တောင်းပန်
Vol. 51 Ch. 761
ကျိုးဟောင်၏မျက်နှာမှာပျက်ယွင်းနေပြီး ၎င်းတို့အားမျက်နှာသာမပေးပေရာ ထိုလူများမှာအနည်းငယ်ကြောက်လန့်သွားကာ ခြေလှမ်းအနည်းငယ်ပင်နောက်ဆုတ်သွားခဲ့သည်။ သူတို့သည်ကျိုးဟောင်၏ ရက်စက်မှုအား သူတို့မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရပေသည်။
"ငါကချာလီပါ မင်းက..."
ချာလီမှာ ဖော်ရွေသောအပြုံးဖြင့်မေးလာခဲ့သည်။
သူ့အဖွဲ့သားများမှာ သူ့ရှေ့ရှိနတ်ဘုရားကဲ့သို့သောလူအားအပြစ်ပြုခဲ့မိပြီဖြစ်ကြောင်းချာလီသိပေသည်။ အစောပိုင်းကတိုက်ပွဲအရ သူ့အကူအညီမပါလျှင်ပင် ကျိုးဟောင်မှာဤရေမြွေအားဖြေရှင်းနိုင်ကြောင်းသူသိပေသည်။ ယခုလိုစွမ်းအားကြီးသည့်လူနှင့်ကောင်းမွန်သောဆက်ဆံရေးတစ်ခုတည်ဆောက်ထားရန်လိုပေသည်။
လက်ရှိအချိန်တွင်ဤတောင်ဧရိယာသို့လာသူများမှာ သေချာပေါက် သူခိုးနတ်ဘုရားကိစ္စကြောင့်သာဖြစ်နိုင်ပေသည်။ ဤသို့ဆိုပါက အားလုံးမှာတစ်လှေတည်းစီးနေကြသူများဟုဆိုနိုင်ပေသည်။ ကျိုးဟောင်မှာပြုံးနေသောချာလီအားကြည့်ကာ အလွန်စိတ်ပျက်သလိုခံစားလိုက်ရသည်။
သို့သော်ဤအမျိုးသားသည်သေရေးရှင်ရေးအခြေအနေတွင် ချက်ချင်းထွက်မသွားခဲ့ပေ။ သူသည်နေခဲ့ပြီး သူနှင့်အတူရေမြွေအားရင်ဆိုင်ရန်ရွေးချယ်ခဲ့သည့်အလွန်သစ္စာရှိသူတစ်ယောက်ဖြစ်သည်။
"ငါကကျိုးဟောင် ငါမင်းတို့နဲ့ဘယ်တော့မှထပ်တွေ့မှာမဟုတ်ဘူး"
ကျိုးဟောင်မှာဤအဖွဲ့အား အထင်မကြီးပေ။
အကယ်၍သူသည်ရေကန်တစ်ဖက်ခြမ်းတွင်နေကာ ပေါက်ကွဲမှုအားထိုင်ကြည့်နေလျှင်ပင် လမ်းတစ်ဝက်တွင်ထွက်ပြေးသည့်ထိုလူများထက်များစွာသာပေသည်။ သူထိုမြွေအားထိန်းထားပေး၍သာ ဤလူများထွက်ပြေးရန်အခွင့်အရေးရခဲ့သည့်ကိစ္စဆိုပါက ပြောနေစရာပင်မလိုပေ။ ကျိုးဟောင်၏စိတ်ထဲတွင် မငြိမ်းနိုင်သောမီးစတစ်ခုတောက်လောင်နေပြီး ထိုအဖွဲ့အားပညာကောင်းကောင်းပေးချင်နေပေသည်။ ချာလီမှာ ခေတ္တမျှကြက်သေသွေားခဲ့သည်။
သူ့ရှေ့ရှိဤလူမှာဒေါသဖြစ်နေကြောင်းချာလီသိပေသည်။ ဤလူများမှာတကယ်ပင်အလွန်တရားလွန်ပေသည်။ တစ်ဖက်လူမှာစိတ်သဘောထားကြီးစွာဖြင့်ရှေ့ထွက်ကာကူညီခဲ့သော်လည်း ၎င်းတို့မှာရုတ်တရက် ကန်၏တစ်ဖက်ခြမ်းကိုပင်ထွက်ပြေးသွားခဲ့သည်။
