← Chapters

ကံတရား

Vol. 51 Ch. 759

ကံတရား

Vol. 51 Ch. 759

သူတို့သည်အားအင်ကုန်ခမ်းသောအခြေအနေမျိုးသို့မရောက်သေးပေ။

သူတို့အဖွဲ့မှာ ပတ်ဝန်းကျင်အားအဆက်မပြတ်အာရုံစိုက်နေသည့်ရေမြွေအားစူးရဲစွာစိုက်ကြည့်နေခဲ့သည်။ ရေမြွေ၏အကြည့်မှာ၎င်း၏ဧရိယာအတွင်းသို့ဝင်လာပြီး‌နောက် သူ၏မြင်ကွင်းမှမည်သည့်အရာကိုမှဖုံးကွယ်ထားလို့မရသည့်အတိုင်းပင်။

"ဟိုင်း ငါတို့ထပ်တွေ့ပြန်ပြီနော် တိုက်ဆိုင်လိုက်တာ"

ချာလီမှာ အဝေးမှလမ်းလျှောက်လာသောကျိုးဟောင်တို့နှစ်ယောက်အားကြည့်ကာ တက်ကြွစွာနှုတ်ဆက်လိုက်သည်မှာ အခြားသူများသူ့အားဤ‌နေရာတွင်ရှိနေသည်ကိုမမြင်မှာစိုးနေပုံပင်။

ယခုလူနှစ်ယောက်တိုးလာပြီဖြစ်ပေရာ သူ့ထံတွင်အားနှစ်ယောက်စာတိုးလာပြီဖြစ်သည်။ ကျိုးဟောင်နှင့်ဂျော့ချ်မှာ ရိုးရှင်းသောလူများမဟုတ်ကြောင်း သူခံစားမိပေသည်။

သူတို့ဤကြမ်းကြုတ်သောရေမြွေအားအတူတကွနှိမ်နင်းရန်လိုအပ်သည့်အဓိကအကြောင်းအရင်းမှာ ဤရေမြွေသည်လုံးဝကုန်းပေါ်သို့မတက်ပေ။ အကယ်၍သူတို့ဤလမ်းကြောင်းမှဖြတ်သွားလိုပါက ဤရေကန်အားသေချာပေါက်ဖြတ်သွားရမည်ဖြစ်သည်။

ဤကံကြမ္မာဟုခေါ်သည့်အရာကြောင့် ဂျော့ချ်၏ နှုတ်ခမ်းထောင့်မှာကွေးတက်သွားခဲ့သည်။

၎င်းမှာကောင်းမွန်သည့်ကိစ္စမျိုးဖြစ်နေခြင်းမဟုတ်ပေ။ သူတို့အားလုံးသည်ဤကြမ်းကြုတ်သောမြွေအား အတူတူရင်ဆိုင်ရမည်ဖြစ်ပြီး ဤကိစ္စအားစဥ်းစားရုံဖြင့် ခေါင်းကျိန်းပေသည်။

အထူးသဖြင့် ထိုမြွေ၏မျက်လုံးစိမ်းများအားကြည့်မိချိန်တွင် ၎င်းတို့၏နှလုံးသားများမှာအလိုလိုအေးစက်လာသလိုခံစားရပေသည်။

"ငါတို့ကတကယ်ကို အတော်လေးရေစက်ပါတာပဲ ဒါဆိုမင်းတို့တွေဒါကိုဖြေရှင်းပြီးရင် အတူတူသွားကြတာပေါ့"

ကျိုးဟောင်မှာအေးဆေးပင်ထိုင်ချရင်းပြောလိုက်သည်။

ကျိုးဟောင်တို့၏ပုံစံမှာ ဤတိုက်ပွဲတွင်ပါဝင်လိုသည့်ရည်ရွယ်ချက်မျိုးစိုးစဥ်းမျှမရှိပေ။ ဤမြင်ကွင်းအားကြည့်ပြီး တစ်ဖက်အဖွဲ့မှာမအံ့သြဘဲမနေနိုင်တော့ပေ။

