လမ်းပိတ်ဆို့ခြင်းနှင့်ရင်ဆိုင်ရခြင်း
Vol. 51 Ch. 757
ထိုသူခိုးမှာတခြားသောပြစ်မှုများကိုတော့ကျူးလွန်ခြင်းမရှိဘဲ မိသားစုမျိုးစုံဆီမှ အမျိုးမျိုးသောပစ္စည်းများကိုသာခိုးယူခဲ့လေသည်။
ထိုသူခိုးသည်လွန်ခဲ့သောနှစ်အနည်းငယ်က ဒီဂြိုလ်ပေါ်ရှိရောက်ရှိလာခဲ့ပြီး တဖြေးဖြေးနာမည်ကြီးလာခဲ့လေသည်။ သူသည်မျိုးနွယ်ကြီးမိသားစုများထံမှရှားပါးသောအမွေအနှစ်များကိုခိုးယူခဲ့ပြီး ထိုမိသားစုကြီးများကိုဒေါသထွက်စေခဲ့လေသည်။
တော်၀င်မိသားစုတောင်မှထိုသူခိုးအားသတ်ပစ်ရန်အထိကြိမ်းဝါးထားခဲ့လေသည်။ပြီးပြည့်စုံလှသည့်ချာလီမိသားစုသည်လည်း ထိုသူခိုးကသူတို့၏ အဖိုးတန်ရတနာအားခိုးယူသွားနိုင်လိမ့်မည်လို့မထင်ထားခဲ့ပေ။
ထိုရတနာမှာအလွန်အဖိုးတန်ပြီးသူတို့ချာလီမိသားစုမှာထိုပစ္စည်းအပေါ်မှီခိုပြီးရှင်သန်နေကြရခြင်းဖြစ်လေသည်။ တကယ်လို့ထိုရတနာပစ္စည်းသာမရှိပါက သူတို့မိသားစုမှာ၁၀နှစ်လောက်ခေတ်နောက်တွင်ကျန်ရစ်ခဲ့လေမည်။ ဒါ့ကြောင့်ဘယ်လိုပင်ဖြစ်ပါစေ သူတို့မိသားစုအနေဖြင့်ထိုရတနာအားပြန်ရယူရန်ကြိုးစားနေခဲ့ကြလေသည်။
ပိုပြီးဒေါသထွက်စရာကောင်းသောအချက်မှာထိုသူခိုးသည်ပြီးခဲ့သည့်ရက်ပိုင်းကပြန်လည်ပေါ်လာခဲ့ပြီး ချာလီမိသားစု၏နောက်ထပ်ရတနာတခုကိုထပ်မံခိုးယူသွားခဲ့လေသည်။ ထို့ကြောင့် ချာလီမိသားစုမှာ ဒေါသမီးပေါက်ကွဲနေကြလေသည်။
ဒါ့ကြောင့် သူတို့မိသားစုထဲမှငယ်ရွယ်ပြီးအသန်မာဆုံးဖြစ်သောမျိုးဆက်သစ်များကိုထိုသူခိုးအားဖမ်းရန်စေလွှတ်ခဲ့ခြင်းဖြစ်လေသည်။
"သူတို့ကကောင်းကင်ကိုတောင်ပေါက်ကွဲစေနိုင်လောက်တဲ့အထိဒေါသထွက်နေကြတာပဲ"
ကျိုးဟောင်မှာထိုလူများအချင်းချင်းပြောနေသောစကားများကိုကြားလိုက်သောကြောင့်ပြောလာလေသည်။
ထိုလူများမှာ ဒီဂြိုလ်ပေါ်ရှိတော်၀င်မိသားစုပမာဖြစ်ကြပြီး ဒီလိုအန္တရာယ်များသောနေရာသို့လာနိုင်လောက်သည့်အရည်အချင်းများလည်းရှိကြလေသည်။
ထော့စလိတန်၏စိတ်ထဲတွင်ဘာတွေရှိနေသလဲဆိုသည်ကိုလည်းဘယ်သူမှမသိကြပေ။ အဘယ့်ကြောင့်တော်၀င်မိသားစုများ၏ရတနာများကိုပစ်မှတ်ထားနေရပါသနည်း။ သူသည်စရောက်သည်နှင့် တော်၀င်မျိုးနွယ်များ၏ပစ်မှတ်ထားခြင်းကိုခံနေခဲ့လေသည်။
