← Chapters

အခန်း (၈၁၁)

Vol. 58 Ch. 811

အခန်း (၈၁၁)

Vol. 58 Ch. 811

လောထျန်းက ယွဲ့နန်ကျိုးအား ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြ၏။

" ကောင်းပါပြီ ။ ခုချိန်ကစပြီးတော့ ကျုပ် သခင်ကြီးကို နောက်လိုက်အဖြစ် လက်ခံပါတယ် "

တဖက်လူသည် ဆယ်ဘွဲ့ရမသေမျိုးဘုရင်ကြီး ဖြစ်သည်ကို လောထျန်း ကောင်းကောင်းသိထားပြီးသားပင် ။

သူ့အစွမ်းကို ခဏဘေးဖယ်ထားလျှင်ပင်၊ သူ့ အသိပညာကို အားကိုး၍ အပေါ်ကမ္ဘာအကြောင်း စုံစုံလင်လင် သိရနိုင်ပါသည်။

" ဟုတ်ကဲ့ ။ လက်ထောက်ဂိုဏ်းချုပ်ကြီး.. ကျုပ်ကို ဘာများ တွေညွှန်ကြားချင်တာရှိလဲ "

ယွဲ့နန်ကျိုး အလေးနက် မေးလာသည်။

လောထျန်း လက်ကာပြ၍ ပြန်ပြောလိုက်၏။

" ကျုပ်ကို လက်ထောက်ဂိုဏ်းချုပ်ကြီးလို့ မခေါ်ပါနဲ့ဗျာ ၊ လောထျန်း လို့ပဲခေါ်ပါ ။ လောလောဆယ်

ကတော့ သခင်ကြီးရဲ့ အစွမ်းကို မြန်နိုင်သမျှအမြန်ဆုံး ပြန်ရဖို့လုပ်ရမယ် ။ အဲ့တော့ ဒီကြားထဲမှာ သခင်ကြီး တိုင်လင်စင်မြင့်မှာ နေပြီးတော့ ၊ အဖွဲ့ကို ကာကွယ်ပေးရင်းနဲ့ ကျင့်ကြံပေါ့ဗျာ "

ယွဲ့နန်ကျိုး ထပ်ပြီး ဦးညွှတ်အရိုအသေ ပေးလိုက်သည်။

" ဟုတ်ကဲ့ ၊ ကျုပ် သခင်ကြီးလောထျန်းရဲ့ အမိန့်ကို နာခံမှာပါ "

လောထျန်း မျက်နှာအနည်းငယ် မဲ့သွားပါ၏။ သို့သော်.. အမှန်ကို ပြန်ပြင်ပေးဖို့လည်း သူ ပျင်းလှသဖြင့် ဒီတိုင်းသာ ထားလိုက်သည်။

တဖက်မှ ရှောက်ရမှာကား အလွန်စိတ်လှုပ်ရှားနေပါ၏။

ယခု.. လောထျန်းနှင့် မူလဖန်တီးခြင်းစာကြည့်တိုက်၏ ကျေးဇူးကြောင့် သူမတို့ တိုင်လင်စင်မြင့် ယခင်လိုပြန်အင်အားကြီးလာတော့မှာ သေချာနေပြီ မဟုတ်ပါလား ။

အစပိုင်းတွင်မူ လောထျန်းမရှိသည့် အချိန်အတွင်း ပြဿနာလာရှာသည့်သူများအား မကိုင်တွယ်နိုင်မည်ကို သူမ စိုးရိမ်နေခဲ့သေးပါသည်။

သို့သော် ယခင် ဆယ်ဘွဲ့ရမသေမျိုးဘုရင်ကြီး ဖြစ်ခဲ့ဖူးသူတစ်ယောက် ရှိနေလျှင်ကား အခြေအနေ ပြောင်းသွားလေပြီ ။

ယွဲ့နန်ကျိုးသည် လက်ရှိတွင် မသေမျိုးဘုရင် အဆင့်တစ်သာ ရှိ​သည့်တိုင် ...

