← Chapters

ဦးညွှတ်ခြင်း

Vol. 5 Ch. 65

ဦးညွှတ်ခြင်း

Vol. 5 Ch. 65

~တာအိုဆရာလုံရှန်း၏ တာအိုဝတ်ရုံသည် လှုပ်ခတ်လွင့်ပျံနေပြီး ထူးကဲသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ သူ၏ဟန်ပန်မှာ တည်ငြိမ်လှပြီး ဘိုးဘေးဝမ်၏ အဆင့်အတန်းနှင့် ကိုက်ညီနေကာ မျက်လုံးများက တောက်ပစွာ အရောင်လက်နေပါ၏။ ဘိုးဘေးဝမ်ကဲ့သို့ အံ့ဩဖွယ် အသက်စွမ်းအား ပြောင်းပြန်လှန်ခြင်း ဖြစ်စဉ်မျိုး သူ့ထံတွင် မရှိသော်ငြားလည်း သူ၏အရှိန်အဝါမှာ မည်သို့မျှ နိမ့်ကျမနေခဲ့ချေ။

ဘိုးဘေးဝမ်က ရုတ်တရက် ကြွေးကြော်လိုက်သည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်.."

နောက်တစ်ခဏတွင် ပုံရိပ် နှစ်ခုလုံး ကောင်းကင်သို့ ပျံတက်သွားကြပြီး ထူထပ်သော 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' များက သူတို့နှစ်ဦးကို ဗဟိုပြုလျက် ပြင်းထန်စွာ တိုက်ခတ်ကာ အပြင်ဘက်သို့ အဆက်မပြတ် ပျံ့နှံ့ထွက်သွားရာ ကြည့်ရှုနေသူအားလုံး အံ့အားသင့်သွားကြရပါတော့သည်။ 'ချီစွမ်းအင် နယ်ပယ်' မှ ပုဂ္ဂိုလ်များသာ သူတို့၏ ရပ်တည်မှုကို အနိုင်နိုင် ထိန်းထားနိုင်ပြီး အခြားသူများမှာမူ ထိန်းချုပ်မရနိုင်ဘဲ ယိမ်းယိုင်သွားကြရလေ၏။

ထိုနှစ်ဦးသာ ဆန္ဒအလျောက် လေထဲသို့

တက်မသွားခဲ့ပါလျှင် ကျန်ရှိသော စွမ်းအားသက်သက်ကပင် ဝမ်မျိုးနွယ်စု၏ ဟွာစံအိမ်အပေါ် ကပ်ဘေးသင့်လောက်သော ပျက်စီးမှုကို သက်ရောက်စေနိုင်ပေသည်။

ဝမ်မျိုးနွယ်စုဝင်များအားလုံး လေးနက်သော မျက်နှာထားများ ရှိနေကြသည်။ အထူးသဖြင့် ဤကပ်ဘေး၏ အကြောင်းရင်းဖြစ်သော လူလတ်ပိုင်းအရွယ် ဝမ်ချင်းဖုန်းပင်တည်း။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး အစောပိုင်းက လောဘဇောဖြင့် အစစ်အမှန်သိုင်းဂိုဏ်း၏ အမွေအနှစ်ကို တပ်မက်ရန် ကြိုးပမ်းခဲ့မှုအတွက် အကြီးအကျယ် နောင်တရနေခဲ့သည်။

(... 'သေစမ်း... ဒီဘိုးတော် လုံရှန်းက တကယ်ကြီး 'ကောင်းကင်ဘုံ လူသား' ဖြစ်သွားပြီး ဒီလောက်တောင် မကြောက်မရွံ့ ငါတို့ဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ'... )

ယခု သူ မျှော်လင့်နိုင်သည်မှာ သူတို့အိမ်၏

ဘိုးဘေးက တာအိုဆရာ လုံရှန်းကို တွန်းလှန်နိုင်ရန်သာ ဖြစ်သည်။ မဟုတ်ပါက သူ၏ ကံကြမ္မာမှာ ယနေ့ ကောင်းမွန်လိမ့်မည် မဟုတ်ချေ။

ဝမ်ချင်းဟယ်နှင့် အခြားသူများလည်း ဝမ်ချင်းဖုန်း၏ ဟန်ပန်ကို သဘာဝအတိုင်း သတိပြုမိကြပြီး တစ်ယောက်ချင်းစီတွင် ပြင်းထန်သော ဒေါသမီးများ တောက်လောင်ကာ ဝမ်ချင်းဖုန်းကို ဆွဲဆုတ်ပစ်ချင်စိတ်များ ပေါက်နေကြသည်။ သို့သော် ယခုအချိန်တွင်တော့ သူတို့ အပြင်လူကိုသာ စုပေါင်း၍ ရင်ဆိုင်ရမည် ဖြစ်သည်။ မည်သည့် အပြစ်ပေးမှုမဆို နောက်မှ စောင့်ဆိုင်းရမည်သာ။

