← Chapters

အမတေမဲ့ အလယ်အလတ်အဆင့်

Vol. 85 Ch. 1270

အမတေမဲ့ အလယ်အလတ်အဆင့်

Vol. 85 Ch. 1270

ချူးယွင်ဖန်း၏ စစ်မှန်သော စွမ်းအားသည် ထိုအချိန်က သူပြသခဲ့သည့်အရာထက် ပို၍ ကြောက်စရာကောင်းသည်။ ဝမ်ကျန့်ရှီ၏ ထင်မြင်ချက်တွင် ချူးယွင်ဖန်းသည် ၎င်း၏ ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့မည်ဆိုလျှင် ချူးယွင်ဖန်းသည် သူ့ကို လက်ချောင်းလေးဖြင့် အနိုင်ယူသွားပေလိမ့်မည်။ ဤသည်က ဝမ်ကျန့်ရှီကို မယုံမကြည်နိုင်ဖြစ်စေသည်။ ချူးယွင်ဖန်းသည် ဤကဲ့သို့သောအဆင့်အထိ မည်သို့ ကျင့်ကြံခဲ့သည်ကို သူမသိပေ။ ယင်းက မယုံကြည်နိုင်ဖွယ်ကောင်းလွန်းလှသည်။ ရွှေအမတေထက်ဝက်အဆင့်သို့ သူအိပ်မက်မက်သော အဆင့်ဖြစ်သည်။ နတ်အဆင့် ရှိသူများအတွက်၊ ခြေလှမ်းတစ်ဝက် ရွှေမတေအဆင့်သို့

တက်လှမ်းခြင်းသည် ၎င်းတို့၏ အကြီးမားဆုံး ပန်းတိုင်ဟုပင် ဆိုနိုင်ပေသည်။ ရွှေအမတေအဆင့်အတွက်မူ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

နတ်အဆင့်သို့ တက်လှမ်းနိုင်သည့် ဤပါရမီရှင်များအတွက်ပင်လျှင် ၎င်းသည် တစ်ထောင်တွင် တစ်ပုံသာရှိသည်။ နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော ထိုက်ရန်လက်သီးဂိုဏ်း သခင်ပင်

ခြေလှမ်းဝစ်ဝက်ရွှေအမတေအဆင့်ဖြစ်သည်။ ထို့ကြောင့် ရွှေအမတေအဆင့် သို့ဝင်ရောက်ရန်မည်မျှခက်ခဲသည်ကို တွေးကြည့်နိုင်သည်။

ဝမ်ကျန့်ရှီသည် အမတေမဲ့အဆင့်သို့ရောက်ရန်နည်းလမ်းသည် အင်အားကြီးသောဂိုဏ်းအချို့၏လက်တွင်သာရှိလေ့ရှိကြောင်း ရှင်းရှင်းလင်းလင်းသိသည်။ ၎င်းက လျှို့ဝှက်နည်းပညာတစ်ခုဖြစ်၍ လူအများအတွက် ဖော်ပြမျှဝေပေးထားခြင်းမရှိပေ။

၎င်းသည် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်မှ ရွှေအမတေအဆင့်သို့ တက်လှမ်းရန် အခက်အခဲများစွာရှိစေသည်။ ထို့ကြောင့် သာမန် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ရှိသူများသည် ထိုသို့သော စိတ်ကူးယဉ်အတွေးမျိုး ရှိမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းကမူ မတူပေ။

သူ့အသက်အရွယ်အရ အင်အားကြီးဂိုဏ်း၏ အမွေဆက်ခံမှု မရှိခဲ့လျှင်ပင် ဖြည်းဖြည်းချင်း နည်းလမ်းရှာနိုင်သည်။ ဖြည်းဖြည်းချင်း အဖြေရှာရန် သူ့တွင် အချိန်အမြောက်အမြားရှိသည်။ ရွှေအမတေအဆင့်သို့ ဝင်ရောက်နိုင်ခြေသည် သူ့ဆရာထက် များစွာမြင့်မားသည်။

