← Chapters

နောက်ဆုံးဖျက်ဆီးနိုင်ခဲ့ပြီ

Vol. 51 Ch. 760

နောက်ဆုံးဖျက်ဆီးနိုင်ခဲ့ပြီ

Vol. 51 Ch. 760

ကျိုးဟောင်နှင့် ဂျော့ချအပေါ်ထားသော၎င်း၏အမုန်းတရားမှာ အဆင့်တစ်ခုအထိရောက်နေပြီဖြစ်သည်။

တစ်ဖက်တွင် သူသည်သူ့လက်ပြတ်ရခြင်း၏တရားခံမှာရေမြွေဟု မတွေးပေ။

ဤသည်မှာလူ့စိတ်၏သဘောသဘာဝပင်ဖြစ်သည်။ သူတို့သည်ဘေးမှလူများသည်ဆိုးဝါးသည့်အရာတစ်ခုခုအားလုပ်လိုက်သည်ဟုထင်ကာ ထိုလူများကိုလက်စားချေရန်သာတွေးပေသည်။

ယခုသူတို့အဖွဲ့မှာ တိတ်တဆိတ်ဆက်သွယ်ကာ အလျင်အမြန်ပြန်ဆုတ်ခွာရန် ကျိုးဟောင်၏တိုက်ခိုက်မှုအားအသုံးချချင်နေပေသည်။ သူတို့သည်ဤမိစ္ဆာကဲ့သို့သောမြွေထံမှ ထွက်ပြေးချင်နေပေသည်။

အစမှယခုတိုင် သူတို့သည်လုံးဝရပ်တန့်ခြင်းမရှိခဲ့ပေ။ သူတို့သာလှုပ်ရှားလိုက်သည်နှင့် ကြီးမားသောမြွေကြီးမှာသူတို့အားအညှာတာကင်းမဲ့စွာခုန်အုပ်လာမည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တစ်ယောက်မှာလက်ပြတ်သွားပြီဖြစ်သည်။ အကယ်၍စွမ်းအားကြီးသောဆေးဝါးကုသမှုနှင့်လက်နက်များကြောင့်သာမဟုတ်ပါက သေချာပေါက်ဤမြွေ၏ပါးစပ်ထဲတွင်သေဆုံးသွားလောက်ပြီဖြစ်သည်။

သူတို့သည်ယခုကျိုးဟောင်ထံမှဆရာလုပ်ခံရချိန်တွင်ပို၍တောင်မကျေနပ်ကြပေ။ သူတို့သွေးသံရဲရဲတိုက်ပွဲအားတိုက်ခိုက်နေကြချိန်တွင်ကျိုးဟောင်မှာစားကောင်းသောက်ဖွယ်များအားစားပြီး ဘေးမှထိုင်ကြည့်နေသည်ကို လုံးဝမ‌မေ့နိုင်ပေ။

သူတို့သည်ကျိုးဟောင်နှင့်ဂျော့ချ်အား ဤခံစားချက်အားခံစားစေချင်ပေသည်။

ကျိုးဟောင်မှာရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး မြွေကြီး၏သွေးဆာနေသောပါးစပ်အောက်တွင်ရပ်လိုက်သည်။ ကျိုးဟောင်မြွေကြီးအားကြမ်းတမ်းစွာတိုက်ခိုက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ရှိအကာအကွယ်မှာ အမြင့်ဆုံးအတိုင်းအတာအထိရောက်သွားခဲ့သည်။

မြွေ၏ကာကွယ်နိုင်စွမ်းမှာလည်း အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်ပါးလွှာသောကြေးခွံလွှာတစ်ခုပေါ်လာခဲ့ပြီး ကျိုးဟောင်၏လက်သီး၎င်း၏ကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် မီးပွားများထွက်လာခဲ့သည်။

ဤမာကျောမှုအတိုင်းအတာပမာဏသည် မယုံကြည်နိုင်စရာကောင်းလှပေသည်။ သာမန်စွမ်းအားဖြင့်ဤမြွေအားလုံးဝဒဏ်ရာရအောင်မလုပ်နိုင်ခြင်းသည်မည်မျှကြောက်မက်ဖွယ်ရာကောင်းလှပါသနည်း။

