တောင်ထဲမ၀င်ခင်ပြင်ဆင်ခြင်း
Vol. 51 Ch. 755
မြွေကြီး၏အသားစများဖြင့်ဖုံးလွှမ်းနေသောနေရာများမှာ အာထရာဆောင်းလှိုင်းဖြင့်သန့်စင်ခြင်းခံလိုက်ရပြီး နဂိုအတိုင်းပြန်လည်သန့်ရှင်းသွားလေသည်။
"ခုနကသူခိုးထွက်ပြေးသွားတာနေရာက မုန့်ခါလာတောင်ဘက်ခြမ်းပဲ။ ကြည့်ရတာသူ ဂျော့ခ်ျရှိနေတာကိုသတိထားမိသွားတယ်ထင်တယ်"
ဖား၏အသံကကျိုးဟောင်၏စိတ်ထဲတွင်ပေါ်လာလေသည်။
ကျိုးဟောင်လည်းထိုအချက်ကိုသိနေခဲ့လေသည်။တကယ်လို့သူခိုးသာသူ့အရှေ့ပေါ်လာပြီး ဘယ်ကိုထွက်ပြေးသွားမှန်း သူမသိလိုက်လျှင်တောင်မှ ဖားကတော့အာရုံခံမည်ကို သိထားလေသည်။
ကျိုးဟောင်မှာမုန့်ခါလာတောင်ဧရိယာလို့ရောက်သည်နှင့် ချက်ချင်းအထဲသို့၀င်ရောက်လိုက်ပြီးလိုက်လံကြည့်ရှူလေသည်။
ပြောရလျှင်ဒီနေရာမှာအလွန်ထူးခြားဆန်းကြယ်ပြီး တိရစ္ဆာန်များပျော်မွေ့ရာနိဗ္ဗာန်ဘုံလည်းဖြစ်ပေသည်။ လူသားများအနေဖြင့်ဒီနေရာအားခြေမချဝံ့ပေ။
ဒီမုန့်ခါလာတောင်သို့လာသောသူများသည်လည်းဆိုးသွမ်းသောမကောင်းသည့်လူများသာဖြစ်လေသည်။ထိုလူများအနေဖြင့်ပြင်ပလောကတွင်လည်းနေစရာနေရာမရှိပေ။
ထော့စလိထန်ကဲ့သို့စကြ၀ဠာ၀ရမ်းပြေးသာနေထိုင်သည့်နေရာဖြစ်လေသည်။ အာကာသနေရာတိုင်းတွင်သူ့အားလိုက်ဖမ်းနေခြင်းကြောင့် သာမန်လူများခြေမချဝံ့သည့်ဒီမုန့်ခါလာတောင်တွင်လာရောက်ပုန်းခိုနေခြင်းဖြစ်လေသည်။
ဒီနေရာသို့လာဝံ့သောသူများသည်လည်း အလွန်စွမ်းအားကြီးသူ ဒါမှမဟုတ် အဖျက်စွမ်းအားမြင့်လက်နက်ရှိသူများသာဖြစ်လေသည်။
"ကျိုးဟောင် ငါတို့ပစ်မှတ်ကဒီနားမှာဘဲ။ ငါတို့သွားပြီးစစ်ဆေးကြည့်ကြမလား"
ဂျော့ခ်ျကကျိုးဟောင်၏အကြံဉာဏ်ကိုမေးလိုက်လေသည်။
ကျိုးဟောင်ကခေါင်းညိတ်ပြလိုက်လေသည်။ သူနှင့်ဂျော့ခ်ျစကားပြောနေစဉ်မှာပင် သူခိုးထွက်ပြေးသွားသည့်နေရာဘက်မှထူးဆန်းသည့်အသွင်အပြင်တခုထွက်လာလေသည်။
"လူကြီးမင်းတို့ ဒီနေရာက မုန့်ခါလာတောင်တန်းပဲဖြစ်ပါတယ်။ ခဏလောက်စောင့်ပေးပါ အထဲမှာ...."