ထို့အပြင် သူ ထိုက်ရန်တောင်သို့ သတင်းပို့လိုက်သောအခါတွင် ဆရာဖြစ်သူ၏ တုံ့ပြန်မှုက အလွန်လျင်မြန်စွာ ပြန်ရောက်လာသည်။ ဆရာသခင်၏ ခွဲခြမ်းစိတ်ဖြာချက်အရ ချူးယွင်ဖန်းသည် အမွေဆက်ခံခြင်းမရှိဘဲ ထိုသို့သောပုဂ္ဂိုလ်ဖြစ်လာရန် မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းပြသခဲ့သော ခွန်အားနှင့် အရည်အချင်းကို အကဲဖြတ်ကြည့်လျှင် သူ့နောက်တွင် အလွန်အစွမ်းထက်သော ဂိုဏ်းတစ်ခုရှိရမည်။ မည်သည့်ဂိုဏ်းဖြစ်ကြောင်း သူသည်လည်းမသိပေ။ အခြားသူများကဲ့သို့ပင် ဝမ်ကျန့်ရှီနှင့် သူ၏ ဆရာသည် ချူးယွင်ဖန်းအား အင်အားကြီးဂိုဏ်းတစ်ခုမှ ကျောထောက်နောက်ခံပြုသည်ဟုလည်း ယုံကြည်ခဲ့သည်။ ဤသို့မျှမဟုတ်ပါက အချိန်တိုအတွင်းတွင် သူမည်ကဲ့သို့ အံ့သြဖွယ်ကောင်းသောအဆင့်ထိ မည်သို့ကျင့်ကြံခဲ့ကြောင်း ရှင်းပြရန် ခက်လိမ့်မည်။

"ကောင်းပြီ၊ ကျုပ်နားလည်ပြီ အခုသွားရအောင်။" ချူးယွင်ဖန်းက ဝမ်ကျန့်ရှီကို ကြည့်လိုက်သည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူအဆင့်တက်ရန်နှင့် ကျင့်ကြံရန်လိုသောကြောင့် မြို့စားကို အချိန်တိုအတွင်း လုပ်ဆောင်ခွင့်မပြုခဲ့ပေ။ ယခု တစ်လအကြာတွင် ဒဏ်ရာများ ပြန်လည်သက်သာလာရုံသာမကဘဲ သူ၏ ကိုယ်ခံအားသည်လည်း အဆင့်တစ်ခုသို့ရောက်ရှိသွားခဲ့သည်။

အချိန်တိုအတွင်း၌ပင် နတ်အဆင့် အဌမအဆင့်ကို တည်ငြိမ်စေသည်အထိ ကျင့်ကြံခဲ့သည်။ ဤသို့ဖြင့် သူသည် အဠမအဆင့် အထွတ်အထိပ်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

ယန်ဝိညာဉ်ကိုးပါးပြုပြင်ခြင်းဆေး၏ အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ သံသယမရှိပေ။ ချူးယွင်ဖန်းသည် ၎င်း၏ကြိုးစားအားထုတ်မှုကို အလဟဿမဖြုန်းတီးခဲ့ပေ။

"ကောင်းပြီ သခင်လေးဖန်း ကျုပ် ဆရာလည်း လာပြီ” ဝမ်ကျန့်ရှီက ချူးယွင်ဖန်းကို ကြည့်ရင်း ပြောလိုက်သည်။

"ထိုက်ရန်တောင်လက်သီးဂိုဏ်းက ဖုဝမ်ထိုက်လား” ချူးယွင်ဖန်းသည် အံ့သြသွားပြီးနောက်မှ ပြောလိုက်သည်။

ပထမက ထိုက်ရန်တောင်ဂိုဏ်းမှ ဖုဝမ်ထိုင်က မည်သူဖြစ်ကြောင်းသူမသိပေ။ သို့သော်လည်း ဝမ်ကျန့်ရှီနှင့် သူ၏ဆက်ဆံရေးကြောင့် ၎င်းအကြောင်းကို ပိုမိုသိရှိခဲ့ပြီး နောက်ဆုံးတွင်ဖုဝမ်ထိုက်က မည်သူဖြစ်သည်ကို သိရှိလာခဲ့သည်။

၎င်းကိုပြောရလျှင် မြို့ဝန်ကျုံးရှင်နှင့်လည်း သက်ဆိုင်သည်။ ဖုဝမ်ထိုက်သည် ယခင် မြို့ဝန်ကျုံးရှင်၏ စစ်ဗိုလ်ချုပ်ဖြစ်သည်။ နောက်ပိုင်းတွင် မတော်တဆမှုတစ်ခုကြောင့် ကံကောင်းခဲ့ကာ သိုင်းပညာ၌ အောင်မြင်မှုများစွာရရှိခဲ့သည်။ သူသည် စစ်တပ်မှ ထွက်၍ ထိုက်ယန်တောင်တွင် ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်။ ထို့နောက် ဖုဝမ်ထိုက်နှင့် မြို့တော်ကျုံးရှင်တို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ဆဲဖြစ်သည်။ မှန်သည်။ အိမ်တော်ရှိ မည်သူကမျှ ဖုဝမ်ထိုက်ကို ကျွန်အဖြစ် မဆက်ဆံဝံ့ကြတော့ပေ။

