← Chapters

ထပ်မံတွေ့ဆုံခြင်း

Vol. 51 Ch. 758

ထပ်မံတွေ့ဆုံခြင်း

Vol. 51 Ch. 758

ကျိုးဟောင်ထံတွင်လည်းတူညီသောအတွေးရှိပေသည်။ သူတို့နှစ်ယောက်မှာကြာကြာရပ်မနေဘဲ တောင်ဧရိယာ၏ပိုမိုနက်သောနေရာသို့လမ်းလျှောက်သွားခဲ့ကြသည်။ အတွင်းရှိအန္တရာယ်အဆင့်မှာအပြင်ထက်ပိုမိုမြင့်ပေသည်။

ယခင်ကသူတို့ဖြတ်သန်းခဲ့သောနေရာများမှာ တောင်ဧရိယာ၏အစွန်အများပိုင်းသာဖြစ်သည်။ အတွင်းပိုင်းဧရိယာတွင်ပင်စွမ်းအားကြီးသန္ဓေပြောင်းသားရဲများစွာရှိပေရာ အလယ်ဗဟိုဆိုပါကပြောနေစရာပင်မလိုတော့ပေ။

ဤတောင်ဧရိယာ၏ဗဟိုသို့ခြေချလိုက်သည်နှင့် စွမ်းအားကြီးလက်နက်များပင်မဖြေရှင်းနိုင်သော စွမ်းအားကြီးသန္ဓေပြောင်းသားရဲတစ်ကောင်နှင့်ကြုံရမလားမသိနိုင်ပေ။

ပတ်ဝန်းကျင်ရှိသစ်ပင်များပင် ယခင်ကထက်အုံ့မှိုင်းနေပြီး လေထုမှာလည်းအပြင်ထက်ပိုမိုလျော့နည်းလာသလိုပင်။ လှည့်ပတ်သွားလာနေသောစွမ်းအားကြီးတိရစ္ဆာန်များလည်းရှိပေသည်။

အချိန်ကုန်လာသည်နှင့်အမျှ အတွင်းပိုင်းရှိလူအရေအတွက်မှာလျော့လာခဲ့သည်။ လူအများစုမှာအစွန်အဖျားပိုင်းတွင်သာသွားလာရဲကြပေသည်။ ထိုလူများဤနေရာသို့လာရခြင်းသည် ကံစမ်းပြီး ထိုသူခိုးစုတ်များအားဖမ်းနိုင်မလားသိချင်ရုံသာဖြစ်သည်။

ဤနေရာသို့လာပြီးနောက် အားလုံးမှာကြောက်ရွံ့နေကြသည်။ ကျိုးဟောင်သည်လည်းဤနေရာသို့လာရခြင်းသည်‌လေ့ကျင့်ရန်ဖြစ်ပြီး ထိုတာဝန်အားပြီးမြောက်ရန်သာဖြစ်သည်။

"ဒီနေရာကနည်းနည်းကျောချမ်းစရာကောင်းတယ် မသိရင်သာမန်ထက်ထူးခြားတဲ့ဟာတစ်ခုခုရှိနေသလိုပဲ"

သူ့ဘေးရှိပတ်ဝန်းကျင်မှာ ရုတ်တရက်တိတ်ဆိတ်သွားသလိုကျိုးဟောင်ခံစားလိုက်ရသည်။

ဂျော့ချ်မှာလည်း ခန္ဓာကိုယ်တစ်လုံးကြက်သီးများထလာခဲ့သည်မှာ သူ့အားအေးစက်သောအရာတစ်ခုခုမှစောင့်ကြည့်နေသည့်အတိုင်းပင်။

ပြောရင်း ဂျော့ချ်မှာတုန်ယင်လာခဲ့သည်မှာ နှစ်တစ်ထောင်သက်တမ်းရှိသောရေခဲထဲသို့ကျရောက်သွားသည့်ပမာပင်။

ဂျော့ချ်ဘာမှပြောစရာမလိုဘဲ ကျိုးဟောင်သည်လည်းသူ့ပတ်ဝန်းကျင်ရှိမူမမှန်မှုအားခံစားလိုက်ရသည်။ ဤခံစားချက်မှာ သူတို့နှစ်ယောက်သည်သူခိုးများ၏အသိုက်ထဲသို့ပြုက်ကျလာသည့်ပမာပင်။

