← Chapters

ကောင်းကင်ယံတွင် ပျံသန်းခြင်း

Vol. 5 Ch. 74

ကောင်းကင်ယံတွင် ပျံသန်းခြင်း

Vol. 5 Ch. 74

~'တာအိုရှာဖွေ ကျောင်းတော်' အတွင်း၌...နင်ချီသည် 'မဟာအိပ်မက် သေခြင်းကိုးပါး အားကျမ်း' ကို ကျင့်ကြံနေခဲ့ရာ သူ၏ အတွင်းအားမှာ အသွင်ပြောင်းလဲလုနီးပါး ဖြစ်နေသည်ကို ခံစားနေမိသည်။

သာမန်လူများအတွက် 'အတွင်းအား ကိုးလွှာ ချီစွမ်းအင် ဖွဲ့စည်းခြင်း' ၏ နောက်ဆုံး ခုန်ပျံကျော်လွှားမှုသည် တဖြည်းဖြည်း ပြောင်းလဲရန် ကြီးမားသော အားထုတ်မှု လိုအပ်ပေသည်။ သို့သော် သူ၏ တွက်ဆမှုအရ နောက်ဆုံး 'အသေတု' အခြေအနေအတွင်း ရုပ်ခန္ဓာကိုယ်နှင့် အတွင်းအားတို့သည် သူ့အလိုလို အသွင်ပြောင်းလဲသွားကြမည် ဖြစ်ပါ၏။

(... 'နောက်ဆုံး တစ်ခေါက်ပဲ... ဒါပြီးရင်တော့... ငါ... ချီစွမ်းအင် နယ်ပယ်ကို ရောက်ပြီ'... )

ထိုစဥ် လော့ဝမ်ထျန်း ရောက်ရှိလာခဲ့သည်။

သူက ... မကြာသေးမီက စုဆောင်းရရှိထားသော ဆေးဖက်ဝင် အပင်များ နောက်တစ်သုတ်ကို ယူဆောင်လာခဲ့၏ ။ထိုအထဲတွင် 'ချီစွမ်းအင် စုစည်းဆေးလုံး' အတွက် ဆေးပင် နှစ်စုံ ပါဝင်သည်။ ၎င်းတို့ကို အစစ်အမှန်သိုင်းဂိုဏ်း လက်အောက်ရှိ အချို့သော လုပ်ငန်းများမှ အမြန်ဆုံး ရယူခဲ့ခြင်း ဖြစ်သည်။

အနာဂတ်တွင် ပိုမို ရရှိရန်မှာမူ တစ်ဦးတစ်ယောက်အနေဖြင့် ဖြည်းညှင်းစွာ စုဆောင်းရမည်သာ။

လော့ဝမ်ထျန်းက နင်ချီအား ဆေးဖော်စပ်ခြင်း လေ့ကျင့်စေလို၍ မဟုတ်ဘဲ နင်ချီ ကိုယ်တိုင်က တောင်းဆိုခဲ့သောကြောင့်သာ ဖြစ်သည်။

လော့ဝမ်ထျန်းက သတိပေးစကား မဆိုဘဲ မနေနိုင်ခဲ့ပေ။

“ကိုးလေး... ဆေးဖော်စပ်ခြင်း ပညာရပ်က... တကယ်ပဲ... ထူးခြားဆန်းကြယ်ပေမဲ့... အဓိက အာရုံစိုက်မှုကို... မပျောက်ဆုံးစေဘဲ... အဲ့ထဲမှာ... နစ်မျောမသွားအောင်... သတိထားပါ…”

... သူ၏ ဂျူနီယာညီလေးက 'ချီစွမ်းအင် စုစည်းဆေးလုံး' များ ဖော်စပ်ခြင်းတွင် အလွန်အကျွံ နစ်မျောသွားပြီး သူ၏ သိုင်းလမ်းစဉ် ကျင့်ကြံမှုကို လစ်လျူရှုသွားမည်ကို

လော့ဝမ်ထျန်း စိုးရိမ်နေခဲ့သည်။

နင်ချီ၏ လက်ရှိ နယ်ပယ်ကို မသိရှိသော်လည်း လူတိုင်းက နင်ချီ၏ အနာဂတ်သည် သူ၏ ရွယ်တူအားလုံးကို ကျော်လွန်သွားမည်ဖြစ်ကြောင်း သွယ်ဝိုက်သောအားဖြင့် အသိအမှတ်ပြုထားကြသည်။