ဤသို့သောအခြေအနေမျိုးတွင် ဝမ်ကျန့်ရှီကို ဖုဝမ်ထိုက်က စေလွှတ်ခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင် ဝမ်ကျန့်ရှီတစ်ဦးတည်းမဟုတ်ပေ။ ယင်းမတိုင်မီက ဖုဝမ်ထိုက်၏ တပည့်အချို့လည်း နေအိမ်သို့ ရောက်ရှိလာခဲ့ဖူးကြသည်။ သို့သော် ချူးယွင်ဖန်းက မည်သူဖြစ်သည်ကို မသိခဲ့ကြပေ။

"မှန်ပါတယ်၊ ကျုပ်ဆရာသခင်ပါ" ဝမ်ကျန့်ရှီက ပြောသည်။

"မင်းကိစ္စ ကျုပ်ဆရာကြားပြီးရင် မင်းနဲ့တိုက်ဖို့ မျှော်လငမိတယ်”

ချူးယွင်ဖန်း၏ နှုတ်ခမ်းဖျားများ အနည်းငယ် လှုပ်ယမ်းသွားသည်။ ဤအရာက စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူခံစားမိသည်။ ဖုဝမ်ထိုက်သည် သိုင်းပညာကို အရူးအမူးစွဲလမ်းသူဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။ သူသည် မြို့ဝန်များ၏ဗိုလ်ချုပ်များကြားတွင် သိုင်းပညာကို အရူးအမူးစွဲလမ်းသူဟု အလွန်ကျော်ကြားခဲ့သည။ နောက်ပိုင်းတွင် သူသည် မြို့ဝန်မှ ရာထူးတိုးခဲ့သည်။ နေရာတိုင်းတွင် စစ်တိုက်ခဲ့၍ နောက်ဆုံးတွင် ကြီးမြတ်သော တာအိုကို နားလည်ခဲ့သည်။ တစ်နေ့တွင်၊ သူသည် ယင်းကို ကျော်လွှားကြာ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ချူးယွင်ဖန်းသည် ဖုဝမ်ထိုထိုက်က တမန်တော်များထက် စွမ်းအားကြီးမည်ဟု မယုံကြည်နိုင်ပေ။

တမန်တော်များသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားကြောင်း သူသိသော်လည်း ချူးယွင်ဖန်းနှင့် တိုက်ခိုက်ရန် ရဲရင့်ဆဲဖြစ်သည်။ သူသည် သိုင်းပညာကို အရူးအမူးစွဲလမ်းသူအဖြစ် နာမည်နှင့်လိုက်လျောညီထွေနေခဲ့သည်။

"ကြည့်ရအောင်" ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။

ယခင်က ချူးယွင်ဖန်းသာဖြစ်ကာ ဖုဝမ်ထိုက်သည် တိုက်ခိုက်ရန် ယှဥ်နိုင်သောသူဖြစ်ခဲ့လိမ့်မည်။ သို့သော် ယခု သူ၏ ကျင့်ကြံရေးအဆင့်က ခုန်ပျံကျော်လွှားကာ တိုးတက်လာသည်။ လွန်ခဲ့သည့်တစ်လနှင့် နှိုင်းယှဥ်ကြည့်လျှင်ပင် ကမ္ဘာကြီးသည် တုန်လှုပ်ချောက်ချားစရာ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ဖုဝမ်ထိုက်၏ စိန်ခေါ်မှုက သူ့အတွက် အဓိပ္ပါယ်မရှိပေ။

ချူးယွင်ဖန်းက ချက်ချင်းသဘောမတူကြောင်းမြင်လိုက်ရသောအခါ ဝမ်ကျန့်ရှီအနည်းငယ် အံ့သြသွားသည်။ သို့သော် ချူးယွင်ဖန်း၏ ဆုံးဖြတ်ချက်ကို သူ မေးခွန်းထုတ်ဝံ့ခြင်းမရှိပေ။ ချူးယွင်ဖန်းသည် သူ၏ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် တိုက်ခိုက်ရေး အစွမ်းကို ထုတ်ဖော်ပြီးကတည်းက ဝမ်ကျန့်ရှီ၏ နှလုံးသားတွင် ချူးယွင်ဖန်းသည် သူ့ဆရာနှင့် တူညီသော အဆင့်သို့ ချက်ချင်း တက်လာခဲ့သည်။