"စာရေးပြီးမှတ်ထားလိုက် တောင်ပိုင်းမှာအရမ်းရက်စက်ပြီးစွမ်းအားကြီးတဲ့ရေမြွေရှိတယ် သူ့ရှေ့မှာကအေးစက်ပြီးနက်တဲ့ရေကန်ရှိတယ်"

ဖားမှာ၎င်း၏ပတ်ဝန်းကျင်တွင် မည်သည့်အရာရှိကြောင်းတိကျစွာတွက်ချက်လိုက်သည်။

ပတ်ဝန်းကျင်တွင်အေးစက်သောအကြည့်များစွာရှိနေသော်ငြား မည်သူမှမဆင်မခြင်မလှုပ်ရှားရဲသည်မှာမထူးဆန်းတော့ပေ။ တိရစ္ဆာန်လောကတွင် အားကြီးသူများမှာလေးစားခံရပေသည်။

သူတို့သည်ဤနေရာနားကိုပင်ချဥ်းကပ်မလာနိုင်ကြပေ။ ကြည့်ရသည်မှာဤရေမြွေသည် အလွန်စွမ်းအားကြီးပုံပင်။

"သူကအနည်းဆုံး လူသားအုပ်စိုးရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်"

ဖားထံမှာနောက်ထပ်ထွက်လာသောစကားမှာ ကျိုးဟောင်အားနေရာတွင်ပင်မူးလဲသွားလုနီးပါးဖြစ်သွားစေခဲ့သည်။

ဝင်လာသည်နှင့်ယခုလိုစွမ်းအားကြီးသောတည်ရှိမှုတစ်ခုနှင့်ကြုံရမည်ဟုကျိုးဟောင်မထင်ထားခဲ့ပေ။ တစ်ဖက်လူ၏လက်ထဲမှလွတ်မြောက်နိုင်ပါ့မလားဆိုသည်အားကျိုးဟောင်မသိပေ။ မည်သို့ပင်ဖြစ်စေ သူတို့ခွန်အားကြားတွင် အဆင့်ကွာခြားချက် ၂ ဆင့်ရှိပေသည်။

လူတစ်ယောက်မှာ ၎င်းထက်အနည်းငယ်မျှသန်မာသောပြိုင်ဘက်နှင့်ကြုံရပါက လေ့ကျင့်ရန်အခွင့်အရေးရှိပေသည်။ ထိုသို့မဟုတ်ဘဲ အလွန်စွမ်းအားကြီးသည့်လူနှင့်တွေ့ပါက သေလမ်းရှာသည်ဟုသာပြောရတော့မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သင်၏ရက်‌ရောမှုအတွက် တစ်ဖက်လူမှသင့်အားသေချာပေါက်ကျေးဇူးတင်မည်မဟုတ်ပေ။

"သတိထား ဒီမှာအရမ်းစွမ်းအာကြီးတဲ့ရေမြွေရှိတယ်"

ကျိုးဟောင်မှာခေတ္တမျှစဥ်းစားပြီးနောက် ဂျော့ချ်အားသတိပေးလိုက်သည်။

ယခုအချိန်တွင်သူတို့နှစ်ယောက်မှာ အတူတူတိုက်ခိုက်လာခဲ့ကြသောရဲဖော်ရဲဖက်များဖြစ်ပေရာ ကျိုးဟောင်ဂျော့ချ်အားသတိပေးသည်မှာမဆန်းပေ။

အကယ်၍တစ်ဖက်လူမှာသူနှင့်မသိကျွမ်းသောသူစိမ်းတစ်ယောက်ဆိုလျှင်ပင် ကျိုးဟောင်မှာယခုလိုသတိပေးဦးမည်သာဖြစ်သည်။

ကျိုးဟောင်စကားဆုံးသည်နှင့် မနီးမဝေးမှ ပင်လယ်ထဲမှမုန်တိုင်းတစ်ခုကဲ့သို့ကျယ်လောင်သောအသံတစ်ခုအားကြားလိုက်ရသည်။

ရွှီ.....