နင်ချီက ပြုံးရင်း ခေါင်းညိတ်လိုက်သည်။

"စီနီယာအစ်ကိုကြီး... ကျွန်တော်... နားလည်ပါတယ်"။

သူက အားလပ်ချိန်အတွင်း ၎င်းကို စမ်းသပ်ကြည့်လိုရုံသာ ဖြစ်ပါသည်။

'ချီစွမ်းအင် နယ်ပယ်' ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးနိုင်မည့် ဆေးနည်းတစ်ခု တီထွင်နိုင်မလားဟု ကြည့်ရှုရန် ဖြစ်သည်။

'ချီစွမ်းအင် နယ်ပယ်' မှ ကျင့်ကြံခြင်းမှာ ရှည်လျားပြီး ပင်ပန်းရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။

တာအိုဆရာလုံရှန်းကဲ့သို့ ပါရမီရှင်တစ်ဦးပင် နယ်ပယ် တစ်ခုကို ချိုးဖြတ်ရန် ဆယ်နှစ် ကြာမြင့်နိုင်သည်။

နင်ချီ ဖန်တီးခဲ့သော 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' မှာ ပြင်းထန်လှသော်လည်း အဓိကအားဖြင့် 'အသင်္ချေဖြစ်ရပ်ဆန်းကြယ်များကို ပွေ့ပိုက်ခြင်း' တွင်သာ ထူးချွန်ပေသည်။

"မင်း... သတိထားနေ ... မင်းရဲ့... အစ်ကိုကြီးကို... ပွစိပွစိ လုပ်တယ်လို့... အပြစ်မတင်နဲ့ပေါ့ကွာ"

လော့ဝမ်ထျန်း ပြုံးရင်း ထရပ်လိုက်သည်။

နင်ချီသည် အခြားသူများ သူ့အတွက် စိုးရိမ်ပူပန်ရန် ဘယ်တော့မှ မလိုအပ်မှန်း သိသော်လည်း လော့ဝမ်ထျန်းမှာ နောက်ထပ် စကားတစ်ခွန်း မပြောဘဲ မနေနိုင်ခဲ့ပါ။ ပင်ကိုစိတ်ရင်းမှ ဂရုစိုက်မှုတစ်ခုပင်။

"အစ်ကိုကြီး.. သွားတော့မယ်...။ ဆရာက... မကြာခင်... တံခါးပိတ်တာက... ထွက်လာလောက်ပြီ...။ သူ... မထွက်လာခင်... အပြည့်အဝ... ပြင်ဆင်ထားဖို့... လိုတယ်"

ထိုအခါ နင်ချီက ရုတ်တရက် ပြောလိုက်သည်။

"ကျွန်တော်လည်း... ခဏလောက်... တံခါးပိတ်... ဝင်တော့မလို့...။ တကယ်လို့... ဆရာ... ထွက်လာခဲ့ရင်... ကျွန်တော်... လာနှုတ်ဆက်လို့... မရဘူးဆိုတာ... သူ့ကို... ပြောပေးပါဦး"

လော့ဝမ်ထျန်းက ခေါင်းညိတ်ကာ အသာ လက်ဝှေ့ယမ်းပြရင်း ထွက်ခွာသွားခဲ့သည်။

နင်ချီသည် ဆေးပင်များ စီတန်းနေသည်ကို ကြည့်ရင်း သိနားလည်စွာ ပြုံးလိုက်သည်။

... မိမိကိုယ်ကို အတွင်းမှ လေ့လာဆန်းစစ်လိုက်၏။ ဝိညာဉ်ရေးရာအရ လှုံ့ဆော်ခံလိုက်ရသည်။ သူ၏ အတွင်းအားနှင့် ရုပ်ခန္ဓာကိုယ်တို့မှာ လုံးဝဥဿုံ ရောယှက်နေခဲ့လေပြီ။

ဆောင်းဦးနှောင်းပိုင်း ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး လေက အေးစိမ့်နေခဲ့သည်။

သို့သော် ၎င်းက နင်ချီ၏ အတွင်းမှ ဝမ်းမြောက်မှုကို မဖယ်ရှားနိုင်ခဲ့။

(... 'နောက်ဆုံးတော့... ဒီအချိန်... ရောက်လာပြီ'... )

