တကယ်ဒေါသထွက်ခြင်း
Vol. 51 Ch. 756
နောက်ဆုံးတော့ ဘာကြောင့်ဒီကလေးလေးအလျင်စလိုပျောက်ကွယ်သွားမှန်းကိုကျိုးဟောင်သဘောပေါက်သွားလေသည်။
ထိုကလေးမှာ အနည်းငယ်လောက်နှေးကွေးနေပါက ဒီလိုမိသားစုကြီးများ၏ခြေရာခံလိုက်ဖမ်းခြင်းကိုခံရနိုင်ချေရှိလေသည်။ သူထွက်သွားပြီးနာရီ၀က်အတွင်းမှာ မိသားစုကြီးမှလူများမှာ ခြေရာကောက်ပြီးရောက်လာကြလေသည်။
ဒီလူများမှာခြေရာခံပစ္စည်းများထက်ပိုမိုအစွမ်းထက်ပြီး လုပ်ကိုင်နိုင်စွမ်းလည်းမြင့်ပေသည်။ ချာလီမိသားစု၏ဒီဂြိုလ်၏အလယ်ဗဟိုတွင်နေထိုင်ကြပြီး မုန့်ခါလာတောင်နှင့်အလှမ်းဝေးပေသည်။သို့သော်တခဏအတွင်းရောက်လာပုံအရ သူတို့၏စွမ်းရည်ကိုလျော့တွက်လို့မရပေ။
"ဘယ်လောက်ပဲစိတ်လောနေပါစေ မင်းရဲ့အခြေခံကျင့်၀တ်တွေကိုတော့မပျက်ယွင်းစေနဲ့"
ချာလီဒယ်က မျက်မှောင်ကြုတ်ပြီးပြောလိုက်လေသည်။
သူ့ဘေးရှိလူများမှာပိုပိုပြီး ထောင်လွှားလာကြလေသည်။ သူတို့အနေဖြင့်ဘယ်လောက်ပဲအလျင်လိုနေပါစေ စောင့်ထိန်းရမည့်အခြေခံကျင့်၀တ်များရှိလေသည်။
လက်ရှိတွင်သူတို့ရှေ့၌လူတစ်ယောက်ရှိနေသောကြောင့် ထိုလူ၏လိုအပ်သည့်လုပ်ငန်းစဉ်များလုပ်ပြီးသည်အထိစောင့်ရန်လိုအပ်လေသည်။
ဒါ့အပြင် ကျိုးဟောင်မှာကြည့်လိုက်ရုံဖြင့်သာမန်လူတယောက် မဟုတ်ကြောင်းသိနိုင်လေသည်။ သူ၏စွမ်းအားအတက်အကျလှိုင်းများကို ခံစားရသူကိုတောင်အသက်ရှူမှားသွားစေနိုင်လေသည်။
ချာလီဒယ်၏ဘေးရှိလူအားလုံးမှာချက်ချင်းတိတ်ဆိတ်သွားကြလေသည်။ သူတို့အားလုံးချာလီ၏စကားကိုနားထောင်ကြပြီး တကယ်လို့သူတို့တခုခုထပ်ပြောခဲ့ပါက ဒီလူငယ်လေးနှင့်အတူတူတွဲလုပ်ခွင့်ဆုံးရှုံးသွားရလေမည်။ ထိုအချက်ကိုသူတို့ကြောက်လန့်ကြပေသည်။
"ဒီလူတွေမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်တွေပါတယ်။ သူတို့နဲ့ဝေးဝေးရှောင်သင့်တယ်။ သူတို့တခုခုအန္တရာယ်ကြုံတာနဲ့အဲ့တာတွေကိုဖောက်ခွဲကြလိမ့်မယ်"
ဖားကကျိုးဟောင်အားသတိပေးလိုက်လေသည်။
ကျိုးဟောင်လည်းသိပ်တော့မအံ့ဩသွားခဲ့ပေ။ သူတို့အနေဖြင့်ဒီလိုဆန်းကြယ်ပြီး အန္တရာယ်များသောနေရာသို့၀င်လိုပါက ကြိုတင်ပြင်ဆင်လာကြမည်မှာသေချာပေသည်။
သို့သော်လည်းဖား၏သတိပေးချက်ကြောင့်ကျိုးဟောင်မှာပိုပြီးအာရုံစိုက်သတိထားလိုက်လေသည်။သူ့အနေဖြင့်ထိုလူများ၏အနားသို့သိပ်မကပ်သင့်ပေ။တခုခုအန္တရာယ်ကြုံလာပြီးထိုလူများ၏ကိုယ့်ကိုယ်ကိုဖျက်စီးသည့်စနစ် အသက်၀င်လာပါက ကျိုးဟောင်မည်မျှပင်မြန်ပါစေ ဒဏ်ရာအနာတရရနိုင်ချေရှိလေသည်။
