← Chapters

ဦးညွတ်တောင်းပန်ခြင်း

Vol. 85 Ch. 1272

ဦးညွတ်တောင်းပန်ခြင်း

Vol. 85 Ch. 1272

ချူးယွင်ဖန်းသည် အမျိုးသမီး ရွှေ့ကျီ၏မြှောက်ပင့်ပြောဆိုမှုကို လုံးဝလျစ်လျူရှုခဲ့သည်။

“ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

အမျိုးသမီး ရွှေ့ကျီက ပြုံးနေဆဲပင်ဖြစ်ကာ ချူးယွင်ဖန်း၏ ဥပေက္ခာကို ဂရုမစိုက်ပေ။ မင်းသမီး‌ရွှေ့ကျီက ချူးယွင်ဖန်းကို ကြည့်နေသည်ကိုမြင်လိုက်ရသောအခါ ယွီဝမ်ချန်၏ မျက်လုံးများက အထင်အမြင်သေးစွာ ကျုံ့သွားသည်။

"ဒါက မဟုတ်မမှန်သတင်းမှန်း ဘယ်သူက သိမှာလဲ”

ယွီဝမ်ချန်၏ စကားလုံးများက ချူးယွင်ဖန်းဆီသို့ လူတိုင်း၏ အာရုံကို အောင်မြင်စွာ ရောက်လာစေသည်။ သူ့စကားထဲမှ ရန်စသံကို လူတိုင်းကြားနိုင်သည်။

“ကြိုးစားကြည့်မလား” ချူးယွင်ဖန်းက ယွီဝမ်ချန်ကို လှောင်ရယ်လိုက်သည်။

“မထိုက်တန်တဲ့ နာမည်ကောင်းဟုတ်လား။ မင်း အဲ့လိုပြောတာလား”

ယွီဝမ်ချန်က လှောင်ရယ်လိုက်သည်။

"မင်းတို့အားလုံးကို မြို့ဝန်က ဖိတ်ထားတာဖြစ်တဲ့အတွက် ဒါဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ မင်းသိထားသင့်တယ်။ ရွှေအမတေအဆင့်တစ်ယောက်ကို အာချောင်တာ မင်း သတိမထားမိရင် သေလိမ့်မယ်။ မသန်မာရင် မင်းက ဝန်ဖြစ်လာလိမ့်မယ်”

“အချိန်တန်ရင် ငါတို့ကိုယ်ငါတို့တောင် မကာကွယ်နိုင်မှာကို သူ့ကို ကယ်နေရဦးမှာလား”

ယွီဝမ်ချန်က ၎င်းတို့က ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်ဟု ပြောသော်လည်း ယင်းက ၎င်းတိုကို နှိမ်ချနေခြင်းမဟုတ်သည့်အတွက် မည်သူမျှ ဒေါသမထွက်ပေ။ ယင်းက အမှန်တရားပင်ဖြစ်သည်။ ရွှေအမတေအဆင့်နှင့် ယှဥ်ပါက ၎င်းတို့တွင် အရေအတွက် အားသာချက်ရှိလျှင်ပင် ၎င်းတို့ကိုယ် ၎င်းတို့ ကာကွယ်နိုင်မည်မဟုတ်ပေ။

"အစ်ကိုယွီဝမ် သခင်လေးချူးက ဝန်ထုပ်ဝန်ပိုးဖြစ်မယ်မထင်ပါဘူး။ နောက်ဆုံးတော့ တမန်တော်တွေတောင် သူ့လက်ချက်နဲ့ သေသွားကြတာလေ” အမျိုးသမီးရွှေ့ကျီက ချူးယွင်ဖန်းကို ပရောပရီ အကြည့်များနှင့် ကြည့်ရင်းပြောလိုက်သည်။ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ပင်ဖြစ်သည်။ သူ့မျက်လုံးများကို ဖမ်းစားနိုင်သူများသည် အလွန်နည်းပါးလှသည်။