တကယ့်ကိုအထင်ကြီးစရာတော့ကောင်းလှပေသည်။ တော်ရုံလူမှာ ဒီလိုစိတ်လှုပ်ရှားဖွယ်ကစားပွဲမျိုးကိုပြုလုပ်ရဲမည်မဟုတ်ပေ။
"ထော့စလိတန်ကိုကြည့်ရတာမိသားစုကြီးတွေရဲ့ရတနာတွေကိုပဲခိုးယူရတာသဘောကျပုံပဲ။ သာမန်မိသားစုတွေကိုတော့သူပစ်မှတ်ထားတာမတွေ့ရဘူး။ ဒီကောင်ကငါတို့မိသားစုရဲ့ဘိုးဘွားပိုင်အမွေအနှစ်ကိုလည်းခိုးသွားခဲ့သေးတယ်"
ဂျော့ခ်ျကစိတ်ပျက်လက်ပျက်ဖြင့်ပြောလာလေသည်။သို့သော်ထိုသူတွေထက်စာရင်သူအနည်းငယ်အခြေအနေကောင်းသေးလေသည်။
ကျိုးဟောင်အနေဖြင့်ထိုသူခိုးအားဖမ်းမိပါက ကျန်းလော့ဂြိုလ်၏အဆင့်မြင့်အကျဉ်းထောင်သို့ပို့ဆောင်မည်ဖြစ်လေသည်။ ဘယ်လောက်ပင်စွမ်းအားကြီးပါစေ ထိုနေရာမှ အလွယ်တကူလွတ်မြောက်ဖို့မဖြစ်နိုင်ပေ။
ထိုသူခိုးမှာမိသားစုတိုင်း၏တန်ဖိုးကြီးပစ္စည်းများကိုခိုးယူခဲ့ပြီး ကျိုးဟောင်အနေဖြင့်ထိုသူခိုးကိုဖမ်းမိပါကထိုပစ္စည်းများကိုလည်းပိုင်ဆိုင်နိုင်မည်ဖြစ်လေသည်။ ထိုအကြောင်းကိုတွေးမိလိုက်သောအခါ ကျိုးဟောင်မှာနှုတ်ခမ်းများကွေးတက်သွားသည်အထိပြုံးလိုက်မိလေသည်။
"အိပ်မက်ဆက်မက်နေလိုက်တော့။ အဲ့နောက်ဆုံးပေါ်ပစ္စည်းတွေက မင်းမိဘတွေတီထွင်ထားတယ်များမှတ်နေလား"
"ပြီးတော့ ဒီလိုခေတ်ရှေ့ပြေးနေတဲ့နည်းပညာမြင့်ပစ္စည်းတွေကို ကမ္ဘာဂြိုလ်ကပညာရှင်တွေဆီလေ့လာဖို့ပေးလိုက်ရင်တောင်မှ သူတို့တစ်ဘ၀လုံးအဖြေရှာလို့ဆုံးမှာမဟုတ်ဘူး"
ဖား၏စကားသံကထွက်ပေါ်လာလေသည်။
ကျိုးဟောင်ကျောထဲစိမ့်သွားသလိုခံစားလိုက်ရလေသည်။ သူ့အနေဖြင့်ထိုပစ္စည်းများကိုယူပြီး ကမ္ဘာဂြိုလ်၏လူနေမှုအဆင့်အတန်းကိုတိုးမြှင့်စေချင်သော်လည်း ယခုလိုအကြောင်းအရာမျိုးကိုတော့ထည့်မစဉ်းစားထားမိပေ။
"ဒါပေမဲ့ အရမ်းမဖြစ်နိုင်တာတွေချည်းပဲတော့မဟုတ်ပါဘူး။ထော့စလိတန်မှာ သူ့အရှိန်အဝါအငွေ့အသက်ကိုဖုံးကွယ်ဖို့သုံးတဲ့ပစ္စည်းကောင်းတစ်ခုရှိပုံပဲ"
ကျိုးဟောင်၏စိတ်ပျက်သွားသောအမူအရာကြောင့်ဖားကနှစ်သိမ့်လိုက်လေသည်။