အမှန်တကယ် တိုက်ခိုက်ကြလျှင်မူ သူ့ တိုက်ခိုက်စွမ်းရည်က ထိုအဆင့်ထက် မကပါချေ။

အကယ်၍ သူသာ တိုင်လင်စင်မြင့်တွင် ရှိပါက.. လောထျန်းမရှိသည့် ကြားထဲတွင်လည်း သူမတို့ တိုင်လင်စင်မြင့်အတွက် ဘာအန္တရာယ်မှ ရှိနိုင်တော့မည် မဟုတ်ပါ။

သူမတို့ ဤနေရာသို့ လာခဲ့ရသည့် မူလရည်ရွယ်ချက်ဖြစ်သော အကြွေးကို မရခဲ့သည့်တိုင်..

ယခုလို ထိပ်တန်းအဆင့် သခင်ကြီးတစ်ယောက်အား ပြန်ခေါ်သွားနိုင်မည်ဖြစ်ရာ .. မည်သို့ပင်ကြည့်ကြည့် သူမတို့အတွက် အကျိုးအမြတ်ကြီး ဖြစ်ပါ၏။

" ကောင်းပြီဗျာ.. ဒါဆို ပြန်ကြရအောင်လေ "

လောထျန်း ခေါင်းကုတ်ရင်း ပြောလာသည်။

ကျန်နှစ်ယောက်မှာလည်း ဘာမှမဆိုဘဲ လောထျန်းနောက်မှ လိုက်သွားကြ၏။

ဤသို့ဖြင့်... သူတို့ တိုင်လင်စင်မြင့်သို့ ရောက်ချိန်တွင် ရှောက်ရက လောထျန်းအား ပြောလိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက မကြာခင်ကျင်းပတော့မှာနော် ။ သခင်ကြီး မေ့မနေနဲ့ဦး "

ထို အစီအမံညီလာခံသည် တိုင်လင်စင်မြင့်အတွက် နာမည်ပြန်ကျော်နိုင်မည့် အခွင့်ကောင်းတစ်ခုဖြစ်ရာ ရှောက်ရ ၎င်းကို အရေးကြီးကိစ္စအဖြစ် သတ်မှတ်ထားပါ၏။

" စိတ်မပူပါနဲ့ ... အစီအမံညီလာခံ မစခင်ကြားထဲမှာ ကျုပ် တိုင်လင်စင်မြင့်မှာပဲ နေမှာ "

လောထျန်း မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။

ထို အစီအမံညီလာခံမှာ လောထျန်းအတွက်လည်း အရေးကြီးပါ၏။

သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် လိုသောပစ္စည်းများကို ထိုညီလာခံမှ ရနိုင်သည်မဟုတ်ပါလား ။

သူ့စကားကို ကြားသောအခါ တိုင်လင်စင်မြင့်မှ လူများအားလုံး ဝမ်းသာပျော်ရွှင်သွားကြသည်။

လောထျန်း၏ အစီအမံပညာရပ်တွင် ထူးချွန်မှုကို သူတို့ သိထားပြီးဖြစ်ရာ ...

သူသာ တိုင်လင်စင်မြင့်တွင် ရှိနေပါက အစီအမံနှင့် ပတ်သက်ပြီး သူတို့ နားမလည်သမျှကို သူ့အား မေး၍ ရပေမည်။

ဤသို့ဖြင့်..... လောထျန်းသည် အစပိုင်းတွင် တိုင်

လင်စင်မြင့်၌ ရက်အနည်းငယ်ခန့် အေးဆေးအနားယူမည်ဟု စဥ်းစားထားခဲ့သော်လည်း ...

တိုင်လင်စင်မြင့်၏ အကြီးအကဲများစွာက သူ့ဆီသို့ နေ့နေ့ညည မေးခွန်းပေါင်းစုံဖြင့် ရောက်လာခဲ့ကြသည်။

ဤသို့ဖြင့် ထိုအတိုင်းရက်ဆက်လာပြီး.. လောထျန်းတစ်ယောက် စိတ်ညစ်၍ လဲကျလုနီး ဖြစ်နေချိန်တွင်...

