ရတနာ ချီးမြှင့်ခြင်း
Vol. 5 Ch. 67
~ဤတစ်ကြိမ် တာအိုဆရာလုံရှန်း တောင်အောက်သို့ ဆင်းသက်ခဲ့ရာ 'ချီစွမ်းအင် နယ်ပယ်' ကျွမ်းကျင်သူ အနည်းငယ်ကို သုတ်သင်နိုင်ခဲ့ပြီး ရရှိခဲ့သော စစ်နိုင်ပစ္စည်းများမှာလည်း မနည်းလှပါချေ။
နင်ချီပင်လျှင် ရှားရှားပါးပါး မျှော်လင့်တကြီး အမူအရာ ပြသမိသည်။
(... 'အဲ့ဒီညတုန်းက 'သံမဏိတောင်ကြော လူကြမ်းသုံးဦး' ဝင်စီးတော့ 'ကောင်းကင်ပျံလင်းယုန်' တစ်ကောင်ပဲ ကျန်ခဲ့တာ...။ အဲ့ကောင်ဆီက 'စိုးမိုးကျား အစစ်အမှန်စိတ်ဆန္ဒ ပန်းချီကား' တစ်ချပ် ရလိုက်တာတောင် ငါ့အတွက် အကျိုးကျေးဇူး အများကြီး ရှိခဲ့တာ...။ ကျန်တဲ့ ပန်းချီကား နှစ်ချပ် မရလိုက်တာတော့ တကယ် နှမြောဖို့ ကောင်းတယ်'... )
သို့သော် ဤတစ်ကြိမ်တွင် တာအိုဆရာလုံရှန်းက ချန်းပြည်နယ်အထိ လိုက်လံပြီး ကျန်ရှိသော လူကြမ်းနှစ်ဦးကို သုတ်သင်ခဲ့သည် မဟုတ်ပါလား။
(... 'ဒီတစ်ခါတော့... ပန်းချီကား သုံးချပ်လုံး စုစည်းမိဖို့ အခွင့်အရေး ရှိလောက်တယ်'... )
တာအိုဆရာလုံရှန်းက တပည့်များ၏ အမူအရာကို မြင်တွေ့ရသောအခါ မပြုံးဘဲ မနေနိုင်ခဲ့။
သူက သူတို့ကို ဆက်လက် မှန်းဆမနေစေတော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေချည်နှင့် အနီရောင်သစ်သားတို့ဖြင့် ပြုလုပ်ထားသော ဘူးကလေး တစ်ဘူးသည် တပည့်များ၏ ရှေ့မှောက်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ သူတို့၏ မျက်လုံးများ လင်းလက်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
(... 'ဒါ... ဒါ... 'ချီစွမ်းအင် စုစည်းဆေးလုံး' ပဲ..'... )
ဝမ်မျိုးနွယ်စုက 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို တောင်းပန်သည့် ပစ္စည်းအဖြစ် အသုံးပြုခဲ့သည့် သတင်းမှာ သဘာဝအတိုင်း အစစ်အမှန်သိုင်းတောင်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး ဖြစ်သည်။
သစ်သားဘူး ပွင့်သွားသည်နှင့် နဂါးမျက်လုံး အရွယ်အစားရှိ အနက်ရောင် ဆေးလုံး တစ်လုံး လူတိုင်း၏ အမြင်အာရုံထဲသို့ ကျရောက်လာခဲ့၏။
အရောင်မှာ ကြည်လင် တောက်ပနေပြီး ထူးခြားသော ရနံ့တစ်ခု သင်းပျံ့နေကာ လူအများကို အလိုအလျောက် တံတွေးမျိုချမိစေသည်။
တာအိုဆရာလုံရှန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒါက 'ချီစွမ်းအင် စုစည်းဆေးလုံး' ပဲ။ သူ့ရဲ့ အာနိသင်ကို မင်းတို့ သိကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
(... 'ဘယ်သူ့ကို ပေးရမလဲဆိုတာတော့... ငါ့စိတ်ထဲမှာ ဆုံးဖြတ်ပြီးသားပါ'... )
ဒါကို မည်သူ့အား ပေးရမည်ကို သူ၏ နှလုံးသားထဲတွင် ဆုံးဖြတ်ပြီး ဖြစ်လေသည်။
တပည့်များ၏ မျက်လုံးများ အနည်းငယ် တောက်လောင်သွားကြပြီးနောက် လော့ဝမ်ထျန်း ရှေ့သို့ ထွက်လာခဲ့သည်။ သူ၏မျက်လုံးများထဲတွင် ချီတုံချတုံ အရိပ်အယောင်တစ်ခု လျှပ်ပြက်သွားပြီးနောက် သူက တောင်းဆိုလိုက်၏။
"ဆရာ... ဒီတပည့်... ရဲတင်းစွာ တောင်းဆိုပါရစေ...။ ဒီ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို...
