← Chapters

အခန်း (၈၀၈)

Vol. 58 Ch. 808

အခန်း (၈၀၈)

Vol. 58 Ch. 808

" ပြန်အသက်သွင်းဖို့.. ဟုတ်လား ။ ထျန်းမင်ဧကရာဇ်က မသေမျိုး မဟုတ်ဘူးလား.. သူ့ကို ယဇ်ပူဇော်ပွဲတစ်ခုနဲ့ ပြန်အသက်သွင်းလို့ ရတယ်ဆို "

လောထျန်း မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

အမည်းရောင်အရိပ် တုန်သွား၏။

" သူ ကျင့်စဥ်ထားတဲ့ လမ်းစဥ်အရဆို အဲ့လိုလုပ်လို့ ရနိုင်ချေတော့ ရှိပါတယ် ။ ဒါပေမယ့်.. သူ့ကို ပြန်အသက်မသွင်းစေချင်တဲ့ လူတချို့ ရှိကြတယ်လေ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

အမှန်တွင်လည်း အခြားသူများ မဆိုထားဘိ ၊ ထျန်းမင်ဧကရာဇ်၏ မျိုးဆက်များ ကိုယ်တိုင်ပင်လျှင် ထျန်းမင်ကမ္ဘာရှိ သူ့အတွက် ပြန်အသက်သွင်းရန် စီစဥ်ထားသော နေရာကို အပိုင်ယူခဲ့ကြသည် မဟုတ်ပါလား ။

အခြားသူများဆိုလျှင် ထို့ထက် ပိုဆိုးပေလိမ့်မည်။

ထိုစစ် အမည်းရောင်အရိပ်၏ စကားကို နားထောင်နေသော အဘိုးအို ပါးစပ်အဟောင်းသား ဖြစ်သွားကာ ပြောလာ၏။

" ဒါဆိုရင်... ပြီးခဲ့တဲ့နှစ်တွေမှာ ထျန်းမင်နန်းတော်က လုပ်ခဲ့တဲ့ကိစ္စတွေအားလုံးက တမင်သက်သက် အပေါ်ယံဟန်ပြ လုပ်ထားတာပေါ့ "

ထျန်းမင်ကမ္ဘာက ထျန်းမင်ဧကရာဇ်အား ပြန်အသက်သွင်းရန် ကြိုးစားနေသည်ကို သူ ကြားထားခဲ့ပြီး ဖြစ်ပါသည် ။

သို့သော်... ထျန်းမင်ဧကရာဇ်၏ အစီအစဥ် အမှန်က သတ်သတ်ရှိထားသည်ကိုမူ သူ ယခုမှ သလိုက်ရခြင်းပင် ။

" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါက ဘာကိစ္စကြောင့် မင်းမေးတာကို ဖြေရမှာလဲ "

သို့သော် အမည်းရောင်အရိပ်က အဘိုးအိုအား ဒေါသတကြီး ပြန်အော်ပြောလာ၏။

ဝုန်း...

လောထျန်း လက်ကို ဆုပ်လိုက်ရာ အမည်းရောင်အရိပ်ထံမှ စူးစူးဝါးဝါး အော်သံကြီး ထပ်ထွက်လာသည်။

" သူ မေးတာကို ဖြေလိုက် "

လောထျန်း အေးစက်စက် ပြော၏။

" ဟုတ်ကဲ့ ၊ ဖြေပါ့မယ် ။ ထျန်းမင်နန်းတော်က ဘာတွေလုပ်နေတယ်ဆိုတာကို မသိပေမယ့်.. အဲ့ဒါတွေအားလုံး အပေါ်ယံ ဟန်ဆောင်ထားတာပဲ ဖြစ်မှာပါ "

အရိပ်မည်းက ပြန်ပြောလိုက်ရသည်။

" ဘာဖြစ်လို့လဲ "

လောထျန်း မေးလိုက်၏။

အရိပ်မည်းက တုန်တုန်ယင်ယင် ပြန်ဖြေရှာပါသည်။

" ဘာလို့လဲဆိုတော့... ခုလောက်ဆို ထျန်းမင်ဧကရာဇ် အောင်အောင်မြင်မြင်တောင် ပြန်အသက်သွင်းနိုင်လောက်ပြီမို့လို့ပါ "