ထိုပစ္စည်းကိုကျိုးဟောင်ရရှိခဲ့ပါက သူ့အနေဖြင့်တခုခုဆိုးဆိုးရွားရွားလုပ်ခဲ့တောင်မှသူ့ကိုဘယ်သူခြေရာခံမရအောင်ပုန်းကွယ်နိုင်မည်ဖြစ်လေသည်။
ထော့စလိတန်မှာထိုနည်းလမ်းကိုသုံးပြီး တချိန်လုံးပုန်းကွယ်နေခဲ့ပြီး ဒီဂြိုလ်ပေါ်ကလူများမှာ သူ့အားဘယ်လိုမှမဖမ်းနိုင်ခဲ့ပေ။
"တကယ်လို့ငါသာအဲ့စွမ်းအားမြင့်နည်းပညာတွေကိုရလာခဲ့ရင် တဖြေးဖြေးချင်းပြန်ပြီးလေ့လာရမယ်။အဲ့တာဆိုတစ်နေ့ကျအဖြေတခုကိုရှာတွေ့နိုင်မှာပဲ"
ကျိုးဟောင်သည်သူတို့လူသားများမှာ အရမ်းမတုံးကြောင်းလက်ခံထားလေသည်။
လူသားများအတွက်တခါတရံမှာလမ်းကြောင်းပေးမယ့်ခေါင်းဆောင်တယောက်ကိုသာလိုအပ်ပြီး ထိုကဲ့သို့လမ်းကြောင်းပေးမည့်သူရှိပါက လူသားများအနေဖြင့်ပိုမိုတိုးတက်သောလူနေမှုစနစ်ဆီသို့တက်လှမ်းနိုင်စွမ်းရှိကြလေသည်။
လက်ရှိ ဒီဂြိုလ်များ၏အဆင့်အတန်းကိုမမှီရင်တောင်မှ တိုးတက်လာမည်ကတော့အသေအချာပင်ဖြစ်လေသည်။
"ရှေ့မှာ အန္တရာယ်ရှိတယ်။ အရေးမပါတာတွေကိုတွေးမနေနဲ့တော့။ အခုလက်ရှိမင်းရဲ့ပထမဦးစားပေးက အသက်ရှင်အောင်နေပြီး အဲ့သူခိုးကိုခြေရာခံဖို့ပဲ"
ဖားကကျိုးဟောင်အား ဒီလိုနေရာတွင်စိတ်ပျံ့မလွင့်နေဖို့သတိပေးလိုက်လေသည်။
ဖားတောင်မှာ အလွန်အန္တရာယ်ရှိသောအငွေ့အသက်ကိုအာရုံခံမိပြီး တချက်ကလေးတောင်မှသတိလက်လွတ်မနေရဲပေ။
တောင်၏အနက်ရှိုင်းဆုံးအပိုင်းတွင်အလွန်စွမ်းအားကြီးသောသန္ဓေပြောင်းသားရဲများရှိနေပြီး ထိုသားရဲများမှာ ဖျက်အားပြင်းလက်နက်များကဲ့သို့အန္တရာယ်များလေသည်။
"မလုပ်....လုပ်ပါနဲ့...... ကျေးဇူးပြုပြီးသူမကိုမစားလိုက်ပါနဲ့"
ငိုယိုပြီးတောင်းပန်နေသောအသံတခုထွက်ပေါ်လာခဲ့လေသည်။
ကျိုးဟောင်တချက်ကြည့်လိုက်သောအခါ တောင်တလုံးလောက်ခန္ဓာကိုယ်ရှိပြီး ရက်စက်ကြမ်းကြုတ်သောကျားကြီးတစ်ကောင်က နီရဲနေသောသူ့ပါးစပ်ကြီးကိုဖြဲကာ မြေပေါ်တွင်လဲကျနေသောလူတစ်ယောက်အား ကိုက်ရန်ပြင်နေလေသည်။
ထိုကျားကြီးမှာ အရောင်အသွေးစုံလှပြီး အနီ၊အဖြူနှင့်အမဲရောင်အမွှေးရောင်စုံများရှိလေသည်။ ၎င်းမှာအရမ်းရက်စက်သည့်အသွင်အပြင်ရှိပြီး အကြည့်တချက်နဲ့တင်သွေးပျက်သွားနိုင်လေသည်။