ဂျူနီယာညီလေး နှစ်ကို ပေးအပ်စေချင်ပါတယ်...။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခု 'အတွင်းစွမ်းအား ကိုးလွှာ' မှာ ရှိနေပြီး... 'ချီစွမ်းအင် စုစည်းဆေးလုံး' ရဲ့ အကူအညီနဲ့ဆိုရင်... 'ချီစွမ်းအင် နယ်ပယ်' ကို ချိုးဖြတ်ဖို့ အခွင့်အရေး အများကြီး ရှိပါတယ်...။ တခြား ဂျူနီယာညီလေးညီမလေးတွေကတော့... သူတို့ရဲ့ နယ်ပယ်တွေက... အနည်းငယ် လိုအပ်နေပါသေးတယ်"...
ရှုံးရှီတစ်ယောက် လော့ဝမ်ထျန်း၏ စကားကို ကြားသောအခါ ချက်ချင်း စိုးရိမ်ပူပန်သွားသည်။
(... 'အာ ... ဒီစီနီယာ အစ်ကိုကြီးကတော့လေ'... )
"စီနီယာအစ်ကိုကြီး... ဒီလို ပြောလိုက်တာက... ကျွန်တော့်ကို... အရှက်ခွဲနေတာနဲ့... မတူဘူးလား"
"အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးမှာ... ခင်ဗျားက... အကြိုးစားဆုံးပဲ...။ ဂိုဏ်းကိစ္စတွေနဲ့... ဝန်ပိမနေခဲ့ဘူးဆိုရင်... ခင်ဗျား... 'ချီစွမ်းအင် နယ်ပယ်' ကို... ခြေချပြီးလောက်ပြီ...။ အခု... 'ချီစွမ်းအင် စုစည်းဆေးလုံး' က... ရှေ့မှောက်မှာ... ရှိနေမှတော့... ဆုံးရှုံးသွားတဲ့... အချိန်တွေကို... ပြန်လည်... ဖြည့်ဆည်းဖို့... အံကိုက်ပဲလေ...။ ကျွန်တော်က... ဘယ်လိုလုပ်... ဒီ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို... ကိုယ့်အတွက်... သိမ်းထားရဲတဲ့... မျက်နှာ... ရှိမှာလဲ"...
ယဲ့ချင်းဟယ်ကလည်း ဆိုလိုက်သည်။
"ဟုတ်တယ်...။ ဒီ 'ချီစွမ်းအင် စုစည်းဆေးလုံး' က... စီနီယာ အစ်ကိုကြီးနဲ့ပဲ... သက်ဆိုင်ပါတယ်.."
ကျန်းပိုင်ရှန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
"စီနီယာအစ်ကိုကြီး... ခင်ဗျား... ငြင်းဆန်လို့... မဖြစ်ဘူး...။ ဆရာက... မကြာခင်... 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ကျင်းပတော့မှာ...။ ကျွန်တော်တို့... အစစ်အမှန်သိုင်းဂိုဏ်းရဲ့... အကြီးဆုံးတပည့်... အနေနဲ့... ခင်ဗျားက... ကျွန်တော်တို့ရဲ့... မျက်နှာပဲ...။ ခင်ဗျားသာ... 'ချီစွမ်းအင် နယ်ပယ်' မှာ... မရှိဘူးဆိုရင်... အနာဂတ်မှာ... အခမ်းအနားကို... လာရောက်... လေ့လာတဲ့သူတွေက... ကျွန်တော်တို့ကို... အထင်သေးသွားကြလိမ့်မယ်"
ဤစကားများက လူတိုင်းကို ခေါင်းညိတ်စေခဲ့သည်။
လော့ဝမ်ထျန်း အနည်းငယ် တွန့်ဆုတ်သွားသည်။ သူ... အစပိုင်းတွင် ငြင်းဆန်ခဲ့ခြင်းမှာ စံနမူနာတစ်ခု ပြသရန် ဖြစ်ပြီး... အခြား ဂျူနီယာညီလေးညီမလေးများ အခြား အတွေးများ မရှိစေရန် ဖြစ်သည်။
...အကြောင်းမှာ... 'ချီစွမ်းအင် စုစည်းဆေးလုံး' က... တစ်လုံးတည်းသာ... ရှိသောကြောင့်တည်း။