မျက်လုံးအားလုံး ကောင်းကင်ယံသို့ စူးစိုက်ကြည့်နေကြ၏။

ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသော ပုံသဏ္ဌာန်နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရန် ပြေးဝင်သွားကြသည်။ သူတို့၏ အစစ်အမှန် ပုံသဏ္ဌာန်များမှာ မထင်မရှား ဖြစ်နေပြီး အဆက်မပြတ် ပွင့်လန်းနေသော တောက်ပသည့် အလင်းတန်းနှစ်ခုအဖြစ်သာ မသဲမကွဲ မြင်နိုင်ရာ လူအများကို ကြောက်ရွံ့ရိုသေသွားစေသည်။ ရံဖန်ရံခါ ပေါက်ကွဲသံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး မြို့တော်တစ်ခုလုံး၏ အာရုံစိုက်မှုကို ဖမ်းစားထားလေ၏။

၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ကျွမ်းကျင်မှုတို့၏ စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။ ထို့အပြင် 'ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား' များ တိုက်ခတ်ကြရာ အံ့ဩဖွယ် လှိုင်းဂယက်များ ထုတ်လွှတ်နေခဲ့သည်။ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကျွမ်းကျင်သူများကြားမှ တိုက်ပွဲတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခွင့်ရခြင်းမှာ အလွန်ရှားပါးလှသည်။ လူအများအပြားက ဤ အမြင်ကျယ်စေမည့် အခွင့်အရေးကောင်းကို လက်လွတ်မခံလိုဘဲ စူးစိုက်ကြည့်နေကြပြီး မျက်ရည်များ ဝေ့ဝဲလာသည်အထိ မျက်တောင်ပင် မခတ်ဝံ့ကြချေ။

'ချီစွမ်းအင် နယ်ပယ်' မှ အသိပညာကြွယ်ဝသော ကျွမ်းကျင်သူတစ်ဦးမှာ တုန်လှုပ်မှုများဖြင့် လွှမ်းမိုးခံရကာ မိမိကိုယ်ကိုယ် တီးတိုးရေရွတ်နေမိသည်။

(... 'အံ့... အံ့ဩဖို့ ကောင်းလိုက်တာ'... )

"ကောလာဟလတွေအရ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကျွမ်းကျင်သူတွေက အနှစ်သာရ၊ ချီ၊ ဝိညာဉ် ပန်းသုံးပွင့်ကို ကျင့်ကြံကြတယ်တဲ့။ လမ်းကြောင်းတစ်ခုစီကို အဆုံးစွန်ထိ လျှောက်လှမ်းနိုင်ရင် အမြင့်မြတ်ဆုံး စွမ်းအားကို ပိုင်ဆိုင်နိုင်တယ် ဆိုပဲ။ ဘိုးဘေးဝမ် ခုနက ပြောသွားသလိုပဲ နှစ်ယောက်လုံးက အနှစ်သာရပန်းကို ကျင့်ကြံနေကြတာဆိုတော့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေက ငါတို့ စိတ်ကူးနိုင်တာထက် ကျော်လွန်နေရမယ်"

"မကြာသေးခင်ကမှ 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ချိုးဖြတ်နိုင်ခဲ့တဲ့ သိုင်းပညာရှင် လုံရှန်းက ဒီလောက် ကြောက်မက်ဖွယ် စွမ်းအား ပိုင်ဆိုင်ထားလိမ့်မယ်လို့တော့ မထင်ထားခဲ့မိဘူး။"

ပရိသတ်မှာ ဝေဖန်နေကြတော့၏။

လူတိုင်း အံ့အားသင့်သွားကြသည်။ တာအိုဆရာလုံရှန်း ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းငယ် ထူးကဲနေပြီး လူအများကို ကြောက်ရွံ့ရိုသေသွားစေခဲ့သည်။

"အသက်တစ်ရာမပြည့်ခင် 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ရောက်ရှိပြီး ဒီလောက် စွမ်းအားရှိမှတော့ သိုင်းပညာရှင် လုံရှန်းက အနာဂတ်မှာ 'ကောင်းကင်ဘုံလူသား စာရင်း' မှာ ပါဝင်လာမှာ သေချာသလောက်ပဲ။ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်ဖို့ အခွင့်အလမ်း ရှိမရှိတော့ မသေချာဘူး.."