နင်ချီက မှာကြားလိုက်သည်။

"ထျန်းရှန်း... ဒီအချိန်အတောအတွင်း... အပြင်မထွက်နဲ့ဦး"

သတိပေးစကား ပြောကြားပြီးနောက် နင်ချီ အတွင်းပိုင်းသို့ လှမ်းဝင်သွားခဲ့သည်။

... အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ... ဆက်တိုက် 'အသေတု' ရှစ်ကြိမ် ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း ယခု နောက်ဆုံး တစ်ကြိမ်မှာ အထူးသဖြင့် အရေးကြီးလှပါ၏။

‘အတွင်းအား ကိုးလွှာ ချီစွမ်းအင် ဖွဲ့စည်းခြင်း’ ... အရည်အသွေးပိုင်း အသွင်ပြောင်းလဲခြင်းပင်တည်း။

သူ၏အခြေအနေကို ချိန်ညှိရင်း နင်ချီက တဖြည်းဖြည်း သူ၏စိတ်ကို ဗလာဖြစ်စေလိုက်သည်။...

ငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့ပြီး ရှုပ်ထွေးပွေလီသော လေဟာပြင် တစ်ခုထဲသို့ နစ်မြုပ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

...

ဒုတ်..

ဒုတ်..

ဒုတ်..

သူ၏ ရုပ်ခန္ဓာကိုယ်သည် တုန်ခါနေခဲ့ပြီး အသက်အနှစ်သာရများ နက်ရှိုင်းရာမှ တိုးထွက်လာကာ နင်ချီတစ်ဦးတည်းသာ ကြားနိုင်သော စည်းချက်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ အတွင်းအားနှင့် အသက်အနှစ်သာရတို့ ပေါင်းစပ်သွားပြီး ရှင်းပြမရနိုင်သော ပြောင်းလဲမှုများကို စတင် ဖြစ်ပေါ်စေခဲ့၏။

ကျယ်ပြန့်ပြီး တိတ်ဆိတ်ငြိမ်သက်သော တန်ထျန်း လေဟာပြင်အထက်တွင် ပထမဆုံး အခိုးအငွေ့... မြူဖြူကဲ့သို့... ပေါ်ထွက်လာခဲ့သည်။

ထို့နောက် သေးငယ်သော မိုးစက်ကလေးများ တည့်တည့်မတ်မတ် ကျဆင်းလာပြီး လေဟာပြင်တစ်ခုလုံးကို စိမ့်ဝင်သွားခဲ့သည်။

အချိန်သည် ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။ မြူဖြူများ ပို၍ ပို၍ စုစည်းလာခဲ့သည်။ မထင်မရှား... မြူခိုးများ ဝေနေသော စိမ့်မြေတစ်ခုနှယ် ဖြစ်နေခဲ့သည်။

အချိန်တစ်ခုသို့ ရောက်သောအခါ မှိန်ဖျော့သော ဟိန်းသံတစ်ခု ပဲ့တင်ထပ်သွားပါတော့သည်။

နင်ချီ မျက်လုံးများ ဖွင့်လိုက်ပြီး အချိန်ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရ၏။

သူသည်... 'အသေတု' နှင့် ရင်းနှီးကျွမ်းဝင်နေသော်လည်း ဤအိပ်စက်ခြင်း ကာလမှာ သူ၏ မျှော်လင့်ချက်များကို များစွာ ကျော်လွန်သွားခဲ့သည်။

"တစ်လ... လုံးလုံးတောင် ကြာသွားတာပဲ"

နင်ချီ... အနည်းငယ် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။ မူလက ဤနောက်ဆုံး 'အသေတု' မှာ ယခင်တစ်ကြိမ်နှင့် ဆင်တူလိမ့်မည်ဟု စိတ်ကူးခဲ့သော်လည်း သူ၏ အတွင်းအားနှင့် ရုပ်ခန္ဓာကိုယ်တို့၏ ပမာဏကို လျှော့တွက်ခဲ့မိသည်။