သို့သော် သူ... မမျှော်လင့်ထားခဲ့သည်မှာ... ဂျူနီယာညီလေးညီမလေးများအားလုံးက ဤ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို သူ့အား ပေးအပ်လိုကြခြင်းပင် ဖြစ်သည်။ ဤအရာက သူ၏နှလုံးသားကို ထိရှသွားစေခဲ့သည်။
(... 'ဒီကလေးတွေ... တကယ်ပဲ'... )
တာအိုဆရာလုံရှန်းက တပည့်များ၏ အပြန်အလှန် နှိမ့်ချမှုကို ကြည့်ရင်း နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။
ချင်ယွင်နှင့် ဖြစ်ပွားခဲ့သော ယခင် အဖြစ်အပျက်က သူ့အား သူ၏ သင်ကြားမှုများအပေါ် သံသယဝင်စေခဲ့သည်။ သို့သော် ယခု ကြည့်ရသည်မှာ... လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင် ဗီဇ ရှိကြပုံရသည်။
"ကောင်းပြီလေ...။ ဒီ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို... ဝမ်ထျန်းပဲ... ယူလိုက်ပါစေ...။ နှစ်တွေတစ်လျှောက်လုံး... မင်း... တကယ်ပဲ... ဂိုဏ်းကိစ္စတွေကြောင့်... မင်းရဲ့ ကျင့်ကြံမှုမှာ... နှောင့်နှေးခဲ့ရတယ်...။ အစစ်အမှန်သိုင်းဂိုဏ်းရဲ့... စီနီယာအစ်ကိုကြီး... အနေနဲ့... မင်းက... ခံတပ်ကို... ထိန်းထားရမယ်ကွ"...
အကြောင်းပြချက်အရရော ခံစားချက်အရပါ ဤ 'ချီစွမ်းအင် စုစည်းဆေးလုံး' သည်
လော့ဝမ်ထျန်းထံသို့ သွားသင့်သည်။ အကြောင်းမှာ လူတိုင်းက နှစ်တွေတစ်လျှောက်လုံး သူ၏ ပေးဆပ်မှုများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြသောကြောင့်တည်း။ အခြားသူများ အနည်းငယ် မနာလို ဖြစ်ကြသော်လည်း သူတို့ လော့ဝမ်ထျန်းအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်နေခဲ့ကြသည်။
တာအိုဆရာလုံရှန်းက ရယ်မောလိုက်သည်။
"ဟားဟားဟား၊မင်းတို့... စိတ်ဓာတ်ကျစရာ...
မလိုပါဘူး...။ 'ချီစွမ်းအင် စုစည်းဆေးလုံး' က... အဖိုးတန်တယ်... ဆိုပေမဲ့... အနာဂတ်မှာ... ဆရာက... မင်းတို့အားလုံးအတွက်... နောက်ထပ်... ရှာပေးနိုင်ပါတယ်"
ထိုအခါ လူတိုင်းက အလျင်အမြန် တောင်းပန်ကြပြီး သူတို့ မဝံ့ရဲပါဟု ဆိုကြသည်။
နင်ချီတစ်ဦးတည်းသာ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို စိုက်ကြည့်နေခဲ့ပြီး ရုတ်တရက် ပြောလိုက်သည်။
"ဆရာ... ကျွန်တော်... ဒီ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို... ခဏလောက်... လေ့လာကြည့်လို့... ရမလား"
လူတိုင်း ချက်ချင်း တုန်လှုပ်သွားကြပြီး နင်ချီကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။
(... 'ဟမ်؟ ကိုးလေးက... ဆေးလုံးကို လေ့လာမယ် ဟုတ်လား'... )
လော့ဝမ်ထျန်း ခဏတာ ကြောင်သွားပြီးနောက် ဆိုလိုက်သည်။
"အင်း... ကိုးလေးက... လိုချင်မှတော့... ယူလိုက်လေ"...