ထိုလူမှာ ဘယ်လောက်ပင်တောင်းပန်နေပါစေ ကျားကြီးမှာ၎င်း၏အရှိန်ကိုမလျော့ဘဲ ထိုလဲကျနေသောလူအားကိုက်ချလိုက်လေသည်။ လူတိုင်းမှာထိုလဲကျနေသောလူမှာ ကျားကြီး၏အစာဖြစ်သွားပြီဟုတွေးနေစဉ်မှာပင် ထိုလူ၏အစွမ်းထက်လက်နက်ဆီမှကိုယ့်ကိုယ်ကိုဖျက်ဆီးသည့်စနစ်အသက်၀င်လာလေသည်။
ကျားကြီးလည်းရုတ်တရက်အန္တရာယ်အငွေ့အသက်ကိုခံစားမိသောကြောင့်ချက်ချင်းနောက်သို့ပြန်ဆုတ်သွားပြီး အန္တရာယ်မရှိသောအကွာအဝေးလို့ခံစားမိသည်အထိဆုတ်သွားလေသည်။
မြေပြင်ပေါ်တွင်လဲနေသောလူ၏မျက်လုံးထဲတွင်လည်းခက်ထန်သောအမူအရာများနှင့်စိတ်ပိုင်းဖြတ်မှုများပြည့်နှက်နေလေသည်။ သူသာတကယ်လို့ဒီသားရဲကြီး၏စားသောက်ခြင်းကိုခံရပါက အတူတူသေကြဖို့ဆုံးဖြတ်ထားလေသည်။
ကျားကြီးမှာဘေးလွတ်ရာသို့ရှောင်တိမ်းသွားသော်လည်း အစွမ်းထက်လက်နက်၏ပေါက်ကွဲမှုကြီးမှာ ကျားကြီးထံသို့အရှိန်ပြင်းပြင်းဖြင့်၀င်ရောက်လာသည်ကို ဘေးပတ်၀န်ကျင်ရှိလူတိုင်းမှာမြင်တွေ့လိုက်ရလေသည်။
ဘုန်း......
ပေါက်ကွဲမှုအရှိန်ကြောင့်၎င်း၏ခန္ဓာကိုယ်မှာတောင်တလုံးတမျှကြီးမားသော်လည်း ဒဏ်ရာအပြင်းအထန်ရသွားလေသည်။ ခန္ဓာကိုယ်အနှံ့တွင်လည်းအပေါက်များစွာပေါ်ပေါက်လာခဲ့လေသည်။
ကျားကြီးမှာဒဏ်ရာအပြင်းအထန်ရသွားပြီး အန္တရာယ်အငွေ့အသက်ကိုခံစားမိသောကြောင် တောင်၏အတွင်းပိုင်းထဲသို့ကမူးရူးထိုးထွက်ပြေးသွားလေသည်။
ကျားကြီးမှာ မသေဆုံးသွားပဲ ဒဏ်ရာအပြင်းအထန်ရကာထွက်ပြေးသွားသော်လည်း သေလူလို့သာသတ်မှတ်လို့ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏သွေးနံ့နှင့်အားနည်းနေမှုက တခြားသောအင်အားကြီးအရာများကိုဆွဲဆောင်နိုင်လေသည်။
"သွားကြရအောင်"
ဂျော့ခ်ျလည်း ထိုအချက်ကိုတွေးမိပြီး ဒီနေရာမှအမြန်ထွက်သွားချင်နေလေသည်။
သူ့တွင်ထွက်ပြေးလွတ်မြောက်ရေးပစ္စည်းများပါသော်လည်း ခရီးစဉ်အစကတည်းကအသုံးမပြုချင်သေးပေ။ အရေးပေါ်အသက်ကယ်ရေးနည်းလမ်းများမှာတကယ့်ကိုအဖိုးတန်သောအရာများဖြစ်ပေသည်။
....................................................................................