ချီစွမ်းအင် မြူခိုးဖြူ အသစ်များ စုစည်းလာမှုမှာ စိမ့်မြေကဲ့သို့ မိုးရေများနှင့် ဆင်တူပြီး စိတ်ကူးကြည့်၍မရနိုင်အောင် ကျယ်ပြန့်လှပါ၏။ ထိုအရာကလည်း အသွင်ပြောင်းလဲရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကံကောင်းစွာဖြင့် အရာအားလုံးမှာ တန်ဖိုးရှိခဲ့၏။ စီနီယာအစ်ကို အနည်းငယ် သူတို့၏ အတွင်းပိုင်း အခြေအနေများကို ဖော်ပြသည်ကို နင်ချီ ကြားခဲ့ဖူးသည်။ မည်သူမျှ သူနှင့် မယှဉ်နိုင်ပါပေ။

"...ဒါ... 'ချီစွမ်းအင် နယ်ပယ်' ... ပေါ့လေ။ တကယ်ပဲ... အစွမ်းထက်တာပဲ"

နင်ချီ ပြန်လည် ဆင်ခြင်လိုက်ပြီး အတွေးတစ်ခုဖြင့် 'ချီစွမ်းအင်' များ သူ၏လက်ချောင်းထိပ်များတွင် လျှပ်ပြက်သွားခဲ့သည်။ ၎င်းမှာ နင်ချီ၏ ယခင် အတွင်းအားနှင့် နှိုင်းယှဉ်၍မရနိုင်သော စွမ်းအားတစ်ခု ဖြစ်ပေသည်။

"”မြူဖြူ'၊ 'ကျောက်စိမ်းအရည်' နဲ့ 'မူလအမြုတေ' တွေက... နည်းပညာပိုင်းအရ... 'ချီစွမ်းအင်' ရဲ့... ပုံစံသုံးမျိုးပဲ”

" ‘ချီစွမ်းအင် နယ်ပယ်’ရဲ့ ကျင့်ကြံခြင်းက... 'ချီစွမ်းအင်' ကို... အဆက်မပြတ်... သန့်စင်ပြီး... အသက်အနှစ်သာရနဲ့... ပေါင်းစပ်ရာမှာ... တည်ရှိတယ်...။ ကနဦး... အငွေ့အခြေအနေ... 'မြူဖြူ' ကနေ... အစိုင်အခဲ... 'မူလအမြုတေ' ... အထိ... ရောက်ရှိအောင်... လုပ်ဆောင်ရတယ်...။ ပြီးတော့မှ... 'နတ်ဘုရား ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းခြင်း'... 'ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း' ... ကို... ကြိုးပမ်းပြီး... 'ကောင်းကင်ဘုံလူသား နယ်ပယ်' ကို... ရရှိအောင်... လုပ်ရတာပဲ"

'ချီစွမ်းအင် နယ်ပယ်' အတွင်းမှ ကျင့်ကြံခြင်းမှာ နင်ချီအတွက် လျှို့ဝှက်ချက်များ မရှိတော့ချေ။ 'ချီစွမ်းအင် နယ်ပယ်' အတွက် ကျင့်ကြံခြင်း နည်းစနစ်ကိုပင် သူ... 'အသင်္ချေဖြစ်ရပ်ဆန်းကြယ် အစစ်အမှန်ချီစွမ်းအင်' ကို တီထွင်ခဲ့ပြီး ဖြစ်သည်။ လက်ရှိ အခြေအနေမှာ နက်ရှိုင်းစွာ ထူးကဲကောင်းမွန်နေသည်ဟု ခံစားရသည်။

နင်ချီ၏အတွေးများ လည်ပတ်လျက် ဝိညာဉ်ရေးရာ လှုံ့ဆော်မှုများ အဆက်မပြတ် မြင့်တက်နေခဲ့သည်။ အသက်၏ အနှစ်သာရ အလွန်ကြီးမားစွာ မြင့်တက်လာခြင်းက ဉာဏ်အလင်းပွင့်ခြင်း၏ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုကို မြှင့်တင်ပေးခဲ့သည်။ သာမန် 'ချီစွမ်းအင် နယ်ပယ်' ကျင့်ကြံသူများက နှစ်လေးရာ နေထိုင်နိုင်ကြသော်လည်း နင်ချီမှာမူ များစွာ ပိုမို ချဲ့ကားနေပုံရသည်။

သူ၏ သက်တမ်းမှာ 'ကောင်းကင်ဘုံလူသား နယ်ပယ်' သို့ နီးကပ်နေနိုင်ဖွယ် ရှိသည်ဟု မှန်းဆရပါသည်။