နင်ချီက ပြုံးရင်း ဆိုလိုက်သည်။
"စီနီယာအစ်ကိုကြီး... ခင်ဗျား... အထင်လွဲနေပြီ...။ ကျွန်တော်က... 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို... ယူချင်တာ... မဟုတ်ပါဘူး...။ ကျွန်တော်... ဆေးနည်းကို... ပြောင်းပြန်... ဖော်ထုတ်လို့... ရနိုင်မလားလို့... ကြည့်ချင်ရုံပါ...။ အဲ့ဒီအခါကျရင်... ကျွန်တော်တို့... လိုအပ်တဲ့... ပစ္စည်းတွေကိုပဲ... ကိုယ့်ဘာသာ... စုဆောင်းဖို့... လိုတော့မှာပေါ့...။ ပြီးတော့... ဖြစ်နိုင်တာက... ကျွန်တော်တို့... 'ချီစွမ်းအင် စုစည်းဆေးလုံး'ကို... လုပ်နိုင်ခဲ့ရင်... အဲ့ဒီအခါကျ... လူတိုင်း... တစ်လုံးစီ... ရနိုင်တာပေါ့"
နှစ်တွေ တစ်လျှောက်လုံး နင်ချီ၏ ဆေးပညာ ကျွမ်းကျင်မှုများ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူသည် ဆေးဖော်စပ်ခြင်း ပညာရပ်တွင်လည်း ကျွမ်းကျင်ခဲ့သည်။ သို့သော် ယခင် ဆေးလုံးများမှာ အများစုမှာ အထောက်အကူပြု ဆေးများသာ ဖြစ်ပြီး ကိုယ်ပိုင် ကျင့်ကြံမှုအပေါ် အဓိက မှီခိုနေခဲ့ရသည်။ သူ... ဒီဆေးတွေကို ပြုလုပ်ရာတွင် အချိန်များစွာ မကုန်ဆုံးလိုခဲ့ပါ။
သို့သော် 'ချီစွမ်းအင် စုစည်းဆေးလုံး' မှာတော့ ကွဲပြားခြားနားလှသည်။ ၎င်း၏ သိသာထင်ရှားသော အာနိသင်က သူ၏ စိတ်ဝင်စားမှုကို နှိုးဆွခဲ့သည်။
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ ကြားလိုက်သည်မှာ မှားယွင်းနေသလားဟု သံသယဝင်လုနီးပါး ဖြစ်သွားကြသည်။
(... 'ဘာ... ဘာရယ်... ကိုးလေးက... ဆေးနည်း ဖော်ထုတ်မယ်'... )
ဆန့်ကျင်ဘက်အားဖြင့် တာအိုဆရာလုံရှန်း၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်ဖြင့် ခုန်ပေါက်သွားခဲ့သည်။ သူ... နင်ချီကို စူး စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"ကိုးလေး... မင်း... တကယ်... လုပ်နိုင်လို့လား"
နင်ချီက ကျိုးနွံစွာ ပြန်ဖြေလိုက်သည်။
"ပြဿနာ... မရှိလောက်ပါဘူး...။ အမြန်ဆုံး... တစ်လ... အနှေးဆုံး... သုံးလပေါ့...။ ဒါပေမဲ့... 'ချီစွမ်းအင် စုစည်းဆေးလုံး' ကတော့... ကုန်သွားနိုင်တယ်"
တာအိုဆရာလုံရှန်းက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟားဟား...ကိစ္စမရှိဘူး....ကိစ္စမရှိဘူး.. မင်းသာ... 'ချီစွမ်းအင် စုစည်းဆေးလုံး' ... ဆေးနည်းကို... ဖော်ထုတ်နိုင်ခဲ့ရင်... မင်းအတွက်... နောက်ထပ်... နှစ်လုံးလောက်... ရအောင်... လုပ်ပေးဖို့က... ပြဿနာ... မဟုတ်ဘူး.."
