← Chapters

ချင်ပြည်နယ်တစ်ခုလုံး လှုပ်ခတ်သွားခြင်း

Vol. 5 Ch. 63

ချင်ပြည်နယ်တစ်ခုလုံး လှုပ်ခတ်သွားခြင်း

Vol. 5 Ch. 63

~ခရမ်းမြစ်ဓားဂိုဏ်း။

တောင်တန်းများကြားတွင် အဆောင် အမျိုးမျိုးတို့က သဘာဝရှုခင်းကို ပိုမိုပေါ်လွင်စေလျက် အံ့မခန်းစူးရှပြတ်သားသော အလှတရားဖြင့် တည်ရှိနေကြသည်။ ထိုအလှတရားမျိုးကို သာမန်လက်မှုပညာရှင်များ ဖန်တီးနိုင်မည်မဟုတ်ဘဲ ကျင့်ကြံထားသော သိုင်းပညာရှင်များ၏ အကူအညီဖြင့်သာ တည်ဆောက်နိုင်ပေလိမ့်မည်။ ဓားဂိုဏ်းတပည့်များက ထိုအဆောက်အအုံများကြားတွင် လှည့်လည်သွားလာနေကြပြီး တစ်ယောက်ချင်းစီတိုင်း ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေကြ၏။

ခရမ်းမြစ်ဓားဂိုဏ်းသည် ချင်ပြည်နယ်အတွင်း ကျော်ကြားသော ပထမတန်းစား ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး ၎င်း၏ခေါင်းဆောင် ခရမ်းမြစ်ဓားသခင်မှာ 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ယခုနှစ်အစောပိုင်းက သူ၏ နှစ် ၁၂၀ ပြည့်မွေးနေ့ပွဲတော်သည် လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့ပြီး ခရမ်းမြစ်ဓားဂိုဏ်းအပေါ် အာရုံစိုက်မှုများစွာ ရရှိစေခဲ့သည်။ ၎င်း၏ သြဇာလွှမ်းမိုးမှုမှာ ပို၍ပင် မြင့်တက်လာခဲ့လေ၏။

သို့သော် ယနေ့တွင်တော့ ခရမ်းမြစ်ဓားဂိုဏ်း၌ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ပါတော့သည်။

မိုးကုတ်စက်ဝိုင်းအထက်ဆီမှ တာအိုဝတ်ရုံနှင့် ပွုရိပ် တစ်ခု ကြယ်ကြွေတစ်ခုနှယ် ကျဆင်းလာပြီး ခရမ်းမြစ်ဓားဂိုဏ်း၏ အထက်တွင် ရပ်တန့်သွားသည်။ အစပိုင်းတွင် မည်သူမျှ သတိမထားမိခဲ့သော်လည်း သူ၏ မှိန်ဖျော့သော အသံက ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသောအခါ ခရမ်းမြစ်ဓားဂိုဏ်းမှ တပည့်များအားလုံး တုန်လှုပ်ခြောက်ခြားသော မျက်နှာထားများ ဖြစ်သွားကြရသည်။

တာအိုဆရာလုံရှန်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် ခရမ်းမြစ်ဓားဂိုဏ်းတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရင်း ကြေညာလိုက်သည်။

"ခရမ်းမြစ်... ထွက်လာပြီး ဒီတာအိုအဘိုးကြီးကို ရင်ဆိုင်စမ်း။"

(...'ဒီကောင်တွေ... ငါမရှိတုန်း ကောင်းကောင်း ဆော့ကြတယ်ပေါ့လေ'... )

တစ်ချိန်တည်းမှာပင် အံ့ဩဖွယ် ဖိနှိပ်ချုပ်ချယ်မှု အငွေ့အသက်တစ်ခုက ဆက်လက် တည်ဆောက်နေခဲ့သည်။

ခရမ်းမြစ်ဓားဂိုဏ်းမှ တပည့်များအားလုံး ကြောက်ရွံ့ရိုသေစွာဖြင့် မော့ကြည့်လိုက်ကြသည်။

(...'သေ... သေစမ်း... လေထဲမှာ လမ်းလျှောက်နေတယ်..'...)

"ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူပဲ.."

ဤအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံနှင့် ပုံသဏ္ဌာန်တစ်ခုကလည်း ခရမ်းမြစ်ဓားဂိုဏ်း၏ အတွင်းပိုင်းနက်နက်မှ ပျံထွက်လာပြီး အထက်သို့ တက်သွားလေသည်။ သို့သော် ဤခရမ်းရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်မှာ အားယူတက်လှမ်းနေရသည်မှာ ထင်ရှား၏။

တာအိုဆရာလုံရှန်းနှင့် ယှဉ်နိုင်ခြင်း မရှိဘဲ နောက်ဆုံးတွင် သူ့အောက်နားတွင်သာ ရပ်တန့်နေလိုက်ရကာ ထိုဖိနှိပ်ချုပ်ချယ်သော ခံစားချက်ကို မကျော်လွှားနိုင်ခဲ့ချေ။ 'မူလအမြုတေ နယ်ပယ်' ကျွမ်းကျင်သူ တစ်ဦးသည် 'ချီစွမ်းအင်' ကို အသုံးပြု၍ ခေတ္တမျှ ပျံဝဲနိုင်သော်လည်း 'ကောင်းကင်ဘုံလူသား နယ်ပယ်' နှင့် စွမ်းအား ကွာခြားချက်မှာ ကြီးမားလှပေသည်။

ခရမ်းမြစ်ဓားသခင်၏ ပတ်ပတ်လည်တွင် ဓားချီစွမ်းအင်များ အဆက်မပြတ် လွင့်မျောနေပြီး တုန်လှုပ်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နှက်နေ၏။ တာအိုဆရာလုံရှန်း၏ လုပ်ရပ်များက သူ့ကို လုံးဝ အလေးမထားကြောင်း ထင်ရှားစွာ ပြသနေသည်။

(... 'ဒီလူ... ငါ့ဂိုဏ်းတံခါးဝအထိ လာပြီးတော့များ'... )

သို့သော် သူက အတွင်းစိတ်မှ ဒေါသကို ချုပ်တည်းထားရပြီး အပြုံးတစ်ခုကို အနိုင်နိုင် ဖန်တီးလိုက်ရသည်။

"အော်... ညီအစ်ကို လုံရှန်း ပါလား...။

မတွေ့တာတောင် ကြာပြီပဲ...။

ညီအစ်ကို လုံရှန်းက 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ရောက်နှင့်နေပြီလို့တော့ မထင်ထားမိဘူး...။ တကယ်ကို အားကျစရာ ကောင်းလိုက်တာဗျာ"

သူ့စိတ်ထဲမှာတော့..

(... 'သေစမ်း... ဒီဘိုးတော် တကယ်ကြီး အဆင့်တက်သွားတာလား'... )

ဤစကားများက အမှန်တရားပင်။ 'မူလအမြုတေ နယ်ပယ်' မှ မည်သူက 'ကောင်းကင်ဘုံလူသား' ဖြစ်ရန်

မတောင့်တဘဲ ရှိပါမည်နည်း။ ချင်ပြည်နယ်မှ ကောလာဟလများက တာအိုဆရာ

လုံရှန်းသည် 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ချိုးဖြတ်ရန် တံခါးပိတ် ကျင့်ကြံနေသည်ဟု ဆိုကြသော်လည်း သူက အလေးအနက် မထားခဲ့။

'မူလအမြုတေ နယ်ပယ်' မှ ပုဂ္ဂိုလ်များသာ 'ကောင်းကင်ဘုံလူသား' ဖြစ်ရန် မည်မျှ ခက်ခဲကြောင်း သိကြသည်။ သို့သော် ယခု တာအိုဆရာလုံရှန်း လေထဲတွင် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသောအခါ ခရမ်းမြစ်ဓားသခင် ရုတ်တရက် စိတ်ထဲ မလုံမခြုံ ဖြစ်သွားရ၏။

တာအိုဆရာလုံရှန်းက ခရမ်းမြစ်ဓားသခင်ကို အေးစက်စက် မျက်လုံးများဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူ၏ ချီးကျူးစကားများကို လျစ်လျူရှုကာ