သူ့အမြင်အရ သူ့ဘဝ လက်တွဲဖော်ဖြစ်လာနိုင်သူ အလွန်နည်းပါးသည်။ ထို့ကြောင့် အမျိုးသမီးရွှေ့ကျီကို နှစ်ပေါင်းများစွာ လိုက်လံပိုးပမ်းခဲ့သည်။ သူ့အမြင်အရ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၌ရှိနေသော အမျိုးသမီး ရွှေ့ကျီကသာ သူ၏တွဲဖက်ဖြစ်လာရန် အရည်အချင်းပြည့်မှီသည်။

သို့သော်၊ ဤလူ ချူးယွင်ဖန်းရောက်ရှိလာပြီးနောက်၊ မူလက သူနှင့်စကားပြောရင်း ရယ်မောနေသော အမျိုးသမီး ရွှေ့ကျီသည် ချူးယွင်ဖန်းဆီ လုံးဝအာရုံပြောင်းသွားခဲ့သည်။

ယင်းက သူ့ကို မနာလိုစိတ်နှင့် ရူးသွားစေသည်။ သို့သော် သူမနာလိုသည်ဟု ကျယ်လောင်စွာ မပြောခဲ့ပေ။

သူ့မျက်လုံးထဲတွင် ချူးယွင်ဖန်းသည် ဘာမှမဟုတ်ပေ။ အမွှေးပင် မစုံသေးသော အသက်နှစ်ဆယ်ကလေးတစ်ယောက်က မိမိတို့နှင့် တန်းတူဖြစ်ချင်နေသလော။ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်တွင်ရှိနေသည်ကို သိခဲ့ရသည်။ သတိလက်လွတ်ဖြစ်လျှင် လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမှုန်းခံရပေလိမ့်မည်။

သူ့ထင်မြင်ချက်အရ ချူးယွင်ဖန်း၏ အမည်ကျော်ကြားမှုသည် မြို့ဝန်ကျုံးရှင်မှ ကျော်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယွီဝမ်ချန်သည် ချူးယွင်ဖန်းကို အလေးမထားခဲ့လှပေ။ သူ၏ ကျင့်ကြံမှုက ခုန်ပျံကျော်လွှားကာ အရှိန်အဟုန်ဖြင့် တိုးတက်လာ၍ နယ်ပယ်ကို သိမြင်နိုင်စွမ်းသည်လည်း အချိန်တိုအတွင်း ပြန်လည်မွေးဖွားလာနိုင်သည်။ ရှေးခေတ်ကတည်းကပင် နေ့ခင်းကြောင်တောင် ပေါ်ထွန်းလာခဲ့ကြသည့် ဒဏ္ဍာရီများ ရှိခဲ့သည်။

သို့သော် ယင်းက အဆင့်တစ်ခုဖြစ်သည်။ ချူးယွင်ဖန်းက ပါရမီရှင်ဖြစ်လျှင်ပင် သူ၏ ခွန်အားကို စုဆောင်းရန် အချိန်လိုအပ်နေသေးသည်။ ယင်းကို အရည်အချင်းနှင့်ပေါင်းစပ်၍ မရပေ။

"မင်းဟုတ်လား မင်းက ဒီမှာ အညံ့ဆုံးပဲ။ မင်းဘယ်သူကို ကြွားဖို့ ကြိုးစားနေတာလဲ" ချူးယွင်ဖန်းက ယွီဝမ်ချန်ကို လှောင်ပြောင်သည်။