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ကျင်းပမည့်နေ့ ရောက်လာခဲ့တော့သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ်လဲ ညီလာခံကို အတူတူလိုက်ခဲ့မယ်နော် ။ လမ်းမှာ သခင်ကြီးကို အစီအမံတွေနဲ့ ပတ်သက်ပြီး မေးလို့ရတာပေါ့ "

အကြီးအကဲရှုက လောထျန်းအား မျှော်လင့်တကြီး ကြည့်ရင်း ပြောလိုက်သည်။

လောထျန်းနှင့် အတူရှိခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ အစီအမံပညာရပ်အပေါ် နားလည်မှုက များစွာပင် တိုးလာခဲ့ပါ၏။

လောထျန်း အစီအမံများအား ပြင်ဆင်နေသည်ကို ကြည့်ရသည်ကပင် သူ့အတွက် တန်ဖိုးကြီးလှပါသည်။

သို့သော် တဖက်မှ လောထျန်းမှာမူ.. ထိုစကားကို ကြားသည်နှင့် အလန့်တကြား ထရပ်မိသွား၏။

" လိုက်ခဲ့ဖို့ မလိုပါဘူးဗျာ ။ ဒီတစ်ခေါက်က ကျုပ်နဲ့ ရှောက်ရနဲ့ဆို လုံလောက်ပါတယ် "

မျက်လုံးတဝိုက် အမည်းရောင်အကွင်းကြီး ရှိနေသော လောထျန်း ပြန်ပြောလိုက်သည်။

ထိုလူကြီးကိုသာ မေးခွန်းပေါင်းစုံ ဆက်မေးခွင့် ပေးထားလျှင် သူ ရူးတော့မည်လား မပြောနိုင်ပါ ။

" အင်.. ဟုတ်ကဲ့ "

အကြီးအကဲရှုနှင့် အခြားသူများ မျက်နှာညိုးသွားကြသည်။

သို့သော် လောထျန်းသည် သူတို့၏ လက်ထောက်

ဂိုဏ်းချုပ်ကြီးဖြစ်ရာ.. ဘာမှ ပြော၍မရပါချေ။

ရှောက်ရမှာကား လောထျန်းက သူမကို ခေါ်သွားမည်ဟု ပြောလာသဖြင့် အလွန်ဝမ်းသာသွား၏။

" ဘယ်တော့သွားကြမှာလဲ လက်ထောက်ဂိုဏ်းချုပ်ကြီး "

သူမ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

" သွားကြမယ်.. အခုသွားစို့ "

လောထျန်းမှာ ဤနေရာ၌ နည်းနည်းလေးပင် ထပ်မနေချင်တော့ပါ။

" အင်.. ဟုတ်ကဲ့ "

ရှောက်ရ ဦးညွှတ်၍ ပြောလိုက်သည်။

မကြာခင်မှာပင်.. လောထျန်းသည် ရှောက်ရနှင့်အတူ တိုင်လင်စင်မြင့်မှ အပြေးတစ်ပိုင်း ထွက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံရှေ့ ရောက်လာ၏။

ထို့နောက် .

ဝီ...

တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ၌ အလင်းတန်းတစ်ခု လက်သွားကာ လောထျန်းတို့နှစ်ယောက် နေရာမှ ပျောက်သွားကြသည်။

တခြားတဖက်၌... ရွှမ်လင်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ အရောင်လက်လာပြီး လောထျန်းနှင့် ရှောက်ရတို့ ပြန်ပေါ်လာ၏။

" ဟူး... နောက်ဆုံးတော့ ရောက်လာခဲ့ပြီ "

လောထျန်း ခေါင်းကုတ်ရင်း ရေရွတ်လိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အခုလို အခြေအနေကြီးနဲ့ အဆင်ပြေရဲ့လား "

ရှောက်ရက လောထျန်းအား စိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ် နည်းနည်းအိပ်ချင်နေတာပါ ။ ဘာမှ မဖြစ်ပါဘူး "

ထိုစဥ်မှာပင်.. စိတ်ဝိဥာဥ်အစွမ်း တစ်ခုက သူ့ထံ တိုးဝင်လာသည်ကို လောထျန်း ခံစားလိုက်ရသည်။

" ဟင်... "