မမျှော်လင့်ထားစွာပင် သူတို့ရှေ့ရှိထူးခြားသောစွမ်းအားရှိသောဤအမျိုးသားမှာ သူတို့နှင့်ဘေးချင်းယှဥ်တိုက်လိုသည့်အစီအစဥ်မရှိပေ။ သူသည်တကယ်ပင်သူတို့ဖြေရှင်းပြီးခါမှအခွင့်အရေးယူချင်နေပေသည်။

ဂျော့ချ်ပင် ကျိုးဟောင်ဘာကိုဆိုလိုမှန်းမသိပေ။

သို့သော် အကယ်၍ဤကိစ္စသည်သူတို့အတွက်အကျိုးရှိပြီး သူတို့၏အင်အားကိုချွေတာနိုင်မည်ဆိုပါက သူသေချာပေါက်သဘောတူရန်ဆန္ဒရှိပေသည်။

သူတို့နှစ်ယောက်မှာဘေးချင်းယှဥ်ထိုင်နေပြီး ဘာမှလုပ်မည့်ပုံမပေါ်ပေ။ လက်ရှိအချိန်တွင် မြွေ၏မျက်လုံးများသည်လည်း သူအိပ်ပျော်နေသည်ကိုနှောင့်ယှက်သောအဖွဲ့ပေါ်တွင် ရောက်နေပေသည်။

၎င်းအမုန်းဆုံးအရာမှာ သူအိပ်နေသည်ကိုနှောင့်ယှက်နေသည့်ဤလူများသာဖြစ်သည်။

ရွှီ.....

ထို့ကြောင့် ဤလူများလုံးဝမလှုပ်ရှားသည်ကိုကြည့်ပြီး ၎င်းမှာချက်ချင်းပင်အော်ဟစ်လိုက်ကာ ပါးစပ်မှအငွေ့များအားမှုတ်ထုတ်လိုက်သည်။

ထိုအငွေ့များမှာ လေထဲရောက်သည်နှင့်ချက်ချင်းပင် ရေခဲအပ်များအဖြစ်ပြောင်းလဲသွားပြီး သူတို့ ၅ယောက်ထံဝင်လာခဲ့သည်။ ထိုရေခဲအပ်များ၏စွမ်းအားမှာမသေးလှပေ။

"ဒီစွမ်းအားကကြောက်စရာကောင်းပေမဲ့ ငါသေချာပေါက်ဒါကိုဖြေရှင်းနိုင်တယ်"

"ဒီမြွေရဲ့အားအနည်းဆုံးနေရာက သူ့ရဲ့စိတ်စွမ်းအားပဲ"

ဖားမှာမြွေ၏စွမ်းအားအား အာရုံခံပြီးနောက်သုံးသပ်လိုက်သည်။

၎င်းမှာယခုအချိန်တွင် ကြမ်းကြုတ်နေသော်ငြား တကယ်တမ်းတွင်တို့ဟူးတုံးကဲ့သို့အားနည်းပေသည်။ ၎င်း၏အသက်အားအချိန်မရွေးနှုတ်ယူနိုင်ပေသည်။

ကျိုးဟောင်မှာနဖူးအားပွတ်လိုက်သည်။ သူတိုက်ခိုက်လိုက်ချိန်တိုင်း ဤရုပ်ဆိုးသောဖားမှာ မာန်တက်လာသည်။ ၎င်းမှာပေါ်လာချိန်တိုင်းလည်း ပရောပရည်စကားများဖြင့်သာပြည့်နေခဲ့သည်။

၎င်းမှာဤကဲ့သို့သောဆိုးရွားသည့်အမူအကျင့်များအား မည်သည့်နေရာဖြင့်သင်ယူလာခဲ့မှန်း ကျိုးဟောင်မသိပေ။

၎င်းမှာမွေးဖွားလာစဥ်ကတည်းကဤပုံစံအတိုင်းဖြစ်ကာ အခြားမည်သူဆီကမှသင်ယူထားခြင်းမဟုတ်တာလည်းဖြစ်နိုင်ပေသည်။