" ဘယ်လို... "

သူ့စကားကြောင့် တဖက်မှ အဘိုးအို အလွန်တုန်လှုပ်သွားဟန်ဖြင့် မျက်လုံးပြုးသွားသည်။

အရိပ်မည်းက ဆက်ရှင်းပြ၏။

" အားလုံးလဲ သိကြတဲ့အတိုင်း ဒေသကြီးကိုးခုရဲ့ စည်းမျဥ်းတွေက ဖိနှိပ်ခံထားရတာလေ ။ ဒါ​ကြောင့်လဲ ပြီးခဲ့တဲ့နှစ်တွေမှာ မသေမျိုးဧကရာဇ် ဖြစ်ဖို့မပြောနဲ့ ၊ မသေမျိုးဧကရာဇ် အဆင့်နီးပါး ရောက်ချင်တဲ့သူတွေကတောင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရတာ "

" ဒါပေမယ့် အခုတော့ အကြောင်းရင်းကြောင့်မှန်း မသိရဘဲ ဒေသကြီးကိုးခုကို ဖိနှိပ်ထားခဲ့တဲ့အစွမ်းက တဖြည်းဖြည်း စပြီး လျော့ကျလာခဲ့ပြီ ။ ဒါ ခေတ်သစ်တစ်ခု စတော့မယ်ဆိုတဲ့ လက္ခဏာပဲလေ ။ ဒီခေတ်မှာ မသေမျိုးဧကရာဇ် တစ်ပါး သေချာပေါက်ကို ထွက်ပေါ်လာမှာ ။ ​ပြီးတော့ တစ်ပါးထက် ပိုနိုင်ချေလဲ အများကြီးရှိတယ် "

" ဒါ့ကြောင့်မို့လဲ လက်ရှိ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေကရော ၊ ဟို သေခါနီး အဘိုးကြီးတွေကပါ နောက်တစ်ဆင့်အတွက် အစီအစဥ်တွေကို ကြိုလုပ်ထားကြပြီ "

" ထျန်းမင်ဧကရာဇ်ကြီးကလဲ အဲ့အခွင့်အရေးကို အလွဲခံမှာ မဟုတ်ဘူး ။ သူ မသေမျိုးဧကရာဇ် နေရာအတွက် တိုက်ခိုက်မှာသေချာတယ် "

စကားဆုံးအောင် နားထောင်ပြီးသောအခါ လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

၎င်းမှာ သတင်းကြီးတစ်ခုပင်...

ထျန်းမင်ဧကရာဇ်ကြီးက ပြန်အသက်သွင်းပြီးသည့်အပြင် မသေမျိုးဧကရာဇ် နေရာအတွက်ပါ တိုက်ခိုက်ချင်သတဲ့လား...

သူသည် မသေမျိုးဘုရင်များစွာကို အပြတ်အသတ် အနိုင်ယူဖူးသည့်အတွက် ထိုသူများအား လုံးဝ မစိုးရိမ်ပါချေ။

သို့သော် မသေမျိုးဧကရာဇ် တစ်ပါးက မည်မျှအစွမ်းထက်သည်ကိုမူ သူ သေချာမသိပါ ။

လက်ချောင်းရိုး အရိပ်ကရော မသေမျိုးဧကရာဇ် လား...

သို့ဆိုလျှင် ထျန်းမင်ဧကရာဇ်က သူ့အတွက် အန္တရာယ်ဖြစ်သွားပေမည်။

" ဒီတိုင်းဆို အန္တရယ်ကင်းအောင်လို့ ငါ မြန်နိုင်သမျှအမြန်ဆုံး ကျင့်ကြံခြင်းအဆင့်တက်မှဖြစ်မယ် "

လောထျန်း စိတ်ထဲမှ တွေးလိုက်၏။

ထိုစဥ် တဖက်မှ အဘိုးအိုကလည်း တုန်လှုပ်နေရာမှ ပြန်အသိဝင်လာကာ အရိပ်မည်းကြီးအား ပြောသည်။

" မင်းတို့မျိုးနွယ်စုက ဘယ်မှာရှိကြတာလဲ ။ တစ်နည်းပြောရရင်တော့.. ထျန်းမင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်မှာလဲ "