'ချီစွမ်းအင် စုစည်းဆေးလုံး' က အဖိုးတန်သော်လည်း လုံးဝ မရနိုင်သည့် အရာတော့ မဟုတ်ပါ။
သို့သော် 'ချီစွမ်းအင် စုစည်းဆေးလုံး' ဆေးနည်းကိုသာ ရရှိခဲ့လျှင်... အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ များစွာ တိုးမြင့်လာမည်ဖြစ်ပြီး အနာဂတ်တွင် 'ချီစွမ်းအင် နယ်ပယ်' ပေါ်ထွက်လာနိုင်ခြေ သိသိသာသာ မြင့်တက်လာပေလိမ့်မည်။ ထို့အပြင် အချို့သော 'အတွင်းစွမ်းအား နယ်ပယ် ပြည့်စုံခြင်း' အဆင့် ကျွမ်းကျင်သူများကိုလည်း လာရောက်ဖို့ ဆွဲဆောင်နိုင်ပေလိမ့်မည်။
မဟာယန် မင်းဆက်ကို ကြည့်လိုက်လျှင်... 'ချီစွမ်းအင် စုစည်းဆေးလုံး' ကဲ့သို့သော ရတနာမျိုးကို ပြုလုပ်နိုင်သည့် အင်အားစု အနည်းငယ်သာ ရှိသည်။ လူအများအပြား ဆေးလုံးများ ရှာဖွေရန် သွားရောက်ကြပြီး ကိုယ်တိုင် ပစ္စည်းအနည်းငယ် ယူဆောင်သွားရန်ပင် လိုအပ်ခဲ့သည်။
လော့ဝမ်ထျန်းနှင့် အခြားသူများ ခုထိ ကြောင်ငေးနေဆဲ ဖြစ်သည်ကို မြင်သောအခါ တာအိုဆရာလုံရှန်း ဝမ်းမြောက်သွားပြီး လှစ်ခနဲ ပြုံးလိုက်မိ၏။
"မင်းတို့... ဂျူနီယာညီလေးရဲ့... ဆေးပညာနဲ့... ဆေးဖော်စပ်ခြင်းမှာ... အောင်မြင်မှုတွေက... မနိမ့်ကျဘူးကွ...။ တိုးတက်ကောင်းမွန်လာတဲ့... 'ခန္ဓာကိုယ်သန့်စင်ခြင်း အမှုန့်' က... သူ့လက်ကနေ... ထွက်လာတာကွ"
လော့ဝမ်ထျန်း၏ ခန္ဓာကိုယ် တုန်ခါသွားပြီး အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားသည်။
(... 'ဘာ... ဘာရယ်... အဲ့ဆေးမှုန့်က... ကိုးလေး... လက်ရာ'... )
"တိုးတက်ကောင်းမွန်လာတဲ့... 'ခန္ဓာကိုယ်သန့်စင်ခြင်း အမှုန့်' က... တကယ်ပဲ... ကိုးလေးဆီက... လာတာလား..ဆရာ"
ကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲသူ တစ်ဦးအနေဖြင့်... ဤ... တိုးတက်ကောင်းမွန်လာသော 'ခန္ဓာကိုယ်သန့်စင်ခြင်း အမှုန့်' က... အစစ်အမှန်သိုင်းဂိုဏ်းကို... မည်မျှ... ကြီးမားစွာ... မြှင့်တင်ပေးခဲ့သည်ကို... လော့ဝမ်ထျန်း... သိရှိထားသည်။ အရင်က.... သူ၏ဆရာက... အခြားနေရာမှ... ရရှိခဲ့သည်ဟု... ကောက်ချက်ချထားခဲ့သည်လေ။
လူတိုင်း မျက်လုံးများ ပြူးကျယ်လျက် နင်ချီကို ပြူးပြဲကြည့်လိုက်ကြသည်။
နင်ချီကတော့ ခပ်ရေးရေး ပြုံးရုံသာ ပြုံးလိုက်သည်။
(... 'အင်း... ဖုံးထားလို့ ရတာလည်း... တစ်သက်လုံးတော့... မဟုတ်ဘူးလေ'... )
အချို့အရာများမှာ တစ်သက်တာလုံး ဖုံးကွယ်ထားရန် မဖြစ်နိုင်သည်မှာ ကံကြမ္မာပင်။ ယခု... သူ၏... အတောင်ပံများ... တဖြည်းဖြည်း... ကြီးထွားလာပြီ ဖြစ်ရာ... သူလည်း... အချို့အရာများကို... တဖြည်းဖြည်း... ထုတ်ဖော်ပြသနိုင်ပြီ ဖြစ်သည်။ ...ပြီးတော့... ဒီနေရာမှ... ပုဂ္ဂိုလ်များက... အရင်းနှီးဆုံးနှင့်... ယုံကြည်စိတ်ချရဆုံး... ဖြစ်ကြသည် မဟုတ်ပါလား။
"ကိုးလေး... မင်းကတော့... တော်တော်... ပိပိရိရိ ... ဖုံးကွယ်ထားတာပဲ.."
