ဘေးမှဖြတ်သွားသူ
Vol. 51 Ch. 754
လူတိုင်းက မြွေကြီးတဖြေးဖြေးယုတ်လျော့လာသောအရှိန်အဝါကိုကြည့်ပြီး နှစ်ထောင်းအားရဖြစ်နေကြလေသည်။ဒီကလူများမှာသန္ဓေပြောင်းသားရဲများနှင့်ရင်ဆိုင်ရချိန်တိုင်းအနိုင်ရရှိခဲ့ကြလေသည်။
စပါးအုံးမြွေကြီး၏မျက်လုံးများမှာ လူသားများကဲ့သို့ပင်နောင်တတရားများပြည့်နှက်နေလေသည်။ တကယ်လို့ဒီလိုကြုံတွေ့ရမည်ကိုသာကြိုသိခဲ့ရင် ၎င်းအနေဖြင့်အလောတကြီးလာခဲ့မည်မဟုတ်ပေ။
၎င်းမှာ ခန္ဓာကိုယ်သာသန္ဓေပြောင်းလဲလာခြင်းမဟုတ်ဘဲ ၎င်း၏ဉာဏ်ရည်ကပါတိုးတက်လာခဲ့ပေသည်။ လက်ရှိတွင်၎င်းမှာ ၁၀နှစ်အရွယ်ကလေးတယောက်၏ဉာဏ်ရည်မျိုးရှိနေလေပြီဖြစ်သည်။ ၎င်းအနေဖြင့်အန္တရာယ်ကိုဘယ်လိုရှောင်ရှားရမလဲဆိုသည်ကိုမကြာမီတွင်သိရှိလာတော့မည်ဖြစ်လေသည်။
သို့သော်လက်ရှိတွင် ၎င်းမှာအလောတကြီးလာခဲ့ခြင်းကြောင့်နောင်တကြီးစွာရနေလေသည်။ လူသားတွေကသူ့အတွက်ဘယ်လိုလက်နက်မျိုးပြင်ဆင်ထားသလဲဆိုသည်ကိုကြိုမသိခဲ့ချေ။ အခုမှနောင်တရနေလည်းအရာရာနောက်ကျသွားခဲ့လေပြီဖြစ်သည်။
"ကျိုးဟောင်....ဒီစပါးအုံးမြွေကြီးက...."
ဂျော့ခ်ျ၏စကားမဆုံးခင်မှာပင်ကျိုးဟောင်မှာ သူရင်းနှီးသောအငွေ့အသက်နှင့်ကလေးတယောက်ကိုခံစားလိုက်ရလေသည်။
သူချက်ချင်းသွားပြီးကြည့်ဖို့ပြင်လိုက်စဉ်မှာပင်ထိုကလေးငယ်မှာချက်ချင်းပျောက်ကွယ်သွားလေသည်။ထိုနေရာမှာ ဘာမှမရှိခဲ့သလားဖြစ်နေလေသည်။ ဂျော့ခ်ျတောင်သူထင်ယောင်ထင်မှားဖြစ်လေသလားဟုထင်မှတ်သွားလေသည်။
ဒါ့အပြင်ထိုကလေး၏အရှိန်အဝါမှာဂျော့ခ်ျတို့မိသားစုဆီမှအခိုးခံလိုက်ရသည့်ရတနာပစ္စည်း၏ အရှိန်အဝါအငွေ့အသက်နှင့်ဆင်တူနေလေသည်။ ဂျော့ခ်ျမှာသူ့မစ်ရှင်အောင်မြင်စေရေးအတွက်ရတနာပစ္စည်းအားအာရုံခံနိုင်သည့်ကိရိယာကိုလည်းယူဆောင်လာခဲ့လေသည်။
"မင်းတို့လိုက်ရှာနေတဲ့သူကပေါ်လာခဲ့ပြီပဲ"
ဖားကဆရာကြီးလေသံဖြင့်ပြောလာလေသည်။
ထိုအခိုက်အတန့်လေးတွင် ဆန်းကြယ်သောသူခိုးမှာခဏပေါ်ပေါက်လာပြီး ချက်ချင်းပြန်ပျောက်သွားလေသည်။ သူဘယ်လိုပြန်ပျောက်သွားမှန်းဘယ်သူမှမသိခဲ့ပေ။ လက်ရှိတွင်လူတိုင်းကစပါးအုံးမြွေကြီး၏အဖြစ်အပျက်ဆီအာရုံရောက်နေလေသည်။