ကျယ်လောင်သောအသံတစ်ခုမှာ ခပ်ရေးရေးထွက်ပေါ်လာခဲ့သည်။

ထိုသတ္တဝါ၏အသံအားကြားပြီး ၎င်းတို့ကြားတွင်အကွာအဝေးတစ်ခုအထိ ဝေးကွာနေမှန်းသိသော်လည်း ကျိုးဟောင်နှင့်‌ဂျော့ချ်မှာတံတွေးမမျိုချဘဲမနေနိုင်ပေ။ ဤကဲ့သို့သောစွမ်းအားကြီးသောတည်ရှိမှုမျိုးသည် များသောအားဖြင့် လူသားများရှေ့တွင်ပေါ်လာခြင်းမရှိခဲ့ပေ။

၎င်းမှာအစောပိုင်းကစပါးအုံးထက်ပင်ပိုမိုစွမ်းအားကြီးပေသည်။ လက်ရှိအချိန်တွင် ကျိုးဟောင်တို့မှာရှေ့ဆက်သွားရုံသာရှိပြီးပြန်ဆုတ်လို့မရပေ။ ဆိုရိုးများအတိုင်းပင်ရှေ့တွင်ကျားနောက်တွင် ဝံပုလွေဟူသောအခြေအနေသို့ရောက်နေပြီဖြစ်သည်။

သူတို့၏အနောက်တွင် စွမ်းအားကြီးသောတိရစ္ဆာန်များစွာမှာ ၎င်းတို့အားအငမ်းမရစိုက်ကြည့်နေကြပေသည်။ ကျိုးဟောင်တို့မှာ အနီးသို့ရောက်လေလေ တစ်စုံတစ်ခုမှာမှားယွင်းနေကြောင်းပိုမိုခံစားရလေဖြစ်သည်။ ကြီးမားသော‌ရေမြွေကြီးမှာ လူသားတစ်ယောက်နှင့်တိုက်ခိုက်နေပုံပင်။

မူလကတစ်ဖက်မှသတ္တဝါသည် ဘာကြောင့်တစ်ဖက်လူမှာသူရောက်သည်နှင့်သတိထားမိသွားရသလဲဆိုသည်အားသိချင်နေခဲ့ပေသည်။ တကယ်တမ်းတွင်ရေမြွေမှာ သူတို့နှစ်ယောက်အားပစ်မှတ်ထားနေခြင်းမဟုတ်ပေ။ ကြည့်ရသည်မှာ တစ်ယောက်ယောက်သည်၎င်းအားရန်စထားနှင့်ပုံပင်။

ဤကဲ့သို့ကိုယ့်သေတွင်းကိုယ်တူးနေသူမှာ မည်သူမှန်းမသိရပေ။ ယခုလိုစွမ်းအားကြီးတည်ရှိမှုအားဆန့်ကျင်တိုက်ခိုက်ပါက တစ်ဖက်လူထံတွင်အလွန်စွမ်းအားကြီးသောလက်နက်ရှိလျှင်ပင်ထိုလူမှာအသက်မရှင်နိုင်လောက်ပေ။

ကျိုးဟောင်မှာတွေးရင်းတစ်ဖက်လူအတွက်အနည်းငယ်စိတ်ပူသွားခဲ့သည်။ အကယ်၍၎င်းတို့တောင်ဧရိယာ၏အနက်ပိုင်းသို့ဝင်ရောက်လိုပါက မဖြစ်မနေဤနေရာမှဖြတ်သွားရမည်ဖြစ်သည်။ မဟုတ်ဘဲဖြတ်လမ်းရှိပါက သေချာပေါက် ဖြတ်လမ်းမှသာသွားမည်ဖြစ်သည်။

ကျိုးဟောင်မှာ ပြဿနာဖြစ်နိုင်သည့်အခြေအနများအား တတ်နိုင်သလောက်ရှောင်ချင်ပေသည်။

"ဒီလိုစွမ်းအားကြီးတည်ရှိမှုမျိုးကိုရန်သွားစတာ ဘယ်သူကကိုယ့်သေတွင်းကိုယ်တူးနေတာလဲ"

ဂျော့ချ်မှာလမ်းလျှောက်နေရင်း ခပ်တိုးတိုးပြောလိုက်သည်။

အကယ်၍ဤတောင်ဧရိယာတွင် ပြဿနာများအားရှောင်ရှားနိုင်မည်ဆိုပါက ကျိုးဟောင်တို့မှာအကောင်းဆုံးကြိုးစားကြမည်ဖြစ်သည်။ ပုံမှန်တွင်အလွန်သိမ်မွေ့သောတိရစ္ဆာန်များမှာ သ‌န္ဓေပြောင်းပြီးနောက်အလွန်ကြမ်းကြုတ်လာမည်ဖြစ်သည်။