ရိုးရှင်းစွာ ဆိုလိုက်သည်။

"ပြောစမ်း... ဘာကိစ္စ ငါ့အစစ်အမှန်သိုင်းဂိုဏ်းကို ကြံစည်ရတာလဲ။"

ခရမ်းမြစ်ဓားသခင်၏ မျက်နှာ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

(... 'သေပြီ.. ဒီလူ သိသွားပြီ..'... )

"ဒါ... ဒါ... ဘာကို ဆိုလိုတာလဲ ညီအစ်ကို

လုံရှန်း။"

ခရမ်းမြစ်ဓားသခင်၏ နှလုံးသားထဲမှ မကောင်းသော နိမိတ်က ပိုမို အားကောင်းလာပြီး သူ၏ မျက်လုံးများ အနည်းငယ် တုန်ခါသွား၏။

တာအိုဆရာ လုံရှန်းကတော့ ခရမ်းမြစ်ဓားသခင်နှင့် အပိုစကားပြောရန် စိတ်ဝင်စားမှု မရှိခဲ့။

သူ၏ တာအိုဝတ်ရုံ လှုပ်ခတ်သွားသည်နှင့် 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' များ စုစည်းလာပြီး ခရမ်းမြစ်ဓားသခင်ကို ဖိနှိပ်လိုက်၏။ ခရမ်းမြစ်ဓားသခင်က

ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လုံရှန်း.. မင်းက 'ကောင်းကင်ဘုံလူသား' ဖြစ်သွားတာနဲ့ မင်းကို ဘယ်သူမှ နိုင်မှာမဟုတ်ဘူးလို့ ထင်နေတာလား။ ဒီနေ့ မင်းက အကြောင်းပြချက်မရှိဘဲ ငါ့ခရမ်းမြစ်ဓားဂိုဏ်းကို အနိုင်ကျင့်နေတာ...။ ဒီလို မိစ္ဆာဆန်တဲ့ လုပ်ရပ်မျိုးကို ချင်ပြည်နယ်က လက်ခံမှာ မဟုတ်ဘူးကွ.."

(... 'ငါ့ဂိုဏ်းတပည့်တွေ ရှေ့မှာတော့ အလျော့ပေးလို့ မဖြစ်ဘူး'... ) သူက ကြမ်းတမ်းစွာ ဟန်ဆောင်နေသော်လည်း အတွင်းစိတ်ထဲတွင် ကြောက်ရွံ့နေသည်မှာ ထင်ရှားသည်။ သို့သော် တာအိုဆရာလုံရှန်းက အေးစက်စက်သာ ရယ်မောလိုက်၏။

"ခေါင်းမာပြီး အသိဉာဏ်ကန်းတဲ့ကောင်။"

လုံရှန်းက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ဧရာမ လက်ဝါးတံဆိပ်တစ်ခုက မယုံကြည်နိုင်လောက်သော စွမ်းအားဖြင့် ဆင်းသက်လာခဲ့လေပြီ။

"ငါ ခရမ်းမြစ်ဓားသခင်ကို ပမွှားလေး မှတ်နေတာလား။ မင်း 'ကောင်းကင်ဘုံလူသား' ဖြစ်သွားရင်တောင် ဒီလောက် ရမ်းကားလို့ရမယ် မထင်နဲ့ကွ.."

ခရမ်းမြစ်ဓားသခင်က ဒေါသဖြင့် အော်ဟစ်လိုက်ပြီး သူ့ပတ်ပတ်လည်မှ ဓားချီစွမ်းအင်များ စုစည်းကာ စူးရှသော အရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲလျက် တာအိုဆရာလုံရှန်းထံသို့ ခုတ်ပိုင်းသွားလေသည်။

တစ်ခဏအတွင်းမှာပင် ထိုနှစ်ဦး ပျံဝဲနေသော ဧရိယာသည် အစွမ်းထက်သော လှိုင်းဂယက်များဖြင့် ပြည့်နှက်ကာ အပြင်ဘက်သို့ ပျံ့နှံ့ထွက်သွားသည်။ ထိုပုံရိပ်နှစ်ခုက အဆက်မပြတ် မြင့်တက်သွား၏။ လူတိုင်း၏ တင်းမာသော အကြည့်များအောက်တွင် တိုက်ပွဲကြီးတစ်ခု စတင်တော့မည်။ (... 'မဟုတ်လောက်ဘူး...။ တိုက်ပွဲလို့တောင် ခေါ်လို့ရပါ့မလား...။ တစ်ဖက်သတ် အထုခံရပွဲ ဖြစ်ဖို့များတယ်'... )