လောထျန်း ထိုစိတ်ဝိဥာဥ်အစွမ်း ထွက်လာသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံ ဝတ်ထားပြီး ၊ ခပ်ချွန်ချွန် ဦးထုပ်တစ်လုံး ဆောင်းထားသည့် အမျိုးသမီးတစ်ယောက်အား တွေ့လိုက်ရသည်။

သူမဘေးတွင်လည်း အကူအမျိုးသမီးနှစ်ယောက် ပါပါပါသေး၏။

" ဘာဖြစ်လို့လဲ လက်ထောက်ဂိုဏ်းချုပ်ကြီး "

ရှောက်ရက လောထျန်း ပြောင်းလဲသွားပုံကို သတိထားမိကာ စိုးရိမ်တကြီး မေးသည်။

လောထျန်း မျက်မှောင်ကြုံ့ရင်း ပြန်ပြောလိုက်၏။

" အဲ့တစ်ယောက်က စိတ်ဝိဥာဥ်အစွမ်းနဲ့ ကျုပ်တို့ကို စစ်ဆေးကြည့်သွားတယ် "

ရှောက်ရ အံ့သြသွားသည်။

" ကျွန်မကျတော့ ဘာလို့ မခံစားမိတာလဲ မသိဘူး "

" သူက လျှို့ဝှက်ပြီး လုပ်သွားတာဆိုတော့ ခင်ဗျား မသိလိုက်တာ မဆန်းပါဘူး "

လောထျန်း ပြန်ပြော၏။

ရှောက်ရက နားမလည်သေးသည့် မျက်နှာဖြင့် အစိမ်းရောင်ဝတ် အမျိုးသမီးဘက် လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအမျိုးသမီး၏ မျက်နှာကို သူမ သေချာမမြင်ရပါချေ။

ထိုစဥ်မှာပင် တဖက်မှ အမျိုးသမီးကလည်း လောထျန်းနှင့် ရှောက်ရတို့၏ အကြည့်ကို သတိထားမိသွားပုံဖြင့် သူတို့ဘက် လှည့်ကြည့်လာသည်။

" ဘာဖြစ်လို့လဲ မမလေး "

သူမဘေးမှ အကူအမျိုးသမီးတစ်ဦးက မေး၏။

အစိမ်းရောင်ဝတ် အမျိုးသမီး မျက်မှောင်ကြုံ့လိုက်သည်။

" ကြည့်ရတာ အဲ့နှစ်ယောက်က ငါ စစ်ဆေးနေတာ

ကို သတိထားမိသွားတဲ့ပုံပဲ "

ထိုစကားကြောင့် ဘေးမှ အမျိုးသမီး လန့်သွားဟန်တူပြီးမှ အပြုံးဖြင့် ပြန်ပြော၏။

" မမလေး အတွေးလွန်နေပြီနဲ့ တူပါတယ် ။ မမလေးရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ဆို တခြားသူတွေကို စစ်ဆေးကြည့်ရင်တောင် ဘယ်သူက အာရုံခံမိမှာမို့လဲ ။ အဲ့နှစ်ယောက်က ဒီတိုင်း စူးစမ်းပြီးတော့ ဒီဘက်ကို ကြည့်နေကြတာ နေမှာပါ "

အစိမ်းရောင်ဝတ် အမျိုးသမီး ခေတ္တမျှ မှင်သက်နေပြီးမှ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်.. အတွေးလွန်သွားတာပဲ နေမှာပါ ။ သွားကြစို့လေ .. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွက် စာရင်းသွင်းရဦးမှာ.. "

ဘေးမှ အမျိုးသမီးက ပြော၏။

" ဟုတ်ကဲ့ ။ ဒီတစ်ခါတော့ မမလေးပဲ ချန်ပီယံနေရာကို ရမှာသေချာတယ် "

အစိမ်းရောင်ဝတ် အမျိုးသမီး သက်ပြင်းချလိုက်ပါသည်။

" အဲ့လို အနိုင်ရဖို့တော့လဲ မမျှော်လင့်ရဲပါဘူးရှင် ။ ထိပ်ဆုံး အဆင့် ၈ အတွင်းဝင်ပြီး ပြိုင်ပွဲ နောက်ဆုံးအဆင့်ထိ ရောက်နိုင်ရင်ကို ကျေနပ်ပါပြီ "