အရိပ်မည်းကြီးက အဘိုးအိုကို ကြည့်ကာ ပြန်ပြော၏။

" မင်း သိထားပြီးသား မဟုတ်ဘူးလား "

အဘိုးအို တစ်ကိုယ်လုံး တုန်သွားတော့သည်။

" ရှန့်ဟွမ် လား.... "

အရိပ်မည်းကြီးက ခြောက်ကပ်ကပ် ရယ်၏။

" မဟုတ်ဘူးကွ ၊ ရှန့်ဟွမ် အစစ်မှာ မဟုတ်ဘူး ။ ရှန့်ဟွမ်အပြင်ဘက်က ကမ္ဘာငယ်ထဲမှာ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ... ငါတို့ရဲ့ ဘိုးဘေးတွေက ရှန့်ဟွမ်ကနေ ထွက်ပြေးသွားခဲ့ကြပြီ "

" ထွက်ပြေးသွားတယ်.. ဘာလို့လဲ "

အဘိုးအို နားမလည်နိုင် ဖြစ်သွားသည်။

အရိပ်မည်းက ပြန်ရန်တွေ့၏။

" ငါက ဘယ်လိုလုပ် သိမှာလဲကွ ။ အဲ့ကိစ္စတွေက လွန်ခဲ့တဲ့ နှစ်ထောင်ချီအကြာလောက်က ဖြစ်သွားခဲ့တာ "

ထိုစကားကြောင့် အဘိုးအို ရှက်သွားဟန်တူသည်။

ထိုစဥ် လောထျန်းက တအံ့တသြ ဝင်မေး၏။

" ရှန့်ဟွမ်... ဟုတ်လား ၊ ကျုပ် အဲ့နာမည်ကို အရင်

က ကြားဖူးသလိုပဲ ။ အဲ့ဒါ ဘယ်နေရာလဲ "

အဘိုးအို သက်ပြင်းချလိုက်သည်။

" အဲ့ဒါ ဒဏ္ဍာရီကျော် နေရာတစ်ခုပေါ့ဗျာ ။ အဲ့မှာ ... မယုံနိုင်စရာ အစွမ်းမျိုးတွေရှိတယ် ။ ဒါပေမယ့်.... ဟိုးရှေးခေတ်ကတည်းက ဒေသကြီးကိုးခုမှာရှိတဲ့ ဘယ်သူကမှ အဲ့နေရာကို ခြေမချဖူးသေးဘူး "

ထိုစဥ် ရှောက်ရက ဝင်ပြောသည်။

" အရင်တည်းက ဘယ်သူမှ ခြေမချဖူးဘူး. ယ ဟုတ်လား ။ ဒါဆိုရင် အဲ့နေရာက တကယ်ရှိမှန်း ဘယ်လိုသိတာလဲ "

အဘိုးအိုက သူမကို တစ်ချက်လှမ်းကြည့်ကာ နွမ်းလျလျအပြုံးဖြင့် ပြန်ပြော၏။

" ဒေသကြီးကိုးခုထဲက ဘယ်သူမှ ရှန့်ဟွမ်ကို ခြေမချဖူးပေမယ့်... ရှန့်ဟွမ်က ပစ္စည်းတစ်ခုကတော့ ဒေသကြီးကိုးခုကို ရောက်လာခဲ့ဖူးတယ်​လေ "

ထို့နောက် သူ ခေတ္တမျှ တိတ်သွားပြီးမှ ရုတ်တရက် မေးသည်။

" သက်ရှိတွေအတွက် တားမြစ်နယ်မြေကို မင်း သိ

တယ်မဟုတ်လား "

ရှောက်ရ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

" သိတာပေါ့ရှင် "

သက်ရှိများအတွင် တားမြစ်နယ်မြေ ဆယ်ခုမှာ ဒေသကြီးကိုးခုတွင် ကြောက်မက်ဖွယ် ဒေသကြီးများ ဖြစ်ခဲ့ဖူးပြီး.. သူမ ထိုအကြောင််းများကို ငယ်စဥ်ကလေးဘဝတည်းက ကြားဖူးထားခဲ့ပါသည်။

အဘိုးအိုက သူမကိုစိုက်ကြည့်ကာ ပြော၏။

" အဲ့ တားမြစ်နယ်မြေ ဆယ်ခုထဲက သုံးခုက ရှန့်ဟွမ်ကနေ စီးထွက်လာတဲ့ အစွမ်းတွေကြောင့် ဖြစ်ပေါ်လာခဲ့တာ "