နူးညံ့ပျော့ပျောင်းသောအသံလေးဖြင့်အမျိုးသမီးလေးတယောက်မှာသူတို့နှစ်ယောက်ရှေ့တွင်ပေါ်ပေါက်လာလေသည်။
ကျိုးဟောင်တို့နှစ်ယောက်လုံးမှာထိုအမျိုးသမီးလေးအားသေချာမကြည့်ကြတော့ပေ။ ယခုလိုနေရာမျိုးတွင်တာ၀န်ထမ်းဆောင်နိုင်သည့်အချက်နဲ့တင် လူမဟုတ်လဲစက်ရုပ်သာဖြစ်နိုင်လေသည်။
ဒီနေရာရှိစက်ရုပ်များမှာသာမန်လူများနှင့်ခွဲမရအောင်တူပြီး လူသားတို့ကဲ့သို့ပင်နှလုံးများပါရှိလေသည်။ ကျိုးဟောင်အနေနှင့်စက်ရုပ်တရုပ်ကိုယူသွားပြီးလေ့လာကြည့်ချင်နေမိလေသည်။
"ကျုပ်တို့ဒီသစ်တောထဲကို၀င်သွားချင်တယ် ဒါပေမဲ့ ဘာတွေကြိုပြင်ဆင်သွားရမလဲဆိုတာတော့မသိဘူး"
ကျိုးဟောင်ကပြောပြလိုက်လေသည်။ ဒီစက်ရုပ်မှာထူးခြားသည့်လူတယောက်ကတီထွင်ထားခြင်းဖြစ်ပြီး ဒီနေရာအကြောင်းကိုသေချာသိနိုင်ပေသည်။ဒါ့ကြောင့် ဒီစက်ရုပ်မှာတောထဲမဝင်ခင်လိုအပ်သည်များကိုသူ့စနစ်ကတွက်ချက်ပေးနိုင်လေသည်။
"ဒီတောင်တန်းထဲကို၀င်ချင်တာလား အဲ့တာကအန္တရာယ်များလွန်းပါတယ်။ ရှင်ကဆရာသခင်အဆင့်ကျင့်ကြံရေးဒါမှမဟုတ် အထူးလက်နက်တခုရှိဖို့လိုအပ်တယ်...."
စက်ရုပ်ကသေချာတွေးပြီးနောက် လိုအပ်သည်များကိုပြောပြလေသည်။
စက်ရုပ်ပြောပြသောအထူးလက်နက်ဆိုသည်များမှာလည်း ဒီဂြိုလ်ပေါ်ရှိနောက်ဆုံးပေါ်ခေတ်မှီလက်နက်များဖြစ်လေသည်။ ထိုအချက်များကိုကြည့်ခြင်းအားဖြင့်ဒီနေရာမှာဘယ်လောက်အန္တရာယ်များကြောင်းသိနိုင်လေသည်။
ထော့စလိထန်မှာဘယ်လိုနည်းလမ်းကိုသုံးပြီး ဒီစက်ရုပ်ကိုရှောင်ရှားကာ ဒီတောင်တန်းမှ၀င်လိုက်ထွက်လိုက်လုပ်နေသလဲဆိုသည်ကိုကျိုးဟောင်သိချင်မိလေသည်။
"ငါတို့လည်းတောင်တန်းထဲ၀င်ချင်တယ်"
ဆန္ဒစောနေသောအသံတခုထွက်ပေါ်လာလေသည်။
ထိုလူမှာသူနဲ့အတူလူ၅ယောက်ပါလာပြီးအလျင်လိုနေပုံရလေသည်။ သူတို့၀င်ခွင့်ရဖို့အတွက်လည်းစက်ရုပ်ကိုလုပ်ငန်းစဉ်များမြန်မြန်လုပ်ဖို့ကြိမ်းမောင်း နေသေးလေသည်။ ကြည့်ရတာသူတို့တွင်အရေးတကြီးလုပ်စရာတာ၀န်ရှိလေသည်။
စက်ရုပ်ကထိုလူတို့အားအံ့ဩသည့်ပုံဖြင့်ကြည့်နေလေသည်။
"ဆရာ ကျေးဇူးပြု၍တန်းစီပေးပါ"
စက်ရုပ်ကယဉ်ကျေးစွာပြောလိုက်လေသည်။ ထိုလူများကသူ့အားအော်ဟစ်ခဲ့သော်ဘာခံစားမှုမှမပြသပေ။