"ဟိုကောင်လေးရဲ့အငွေ့အသက်ကတဖြေးဖြေးပျောက်သွားပြီ ကြည့်ရတာအစွမ်းထက်တဲ့တခုခုနဲ့ဖုံးကွယ်ထားပုံပဲ"
ဖား၏အသံထပ်မံထွက်ပေါ်လာလေသည်။ဖားတောင်မှာနေရာအတိအကျကိုအာရုံမခံနိုင်ပါကအခြားသူများဆိုပိုလို့တောင်မလွယ်ကူချေ။
အခြားသူများအမူအရာများမှာလည်းဆိုးရွားသွားကြလေသည်။ သူတို့အနေဖြင့်ဒီလိုခြေရာခံနိုင်ဖို့မှာမလွယ်ကူခဲ့ပေ။ ယခုလိုနောက်ကလိုက်ဖမ်းမှာရုတ်တရက်ကြီးခြေရာခံမရတော့မည်လို့ သူတို့မထင်ထားခဲ့ပေ။
ချာလီဒယ်၏မျက်နှာပေါ်တွင်တော့ဒေါသထွက်နေသည့်အမူအရာမျိုးမရှိပေ။ သူ့အနေဖြင့်သူခိုးအားခြေရာခံ၍မရလျှင်တောင်မှာ တောင်အတွင်းပိုင်းထဲသို့တချက်၀င်ကြည့်ချင်သေးလေသည်။
သူ့အနေဖြင့်ယခုလိုဖြစ်ပျက်လာလိမ့်မည်လို့ကြိုတွေးထားတာစိတ်ကိုသေချာပြင်ဆင်လာခဲ့ပုံရလေသည်။
အရင်ကသူတို့ထက်ပိုမိုသန်မာသူများတောင်မှာ ထိုသူခိုးအားလိုက်ဖမ်းရာတွင် မအောင်မြင်ခဲ့ပေ။ သူတို့အနေဖြင့်တာ၀န်ကျရှုံးလျှင်တောင်မှအဆင်ပြေသေးလေသည်။
သူသည်ဒီနေရာကိုခရီးတခုထွက်လာသလိုမျိုးသာစိတ်ထဲတွေးထားလေသည်။
မကြာမီကျိုးဟောင်နှင့်ဂျော့ခ်ျမှာလိုအပ်သည်များပြင်ဆင်ပြီးတောင်အတွင်းပိုင်းဆီသို့၀င်သွားလေသည်။ စက်ရုပ်မှာသူတို့၂ယောက်၏ကျောပြင်အားနားမလည်နိုင်သည့်အမူအရာဖြင့်ကြည့်နေလေသည်။
၎င်းသည်ကျိုးဟောင်တို့၌ချာလီတို့ကဲ့သို့အစွမ်းထက်လက်နက်များမပါသည်ကိုအာရုံခံမိလေသည်။ကျိုးဟောင်တို့မှာတောထဲမှပြန်မလာနိုင်လောက်ဘူးလို့၎င်းမှာကောက်ချက်ချမိလေသည်။
"ဒီနှစ်ယောက်အသက်ရှင်လျက်ပြန်လာနိုင်ဖို့မျှော်လင့်မိတယ်"
စက်ရုပ်ကနူးညံ့သောလေသံဖြင့်ပြောလိုက်လေသည်။
ကျိုးဟောင်တွင်စွမ်းအားကြီးလက်နက်များမပါသည်ကိုချာလီဒယ်လည်းသတိထားမိလေသည်။သို့သော်ဂျော့ခ်ျတွင် ထွက်ပြေးလွတ်မြောက်ရေးပစ္စည်းများစွာပါပြီး သူတို့နှစ်ယောက်အတူ လွတ်မြောက်နိုင်စွမ်းရှိလေသည်။
ဒါ့အပြင်ကျိုးဟောင်တို့မှာသာမန်မဟုတ်ကြောင်းသူခံစားမိလေသည်။ သူ့အနေဖြင့်အခွင့်အရေးရပါကကျိုးဟောင်တို့နှင့်ခင်မင်ရင်းနှီးချင်လေသည်။
ချာလီ၏ဘ၀တွင်အလုပ်ချင်ဆုံးအရာနှစ်ခုရှိပြီး ပထမတခုမှာယခုလိုအန္တရာယ်များသောနေရာများသို့သွားကာ သူတခါမှမကြုံဖူးသောအရာများအားမြင်တွေ့လိုခြင်းဖြစ်ပေသည်။ဒုတိယတခုကတော့ သူ့အနေဖြင့်ပါရမီရှင်ထူးချွန်သူတိုင်းနှင့်မိတ်ဆွေဖြစ်လိုခြင်းဖြစ်လေသည်။