" ဘယ်လို .. "

ရှောက်ရ တုန်လှုပ်သွားရတော့သည်။

ထိုအကြောင်းကို သူမ ယခုမှသာ ပထမဆုံး ကြားဖူးခြင်းပင် ။

သူမတို့ ဒေသကြီးကိုးခု၏ တားမြစ်နယ်မြေများတွင်

ထိုသို့သော နောက်ကြောင်းရာဇဝင်မျိုး ရှိထားသတဲ့လား...

ထိုစဥ် အရိပ်မည်း တုန်သွားကာ ပြောလာသည်။

" ငါ မင်းတို့မေးတာ အားလုံး ဖြေပြီးသွားပြီနော် ။ ကျန်တာတွေကိုတော့ ငါ တကယ်ကြီး မသိဘူး ။ အခု ငါ့ကို လွတ်ပေးမယ်ဆိုရင် ဒေသကြီးကိုးခုကနေ ချက်ချင်းထွက်ပြီးတော့ ငါ့ရဲ့ မျိုးနွယ်စုဆီပဲ ပြန်သွားပါ့မယ်လို့ ကတိပေးပါတယ် ။ တစ်သက်လုံးလဲ ဒေသကြီးကိုးခုကို ထပ်ပြီး ​ခြေမချတော့ပါဘူး "

သူ ပြောသည်ကို လောထျန်း ကြားသော်လည်း ဘာမှပြန်မပြောပါချေ။

သို့သော် အဘိုးအိုက ဝင်ပြောလာပါသည်။

" အဲ့လိုလွတ်ပေးလိုက်လို့ မဖြစ်ဘူး လက်ထောက်ဂိုဏ်းချုပ်ကြီး ။ ဒီကောင်က ဒေသကြီးကိုးခုကို လာပြီးတော့ အသက်ပေါင်း မရေမတွက်နိုင်အောင်ကို သတ်သွားခဲ့တာ ။ သူ့လက်ချက်နဲ့ သေခဲ့ရတဲ့ အပြစ်မဲ့သူတွေ ဘယ်လောက်မှန်းတောင် မသိဘူး ။ ပြီးတော့ အဲ့ကောင်က သူ့မျိုးနွယ်စုထဲမှာလဲ ေပါ့သေးသေးကောင် မဟုတ်ဘူးဗျ ။ သူ့ကိုသာ သွားခွင့်

ပေးလိုက်ရင် ကျားကို တောထဲပြန်ပို့ပေးလိုက်သလို ဖြစ်သွားမှာ "

" အဘိုးကြီး ၊ ဘာလို့ စကားတွေ အဲ့လောက်များနေရတာလဲ "

အရိပ်မည်းကြီး ချက်ချင်း ဒေါသထွက်သွား၏။

လောထျန်းက အရိပ်မည်းကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" မင်းကို သတ်သင့်လားဆိုတာ ငါ သေချာတော့ မသိဘူးကွ ။ ဒါပေမယ့် နောင်ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုကာကွယ်တဲ့အနေနဲ့ သတ်ရလိမ့်မယ် "

" ဘာကွ "

အရိပ်မည်း ဒေါသတကြီး အော်လိုက်တော့သည်။

ထိုသို့ ဖြစ်လာမည်ကိုသာ သူ ကြိုသိခဲ့​ပါက မေးသမျှကို ဖြေခဲ့မိမည် မဟုတ်ပါ ။

သို့သော်... ထိုစဥ်တွင် လောထျန်းက စိတ်ရှည်တော့ဟန် မတူဘဲ...

သူ့အနောက်ဘက်တွင် သေဆုံးခြင်း မဟာတာအို လမ်းစဥ်များ စီးဆင်းလာပါ၏။

ဝုန်း...