ဂျော့ချ်မှာ ကျိုးဟောင်၏ကူကယ်ရာမဲ့နေသည့်ပုံစံအားကြည့်ပြီး ဤရေမြွေ၏စွမ်းအားအားမြင်ပြီးနောက် အလွန်ကူကယ်ရာမဲ့သလိုခံစားနေရခြင်းဖြစ်မည်ဟုတွေးလိုက်ပေသည်။

အကယ်၍ကျိုးဟောင်မှာဖား၏မာန်တက်နေသောစကားများကြောင့် ကူကယ်ရာမဲ့နေခြင်းဖြစ်ကြောင်းသိပါက သူဘယ်လိုတွေးမလဲဆိုသည်အားမသိနိုင်ပေ။

သို့သော်ကျိုးဟောင်မှာဖား၏စကားအားငြင်းဆိုခြင်းမပြုပေ။ အကြွင်းမဲ့ယုံကြည်ချက်မရှိပါက သူသည်ဖားနှင့်ငြင်းခုံဦးမည်ဖြစ်သည်။

"သိပြီ ခဏနေရင်ဒီလူတွေကဒီမြွေရဲ့ ပြိုင်ဘက်ဖြစ်မလားဆိုတာကြည့်ကြတာပေါ့"

ကျိုးဟောင်မှာ ဤတိုက်ပွဲတွင်ချက်ချင်းမပါလိုပေ။

သူသည်ဤဂြိုဟ်များ၏စွမ်းအားအကြောင်းနှင့် ၎င်းတို့၏စွမ်းအားကြီးလက်နက်များအကြောင်းသေချာနားလည်ရန်လိုအပ်ပေသည်။

ထိုအရာများအားလုံးမှာ အလွန်သိလိုစိတ်ဖြစ်စေပေသည်။

သို့သော် သူ့အားဤအဖြေများအားပြောပြမည့်လူတစ်ယောက်မှမရှိပေရာ ဘေးတွင်ထိုင်ပြီး ဤလူများဘယ်အတိုင်းအတာထိသွားနိုင်မလဲဆိုသည်အားထိုင်ကြည့်နေရုံသာတတ်နိုင်ပေသည်။ သူတို့သည်ဤမြွေအားဖြေရှင်းနိုင်လောက်မည်ဟု ကျိုးဟောင်ခန့်မှန်းထားပေသည်။

သူတို့နှစ်ယောက်မှာဘေးတွင်ထိုင်ပြီး တိုက်ပွဲအားကြည့်နေပုံမှာ ကျန်အဖွဲ့အားအံတကြိတ်ကြိတ်နှင့်ဒေါသထွက်စေပေသည်။ သူတို့အဖွဲ့သည်ဤမျှလောက်အရှက်မဲ့သောလူများအား တစ်ခါမှမတွေ့ခဲ့ဖူးပေ။

"ရှင်တို့တွေ လာကူလို့မရဘူးလား ခဏနေရေကန်ထဲမှာသေသွားချင်လို့လား"

ထိုအဖွဲ့ထဲမှ ခပ်မာမာပုံစံနှင့်မိန်းကလေးမှ သူတို့အားကျယ်လောင်စွာအော်ဟစ်ရင်းအပြစ်ဆိုလာလေသည်။

သူမတို့အဖွဲ့မှာ ဤနေရာတွင်သေလုနီးပါးတိုက်ခိုက်နေသော်လည်း ကျိုးဟောင်နှင့်ဂျော့ချ်မှာဘေးတွင်ထိုင်ကာ စားကောင်းသောက်ဖွယ်များအားထုတ်ကာဖြည်းဖြည်းချင်းပင်စားနေကြပေရာ သူတို့အားပို၍ပင်နှိပ်စက်နေသလိုပင်။

ယခုပုံစံမှာ သူတို့သေမည့်အရေးအားရှုစားနေသည့်ပရိတ်သတ်များရှိနေသလိုပင်။

အားလုံးမှာမကျေနပ်ကြသော်လည်း ဘာမှမတတ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည်ဤရေမြွေ၏ပိုင်နက်ထဲသို့မဆင်မခြင်ဖြင့်ဝင်လာခဲ့ခြင်းဖြစ်ပေရာ ဤကြီးမားပြီးကြမ်းကြုတ်သောရေမြွေ၏ဒေါသအားအံကြိတ်ခံရုံသာတတ်နိုင်ပေသည်။ ထိုအကြောင်းအားတွေးမိလိုက်ရုံဖြင့် သူတို့အဖွဲ့အားအလွန်နစ်နာသလိုခံစားရပေသည်။