"အညံ့ဆုံးလို့ ဘယ်သူ့ကို ခေါ်လိုက်တာလဲ" ယွီဝမ်ချန် ဒေါသထွက်သွားသည်။

“ငါမင်းအကြောင်းပြောနေတာကွ” ချူးယွင်ဖန်းက လှောင်ရယ်သည်။

လူတိုင်းက ချူးယွင်ဖန်းကို ကြည့်လာကြသည်။ ၎င်းတို့အားလုံးသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်များဖြစ်ကြသော်လည်း အလွန်အားကောင်းသည့် နာမည်ကြီး တမန်တော်များမှတပါး အများစုသည် အချင်းချင်း အမှန်တကယ် ယှဉ်ပြိုင်ခြင်း မရှိကြပေ။

"ကောင်းပြီ။ ကျန်းလင်က ယွီရွှမ်ဖေးကို အနိုင်ယူပြီးရင် မင်းငါ့ကို တိုက်ရဲလား” ယွီဝမ်ချန်က ဒေါသထွက်လွန်းလှသဖြင့် ခေါင်းတစ်ခုလုံး ပေါက်ကွဲတော့မည့်နှယ်ဖြစ်နေသည်။

ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"အရူး၊ မင်း မာနကြီးဖို့ သတ္တိရှိတုန်းပဲ၊ ဘယ်သူက အောင်နိုင်သူ ဘယ်သူက အရှုံးသမားဆိုတာ မပြောနိုင်ပေမယ့် မင်းကတော့ မာနကြီးဖို့ သတ္တိရှိတုန်းပဲ"

"ငါပြောတာမှားတယ်လို့ မင်းပြောနေတာလား။” ယွီဝမ်ချန်သည် ချူးယွင်ဖန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။

အခြားလူများသည်လည်း ချူးယွင်ဖန်း၏ စကားကြောင့် စိတ်ဝင်စားလာကြသည်။ ကျန်းလင်သည် ယွီရွှမ်ဖေးကို လုံးလုံးလျားလျား ဖိနှိပ်ထားခြင်းဖြစ်ကာ ၎င်းကိုကြည့်ခြင်းအားဖြင့် ယွီရွှမ်ဖေးသည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရှိပေ။

"ရယ်စရာကောင်းလိုက်တာ။ ကျန်းလင်ရဲ့ လှုပ်ရှားမှုတွေက အားကောင်းပြီး ထိပ်တိုက်တွေ့ဖို့ မဖြစ်နိုင်တာကို ဘယ်သူက မသိကြဘူး။ အပြင်မှာဆိုရင်တော့ ယွီရွှမ်ဖေးရှောင်ပြေးနိုင်ပေမယ့် ဒီမှာ ကွင်းတစ်ဝက်လောက်က ကျန်းလင်ရဲ့ တူတစ်ချောင်းနဲ့ ဖုံးလွှမ်းသွားလိမ့်မယ်။ ယွီရွှမ်ဖေးဘယ်မှာ ပုန်းလို့ရမလဲ။" ယွီဝမ်ချန်က စင်ပေါ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

အခြားသူများကလည်း ခေါင်းညိတ် သဘောတူကြသည်။ ၎င်းတို့သာဆိုလျှင်လည်း တူညီသောအမြင်ရှိပေလိမ့်မည်။ ယွီရွှမ်ဖေး အနိုင်ရရန် အခွင့်အလမ်းများ နည်းပါးလွန်းလှသည်။ ၎င်းတို့၏ အမြင်တွင် ကျန်းလင်၏ တိုက်ခိုက်ရေးပုံစံသည် ခံနိုင်ရည်ရှိလွန်းသဖြင့် ယွီရွှမ်ဖေးသည် ဤကျဉ်းမြောင်းသောနေရာ၌ ထိပ်တိုက်တွေ့ရန်မှတပါး ရွေးချယ်စရာမရှိပေ။ ယွီရွှမ်ဖေးသည် ဤတစ်ကြိမ်တွင် ကျိန်းသေရှုံးမည်ဟု ဆုံးဖြတ်ရန် ဤတစ်ခုတည်းနှင့် လုံလောက်သည်။