ထို့အပြင် ပုံမှန်တွင်ဤကြမ်းကြုတ်သောသားရဲများဆိုပါက သန္ဓေပြောင်းပြီးနောက်ပို၍ပင်ကြမ်းကြုတ်လာမည်ဖြစ်သည်။ ၎င်းတို့မှာမျိုးနွယ်ခြားများအားမြင်သည်နှင့် ၎င်းတို့အားခုန်အုပ်ကာအပိုင်းပိုင်းဖြစ်အောင်ကိုက်ချင်ကြပေသည်။

ကျိုးဟောင်တို့မှာ ထိုနေရာသို့နီးကပ်လာသည်နှင့်အမျှ ကြီးမားသောဖိအားတစ်ခုအားခံစားလာရသည်။ ဂျော့ချ်၏မျက်နှာတွင်ချွေးအေးများဖြင့် ပြည့်နှက်နေပေသည်။ ဤမြွေမှာအလွန်စွမ်းအားကြီးလှပေသည်။

ရေမြွေတစ်ကောင်မှာ သန္ဓေပြောင်းပြီးနောက် ယခုလိုအင်အားမျိုးအထိရောက်လာနိုင်သည်ဟု လုံးဝမသိခဲ့ပေ။

ကျိုးဟောင်ထံတွင်ဖားရှိနေ၍ ကျိုးဟောင်မှာအားမနည်းပေ။ ကျိုးဟောင်မှာဖိအားအနည်းအကျဥ်းကိုသာခံစားရပြီး ဂျော့ချ်လောက်မခံစားရပေ။

"စိတ်တိုစရာကောင်းလိုက်တာ"

ဂျော့ချ်မှာ ဤရေမြွေအားကြောက်စိတ်ကိုလျော့စေရန် အသံတိုးတိုးဖြင့်မကျေမနပ်ပြောရုံသာတတ်နိုင်ပေသည်။

တစ်ယောက်ယောက်မှာ တကယ်ပင်ဤရေမြွေအားတိုက်ခိုက်နေပေရာ ဂျော့ချ်မှာအနီးသို့သွားကာတစ်ချက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍အခွင့်အ‌ရေးရပါက ထိုနေရာမှမသိမသာထွက်သွားနိုင်ပေသည်။ အကယ်၍အခွင့်အရေးမရှိပါကလည်း ရင်ဆိုင်ဖြေရှင်းရုံသာရှိပေသည်။

သူ့ထံတွင်ယခုလိုဆိုးဝါးပြီးကြမ်းကြုတ်သောသားရဲအားဖြေရှင်းနိုင်သည့်ပစ္စည်းအချို့လည်းရှိပေသည်။ သို့သော်ထိပ်တိုက်မတွေ့ဘဲရှောင်သွားခြင်းကပိုကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းထံတွင်လျှို့ဝှက်ဆန်းကြယ်ပြီးအန္တရာယ်ရှိ‌သောအငွေ့အသက်များဖြင့်ပြည့်နေပေသည်။

ဂျော့ချ်စိုးရိမ်သည်မှာ သူ၏ဝှက်ဖဲအားလုံးအားသုံးပြီးနောက် အန္တရာယ်ကြီးကြီးမားမားနှင့်ကြုံပါက သေရန်ထိုင်စောင့်နေရမည်ကိုသာဖြစ်သည်။

"ချီးပဲ"

ကျိုးဟောင်တို့နှစ်ယောက်မှာ အနီးသို့လျှောက်သွားပြီးနောက် အေးစက်သောရေကန်ရှေ့တွင်ရှိနေသည့်စပါးအုံးအရွယ်ရေမြွေတစ်ကောင်အားတွေ့လိုက်ရသည်။ ၎င်း၏အစိမ်းရောင်မျက်လုံးများမှာ ကန်အစပ်ရှိလူတစ်စုအား စူးရဲစွာစိုက်ကြည့်နေပေသည်။

ထိုအကြည့်မှာ လူများအားအလွန်အမင်းကြောက်ရွံ့စေပြီး အဆိပ်ရှိသောမြွေတစ်ကောင်မှာ၎င်းတို့အားစိုက်ကြည့်နေသလိုပင်။ အလွန်အေးစက်လှပေသည်။