ထိုလမ်းစဥ်များက အရိပ်မည်းဆီသို့ တိုက်ရိုက် စီးမျောလာကြသည်။

ဤသို့ဖြင့် အရိပ်မည်းမှာ အော်ချိန်ပင် မရလိုက်ဘဲ သေဆုံးသွားတော့၏။

" ရန်သူကို သေချာရှင်းထားတာ အကောင်းဆုံးပဲ "

ထိုစဥ် လောထျန်းက လက်ခုပ်တစ်ချက်တီး၍ ဆိုသည်။

တဖက်မှ အဘိုးအိုမှာကား ၎င်းကိုကြည့်ရင်း တစ်ကိုယ်လုံး တုန်နေပါတော့၏။

သူ နှစ်ပေါင်းများစွာကြာ ဖိနှိပ်ရန်ကြိုးစားလာခဲ့သည့် ကောင်ကြီးက ယနေ့ အသတ်ခံလိုက်ရလေပြီ ။

ထိုတခဏ၌ သူ့ပုခုံးပေါ်တွင် ထမ်းထားခဲ့ရသော

အရာကြီး မရှိတော့သလိုလည်း ခံစားလိုက်ရပြီး... သူ များစွာ ပိုအိုစာသွားပုံ ပေါ်၏။

ဘုတ်...

သူ အဓိပ္ပါယ်ဖော်ရန်ခက်သော မျက်နှာထားဖြင့် မြေပြင်သို့ လဲကျသွားတော့သည်။

ထိုစဥ် လောထျန်းက အဘိုးအိုကိုကြည့်ကာ ပြောလာ၏။

" သခင်ကြီး ၊ ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ မသိသေးဘူးနော် "

အဘိုးအိုက လောထျန်းအား လှည့်ကြည့်၍ အပြုံးဖြင့်ဆိုသည်။

" ကျုပ်နာမည်က ယွဲ့နန်ကျိုး လို့ ခေါ်ပါတယ် "

ထိုနာမည်ကို ကြားသောအခါ လောထျန်းက မည်သို့မှ မနေသော်လည်း...

ဘေးမှ ရှောက်ရကမူ တစ်ခုကို သတိရသွားဟန်တူကာ ပြောလာ၏။

" ယွဲ့နန်ကျိုး ... အဲ့နာမည်ကို ရင်းနှီးနေသလိုပဲ "

ထို့နောက် သူမ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကြသည်။

" ယွဲ့နန်ကျိုး .. အရင်က မသေမျိုးဘုရင်ကြီး ၊ လီဟောင် မသေမျိုးဘုရင်ကြီး ယွဲ့နန်ကျိုး လား.. "

အဘိုးအိုက ရှောက်ရအား အပြုံးဖြင့် ပြန်ကြည့်၏။.

" မလွယ်ပါလားကွ... ဒီနေ့ခေတ် လူငယ်တွေထဲမှာ ကျုပ်လို အဘိုးကြီးကို မှတ်မိတဲ့သူတွေ ရှိသေးတာပဲ "

ရှောက်ရ ရုတ်ချည်း စိတ်လှုပ်ရှားသွားကာ လောထျန်းဘက်လှည့်၍ ပြောလိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီလူကြီးက အရင်တုန်းက ဆယ်ဘွဲ့ရ မသေမျိုးဘုရင် တစ်ယောက်ပဲ ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်သောင်းချီအကြာလောက်က.. သူ မ​သေမျိုးဧကရာဇ်ဆင့်နီးပါး ရောက်ဖို့ကြိုးစားရင်းနဲ့ ရှူံးနိမ့်ခဲ့ပြီးတော့ သေသွားခဲ့တယ်လို့ ကျွန်မ ကြားဖူးခဲ့တာ ။ သူ ခုလို အသက်ရှင်နေဦးမယ်လို့ ထင်မထားမိဘူး "

သူမ အပြောကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားရပါသည်။

အဘိုးအိုတွင် ထိုသို့သော ဇာတ်လမ်းမျိုး ရှိနေမည်ဟု သူ မထင်ခဲ့မိပါ ။

ထိုစဥ်တွင် ယွဲ့နန်ကျိုးက ခေါင်းယမ်း၍ သက်ပြင်းချ၏။

" အဲ့ဒါတွေက အပြင်ကမ္ဘာက သူတွေရဲ့ အပြောသက်သက်ပါ.. "

ရှောက်ရ အံ့သြသွားကာ မေးလိုက်သည်။

" မဟုတ်မှလွဲရော.. တခြား လျှို့ဝှက်ချက်တွေ ရှိနေသေးတာလား... "

All Chapters