ခရမ်းမြစ်ဓားသခင် သူ့စကားကို မဆုံးသေးခင်မှာပင် ရုတ်တရက် အမြင့်မှ ထိုးကျသွားလေတော့သည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် အဖြေက ထွက်ပေါ်သွားခဲ့၏။ ထိုကြီးမားသော လက်ဝါး တံဆိပ်သည် ဂုဏ်သရေရှိ 'မူလအမြုတေ နယ်ပယ်' သခင် ခရမ်းမြစ်ဓားသခင်ကို မြေမှုန့်ထဲသို့ အတင်းအကျပ် ရိုက်ချလိုက်သည်။ ဤအခိုက်အတန့်တွင် ခရမ်းမြစ်ဓားသခင်၏အရိုးများ ကြေမွသွားခဲ့ပြီး မြေပြင်ပေါ်တွင် သွေးများ အန်ရင်း လဲကျနေကာ သူ၏ဓားပင် ကျိုးသွားခဲ့သည်။

ပတ်ဝန်းကျင်မှ တပည့်များမှာ သူတို့မျက်စိရှေ့မှ မြင်ကွင်းကို တုန်လှုပ်ခြင်း၊ ရှုပ်ထွေးခြင်းတို့ဖြင့် ကြည့်နေကြ၏။ တစ်ချိန်က အစွမ်းထက်လှသော ခရမ်းမြစ်ဓားဂိုဏ်း၏ အပြင်းထန်ဆုံးသခင် ယခု ရှုံးနိမ့်သွားပုံမှာ အလွန် အစစ်အမှန်မဆန်ဟု ထင်ရလောက်အောင် ဖြစ်နေသည်။ သူထံသို့ ချဉ်းကပ်ရန် သတ္တိ မရှိခဲ့ကြပေ။ သူတို့၏ တာအိုဆရာလုံရှန်းအပေါ် အကြည့်များမှာ ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ဤအခိုက်အတန့်တွင် သူတို့သည် 'ကောင်းကင်ဘုံလူသား နယ်ပယ်' နှင့် 'မူလအမြုတေ နယ်ပယ်' ကြားမှ ကွာခြားချက်ကို အမှန်တကယ် နားလည်သွားကြတော့သည်။

ခရမ်းမြစ်ဓားသခင်သည် သူ၏ ဓားကျိုးကို မြှောက်ကိုင်ရန် အားယူလိုက်ပြီး မျက်လုံးများမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

(... 'သေစမ်း... ငါသာ အစွမ်းကုန်ထုတ်ခဲ့ရင် ခုခံနိုင်မယ် ထင်ခဲ့တာ...။ ဒီလောက်တောင် စုတ်စုတ်ပြတ်ပြတ် ရှုံးသွားရတယ်လို့'... )

မူလက သူ အစွမ်းကုန် ထုတ်သုံးခဲ့လျှင် ခုခံနိုင်မည့် အခွင့်အရေး ရှိနိုင်သည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အလွန်ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်ပင်။

ခရမ်းမြစ်ဓားသခင်က သူ့ထံ ပြေးလာရန် ကြိုးစားနေသော တပည့်များကို လက်ဝှေ့ယမ်း တားဆီးလိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်လိုက်၏။

ထိုစဉ် တာအိုဆရာလုံရှန်းက လက်ပိုက်လျက် လေထဲမှ ဖြတ်ကျော်ကာ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

တာအိုဆရာလုံရှန်းသည် ခရမ်းမြစ်ဓားသခင်၏ ဆိုးရွားသော အခြေအနေကို သနားကြင်နာမှု တစ်စိုးတစ်စိမျှမရှိဘဲ ကြည့်ရှုရင်း သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ စစ်မေးလိုက်သည်။

"ပါဝင်ပတ်သက်တဲ့ လူတွေ နာမည်ပြော...။ ပြောရင် မင်း တစ်ယောက်တည်း သေရမယ်။"