ထို့နောက်သူတို့၅ယောက်ရမှာတောင်ထဲမ၀င်ခင်လုပ်ဆောင်ရသည်များကိုသိသောကြောင့်ချက်ချင်းပြင်ဆင်လိုက်ကြပြီး တောင်၏အနက်ဆုံးအပိုင်းဆီသို့အလျင်အမြန်ထွက်ခွာလာကြလေသည်။
လမ်းတလျှောက်တွင်တောင်အတွင်းပိုင်းထဲသို့၀င်ရောက်နေသောလူအများအပြားနှင့်တွေ့ခဲ့ကြပြီး ဘာလို့ဒီနေ့ဒီလောက်လူများနေမှန်းနားမလည်နိုင်ဖြစ်နေလေသည်။ပုံမှန်အားဖြင့် မုန့်ခါလာတောင်အတွင်းသို့သာမန်လူများလာလေ့မရှိပေ။
"အဲ့ခွေးသူခိုးက ငါ့မိန်းမရဲ့အတွင်းခံကိုပါခိုးသွားသေးတယ်"
အသက်လတ်အရွယ်လူကြီးကဒေါသတကြီးပြောလာလေသည်။ထိုစကားကြောင့်အခြားသူများမှာမနေနိုင်တော့ဘဲရယ်မိကြလေသည်။ မိန်းမတစ်ယောက်၏ အတွင်းခံမှာအဘယ့်ကြောင့်တန်ဖိုးကြီးပစ္စည်းဖြစ်မည်နည်း။
အသက်လတ်အရွယ်လူကြီးကတော့ ဒေါသထွက်လွန်း၍မျက်နှာပါရဲလာလေသည်။ ထိုအတွင်းခံမှာသာမန်အတွင်းခံတခုမဟုတ်ဘဲ သူပိုက်ဆံပမာဏအတော်များများသုံးပြီး၀ယ်ယူထားသည့်အဆင့်မြင့်လက်နက်တစ်ခုဖြစ်လေသည်။
ထိုအကြောင်းကိုတွေးလိုက်တိုင်းသူ့နှလုံးသားမှာသွေးထွက်လုမတတ်နာကျင်ရလေသည်။ သို့သော်လည်းထိုလက်နက်၏ဒီဇိုင်းမှာအလွန်ထူးဆန်းပြီး မိန်းမတစ်ယောက်၏ အတွင်းခံပုံစံဖြစ်နေလေသည်။
"အဲ့တာဘယ်လောက်ဒေါသထွက်ဖို့ကောင်းမှန်း မင်းတို့နားမလည်ပါဘူး"
အသက်လတ်အရွယ်လူကြီးကကြိမ်းဝါးနေလေသည်။
"ရယ်မနေကြနဲ့ ငါ့ရဲ့ဖိနပ်တစ်စုံလည်းအခိုးခံလိုက်ရတယ်"
နောက်ထပ်အမျိုးသမီးတစ်ယောက်၏စူးရှသောအသံမှာထွက်ပေါ်လာခဲ့လေသည်။
သူမသည်ခြေဆောင့်ရင်းဒေါသထွက်နေလေသည်။ထိုအရာကိုဖိနပ်ဟုတ်ပြောသော်လည်းထိုအရာသည်သူမဈေးကြီးပေးပြီး၀ယ်ယူထားရသည့်အဆောင်တစ်ခုဖြစ်လေသည်။ ထိုဖိနပ်မှာအမျိုးမျိုးသောရောဂါများကိုကာကွယ်ပေးနိုင်စွမ်းရှိလေသည်။
သူတို့မှာ ဖိနပ်များ၊ အတွင်းခံများလို့ပြောနေသော်လည်း အဓိကအကြောင်းအရာကိုတော့ဖုံးကွယ်ထားကြလေသည်။ နောက်ဆုံးပေါ်ထိပ်တန်းပစ္စည်းမဟုတ်ပါက ထော့စလိထန်အနေဖြင့်ခိုးယူမည်မဟုတ်ပေ။
လမ်းတလျှောက်လုံးတွင်အခြားသူများသည်လည်း သူတို့ပျောက်သွားသောပစ္စည်းများအကြောင်းကိုပြောဆိုနေကြလေသည်။
ချာလီကတော့ထိုသူခိုးမှာတကယ့်ကိုစိတ်အနှောက်ပဲလို့တွေးနေလေသည်။ သူပြန်ရောက်လာသောလွန်ခဲ့သောနှစ်အနည်းငယ်ကတည်းထိုသူခိုးကဒီဂြိုလ်ပေါ်တွင်ရာဇ၀တ်မှုများကျူးလွန်နေခဲ့လေသည်။ထိုသူခိုးမှာအမြဲတမ်းတစုံတခုကိုခိုးယူနေခဲ့လေသည်။
....................................................................................