သို့သော် အချို့က သဲလွန်စအချို့ကို သတိပြုမိခဲ့ကြသည်။

"ဘိုးဘေးဝမ်က နောက်ဆက်တွဲ ခွန်အား နည်းနည်း လျော့နေသလိုပဲ။ ဖြစ်နိုင်တာက သူက သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ချဉ်းကပ်နေပြီ။ သူ့ရဲ့ အသက်စွမ်းအားက ကျဆင်းနေပြီ။ ဘိုးဘေးဝမ်က 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို ချိုးဖြတ်ဖို့ ထူးကဲတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတဲ့ ကောလာဟလက တော်တော်လေး မှန်လောက်တယ်"။

ကောင်းကင်အထက်ဆီတွင် အလင်းတန်းနှစ်ခု ဆက်လက် မြင့်တက်သွားပြီး နောက်ဆုံးတွင်

မသဲမကွဲ လှုပ်ရှားမှုအချို့သာ ပြသနေတော့သည်။ ဘိုးဘေးဝမ်က အားသာချက် အနည်းငယ် ရှိနေပုံရသော်လည်း တာအိုဆရာ

လုံရှန်းမှာလည်း တန်ပြန်တိုက်ကွက်များ မရှိသည်တော့ မဟုတ်။ ဤရလဒ်က လူတိုင်းကို အသက်အောင့်ထားစေခဲ့သည်။ မူလက ဘိုးဘေးဝမ်၏ ရာစုနှစ်ပေါင်းများစွာ ပိုမိုသော ကျင့်ကြံမှုက တာအိုဆရာလုံရှန်းကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ယခုအခါ အခြေအနေ ပြောင်းလဲသွားပုံရပြီး နောက်ဆုံးရလဒ် မည်သို့ ဖြစ်လာမည်ကို မသိနိုင်တော့ချေ။

လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြသည်။

ဝမ်မျိုးနွယ်စုဝင်များမှာတော့ အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေကြသည်။ သူတို့ ဘိုးဘေး၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ နားလည်ကြသည်။ အထူးသဖြင့် လက်ရှိ မိသားစု အကြီးအကဲ ဝမ်ချင်းဟယ်ပင် ဖြစ်သည်။ သူက ဝမ်ချင်းဖုန်းကို စိုက်ကြည့်ရင်း အံကြိတ်ကာ သူ့ခေါင်းကို ဖြတ်ပစ်ချင်စိတ်များ ပေါက်နေခဲ့သည်။

(... 'ဒီကောင်... ဒီကောင့်ကြောင့် ငါတို့ ဝမ်မိသားစု...'...)

ယနေ့နောက်ပိုင်း ဝမ်မျိုးနွယ်စု၏ ဂုဏ်သိက္ခာ ကျဆင်းသွားမည်မှာ သေချာနေခဲ့ပြီ။

မျက်လုံးအားလုံး ကောင်းကင်ယံသို့ ပြန်လှည့်သွားကြသည်။

အချိန်သည် တင်းမာသော၊ လေးနက်သော မျှော်လင့်ချက်များဖြင့် ကုန်ဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်ယံမှ အလင်းတန်းနှစ်ခု တဖြည်းဖြည်း ဆင်းသက်လာခဲ့ပါတော့သည်။ လူတိုင်း လည်ပင်းဆန့်တန်းကာ နှလုံးခုန်သံများ မြန်ဆန်နေကြပြီး ထိုပုဂ္ဂိုလ်နှစ်ဦးစလုံး ယခင်ကနှင့် အနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ကြရသည်။

တာအိုဆရာလုံရှန်း၏ တာအိုဝတ်ရုံမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေ၏။ သူ၏ တာအိုဆံထုံးမှာ ကြေမွသွားကာ အနက်ရောင်ဆံပင်များက ခါးအထိ ဝဲကျလျက် လေထဲတွင် တဝဲဝဲ လွင့်နေခဲ့သည်။ နှုတ်ခမ်းထောင့်တွင် သွေးစ အနည်းငယ် စို့နေသော်လည်း သူ၏မျက်လုံးများထဲမှ တောက်ပမှုမှာ အနည်းငယ်မျှ မှေးမှိန်မသွားဘဲ ပို၍ပင် ပြင်းထန်လာခဲ့သည်။

ဘိုးဘေးဝမ်မှာတော့ သူ၏ လူလတ်ပိုင်းအရွယ် ဟန်ပန် မဟုတ်တော့ဘဲ တန်ဖိုးကြီး ဝတ်စုံနှင့်