ကျိုးဟောင်မှာ လေထဲသို့ခြေတစ်လှမ်းလှမ်းလိုက်ကာ ရေမြွေအားကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ၎င်းမှာတိတ်ဆိတ်သွားကာ ယခင်က‌လောက်ဒေါသထွက်ကာရန်မူမနေတော့ပေ။

"တကယ်လို့ ငါတို့အခုထွက်မသွားရင်ငါတို့ဘယ်လောက်တောင်စောင့်ရဦးမှာလဲ"

ယောက်ျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက်မှာရေကန်၏အခြားတစ်ဖက်သို့လျင်မြန်စွာရောက်ရှိလာခဲ့သည်။

ဂျော့ချ်တစ်ယောက်သာ မှင်တက်နေသောအမူအရာမျိုးဖြင့်‌နေရာမှမရွေ့ဘဲ တောင့်တောင့်ကြီးရပ်ကျန်ခဲ့ပေသည်။ ကျန်အဖွဲ့သားများမှာ ချာလီမှာကြီးမားသောဆုံးဖြတ်ချက်တစ်ခုအားချလိုက်သည့်အလား ခေတ္တမျှလွန်ဆွဲနေသည်ကိုစောင့်ကြည့်နေခဲ့သည်။

ချာလီသည်ယခုလိုသစ္စာဖောက်သောအလုပ်မျိုးအားမလုပ်နိုင်ပေ။ ချာလီမှာ နောက်တစ်စက္ကန့်အတွင်းသေချာပေါက်သေရမည်ဟူသောခံစားချက်အား ပြင်းပြင်းထန်ထန်ခံစားနေရပေသည်။

ဤရေမြွေသည်မည်မျှစွမ်းအားကြီးသည်ဖြစ်ပါစေ ၎င်း၏အကြီးမားဆုံးအားနည်းချက်မှပြောင်းလဲသွားမည်မဟုတ်ပေ။

ထို့နောက် ချာလီမှာကျောပိုးအိတ်ထဲမှ ရွှေ‌ရောင်အပ်တစ်ချောင်းအားထုတ်လိုက်သည်။ ဤအရာသည်အလွန်စွမ်းအားကြီးသောလက်နက်တစ်ခုဖြစ်သည်။၎င်းမှာအကြီးအသေးပြောင်းလဲနိုင်ကာ အလွန်စွမ်းအားကြီးပေသည်။ အရေးကြီးဆုံးမှာ ၎င်းသည်တစ်ဖက်လူ၏ ခန္ဓာကိုယ်အားပစ်လိုက်ပြီးနောက် ပေါက်ကွဲသွားမည်ဖြစ်သည်။

အစောပိုင်းက သူသည်ဤလက်နက်အားသုံးလို့ရမည့်အခွင့်အရေးမရခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဤရေမြွေအားထိန်းထားနိုင်မည့်လူမရှိ၍ဖြစ်သည်။ ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာတောက်လျှောက်လှုပ်ယမ်းကာ တွန့်လိမ်နေပေသည်။

"ချာလီဒယ် မြန်မြန်လာတော့ တခြားလူတွေကိုဂရုစိုက်မနေနဲ့...."

အနည်းငယ်ခက်ထန်ပုံရသောအမျိုးသမီးမှာတစ်ဖက်မှဆက်တိုက်အော်နေပေသည်။

သူတို့သည်အမြဲတမ်းချာလီအားအဖွဲ့၏အဓိကနေရာတွင်ထားခဲ့ပေသည်။ မမျှော်လင့်ထားစွာပင် သူတို့ ၄ယောက်ရေကန်၏တစ်ဖက်သို့အောင်မြင်စွာရောက်ရှိလာပြီးနောက် ချာလီမှာတစ်ဖက်တွင်ကျန်ခဲ့သေးကြောင်းသိလိုက်ရသည်။

သူတို့မည်မျှစိတ်ပူသည်ဖြစ်စေ စွန့်စားပြီးတစ်ဖက်ခြမ်းသို့ပြန်မသွားရဲပေ။

အကယ်၍လက်ရှိအချိန်တွင်သူတို့ပြန်သွားလျှင်ပင် အသုံးမဝင်ပေ။ ဤစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုသည်တစ်မိနစ်မျှသာခံမည်ဖြစ်သည်။ ၎င်းတို့အဖွဲ့ ရေမြွေတဖြည်းဖြည်းချင်းလှုပ်ရှားလာသည်ကို ကြည့်နေရင်းမှာပင် အချိန်မှာတစ်မိနစ်မှာကုန်ဆုံးခါနီးနေပြီဖြစ်သည်။

ရွှီ...........