"ဒီကလေးက ငါတို့ရှာနေတဲ့သူလား"
ကျိုးဟောင်လည်းပြောလာလေသည်။
သာမန်ကလေးတယောက်မှယခုလိုလူတိုင်း၏ရှေ့တွင်ခဏမျှပေါ်လာပြီး ချက်ချင်းပြန်ပျောက်ကွယ်သွားဖို့မဖြစ်နိုင်ချေ။
ဒီအမြန်နှုန်းမှာသူတို့ရှာဖွေနေသော ဆန်းကြယ်လှသည့်သူခိုးသာပိုင်ဆိုင်ထားသည့်အရာဖြစ်လေသည်။
ဒီတကြိမ်ပေါ်ပေါက်လာသည့်အသွင်အပြင်မှာသူ့၏ပုံစံအစစ်အမှန်ဖြစ်နိုင်ချေရှိပေသည်။အကြောင်းမှာသူသည် မိတ်ကပ်များနှင့်ရုပ်ဖျက်ထားခြင်းမျိုးမရှိသည့်အပြင် မျက်နှာဖုံးလည်းမပါပေ။
ဒီဂြိုလ်ကလူများသည်သူ့အားခြေရာမခံနိုင်ခြင်းမှာကလည်း လူတိုင်းကဒီသူခိုးသည်လူကြီးတယောက်ပြီး လူကြီးတယောက်၏အရပ်အမြင့်နှင့်အရွယ်အစားရှိမည်လို့ကောက်ချက်ချထားသောကြောင့်ဖြစ်လေသည်။ဘယ်သူမှကလေးတယောက်ဖြစ်လိမ့်မည်လို့မထင်ထားခဲ့ကြပေ။
"ကျိုးဟောင် အဲ့ကလေးဘယ်ထွက်သွားလဲမြင်လိုက်လား"
ဂျော့ခ်ျမှာကျိုးဟောင်၏စွမ်းအားကိုယုံကြည်ပေသည်။ ဒီကလေးမှာသာမန်မဟုတ်ဘဲ ကျိုးဟောင်တောင်မှဘယ်ထွက်သွားမှန်းသေချာမမြင်လိုက်ရပေ။သို့သော်ကျိုးဟောင်ဆီတွင်စွမ်းအားကြီးသောဖားတကောင်ပိုင်ဆိုင်ထားလေသည်။
တဖက်လူမှာဘယ်လောက်ပင်မြန်ပါစေသို့မဟုတ် ဘယ်လောက်ပင်ကိုယ်ဖျောက်စွမ်းအားကောင်းပါစေ ဖား၏အာရုံခံစွမ်းမှလွတ်မြောက်နိုင်ခြင်းမရှိပေ။
သို့သော်ယခုအချိန်မှာသူခိုးအားဖမ်းရန်အချိန်ကောင်းမဟုတ်သေးပေ။ သူတို့ဒီဂြိုလ်တွင်ရောက်နေခိုက် ဒီကနောက်ဆုံးပေါ်နည်းပညာများကိုလေ့လာသွားဖို့လိုအပ်လေသည်။
"တွေ့တော့တွေ့လိုက်တယ် ဒါပေမဲ့သူကအရမ်းအမြန်ပြီးပျောက်ကွယ်သွားတော့ဘယ်ဘက်ကိုထွက်သွားမှန်းမသေချာတော့ဘူး"
ကျိုးဟောင်မှာ အမှန်တိုင်းအကုန်မပြောခဲ့ပေ။
တကယ်လို့သူခိုးသာဒီနေရာတွင်ရှိနေသရွေ့ သူတို့မှာအခွင့်အရေးများစွာရှိပေသည်။ နှိုင်းယှဉ်ပြီးပြောရလျှင် ကျန်းလော့ဂြိုလ်ထက်ဒီနေရာတွင်စည်းမျဉ်းများလျော့ပါးပြီးကန့်သတ်ချက်များလည်းနည်းပေသည်။
ကျိုးဟောင်စကားကြောင့် ဂျော့ခ်ျမှာအနည်းငယ်စိတ်ပျက်သွားသော်လည်းတခုခုကိုတွေးပြီးပြုံးလိုက်လေသည်။