အဘိုးအိုတစ်ဦးအဖြစ် ပြန်လည် ပေါ်လာခဲ့သည်။ သို့သော် သူ၏အသက်ရှုသံမှာ တည်ငြိမ်နေပြီး လက်များကို နောက်ပစ်ထားကာ မသိနိုင်သော အရာတစ်ခုကို တွေးတောနေဟန် ရှိသည်။

ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော လူအုပ်ကြီးမှာ တာအိုဆရာလုံရှန်း ရှုံးနိမ့်သွားလေသလားဟု စတင် မှန်းဆနေကြသည်။ ဝမ်မျိုးနွယ်စုဝင်များ၏ မျက်နှာများ ဝမ်းသာရိပ်ဖြင့် လင်းလက်သွားကြ၏။

သို့သော် ဘိုးဘေးဝမ်၏ နောက်ထွက်လာသော စကားများက သူတို့၏ မျက်နှာထားများကို ပြောင်းလဲသွားစေခဲ့သည်။

ဘိုးဘေးက သက်ပြင်းချလိုက်ရင်း သူ၏အကြည့်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။

"လူငယ်တွေက... တကယ်ကို... ကြောက်စရာ ကောင်းနိုင်တာပဲ.."

(... 'ဒီကောင်လေး... တကယ်ပဲ... ငါ့ထက် သာသွားနိုင်တယ်'... )

ပါရမီရှင်များကြားမှ ကွာဟချက်သည် ပါရမီရှင်များနှင့် သာမန်လူများကြားမှ ကွာဟချက်ထက် များစွာ ပိုမိုကျယ်ပြန့်လှသည်။

မူလက ဘိုးဘေးသည် တာအိုဆရာလုံရှန်းကို တွန်းလှန်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါမူ လျှော့တွက်ခဲ့မိပုံ ရသည်။ အသက်တစ်ရာ

မပြည့်မီ 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ရောက်ရှိနိုင်သူ တစ်ယောက်သည် သူ၏ သက်တမ်းအဆုံးနီးမှ ပြင်ပအင်အားကို မှီခို၍ 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ ရောက်ရှိခဲ့ရသူနှင့် အမှန်ပင် ကွဲပြားခြားနားလှသည်။ သူ ယခုအချိန်တွင် သူ့ကို အနည်းငယ် ဖိနှိပ်နိုင်သေးသော်လည်း မကြာမီ အချိန်အတွင်းမှာပင် ထိုသူက သူ့ကို လွယ်လွယ်ကူကူ ကျော်လွန်သွားနိုင်ပေလိမ့်မည်။

တာအိုဆရာလုံရှန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

"အကြီးအကဲဝမ်... မြှောက်ပင့်နေပါပြီ။

ကျွန်တော်က... ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

သူ၏စကားများက ကျိုးနွံမှုကို ပြသနေသော်လည်း သူ၏တည်ရှိမှုက နောက်ဆုတ်မည့် လက္ခဏာ တစ်စိုးတစ်စိမျှ မပြခဲ့။ သူက ဝမ်

ဘိုးဘေးဝမ်၏ ပြိုင်ဘက် မဟုတ်သေးသော်လည်း ဝမ် ဘိုးဘေးကို ကျော်လွန်ရန်မှာ ခက်ခဲလှသည် မဟုတ်။ သူ့မှာ ရှည်လျားသော သက်တမ်း ကျန်ရှိနေသေးပြီး တက်သစ်စ နေမင်းနှယ် ဖြစ်ကာ တစ်ဖက်လူ၏ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးကလေးနှင့် လုံးဝ ကွဲပြားခြားနားလှသည်။

သူ ဘယ်တုန်းကမှ ဝမ်မျိုးနွယ်စု ဘိုးဘေးကို ကျော်လွန်ရန် ရည်ရွယ်ခဲ့သည် မဟုတ်။ သူ့ကို ကြောက်ရွံ့သွားစေရန်သာ လိုအပ်သည်။ ထိုသူက ဝမ်မျိုးနွယ်စု၏ အမွေအနှစ်ကို ဂရုစိုက်နေသမျှ ကာလပတ်လုံး သူ ဦးညွှတ်ရမည်သာ ဖြစ်သည်။

ထိုအခိုက်အတန့်၌ ဘိုးဘေးဝမ်က ခိုင်မာသော မျက်လုံးများဖြင့် တာအိုဆရာလုံရှန်းကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါ... မင်းကို... ရှင်းလင်းချက်... ပေးပါ့မယ်ကွယ်"။