ကျိုးဟောင်တို့နှစ်ယောက်မှာ သူတို့၏အပြစ်တင်နေသောစကားလုံးများအားမကြားသလိုဟန်ဆောင်နေပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏သေဆုံးမှုသည် ထိုအမျိုးသမီးငယ်လေးအပေါ်မူတည်နေခြင်းမဟုတ်ပေ။

ကြီးမားသောရေမြွေမှာ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးအားလှုပ်ရှားလိုက်ရာ ရေကန်ထဲရှိရေများမှာလှိုင်းများထလာခဲ့သည်။

၎င်း၏ကြီးမားသောအမြီးကြီးမှာ စွမ်းအားကြီးသောကျာပွတ်တစ်ချောင်းပမာ သူတို့အဖွဲ့ထံကြမ်းတမ်းစွာရောက်ရှိလာပေသည်။ အားနည်းသူများမှာချက်ချင်းပင်ထိုအမြီးရိုက်ချက်အားခံလိုက်ရပြီး အသားများစုတ်ပြဲသွားကြသည်။

တစ်ယောက်၏လက်မောင်းမှာချက်ချင်းပင် ပြတ်သွားပြီးအရေပြားပင်ကွဲသွားခဲ့သည်။ မြေပြင်ပေါ်သို့ပြုက်ကျသွားသောလက်မောင်းအားကြည့်ကာ အားလုံးမှာကြက်သေသေသွားခဲ့သည်။

"သေစမ်း ကြမ်းလိုက်တာ"

ဂျော့ချ်မှာ နှုတ်မှပင်အသံထွက်ထုတ်ပြောလိုက်မိပြီး မျက်လုံးများမှာလည်းတစ္ဆေတစ်ကောင်အားမြင်လိုက်ရသလို ပြူးကျယ်နေခဲ့ပေသည်။

ထိုမြွေ အမြီးတစ်ချက်ယမ်းလိုက်ရုံဖြင့် တစ်ဖက်အဖွဲ့ရှိလူတစ်ယောက်၏လက်မှာပြတ်သွားခဲ့ပြီဖြစ်သည်။ ဤရေမြွေအားမည်သည့် အရာဖြင့်ပြုလုပ်ထားမှန်းမသိရပေ။

ဤရေမြွေ၏တိုခိုက်ရေးစွမ်းအားအားမြင်လိုက်ရချိန်တွင် ကျိုးဟောင်၏မျက်လုံးများမှာမဲမှောင်သွားခဲ့သည်။ မူလကကျိုးဟောင်မှာအပါးခိုပြီး တစ်ဖက်အဖွဲ့၏စွမ်းအားအားကြည့်လိုခြင်းဖြစ်သည်။ ယခုပုံစံအရ သူဝင်ပါရတော့မည့်ပုံပင်။

အကယ်၍တစ်ဖက်အဖွဲ့တွင်စွမ်းအားကြီးလက်နက်များရှိလျှင်ပင် အချိန်တိုအတွင်းဤရေမြွေအားဘာမှလုပ်နိုင်မည်မဟုတ်‌ပေ။

"မင်းတို့တွေသူ့ကိုအချိန်ဆွဲထားလိုက် ငါကငါ့ရဲ့စိတ်စွမ်းအားကိုသုံးမယ် မင်းတို့တွေသူ့ကိုထိခိုက်မှုများအောင်မင်းတို့မှာရှိတဲ့စွမ်းအားကြီးလက်နက်သုံးလိုက်"

ကျိုးဟောင်မှာသူ့လက်ထဲရှိတစ်လုတ်စာကျန်သောမုန့်အားပါးစပ်ထဲထိုးထည့်ကာ ပြောလိုက်သည်။

ကျိုးဟောင်မှာ ကြော့ကြော့မော့မော့မတ်တပ်ရပ်လိုက်ပြီး သူ၏အသံခပ်တိုးတိုးအားအားလုံးကြားလိုက်ရသည်။ တစ်ဖက်အဖွဲ့မှာလုံးဝသဘောမကျဘဲ သူတို့အားဆရာလုပ်နေသည်ဟုသာခံစားနေရပေသည်။