"ဒါဆို မင်း မမြင်ဘူးပေါ့။ ယွီရွှမ်ဖေးက သူ့ရဲ့ ခွန်အားကို အပြည့်အ၀ မသုံးဘူးဆိုတာ မင်း မမြင်ဘူးလား" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သူ့ရဲ့ ခွန်အားကို အပြည့်အ၀ မသုံးဘူးဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ယွီရွှမ်ဖေးသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားပုံမပေါ်သောကြောင့် ဖုဝမ်ထိုက်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

ယွီဝမ်ချန်သည် တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်ခဲ့၍ ချက်ချင်းဆိုသကဲ့သို့ပင် ယခင်ကကဲ့သို့သာ နိဂုံးချုပ်လိုက်သည်။ ချူးယွင်ဖန်းသည် လူအများ၏ အာရုံစိုက်ခံရရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။ ဤသို့သော လူများစွာနှင့် သူတွေ့ဖူးသည်။ ၎င်းတို့သည် ကမ္ဘာကြီးကို အံ့အားသင့်စေကာ အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုကြသည်။

"ဘယ်လိုလဲ၊ မင်း ငါနဲ့ ဘယ်သူနိုင်လဲဆိုတာ လောင်းရဲလား" ချူးယွင်ဖန်းက အပြုံးမပျက်ဘဲ ပြောလိုက်သည်။

ယွီဝမ်ချန်က ချက်ချင်းလှောင်ရယ်လိုက်၏။

"မင်းနဲ့ လောင်းရမယ်ဟုတ်လား။ မင်းငါ့ကို ရှုံးရင်ဒူးထောက်ပြီးတောင်းပန်”

"ကောင်းပြီ မင်းရှုံးရင် မင်းဘာလုပ်မှာလဲ" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါဘယ်လိုမှားနိုင်မှာလဲ.."

"မင်း မှားနေပြီ၊ ငါ မင်းကို တခြားဘာမှ မလုပ်စေချင်ဘူး။ မင်းရဲ့ အကြံပေးချက်အတိုင်းပဲပေါ့။ မင်းရှုံးရင် မင်း ဒူးထောက် ဦးညွတ်ပြီး မင်းရှံးကြောင်းဝန်ခံရမယ်" ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ကောင်းပြီ ဒါဆို ဒီလိုပဲ" ယွီဝမ်ချန်၏ မျက်နှာတွင် ချူးယွင်ဖန်းဒူးထောက်ဦးညွတ်နေသော မြင်ကွင်းကို မြင်ယောင်လျက် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခု ပေါ်လာသည်။

ချူးယွင်ဖန်းက တိုက်ခိုက်နေရာနေရာသို့ ချက်ချင်းအော်လိုက်သည်။

"မင်း ဒီအဆင့်ကို ရောက်နေပြီ၊ ဘာလို့ အစွမ်းကုန်မတိုက်တာလဲ"

သူတို့နှစ်ဦးစလုံးသည် ချူးယွင်ဖန်းနှင့် ယွီဝမ်ချန်တို့၏ လောင်းကြေးကို စိတ်ဝင်စားလျက်ရှိသည်။

ကျန်းလင်သည် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။

‘ဒီကောင်က ငါ့ကို ယွီရွှမ်ဖေးထက် အဆင့်နိမ့်တယ်လို့ ပြောရဲတယ်ပေါ့’

တစ်ဖက်တွင်၊ ယွီရွှမ်ဖေးက ပြန်အော်သည်။

"ဒီအထိရောက်လာပြီဆိုတော့ ဆက်ပြီး ဖုံးကွယ်ထားဖို့ ငါ့မှာ ဘာအကြောင်းမှ မရှိဘူး၊ တကယ်ပါပဲ။ မင်း မြင်ရင်မြင်နိုင်တဲ့အတိုင်းထားလိုက်လေ ဘာလို့ ငါ့ကို ဖော်ထုတ်ဖို့ကြိုးစားနေတာလဲ”

All Chapters