ဘိုးဘေးက စကားဆုံးသည်နှင့် သူ၏ခေါင်းကို မလှည့်ဘဲ နောက်သို့ လက်လှမ်းလိုက်၏။

တစ်ခဏအတွင်းမှာပင် ဝမ်ချင်းဖုန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ရှုံ့မဲ့သွားသော်လည်း မည်သည့်စကားလုံးမျှ မထွက်နိုင်ခဲ့ပေ။ (... 'ဘိုး... ဘိုးဘေး... မလုပ်... မလုပ်ပါနဲ့..'... )

ဘိုးဘေးဝမ်၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး သူ၏လက်ကို အနည်းငယ် ဆုပ်လိုက်သည်။

"ဂျွတ်"

ဝမ်ချင်းဖုန်း၏ ဦးခေါင်းသည် သူ၏ခန္ဓာကိုယ်မှ ပြတ်ထွက်သွားလေ၏။

လူတိုင်း ထိတ်လန့်သွားကြပြီး နှလုံးခုန်သံများ ဗြောင်းဆန်သွားကြသည်။ ဘိုးဘေးဝမ်က အမှန်တကယ် ဦးညွှတ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြ။

"ကျေနပ်ပြီလား"

ဘိုးဘေးဝမ်က တာအိုဆရာလုံရှန်းကို ကြည့်လိုက်သည်။

တာအိုဆရာလုံရှန်းက တိတ်ဆိတ်စွာ တွေးတောနေပြီးမှ လေးစားမှု ပြသရန် အနည်းငယ် ဦးညွှတ်လိုက်၏။ တရားခံမှာ ဝမ်ချင်းဖုန်းဖြစ်ပြီး ဝမ်မျိုးနွယ်စုမှ အခြားသူများမှာ အသိပေးမခံရခြင်း ဖြစ်နိုင်သည်။ သို့သော် ယနေ့ ကြောက်မက်ဖွယ် စွမ်းအားနှင့် အလားအလာကို မပြသနိုင်ခဲ့ပါက ငြိမ်းချမ်းရေးအကြောင်း ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။ ဤရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိ မိသားစုမျိုးနွယ်စုများကို သူ ကောင်းစွာ နားလည်သည်။ သူတို့ဘက်မှ တစ်ဦးဦး မှားယွင်းခဲ့လျှင်ပင် သူတို့ လွယ်လွယ်ကူကူ ဦးညွှတ်မည် မဟုတ်ချေ။

"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ်။ ဒီနေ့ ဖြစ်ရပ်တွေအတွက်... ကျုပ်... အနာဂတ်မှာ... တောင်းပန်ပါ့မယ်"။

တာအိုဆရာလုံရှန်းက လက်ညှိုးထိုးပြလိုက်ရာ ထျဲလုံနှင့် ထျဲဟူတို့၏ အလောင်းများ သူ၏နောက်သို့ ကျဆင်းလာပြီး သူ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် ဘိုးဘေးဝမ်၏ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့သည်။

"ခဏ... နေပါဦး"

တာအိုဆရာလုံရှန်းက လှည့်ကြည့်လိုက်ပြီး မျက်ခုံးများ ပင့်တက်သွားကာ မျက်လုံးများ တည်ငြိမ်နေခဲ့သည်။

"အကြီးအကဲဝမ်... ဘာများ... အကြံပေးစရာ... ရှိသေးလို့လဲ။"

လူတိုင်း၏ နှလုံးသားများ အေးစက်သွားကြသည်။ ယနေ့တွင် နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ကို ကြောက်ရွံ့နေကြ၏။

သို့သော် သူတို့ ကြားလိုက်ရသည်မှာ ဘိုးဘေးဝမ်က တိတ်ဆိတ်မှုတစ်ခုနောက်တွင် ရယ်မောရင်း ဆိုလိုက်ခြင်းပင်။

"ဝမ်ချင်းဖုန်းက အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အမွေအနှစ်ကို တပ်မက်ခဲ့တာ... ငါတို့ အိမ်ရဲ့ စည်းကမ်းပိုင်းမှာ လစ်ဟင်းမှုပဲကွယ်။ ဒီနေ့... ငါတို့... တိုက်ပွဲတစ်ခုကြောင့် ဆုံစည်းခဲ့ကြပုံပဲ။ ချင်းဟယ်... 'ချီစွမ်းအင် စုစည်းဆေးလုံး'ယူခဲ့ပါ"

လူတိုင်း မှင်သက်သွားကြတော့သည်။

All Chapters