လူတိုင်း အံ့ဩသွားကြပြီး အားရပါးရ ရယ်မောလိုက်ကြသည်။ သူတို့၏ မျက်လုံးများ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။
သူတို့ 'ချီစွမ်းအင် စုစည်းဆေးလုံး' ကို လော့ဝမ်ထျန်းအား ပေးအပ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသော်လည်း... ဤသို့သော ရတနာကို ရင်ဆိုင်ရသည့်အခါ... မည်သူက... တပ်မက်ခြင်း မရှိဘဲ... နေနိုင်မည်နည်း...။ လူတိုင်း... သိုင်းလမ်းစဉ်တွင်... ပိုမို... မြင့်မားစွာ... ရောက်ရှိလိုကြသည်။
...ယခုတော့... အခွင့်အရေး... တစ်ခု... ရှိလာခဲ့ပြီ။
...နင်ချီသာ... 'ချီစွမ်းအင် စုစည်းဆေးလုံး' ... ဆေးနည်းကို... ပြောင်းပြန်... ဖော်ထုတ်နိုင်ခဲ့လျှင်... အစစ်အမှန်သိုင်းဂိုဏ်းတွင်... 'ချီစွမ်းအင် စုစည်းဆေးလုံး' ... များ... နောက်ထပ်... မရှားပါးတော့ပေ။
လော့ဝမ်ထျန်းက 'ချီစွမ်းအင် စုစည်းဆေးလုံး' ထည့်ထားသော သစ်သားဘူးကလေးကို နင်ချီ၏ လက်ထဲသို့ ထိုးထည့်လိုက်ပြီး နင်ချီ၏ ကျောကို အသာ ပုတ်ကာ ဆိုလိုက်သည်။
"ကိုးလေး... နောက်ပိုင်း... အကူအညီ... လိုတာ... တစ်ခုခု... ရှိရင်... ငါတို့... စီနီယာအစ်ကိုအစ်မတွေကို... ပြောလိုက်..ဟုတ်ပြီလား.."
နင်ချီက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
'ချီစွမ်းအင် စုစည်းဆေးလုံး' ကို ပြောင်းပြန် ဖော်ထုတ်ခြင်းသည် အမှန်တကယ်ပင် စမ်းသပ်မှုများစွာ လိုအပ်ပြီး အချို့သော ဆေးပင်များကို သုံးစွဲရပေလိမ့်မည်။ ဂိုဏ်း၏ အထောက်အပံ့ မရှိပါက... မည်မျှပင် နားလည်မှု ရှိစေကာမူ... အရင်းအမြစ် ချို့တဲ့မှုကို... ဖြည့်ဆည်းနိုင်မည် မဟုတ်ချေ။
လူတိုင်း... စိတ်လှုပ်ရှား... တက်ကြွသွားကြသည်။
တာအိုဆရာလုံရှန်းက သူ၏လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ရတနာအချို့ သူတို့၏ ရှေ့မှောက်တွင် ပျံဝဲလာခဲ့သည်။ ရတနာ ဓားရှည်များနှင့် ဓားမြှောင်များ... ရတနာ ချပ်ဝတ်များ... နှင့် အခြား... အမျိုးမျိုးသော ရည်ရွယ်ချက်များဖြင့်... ရတနာများစွာ... ရှိနေခဲ့၏။
အချို့မှာ တာအိုဆရာ လုံရှန်း ဒီတစ်ကြိမ် တောင်အောက်သို့ ဆင်းသက်စဉ် ရရှိခဲ့ခြင်း ဖြစ်ပြီး... အချို့မှာ ယခင်က စုဆောင်းထားခဲ့ခြင်း ဖြစ်ရာ... တပည့်တိုင်း... လက်ဗလာ... မဖြစ်စေရန်... လုံလောက်ပေသည်။
တာအိုဆရာ လုံရှန်းသည် ဘယ်တုန်းကမှ အချို့ကို မျက်နှာသာပေးပြီး အချို့ကို လျစ်လျူရှုရန် ရည်ရွယ်ခဲ့သည် မဟုတ်ချေ။
ထိုအခိုက်အတန့်၌ နင်ချီ၏ မျက်လုံးများ လင်းလက်သွားရ၏။
ထိုအရာများကား 'အစစ်အမှန် စိတ်ဆန္ဒ ပန်းချီကား' နှစ်ချပ်ပင်တည်း။
'ကောင်းကင် လင်းယုန် အစစ်အမှန် စိတ်ဆန္ဒ' ပန်းချီကား' ... နှင့်... 'ဒေါသနဂါး အစစ်အမှန်စိတ်ဆန္ဒ 'ပန်းချီကားပင်။