ခေတ္တမျှစိတ်လွတ်သွားပြီးနောက် ရေမြွေမှာတစ်ခုခုမှားယွင်းနေကြောင်းသဘောပေါက်သွားခဲ့သည်။ ၎င်းမှာအော်ဟစ်ကာကြီးမားသောအမြှီးကြီးဖြင့် ကျိုးဟောင်အားလွှဲရိုက်လိုက်ပြီး ချက်ချင်းပင်သတ်ပစ်ချင်နေပေသည်။

၎င်းသည် အစောပိုင်းကလိုသူတို့အားစနောက်မနေတော့ပေ။

သူ့ရှေ့ရှိဤလူမှာ အလွန်ခြိမ်းခြောက်နိုင်သည့်ခံစားချက်မျိုးပေးပေသည်။ အကယ်၍ဂရုမစိုက်ပါကတစ်ဖက်လူ၏လက်ထဲတွင်သေသွားမည်ဖြစ်သည်။ သူ့ထံတွင်စွမ်းအားကျန်နေတုန်း သူ့ရှေ့ရှိဤကောင်ကလေးအားသတ်ပစ်ရပေမည်။

မြွေနှင့်လူတို့မှာလေထဲတွင် အဆက်မပြတ်တိုက်ခိုက်နေကြသည်။ ကျိုးဟောင်မှာရေမြွေ၏အားအနည်းဆုံးနေရာဖြစ်သော ၇လက်မခန့်ရှိသောကျောရိုးအားလက်သီးဖြင့်သာတစ်ချက်ပြီးတစ်ချက်ထိုးနေပေသည်။

လက်သီးချက်တစ်ချက်ခံရတိုင်း မြွေမှာပို၍ဒေါသထွက်လာလေဖြစ်သည်။ ဤဉာဏ်များသောလူသားမှာ၎င်း၏ အားနည်းချက်အား ခိုင်ခိုင်မာမာဖမ်းဆုပ်နိုင်လိမ့်မည်ဟုမထင်ထားခဲ့ပေ။ ယခုတိုက်ခိုက်ခံနေရသောနေရာသည် သန္ဓေပြောင်းပြီးနောက် ယခင်အတိုင်းကျန်ခဲ့သည့်နေရာဖြစ်သည်။

ဝုန်း...

၇လက်မခန့်ရှိသောကျောရိုးပေါ်သို့နောက်ထပ်လက်သီးချက်တစ်ချက်ထပ်မံကျရောက်လာခဲ့ပြီး ထိုနေရာရှိအကြေးခွံများမှာအားအနည်းဆုံးဖြစ်ကာ ပျော့ရုံပင်မဟုတ်တော့ဘဲ ထိုနေရာတွင်ချက်ချင်းပင်အပေါက်တစ်ပေါက်ဖြစ်သွားခဲ့သည်။ ဖား၏အဆုံးမရှိသောအကူအညီကြောင့် ရေမြွေ၏မျက်လုံးထဲတွင်ကြောက်ရွံ့သောအရိပ်အယောင်များပေါ်လာခဲ့သည်။

၎င်းမှာပြောင်းလဲမှုများစွာဖြစ်ပွားခဲ့သော ကြမ်းကြုတ်သည့်သားရဲဖြစ်လျှင်ပင် အန္တရာယ်အငွေ့အသက်အားလျင်မြန်စွာခံစားမိဆဲပင်ဖြစ်သည်။