ချူးယွင်ဖန်းဒေါသထွက်ခြင်း၏ အကျိုးဆက်များကို သူ မမြင်ချင်ပေ။

"ဒါပေမယ့် မင်းဆရာက ဒီအချိန်မှာ ဘာလို့ ဒီမှာရှိနေတာလဲ၊ ကျုပ်ကို တွေ့ဖို့ပဲရောက်လာတာလို့ မပြောနဲ့။" ချူးယွင်ဖန်းက ဝမ်ကျန့်ရှီကို ပြုံးပြလိုက်သည်။

ဝမ်ကျန့်ရှီက ခေါင်းကို အလျင်စလိုခါယမ်းလိုက်၏။

"ကျွန်တော့်ဆရာက သခင်လေးဖန်းနဲ့တိုက်ခိုက်ချင်တာဆိုပေမယ့် ဒါက လမ်းကြုံလို့ပါပဲ။ တကယ့်အကြောင်းရင်းကတော့ မြို့စားရဲ့ အစီအစဥ်ကို အကောင်အထည် ဖော်တော့မယ့်ကိစ္စပါ။ ကျွန်တ်ေ့ ဆရာကလွဲရင် တခြား ကျွမ်းကျင်သူတွေလည်း ရှိသေးတယ်လေ။"

ဤစကားကို ကြားသောအခါ ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပလာသည်။ အစီအစဥ်သည် နောက်ဆုံးတွင် စတင်ပေတော့မည်။ ချူးယောင်ဝေ့က မည်သို့စီစဥ်ကာ ဤအင်အားကြီးရန်သူကို မည်သို့ ဝိုင်းသတ်မည်ကို သူမသိပေ။

သို့သော် ယခုမူ သူ့အတွက် အရေးမကြီးပေ။ ချူးယောင်ဝေ့၏ အဆိုအရ အဆိုပါ အင်အားကြီးရန်သူသည် မကြာသေးမီကပင် ရွှေအမတေအဆင့်သို့ ဝင်ရောက်လာသင့်သည်။ အများဆုံးအနေဖြင့် သူသည် အမတေမဲ့အဆင့် အခြေခံအဆင့်၌သာ ရှိနေဦးပေလိမ့်မည်ဖြစ်၍ ချူးယွင်ဖန်းကို လုံးဝယှဥ်နိုင်မည်မဟုတ်ပေ။

ဤလူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သို့တက်နိုင်ခဲ့သည့်တိုင် ချူးယွင်ဖန်းက မကြောက်မိပေ။ ဤနယ်ပယ်တွင် သူသည် အကြောက်တရားကင်းလှသည်။ မည်သို့ပင်ဖြစ်စေကာမူ အောင်ပွဲက သူ့လက်ထဲတွင်ရှိနေမည်ဖြစ်သောကြောင့် သဘာဝအရ အရေးမကြီးပေ။

"စိတ်ဝင်စားဖို့ကောင်းတယ်။ လမ်းပြပါဦး ကျုပ်သွားကြည့်မယ်။" ချူးယွင်ဖန်းပြုံးလိုက်သည်။

"ဒီလမ်းပဲ!" ဝမ်ကျန့်ရှီက ကမန်းကတန်းပြောလိုက်သည်။

ဝမ်ကျန့်ရှီ၏ ဦးဆောင်မှုအောက်တွင်၊ ချူးယွင်ဖန်းသည် အိမ်တော်၏ နက်နဲရာသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့သည်။ ချူးယွင်ဖန်းက သူ ယခင်က ဤနေရာများသို့ တစ်ကြိမ်မျှ ရောက်ခဲ့ဖူးသည်မှာ သေချာလှသော်လည်း အတားအဆီးများနှင့် အခင်းအကျင်းများက တင်းကြပ်လွန်းသောကြောင့် ရေတစ်စက်ပင် ပေါက်နိုင်မည်မဟုတ်ကြောင်း သူသတိထားမိသည်။

ကျွမ်းကျင်သူတစ်ဦးသည် ၎င်းတို့၏ ဝိညာဉ်ရေးဆန္ဒကို စကင်န်ဖတ်ရန် အသုံးပြုခဲ့လျှင်ပင် ဤနေရာတွင် အမှန်တကယ် အခြေအနေကို သိရှိနိုင်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းချက်ချင်းနားလည်သွားသည်။ မည်သည့်မျိုးနွယ်စုတွင် လျို့ဝှက်ချက်မရှိသနည်း။ သူ့အကြည့်များက မြေပြင်ပေါ်ရှိ လူအချို့ဆီသို့ လျင်မြန်စွာ ဖြတ်ကျော်သွားသည်။

All Chapters