" အဲ့ဒါက ဘာပြဿနာမှ မရှိနိုင်ပါဘူး မမလေးရယ် "

အကူအမျိုးသမီး ပြန်ပြော၏။

ထို့နောက်.. သူတို့လူစု မြို့ထဲသို့ ဦးတည်သွားလိုက်ကြတော့သည်။

တဖက်မှ လောထျန်းမှာလည်း အစိမ်းရောင်ဝတ် အမျိုးသမီး ထွက်သွားသည်ကို မြင်ပြီး အာရုံထပ်မပေးတော့ဘဲ ရှောက်ရဘက် လှည့်၍ မေးလိုက်၏။

" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ဒီမှာ ကျင်းပမှာလား "

ရှောက်ရက ခေါင်းမြန်မြန်ယမ်းပြသည်။

" မဟုတ်ဘူးရှင့် ၊ ဒီဟာက အကြိုပြိုင်ပွဲ ပဲ "

" အကြိုပြိုင်ပွဲ.. ဟုတ်လား "

လောထျန်း နားမလည်ဟန်ဖြင့် ရှောက်ရဘက် လှည့်

ကြည့်လိုက်သည်။

ရှောက်ရ ရှင်းပြ၏။

" ဟုတ်တယ်ရှင့် ၊ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ချင်းယွမ်ဒေသထဲက နေရာတွေအပေါ် မူတည်ပြီးတော့ နေရာရှစ်ခုမှာ လူရွေးပွဲ အရင်လုပ်တယ် ။ တကယ်လို့ ဒါယွိနိုင်ငံက တစ်ယောက်ယောက်က ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်ဆိုရင် ဒီ ရွှမ်လင်မြို့က ရွေးချယ်ပွဲမှာ ထိပ်ဆုံးအဆင့်၈ အတွင်း ဝင်မှရမှာ "

လောထျန်း မျက်ခုံးပင့်သွားသည်။

" အလုပ်ရှုပ်လိုက်တာ "

ရှောက်ရက အပြုံးဖြင့် ပြန်ပြောရှာသည်။

" ဘယ်တတ်နိုင်မလဲရှင်.. အရင်တည်းက သတ်မှတ်ထားတဲ့ စည်းကမ်းချက်ဆိုတော့လဲ ။ လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ဦး ၊ အခု မြန်မြန်သွားပြီး စာရင်းသွင်းကြရအောင် ။ လွတ်သွားရင် မကောင်းဘူး "

လောထျန်း ခေါင်းညိတ်ပြီး ရှောက်ရနှင့်အတူ စာရင်း

သွင်းသည့်ရုံးသို့ လာခဲ့လိုက်ကြသည်။

" ပြိုင်ပွဲအတွက် စာရင်းသွင်းချင်တဲ့သူတွေက .. ဒီစာရွက်မှာ အချက်အလက်တွေ ဖြည့်ကြပါ ။ ကိုယ့်ရဲ့ အဖွဲ့နဲ့ ကျင့်ကြံခြင်းအဆင့်ကို သေချာဖြည့်ကြနော် "

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ လူကြီးတစ်​ယောက်က စိတ်မရှည်သည့် မျက်နှာကြီးဖြင့် ထိုစကားကို ထပ်ခါထပ်ခါ အော်ပြောနေ၏။

ရှောက်ရက စာရွက်တစ်ခုကို ချက်ချင်းယူကာ လောထျန်း၏ အချက်အလက်များကို ဖြည့်လိုက်ပြီးနောက် ပြန်ပေးလိုက်သည်။

တထက်မှ လူကြီးမှာ မျက်နှာသေဖြင့် ရှိနေရာမှ.... စာရွက်ပေါ်ရှိ လောထျန်း၏ အချက်အလက်များကို မြင်ပြီးနောက် မျက်မှောင်ကြုံ့သွားပြီး ပြော၏။

" တိုင်လင်စင်မြင့် က လောထျန်း... တုကျဲ့အဆင့်... နောက်နေတာလားကွ "

All Chapters