ဤရေမြွေမှာ အစောပိုင်းကစပါးအုံးထက်ပင်ပိုမိုကြမ်းကြုတ်ပေသည်။ ၎င်း၏ပါးစပ်ထဲမှထွက်လာသောရေများမှာ ချက်ချင်းပင်အေးခဲသွားနိုင်သည့်အစွမ်းရှိပေသည်။ သူတို့ဝင်လာသည်နှင့်အလွန်အေးသည်ဟုခံစားခဲ့ရသည်မှာ အံ့သြစရာမရှိတော့ပေ။

အခြေအနေမကောင်းသည့် လူသားအဖွဲ့အားကြည့်ကာ ကျိုးဟောင်တို့နှစ်ယောက်မှာပို၍ပင်ကျိန်ဆဲမိလိုက်သည်။

၎င်းတို့မှာ စာရင်းသွင်းကောင်တာတွင်တွေ့ခဲ့သောလူ ၅ယောက်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သောလူငယ်လေးမှာ ဒဏ်ရာမရထားသော်ငြား အခြားလူများမှာ အားလုံးဒဏ်ရာရထားကြပေသည်။

ဤကြမ်းကြုတ်သောရေမြွေအားယာယီငြိမ်သက်သွားအောင် မည်သည့်လက်နက်အားအသုံးပြုခဲ့သလဲဆိုသည်ကိုတော့ မသိရပေ။

ပုံစံကြည့်ရသည်မှာ ဤအဖွဲ့သည်အသက်ရှင်ရသည်ကိုငြီးငွေ့နေကြပုံပင်။ ဘာကြောင့်ယခုလိုကြီးမားသည့်ရေမြွေအားရန်သွားစခဲ့ရပါသနည်း။

"ချာလီဒယ် မင်းအရင်သွား ဒီသားရဲကအရမ်းစွမ်းအားကြီးတယ်"

"သူ့ကိုဖျက်ဆီးဖို့ ငါတို့ရဲ့စွမ်းအားကြီးလက်နက်တွေသုံးရင်ရော"

နှာခေါင်းပြားပြားနှင့်လူငယ်လေးမှာ ရေကန်ထဲမှရေမြွေအားကြည့်ရင်းပြောလိုက်သည်။

သူတို့ဘက်မှမလှုပ်ရှားမခြင်း ရေမြွေလည်းလှုပ်မည်မဟုတ်ပေ။

အကယ်၍သူတို့အနည်းငယ်လှုပ်ရှားလိုက်ပါက ရေမြွေမှာချက်ချင်း၎င်းတို့အားခုန်အုပ်လာမည်ဖြစ်သည်။

ဤအခြေအနေကြောင့် ချာလီမှာအလွန်စိတ်ညစ်နေပေသည်။ ဒီတိုင်းဖြတ်သွားရုံဖြင့် ယခုလိုစွမ်းအားကြီးသောပညာရှင်တစ်ယောက်အား နှောင့်ယှက်မိမည်ဟုမထင်ထားခဲ့ပေ။

ချာလီဒယ်မှာ ဂရုမစိုက်ဟန်ဖြင့်ခေါင်းခါလိုက်သည်။ သူ့ထံတွင်မတိုက်ခိုက်ရသေးဘဲ ထွက်ပြေးသည့်အကျင့်မျိုးမရှိပေ။ အထူးသဖြင့်သူ့နှင့်ဘေးချင်းယှဥ်တိုက်ခိုက်ခဲ့သည့်ရဲဘော်ရဲဘက်များ၏ရှေ့တွင်ဖြစ်သည်။

အားလုံးမှာဤနေရာသို့ရောက်လာပြီဆိုကတည်းက အသေအကျေတိုက်ခိုက်ကြမည်ဖြစ်သည်။

ထို့အပြင် အားလုံး၏ကိုယ်ပေါ်တွင်ဖျက်ဆီးနိုင်စွမ်းပြင်းသည့်လက်နက်များရှိသော်ငြား ရွေးချယ်စရာမရှိသည့်အခြေအနေမဟုတ်ပါက ထုတ်သုံးမည်မဟုတ်ပေ။

....................................................................................

All Chapters