ချာလီမှာခေါင်းညိတ်ပြလိုက်ပြီး ဤနည်းလမ်းသည်သာအကောင်းဆုံးဟုတွေးလိုက်ပေသည်။ လူအားလုံးကြားတွင် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအားအသုံးချခြင်းသည်တကယ်ပင်အလွန်အမင်းစွမ်းအားကြီးသည့်ဗျူဟာတစ်ခုဖြစ်သည်။ ထို့အပြင် ဤသတ္တဝါအားတိုက်ခိုက်ရန်ဆိုပါက စိတ်စွမ်းအားအများအပြားလိုအပ်ပေသည်။

"ငှက်မွေးတစ်ထောင်ချပ်ဝတ်"

ကျိုးဟောင်မှာစိတ်ထဲမှခေါ်လိုက်သည်။ ငှက်မွေးတစ်ထောင်ချပ်ဝတ်၏ကာကွယ်ပေးမှုမရှိပါက ကျိုးဟောင်မှာချပ်ဝတ်မရှိသည့်စစ်သည်တော်တစ်ယောက်လိုပင်ဖြစ်သည်။

ယခုလိုစွမ်းအားကြီးသည့်အရာမျိုးဖြင့်ရင်ဆိုင်ရချိန်တွင် သေချာပေါက်ဘေးကင်းရေးအတွက် သတိထားရန်လိုပေသည်။

မဟုတ်ပါက အကယ်၍သူရှုံးနိမ့်သွားခဲ့ပါက ထွက်ပြေးလို့ပင်ရတော့မည်မဟုတ်ပေ။

"သခင်စိတ်ချပါ ကျွန်တော်ဒီမှာအမြဲတမ်းရှိပါတယ်"

ငှက်မွေးတစ်‌ထောင်ချပ်ဝတ်မှာ နောက်ဆုံးတွင်၎င်း၏ကိုယ်ပိုင်အသံဖြင့်စကားပြောလာခဲ့သည်။

ပုံမှန်ဆိုပါက ဖားဘာပြောပြော ငှက်မွေးတစ်ထောင်ချပ်ဝတ်မှာ မည်သည့်အသံမှမထွက်ရဲပေ။ ၎င်းမှာ ပဲလှော်ကြားဆားညှပ်မည်ကိုကြောက်ပေသည်။

ငှက်မွေးတစ်‌ထောင်ချပ်ဝတ်၏တုံ့ပြန်သံအားကြားမှသာ ကျိုးဟောင်မှာစိတ်သက်သာရာရသွားခဲ့သည်။ တစ်ဖက်အဖွဲ့မှလေးယောက်မှာအချင်းချင်းကြည့်ကာ ခေါင်းညိတ်ပြလိုက်ကြသည်မှာ ၎င်းတို့မှာသဘောတူညီမှုရလိုက်သလိုပင်။

ချာလီသာခေါင်းယမ်းလိုက်ပြီး ဤလုပ်ရပ်မှာအလွန်အကျင့်သိက္ခာမဲ့သလိုခံစားလိုက်ရပေသည်။ ထို့အပြင်သူတို့သည်ဤနေရာသို့ ရည်ရွယ်ချက်တစ်ခုဖြင့်ရောက်လာခဲ့ခြင်းဖြစ်သည်။

အစောပိုင်းကလက်ပြတ်သွားသောလူမှာ နာကျင်မှုအားအံကြိတ်ကာသည်းခံနေပေသည်။

ဤလူသည်ကျိုးဟောင်တို့အားအရိုးစွဲအောင်မုန်းတီးနေပေသည်။ အကယ်၍သူတို့နှစ်ယောက်သာအစောကတည်းကတိုက်ခိုက်ပါက သူလည်းယခုလိုဒဏ်ရာအပြင်းအထန်ရမည်မဟုတ်ပေ။

....................................................................................

All Chapters