မည်သို့ပင်ဆိုစေ... နင်ချီ၏ အနက်ရှိုင်းဆုံး ခံစားချက်မှာ ယခု... သူ... အလွန်အမင်း သန်မာနေသည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။ သူ၏ ကိုယ်ပိုင် စွမ်းရည်များ၏ ကန့်သတ်ချက်များကိုပင် သေချာ မသိတော့ချေ။

ကိုယ်အတွင်းမှ အားကြီးသော 'ချီစွမ်းအင်' မှာ ပြင်းထန်သော ခွန်အားဖြင့် လှိုင်းထန်နေပြီး သူ့အား ယခင် ရုပ်ခန္ဓာကို ချက်ချင်း ချေမှုန်းပစ်နိုင်စွမ်း ရှိသည်ဟု ခံစားစေခဲ့သည်။

(... ‘'အားပါးပါး... ငါ... တော်တော်... သန်မာလာတာပဲ'... )

“..ဖြစ်နိုင်တာက...... ပျံသန်းကြည့်လို့... ရလောက်မလား..”

နင်ချီ၏ နှလုံးသားက အနည်းငယ် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ဖြင့် လှိုင်းထန်သွားခဲ့သည်။

သာမန် သိုင်းသမားများ 'မူလအမြုတေ နယ်ပယ်' သို့ ရောက်ရှိသည့်အခါ ပျံသန်းခြင်းကို အနိုင်နိုင် စီမံခန့်ခွဲနိုင်ကြသည်။

သို့သော် နင်ချီမှာမူ သူ၏ လွှမ်းမိုးနိုင်သော 'ချီစွမ်းအင်' နှင့် အရည်အသွေး မြင့်မားမှုတို့ဖြင့် ၎င်းကို အောင်မြင်နိုင်ဖွယ် ရှိသည်။

... ထိုစိတ်ဆန္ဒကို ချုပ်တည်းလိုက်ပြီး အပြင်ဘက်သို့ ခြေလှမ်းထွက်လိုက်သည်။

မျောက်ဖြူမှာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ပြီး မျက်လုံးများမှာ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နိုးထလာသော 'ထင်ယောင်ထင်မှား ချိုးဖျက် ဝိညာဉ်မျက်လုံး' ဖြင့် မျောက်ြူ၏ အာရုံခံနိုင်စွမ်းမှာ အလွန်အမင်း ထက်မြက်နေခဲ့သည်။

အစောပိုင်းက ခဏတာ လျှပ်ပြက်သွားသော ဖိနှိပ်ချုပ်ချယ်သည့် အရှိန်အဝါက သူ၏ ထင်ပေါ်မှု မရှိပုံရသော ဆရာမှာ အမှန်တကယ် မည်မျှ ပြင်းထန်လှကြောင်း မျောက်ဖြူအား ပြသခဲ့သည်။

နင်ချီက သူ့အား မေးလိုက်သည်။

"ဆရာ... တံခါးပိတ်ကျင့်ကြံရာက... ထွက်လာပြီလား"

ထိုအခါ မျောက်ဖြူက ရိုသေစွာ ဦးညွှတ်လိုက်သည်။

"သိုင်းဆရာကြီးက... ခုထိ... တံခါးပိတ် ကျင့်ကြံရာက... မထွက်လာသေးပါဘူး"

နင်ချီ သူ့အား တရားဝင် တပည့်အဖြစ် လက်မခံရသေးသောကြောင့် မျောက်ဖြူ တာအိုဆရာလုံရှန်းအား ဆရာဟု ခေါ်ဝေါ်ရန် မဝံ့ရဲခဲ့ပါ။

နင်ချီ အနည်းငယ် အံ့အားသင့်သွားသည်။

မူလက သူ၏ တစ်လကြာ 'အသေတု' မှာ ဆရာ ထွက်ပေါ်လာပြီး ဖြစ်မည်ဟု အဓိပ္ပာယ်သက်ရောက်သည်ဟု ထင်ခဲ့မိသည်။

မမျှော်လင့်စွာပင် ဆရာက... တံခါးပိတ်နေဆဲ ဖြစ်သည်။

(... 'အိုး... ဆရာက... ငါ့ထက်တောင်... ကြာနေပါလား'... )