သူ့ရှေ့ရှိကောင်လေးမှာ သူ့အားခြိမ်းခြောက်နိုင်သည့်ခံစားချက်မျိုးပေးပေသည်။

ကျိုးဟောင်မှာ ရေမြွေ၏အတွေးအားဂရုမစိုက်ဘဲ ချက်ချင်းပင်၎င်း၏အားနည်းသောနေရာအားကြမ်းတမ်းစွာလက်သီးဖြင့်ထိုးချလိုက်သည်။ ကျိုးဟောင်မှာထိုနေရာကိုသာထပ်တလဲလဲထိုးနေပြီး တစ်ဖက်လူ၏တိုက်ခိုက်မှုအား မခံနိုင်မည်ကိုဂရုမစိုက်ပေ။

သူ့ကိုယ်ပေါ်တွင်ငှက်မွေးတစ်ထောင်ချပ်ဝတ်ရှိနေပါက ဤတိုက်ခိုက်မှုများမှာ သူ့အားထိခိုက်အောင်မလုပ်နိုင်ပေ။

အခြားလူများမှာကြက်သေသေနေခဲ့သည်။ ညင်သာပုံရသည့်လူငယ်လေးမှာ ယခုလိုရက်စက်သည့်လူတစ်ယောက်ဖြစ်မည်ဟု၎င်းတို့မထင်ထားခဲ့ပေ။ ကျိုးဟောင်မှာဤရေမြွေအား သက်ညှာနေခြင်းမရှိပေ။

အကယ်၍သူတို့သည် ဤကိစ္စအားလက်နက်သုံးကာဖြေရှင်းနိုင်ပါက သေချာပေါက်သူတို့ကိုယ်တိုင်လုပ်မည်မဟုတ်ပေ။

တကယ်တမ်းတွင်ကျိုးဟောင်မှာသူ့စွမ်းအားအားတိုးမြှင့်ချင်၍ယခုလိုလုပ်နေခြင်းဖြစ်ကြောင်းကို သူတို့မသိပေ။

ဤနည်းဖြင့်ဆိုပါက ကျိုးဟောင်မှာတစ်ဖက်လူအားလွတ်လွတ်လပ်လပ်သတ်နိုင်ပေသည်။

အကယ်၍တစ်ဖက်လူမှာလူတစ်ယောက်ဖြစ်နေပါက ကျိုးဟောင်အားလူသတ်သမားဖြစ်ကာ အလိုရှိကြောင်းဖမ်းဝရမ်းထုတ်ခံထားရသည့်လူအဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။ ထိုသို့ဖြစ်လာပါက ကျိုးဟောင်မှာကြွက်တစ်ကောင်လိုလှည့်ပတ်ပုန်းနေရမည်ဖြစ်သည်။

မျက်နှာချင်းဆိုင်ရှိလူလေးယောက်မှာ ကြက်သီးများပင်ထလာခဲ့ပြီး ဤကိစ္စအားဖြေရှင်းပြီးပါက ကျိုးဟောင်သူတို့နှင့်စာရင်းရှင်းမည်ကိုကြောက်ရွံ့နေခဲ့သည်။

ယခုလိုရက်စက်သောလူတစ်ယောက်နှင့်ကြုံရချိန်တွင် ၎င်းတို့မှာအနည်းငယ်ကြောက်ရွံ့မိပေသည်။

ကြီးမားသောရေမြွေကြီးမှာ ၎င်း၏ခန္ဓာကိုယ်အားတွန့်လိမ်ကာရုန်းကန်နေသည်မှာ ဤရေကန်မှာ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးနှင့်မဆံ့တော့သည့်အလားပင်။

ပုံမှန်အချိန်တွင် ၎င်းသည်ဤရေကန်၏အောက်ခြေတွင်သာနေခြင်းဖြစ်သည်။ ယနေ့တွင် ဤလူများမှာမရည်ရွယ်ပါဘဲ၎င်းအေးဆေးအိပ်စက်နေသည်ကိုနှောင့်ယှက်ခဲ့၍သာ ရုတ်တရက်ဤအဖွဲ့၏ရှေ့တွင်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ၎င်းမှာအလွန်မကျေနပ်သည့်ခံစားချက်ကိုသာခံစားခဲ့ရခြင်းဖြစ်ပြီး ယခုလိုကြောက်ရွံ့ရသည့်ခံစားချက်အားခံစားရလိမ့်မည်ဟုမထင်ထားခဲ့ပေ။