လက်ရှိတွင် မြို့ထဲရှိမြွေကြီးမှာလုံး၀မသေဆုံးသေးပေ။ သူ့အနေဖြင့်အလောတကြီးမြို့ထဲပြေး၀င်သွားပါကအန္တရာယ်ရှိနိုင်လေသည်။ ဒါ့အပြင်သူလိုက်နေသောသူခိုးမှာလည်းဒီဧရိယာတွင်ရှိသောကြောင့်သူ့အနေဖြင့်စိတ်ရှည်ရှည်ဖြင့်အခွင့်ကောင်းကိုစောင့်ရန်သာလိုလေသည်။
ဂျော့ခ်ျသည်ငတုံးတယောက်မဟုတ်သောကြောင့်ထိုအချက်များကိုသေချာတွေးမိပြီးထပ်မံပြုံးလာကာ အမူအရာမှာလည်းတည်ငြိမ်သွားလေသည်။
"အရမ်းလည်းစိတ်မညစ်နေပါနဲ့ ဒီသူခိုးကတခါပေါ်လာပြီးပြီဆိုတော့နောက်တခါလည်းပေါ်လာဦးမှာပါ"
ကျိုးဟောင်ကဂျော့ခ်ျအားစိတ်ချမ်းသာအောင်ပြောပေးလေသည်။
လက်ရှိတွင်ထိုဆန်းကြယ်သောသူခိုးထံအလောတကြီးချဉ်းကပ်ရမည့်အချိန်မဟုတ်သေးပေ။ ထိုသူခိုးအားဖမ်းချင်ပါက သူ့အလစ်အငိုက်ကိုဖမ်းပြီး လျှပ်တပြတ်လုပ်ဆောင်ဖို့သာအရေးကြီးလေသည်။
ဂျော့ခ်ျကပြုံးပြီး ကျိုးဟောင်အားအဆင်ပြေကြောင်းပြောခဲ့လေသည်။ တဖက်လူမှာစကြ၀ဠာတခုလုံးမှအလိုရှိနေသောသူ၀ရမ်းပြေးဖြစ်သောကြောင့် အလွယ်တကူဖမ်းမိရန်မလွယ်ချေ။ ဂျော့ခ်ျမှာ ဒီလိုရလဒ်ဖြစ်လာလိမ့်မည်လို့လည်းကြိုတင်တွေးထားခဲ့ပြီးသားဖြစ်လေသည်။
ဂျော့ခ်ျ၏အတွေးမှာအလွန်ရိုးရှင်းပေသည်။သူသည်သူ့မိသားစုအမွေအနှစ်ကိုသာပြန်လည်ရယူလိုပြီး ကျန်သည့်ကိစ္စများအား ကျိုးဟောင်ထံသာလွှဲထားမည်ဖြစ်လေသည်။
"အဆင်ပြေပါတယ် နောက်တကြိမ်ကျမလွတ်စေရဘူး"
ဂျော့ခ်ျမှာယုံကြည်မှုအပြည့်ဖြင့်ပြောလာလေသည်။
သူတို့နှစ်ယောက်သူခိုးအကြောင်းဆွေးနွေးနေစဉ်နှစ်မိနစ်အတွင်းမှာပဲ မြို့ဘက်ဆီမှနောက်ထပ်နျူးကလီးယားဗုံးတစ်လုံးထပ်မံပေါက်ကွဲလာခဲ့ပြီး မြွေကြီးမှာအစိတ်စိတ်အမွှာအမွှာဖြစ်သွားလေသည်။
မြွေကြီး၏အသားစများမှာ နေရာအနှံ့ပျံ့ကျဲနေပြီးထိုစိတ်ပျက်ဖွယ်မြင်ကွင်းက မြင်ရသူတိုင်းအားအစားအသောက်ပျက်စေလေသည်။
ကျိုးဟောင်လည်းဂျော့ခ်ျစကားကိုခေါင်းညိတ်လိုက်ပြပြီး သူလည်းနောက်တကြိမ်တွင်ဒီသူခိုးအားအလွတ်မပေးရန်ဆုံးဖြတ်လိုက်လေသည်။
ဒီလိုစကြ၀ဠာတခုလုံးကအလိုရှိနေသည့်၀ရမ်းပြေးမှာဘယ်လောက်ထူးခြားသလဲဆိုသည်ကိုသူသေချာသိချင်နေလေသည်။
....................................................................................