"ကြည့်ရတာ... ဆရာ့ရဲ့... ဒီတစ်ခေါက်... ရိတ်သိမ်းမှုက... တကယ်ကို... များပြားပုံပဲ"

နင်ချီ... ပြန်လည် ဆင်ခြင်လိုက်သည်။ ယေဘုယျအားဖြင့် ဆိုရလျှင် 'ကောင်းကင်ဘုံလူသား နယ်ပယ်' အတွက် အဆင့်ချိုးဖြတ်ပြီးနောက် ချေဖျက်သည့် ကာလ ပိုကြာလေ ရရှိမည့် အကျိုးကျေးဇူးများ ပိုကြီးမားလေ ဖြစ်သည်။

ဖြစ်နိုင်သည်မှာ အစောပိုင်းက ဝမ်မိသားစု ဘိုးဘေးနှင့် တိုက်ပွဲက တာအိုဆရာလုံရှန်းအား လှုံ့ဆော်မှု အချို့ ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

"...ဆရာ... ထွက်လာတာနဲ့... ငါ... 'ကောင်းကင်နှင့် လူသား တစ်သားတည်းကျခြင်း လျှို့ဝှက်နည်းစနစ်' ... အပေါ်... အတွင်းအမြင်... ဖလှယ်လို့... ရနိုင်တယ်...။ ဒါ... သူ့ကို... အကျိုးပြုနိုင်တယ်...။…

တစ်ချိန်တည်းမှာပဲ... သူက... ငါ့ကို... 'ကောင်းကင်နှင့် မြေကြီး စွမ်းအား' ... ကို... ခံစားကြည့်ဖို့... ကူညီပေးနိုင်တယ်"

နင်ချီ အစီအစဉ်ဆွဲနေမိသည်။

ညဉ့်အချိန်တွင် သူက တိတ်ဆိတ်စွာ အစစ်အမှန်သိုင်းတောင်မှ ထွက်ခွာသွားခဲ့သည်။

သားရဲ တစ်ကောင်ကဲ့သို့ ထူးကဲစွာ လျင်မြန်လှပါ၏။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိကြောင်း အာရုံခံမိပြီးနောက် နင်ချီ၏ မျက်လုံးများ မျှော်လင့်ချက် အရိပ်အယောင်များ လက်လာခဲ့သည်။

နောက်တစ်ခဏတွင် သူ၏အတွင်းမှ အားကြီးသော 'မြူဖြူ ချီစွမ်းအင်' များ လှိုင်းထန်လာပြီး ပုံသဏ္ဌာန်က ဖြည်းညှင်းစွာ မြေပြင်မှ မြင့်တက်သွားခဲ့သည်။

ကနဦးတွင် မတည်ငြိမ်သော်လည်း လိုက်လျောညီထွေ ဖြစ်သွားသည့်အခါ အလွန်အမင်း တည်ငြိမ်သွားပြီး လေကဲ့သို့ ရှေ့သို့ တိုးဝင်သွား၏။

အမြင့်တွင် ရပ်လျက် ... ပင်ကိုအသိစိတ်ဖြင့် လက်များကို ဖြန့်ကားလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ညလေညင်းများ တိုက်ခတ်သွားသည်ကို နင်ချီ ခံစားနေလိုက်သည်။

သူ၏ ယခင်ဘဝမှ နာမကျန်းဖြစ်နေသော ခုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေခဲ့ရာမှ ယခု... ကောင်းကင်ယံတွင် ပျံဝဲနေသည်အထိ...။

နင်ချီသည် စွန့်လွှတ်မှုနှင့် ရွှင်မြူးတက်ကြွမှု လှိုင်းလုံးတစ်ခုကို မထိန်းနိုင်ဘဲ ခံစားလိုက်ရပါတော့သည်။

(... 'ဒါ... ဒါ... ငါ... တကယ်... ပျံနေတာပဲ...'... )

ထိုအပြင် ဒါက... အစ... တစ်ခု... သာ... ဖြစ်ပေသည်။

ဤ... ခက်ခဲစွာ... ရရှိခဲ့သော... အခွင့်အရေးကို... ဆုပ်ကိုင်လျက်... ရှေ့သို့... ပို၍... တက်လှမ်းရန်တည်း...။

All Chapters