ချာလီမှာဤအခွင့်အရေးအားအရယူကာ ပေါက်ကွဲမှု၏နောက်ဆက်တွဲစွမ်းအားသူ့ထံသက်ရောက်မည်ကိုမစိုးရိမ်ဘဲ လက်ထဲရှိရွှေအပ်အားမြွေ၏အားနည်းချက်ရှိသည့်နေရာသို့ ချက်ချင်းပစ်လိုက်သည်။

စွမ်းအားထိန်းချုပ်မှုမှာအလွန်တိကျပေသည်။ သူဤမြွေနှင့်မည်မျှနီးကပ်နေသည်ဖြစ်စေ ဒဏ်ရာမရနိုင်ပေ။ ဤသည်မှာရွှေအပ်၏ပြောင်မြောက်သောစွမ်းရည်ပင်ဖစ်သည်။

မြွေမှာ ထိုရွှေအပ်သူ့ကိုယ်ထဲစိုက်ဝင်သွားချိန်တွင် ဘာမှမခံစားရပေ။ မည်သို့ပင်ဖြစ်စေ ၎င်းသည်ကျိုးဟောင်၏ အဆက်မပြတ်သောလက်သီးချက်များကြောင့် နာကျင်နေသောကျောရိုးထံတွင်သာအာရုံရှိနေပေသည်။

၎င်းမှာအလွန်ဒေါသထွက်နေကာ ဤလူသားအားချက်ချင်းပင်ဖျက်ဆီးပစ်ချင်နေပေသည်။

ရွှီ..... ရွှီ.....

ကျယ်လောင်သောအော်ဟစ်သံမှာအဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ‌သန္ဓေပြောင်းသားရဲများမှာမြေပြင်ပေါ်တွင် ဝပ်ကာတုန်ယင်နေခဲ့ကြပြီး ၎င်းတို့မှာထွက်တောင်မပြေးဝံ့ပေ။ ဤရေမြွေမှထုတ်လွှတ်လိုက်သောဖိအားမှာ ၎င်းတို့အားကြောက်ရွံ့စေပေသည်။

ဝုန်း... ဝုန်း.... ဝုန်း....

"နောက်ပြန်ဆုတ်တော့"

ချာလီမှအော်လိုက်သည်။

ထို့နောက်အလွန်စွမ်းအားကြီးသည့်ပေါက်ကွဲသံတစ်ခုအားကြားလိုက်ရသည်။ ဤရွှေအပ်မှာ ကြမ်းကြုတ်သောသားရဲ၏ခန္ဓာကိုယ်ထဲဖော်ဝင်သွားပြီးနောက် မတော်တဆအဖွဲ့သားတစ်ယောက်၏ခန္ဓာကိုယ်အား ပစ်မိမည့်ရန်မှကာကွယ်ရန် ကြားခံအချိန် ၃မိနစ်ရပေသည်။

မြွေ၏အားနည်းချက်နေရာမှာ ချက်ချင်းပင်ဤစွမ်းအားကြီးသောပေါက်ကွဲအားကြောင့် တစ်စစီဖြစ်သွားခဲ့သည်။ စင်စစ်တွင် ခေတ်မှီနည်းပညာ၏စွမ်းအားမှာကျိုးဟောင်၏လက်သီးစွမ်းအားထက်ပင် ပို၍သန်မာပေသည်။

ကျိုးဟောင်မှာဤအချက်အားဝန်ခံရမည်ဖြစ်သည်။ သို့သော်ကျိုးဟောင်မှာသူလိုချင်သည့်အရာအားရလိုက်ပြီးပြီဖြစ်သည်။

မိသားစုကြီးမှဤသခင်လေးမှာ ထိုသစ္စာမရှိသည့် ၄ယောက်လိုမဟုတ်ဘဲ သေရေးရှင်ရေးအခြေအနေတွင်ဤမျှလောက်သစ္စာရှိမည်ဟု ကျိုးဟောင်မထင်ထားခဲ့ပေ။

တစ်ဖက်ခြမ်းရှိ ၎င်းတို့၏ဘဝင်မြင့်နေသောပုံစံများကိုကြည့်ပြီး ကျိုးဟောင်မှာ၎င်းတို့အားပညာပေးချင်နေပေသည်။

....................................................................................

All Chapters