"မင်း မပြောဘူးဆိုရင်... ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားရမယ်"

စကားလုံးများက ငြိမ်သက်နေသော်လည်း လူတိုင်း လုံးဝ ထိတ်လန့်သွားကြသည်။ တာအိုဆရာလုံရှန်းက သူ၏စွမ်းအားဖြင့် ဤသို့ ပြောဆိုရန် အရည်အချင်း ရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

ခရမ်းမြစ်ဓားသခင်သည် သွေးများကို အဆက်မပြတ် အန်ထုတ်နေပြီး အဆုံးမရှိသော နောင်တများ သူ၏နှလုံးသားထဲ လှိုက်တက်လာခဲ့သည်။

(... 'ငါသာ... အဲ့ဒီကောင်တွေရဲ့ လှေကြီးကို စီးဖို့... ဝင်မပါခဲ့မိရင်... အခုလို ဖြစ်မှာမဟုတ်ဘူး'... )

နောင်တရရင်း သူက ခါးသီးသော အပြုံးဖြင့် ညည်းညူလိုက်သည်။

"လောကကြီးက ညီအစ်ကို လုံရှန်းက ပါရမီမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတယ်...။ အရင်တုန်းကတော့ ငါက ဒါကို ချဲ့ကားပြောတယ်လို့ အမြဲထင်ခဲ့တာ...။ ငါက မင်းနဲ့ ယှဉ်နိုင်တယ်လို့ ထင်ခဲ့တာ...။ ဒီနေ့မှပဲ... ငါ... ဘယ်လောက်တုံးအခဲ့လဲဆိုတာ သိလိုက်ရတယ်"။

"ညီအစ်ကို လုံရှန်း... ကတိတည်ပါစေလို့ပဲ... မျှော်လင့်ပါတယ်"

ခရမ်းမြစ်ဓားသခင်က ဓားဂိုဏ်းနှင့် မရေမတွက်နိုင်သော တပည့်များကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး လေးနက်စွာ ကြေညာလိုက်သည်။

"ဒီနေ့ကိစ္စက လုံးဝ ငါ့ရဲ့ လုပ်ရပ်သက်သက်ပဲ...။ ငါ သေပြီးနောက်... ခရမ်းမြစ်ဓားဂိုဏ်းကို ဖျက်သိမ်းလိုက်ကြ...။ မင်းတို့ တစ်ယောက်ချင်းစီ ကိုယ့်လမ်းကိုယ်ရှာ... ကောင်းကောင်းကျင့်ကြံကြ...။ ဘာမှ

မမှန်ကန်တဲ့ အတွေးအခေါ်တွေ မထားကြနဲ့.."

ခရမ်းမြစ်ဓားဂိုဏ်းမှ တပည့်များအားလုံး ဝမ်းနည်းပူဆွေးစွာဖြင့် ကြည့်နေကြသည်။

ထိုသို့ပြောပြီးနောက် ခရမ်းမြစ်ဓားသခင်သည် သူ၏ကျိုးနေသော ဓားကို ဆွဲယူကာ သူ၏လည်ပင်းကို လှီးဖြတ်လိုက်လေတော့သည်။

သူသည် သူ၏ နှစ် ၁၂၀ ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့ပြီးဖြစ်ပြီး သူ၏ဘဝသည် ၁၂၀ တွင် အဆုံးသတ်သွားခဲ့လေ၏။

တာအိုဆရာလုံရှန်းကတော့ တိတ်ဆိတ်စွာ ကြည့်နေရုံသာ မည်သည့် တုံ့ဆိုင်းမှုမှ မရှိခဲ့။ သူက အားနည်းသူများကို သနားနိုင်သော်လည်း အစစ်အမှန်သိုင်းဂိုဏ်းကို ကြံစည်သူများကို ဘယ်တော့မှ စာနာမည် မဟုတ်ပါ။

(... 'ငါ့တပည့်လေး နင်ချီသာ မရှိခဲ့ရင်... ငါ တံခါးပိတ်တာက ထွက်လာတဲ့အခါ... ဘယ်တော့မှ မကြားချင်တဲ့... ပျက်စီးခြင်းသတင်းကို ကြားလိုက်ရလောက်ပြီ'... )