စက်ရုပ်၏စကားကိုကြားသောအခါ ထိုလူမှာသူ့စိတ်စောနေမှုကိုချုပ်တည်းကာနောက်တွင်တန်းစီလိုက်ပြီးသူ့အရှိန်အဝါကိုဖြေးဖြေးချင်းထုတ်လွှင့်နေလေသည်။
ထိုအဖြစ်အပျက်ကကျိုးဟောင်အားအံ့အားသင့်သွားစေခဲ့လေသည်။
"ကျုပ်တို့ထပ်မစောင့်နိုင်တော့ဘူး။ သူ့အငွေ့အသက်လေးအနည်းငယ်ကိုဖမ်းယူဖို့တောင်လွယ်ကူခဲ့တာမဟုတ်ဘူး"
ထိုအဖွဲ့ထဲမှလူငယ်လေးတစ်ဦးကပြောလာလေသည်။
လူတိုင်းမှာစိတ်လောနေကြပြီး သူတို့သည်လည်းထိုဆန်းကြယ်သောသူခိုးအားဖမ်းရန်လာကြခြင်းဖြစ်လေသည်။
ဒီလိုမြင်ကွင်းမှာ ဒီဂြိုလ်ပေါ်တွင်မကြာခဏဖြစ်လေ့ရှိသောအရာဖြစ်ပြီးအကြိမ်တိုင်းလည်းကျရှုံးခဲ့ကြလေသည်။
သူတို့အတွက်ပိုပြီးဒေါသထွက်ဖို့ကောင်းသောကိစ္စမှာဒီလိုဖွံ့ဖြိုးတိုးတက်နေသောလူနေမှုစနစ်နှင့်နောက်ဆုံးပေါ်နည်းပညာများရှိသည့်ကြားထဲတွင်ထိုသူခိုးကသူတို့၏ရတနာများကိုထပ်မံခိုးယူသွားခဲ့သေးလေသည်။
"ကျုပ်တို့အခုသွားရင်တောင်မှ သူ့ကိုဖမ်းဖို့ကလွယ်မှာမဟုတ်ဘူး။ ကျုပ်တို့စိတ်အေးအေးထားတာပိုကောင်းပါတယ်"
ခုနကအလောတကြီးဖြစ်နေသောလူငယ်လေးမှာစိတ်ပြောင်းသွားပြီးပြောလိုက်လေသည်။
သူတို့အဖွဲ့မှာအမျိုးသား၃ယောက်နှင့်အမျိုးသမီး ၂ ယောက်ဖြစ်လေသည်။ သူတို့အဖွဲ့အားဒီလူငယ်လေးမှဦးဆောင်လာခဲ့ပုံရလေသည်။
"ချာလီဒယ် သူ့ကိုငါတို့အရင်တုန်းကလည်းခုလိုခြေရာခံနိုင်ခဲ့တယ် ဒါပေမဲ့နောက်ကျသွားမှာကို ငါကြောက်မိတယ်"
မိန်းမလှလေးတယောက်ပြောလာလေသည်။
ကျိုးဟောင်လည်းဒီလိုမျိုးရိုးမြင့်မိသားစုမှလူတယောက်ကိုဒီနေရာတွင်တွေ့ရလိမ့်မည်လို့မမျှော်လင့်ထားခဲ့ပေ။ ဂျက်ဂျွန်၏ပြောပြချက်အရချာလီမိသားစုမှာဒီဂြိုလ်အားထိန်းချုပ်နေသည့်မိသားစုကြီးဖြစ်လေသည်။
ချာလီမိသားစုဝင်တိုင်းမှာ ထူးခြားသောနောက်ဆုံးပေါ်နည်းပညာများကိုတခုမှတခုတီထွင်နိုင်ကြသူများဖြစ်လေသည်။
သူတို့အဖွဲ့လိုက်နေသောပစ်မှတ်မှာဘာများဖြစ်မည်နည်း။
သူတို့၏အသံကိုနားထောင်ပြီး ကျိုးဟောင်မှာလျှပ်တပြတ်တွေ့ခဲ့သောကလေးလေး၏မျက်နှာကိုမြင်ယောင်လာလေသည်။
ဖြစ်နိုင်တာကတော့ စပါးအုံးမြွေကြီးပြဿနာရှာနေစဉ်တွင်ထိုကလေးမှာတစုံတခုအားထပ်ခိုးလာခဲ့ပုံရလေသည်။
....................................................................................