်းက သူနှင့် တစ်နည်းနည်း ဆက်နွယ်နေသည် မဟုတ်ပါလား...

သို့ဖြစ်ရာ ၎င်းအမည်းရောင်အငွေ့များနှင့် သူ့ကြားတွင် ရန်ငြိုးရှိထားလေပြီ ။

လောထျန်း ခေါင်းလှည့်၍ အမည်းရောင်အငွေ့အား ကြည့်လိုက်သည်။

ထိုစဥ်မှာပင် အမည်းရောင်အငွေ့ကလည်း တဖြည်းဖြည်း ပြန်စုစည်းလာပြီး လူသားတစ်ယောက်အသွင် ပုံပေါ်လာပြန်၏။

" မင်း... ခုနက ဘယ်လိုအစွမ်းမျိုးကို သုံးလိုက်တာလဲ "

အမည်းရောင်အငွေ့က လောထျန်းကိုကြည့်ကည ဒေါသတကြီး မေးလိုက်သည်။

သို့သော် သူ့စကား ဆုံးချိန်မှာပင် ...

ဝုန်း...

လောထျန်းက အမည်းရောင်အငွေ့အား လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပါ၏။

" ငါမေးတာကို ဖြေစမ်း ၊ မင်းက ထျန်းမင်ဧကရာဇ်ကြီးနဲ့ ဘယ်လိုပတ်သက်လဲ "

လောထျန်း အေးစက်စက်အသံဖြင့် မေးလိုက်သည်။

" ဟင်.. မင်းက ငါ့ကို ခြိမ်းခြောက်လို့ရမယ် ထင်နေတာလား ။ အိမ်မက် မက်မနေနဲ့ "

အမည်းရောင်အငွေ့ ပြန်ပြော၏။

လောထျန်း သူ့လက်ထဲသို့ အစွမ်းများ ပို့လွှတ်လိုက်သည်။

ဝုန်း...

အမည်းရောင်အငွေ့၏ တစ်စိတ်တစ်ပိုင်း ပြိုကွဲသွား၏။

သို့သော် ၎င်းက လှောင်သံဖြင့်သာ ပြန်ပြောလာ

သည်။

" အရူးကောင်. ။ မင်း အခုထိ နားမလည်သေးဘူးလား ။ မင်းက အစွမ်းထက်တယ်ဆိုတာတော့ ငါ ဝန်ခံပါတယ် ၊ ဒါပေမယ့်.. မင်း ငါ့ကို သတ်လို့မရဘူးကွ ။ ဘာဖြစ်လို့လဲဆိုတော့... ငါက တာအိုအစွမ်း မို့လို့ပဲ "

ထိုစဥ်မှာပင် လောထျန်းကိုယ်မှ စိတ်စွမ်းအင်များ တိုးထွက်လာပါ၏။

ဝီ...

သူ့နောက်တွင်လည်း ထူးဆန်းသော ထွင်းစာတစ်ခု စုစည်းလာသည်။

ထိုထွင်းစာ၏ တစ်ဖက်ခြမ်းမှာ အသက်အစွမ်းများဖြင့် ပြည့်နေပြီး ကျန်တစ်ဖက်မှာကား သေဆုံးခြင်းအစွမ်းတို့ ရှိနေ၏။

" ဒါ.... အသက်နဲ့သေဆုံးခြင်း လမ်းစဥ်ပါလား... "

၎င်းကို မြင်လိုက်ရသော အမည်းရောင်အရိပ် လွန်စွာ တုန်လှုပ်သွားတော့သည်။

လောထျန်း ပြသလိုက်သည့် အရာမှာ အမှန်တကယ်လည်း အသက်နှင့် သေဆုံးခြင်း၏ မဟာတာအိုအစွမ်းပင် ။

အမှန်တွင်မူ အမည်းရောင်အငွေ့သည်လည်း အသက်နှင့် သေဆုံးခြင်း လမ်းစဥ်ကို ကျင့်ကြံသူဖြစ်ပါ၏။

သို့သော်.. ၎င်းမှာ လမ်းစဥ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကာ ....

လောထျန်းနောက်မှ ထွင်းစာမှာမူ အသက်နှင့်သေဆုံးခြင်း လမ်းစဥ်အပြည့် ဖြစ်ပါသည်။

၎င်းမှာ အမည်းရောင်အငွေ့ တစ်သက်လုံး လိုချင်နေခဲ့သည့် အရာတစ်ခုပင် ။

လောထျန်းက ၎င်းကို လုံးဝ ကျွမ်းကျင်ထားသည်တဲ့လား...

" ငါမေးတာကို ဖြေစမ်း "

ထိုစဥ် လောထျန်းက အေးစက်စက် ထပ်မေးလာ

သည်။

အမည်းရောင်အငွေ့ ခဏတာမျှ တိတ်သွား၏။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း...

လောထျန်း၏ အဖျက်အဆီး သေဆုံးခြင်းလမ်းစဥ်က အသက်ဝင်လာသည်။

ဝုန်း ...

အမည်းရောင်အရိပ်၏ လက်တစ်ဖက် ရုတ်ချည်း ပျောက်ကွယ်သွား၏။

၎င်းမှာ ပြိုကွဲသွားခြင်း မဟုတ်ဘဲ... လုံးဝ ပျောက်ကွယ်သွားအောင် အဖျက်ခံလိုက်ရခြင်း ဖြစ်ပါသည်။

ထိုအခြေအနေမှ ပြန်ကောင်းရန် မဖြစ်နိုင်တော့ပါ ။

အား ....

အမည်းရောင်အရိပ်ဆီမှ အော်သံကျယ်ကြီး ပထမဆုံးအကြိမ် ထွက်လာတော့သည်။

" ဖြေလေ... မဟုတ်လို့ကတော့ ငါ မင်းကို လုံးဝပျောက်ကွယ်သွားအောင် လုပ်လိုက်မှာ "

လောထျန်း၏ မျက်နှာထား ပိုပို၍ အေးသက်လာ၏။

" ကောင်းပါပြီ.. ပြောပါ့မယ် ၊ ငါ့ကို မသတ်ပါနဲ့ကွာ "

အမည်းရောင်အရိပ် လုံးဝ လက်နက်ချလိုက်ရပါတော့သည်။

" ထျန်းမင်ဧကရာဇ်ကြီးက ငါတို့မျိုးနွယ်စုနဲ့ အပေးအယူတစ်ခု လုပ်ထားပါတယ် ။ သူက ပြန်အသက်သွင်းလို့ ရနိုင်အောင် သူ့ရဲ့ခန္ဓာကိုယ်ကို ငါတို့မျိုးနွယ်စုနဲ့အတု မြှုပ်နှံခဲ့တယ် ။ အဲ့အတွက် ငါတို့ကိုတော့ အသက်နဲ့သေဆုံးခြင်း လမ်းစဥ်ကို ပြန်ပေးခဲ့တယ် "

၎င်းက တုန်တုန်ယင်ယင် ဆိုရှာသည်။

All Chapters