ဝမ်းနည်းပူဆွေးမှုများဖြင့် လွှမ်းခြုံနေသော ခရမ်းမြစ်ဓားဂိုဏ်းကို ကြည့်ရင်း တာအိုဆရာလုံရှန်းက 'ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြ' ဟု ရိုးရှင်းစွာ ပြောကြားပြီး ထွက်ခွာသွားခဲ့သည်။

ဤလူများက အရေးမကြီးတော့ပါ။ ခရမ်းမြစ်ဓားသခင် မရှိတော့ဘဲ သူတို့၏ အခြေခံအုတ်မြစ်ကိုပင် မကာကွယ်နိုင်တော့ချေ။

ခရမ်းမြစ်ဓားသခင် မိမိကိုယ်ကိုယ်

အဆုံးမစီရင်မီ သူသည် တာအိုဆရာလုံရှန်း သိလိုသမျှ အရာအားလုံးကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

(... 'ချင်ပြည်နယ် ဝမ်မိသားစုရဲ့ အဓိကမျိုးဆက်... ဝမ်ချင်းဖုန်း... ဟုတ်လား...။ တစ်ယောက်ချင်းစီ ရှင်းရသေးတာပေါ့'... )

ကြိမ်းဝါးရင်း တာအိုဆရာလုံရှန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ချင်ပြည်နယ်မှ ဝမ်မိသားစုသည် ထိပ်တန်းအဆင့် မိသားစုတစ်ခုဖြစ်ပြီး 'ကောင်းကင်ဘုံလူသား နယ်ပယ်' ဘိုးဘေးတစ်ဦးပင် ရှိနေသည်။ သို့သော် သူက ကြောက်ရွံ့ခြင်းမရှိခဲ့။ ထိုဘိုးဘေးသည် သူ၏ဘဝ အဆုံးသတ်နီးကပ်နေပြီး 'ကောင်းကင်ဘုံလူသား' ၏ ပထမနယ်ပယ်တွင်သာ ရှိနေသေးကြောင်း သူ သိသည်။ (... 'လိုအပ်လာရင်တော့... နှစ်ယောက်လုံး... ပြတ်ပြတ်သားသား... တိုက်ခိုက်ကြတာပေါ့..'... )

သို့သော် ဤအဖြစ်အပျက်သည် ဝမ်မိသားစုမှ စတင်ခဲ့သော်လည်း ထိုဘိုးဘေးက သိရှိချင်မှ သိရှိပေလိမ့်မည်။ တာအိုဆရာလုံရှန်းက တစ်ယောက်ချင်းစီ စာရင်းရှင်းရန် စီစဉ်လိုက်သည်။

တာအိုဆရာလုံရှန်း ထွက်ခွာသွားခဲ့သည်။

နောက်တစ်နေ့တွင် ခရမ်းမြစ်ဓားသခင်သည် တာအိုဆရာလုံရှန်း၏ ဖိနှိပ်ခြင်းနှင့် ကွပ်မျက်ခြင်းကို ခံလိုက်ရသည့် သတင်း ပျံ့နှံ့သွားပြီး ချင်ပြည်နယ်တစ်ခုလုံးတွင် ဂယက်ရိုက်သွားခဲ့သည်။

သိုင်းလောကက ယခုအခါ သိရှိသွားခဲ့လေပြီ။

တာအိုဆရာလုံရှန်းသည် သူ၏တရားထိုင်ခြင်းမှ အဆင့် ချိုးဖြတ်နိုင်ခဲ့ပြီး 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ရောက်ရှိသွားခဲ့ကာ မဟာယန် တစ်ခွင်လုံးတွင် အမှန်တကယ် ပြိုင်ဘက်ကင်းသော ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့လေပြီ။

ယခုအခါ မုန်တိုင်း တစ်ခု တိုက်ခတ်နေခဲ့ပြီ ဖြစ်ပြီး လူတိုင်း သိကြသည်မှာ တာအိုဆရာ လုံရှန်းသည် ယခင်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းလင်းရန် ရည်ရွယ်နေပြီ ဖြစ်ကြောင်းပင်။

All Chapters