ပုံမှန်ဆိုပါက ဤလူများအပြင်သွားကာကိစ္စများလုပ်သည့်အခါမည်သို့လုပ်ဆောင်ကြကြောင်းသူမသိပေ။ ချာလီမှာစိတ်ထဲတွင်အနည်းငယ်စိတ်ပျက်သွားသလိုခံစားလိုက်ရသည်။ အကယ်၍သေရေးရှင်ရေးအခြေအနေနှင့်ကြုံလာပါက ဤလူများမှာသူ့ကိုလည်းကျောပိုးကာခေါ်သွားမည်လော။
သူ့စိတ်ထဲတွင်သံသယများလည်းရှိလာပေသည်။ အကယ်၍ဤလူများမှာ ဘာရန်ငြှိုးရန်စမှမရှိသည့်သူစိမ်းတစ်ယောက်ကိုပင်ယခုလိုဆက်ဆံနိုင်ပါက သေရေးရှင်ရေးအခြေအနေနှင့်ကြုံရပါကဤလူများမှာ သေချာပေါက် တစ်ဖက်လူအားသေတွင်းသို့တွန်းပို့မည်သာဖြစ်သည်။
"ကျိုးဟောင် ငါတောင်းပန်ပါတယ် ဒီကိစ္စက..."
ချာလီမှာစကားအားဆုံးအောင်မပြောရသေးခင်မှာပင် ကျိုးဟောင်မှာအားမနာတမ်းစကားအားဖြတ်ပြောလာခဲ့သည်။ ဤကိစ္စတွင် ချာလီသည်အမှားလုပ်ခဲ့ခြင်းမရှိပေ။
"ကျေးဇူးပဲ ချာလီ သေရေးရှင်ရေးအခြေအနေမှာထွက်မသွားတဲ့အတွက် ဒါပေမဲ့ ငါအဲဒီလူတွေကိုအထင်မကြီးဘူး ငါသူတို့ကိုထပ်မတွေ့ချင်ဘူး"
ကျိုးဟောင်မှာ ချာလီတောင်းပန်ရုံဖြင့် အစောပိုင်းကသူတို့လုပ်ခဲ့သည့်ကိစ္စအားခွင့်လွှတ်မည်မဟုတ်ပေ။ သူတို့သည်အားလုံးအရွယ်ရောက်ပြီးသူများဖြစ်ပေရာ လုပ်ခဲ့မိသည့်အမှားအတွက်တန်ရာတန်ကြေးပြန်ပေးဆပ်ရမည်သာဖြစ်သည်။
မည်သည့်ဂြိုဟ်တွင်ဖြစ်ဖြစ် ဤအချက်သည်အမြဲတည်ရှိနေမည်ဖြစ်သောစည်းမျဥ်းသာဖြစ်သည်။ ဤလူများမှာသူ့အားသေစေချင်နေမှတော့ သူသည်ဘာကြောင့်သူတို့နှင့်အဆက်အဆံလုပ်ရမည်နည်း။ ကျိုးဟောင်မှာခက်ထန်သောလူမဟုတ်ကြောင်းမြင်လိုက်ရပြီး ချာလီမှာစိတ်ထဲတွင်မကောင်းဖြစ်သွားခဲ့သည်။
သူသည်ဤတာဝန်အားလုပ်ဆောင်ရန် ဤလူများအားခေါ်မလာချင်ခဲ့သော်ငြား ၎င်းတို့သည်အတွေ့အကြုံလိုချင်သည်ဟုဆိုကာ အရှက်မဲ့စွာလိုက်လာခဲ့ခြင်းသာဖြစ်သည်။ မကြာမီကျိုးဟောင်တို့မှာ ကန်၏တစ်ဖက်ခြမ်းသို့ကူးသွားခဲ့ပြီး တစ်ဖက်ခြမ်းသို့ရောက်နှင့်နေသော ၄ယောက်မှာ ချာလီအားခါတိုင်းနှင့်မတူသည့်ပုံစံဖြင့်ကြည့်နေခဲ့ပြီး ၎င်းတို့၏မျက်လုံးများမှာဂနာမငြိမ်ပေ။
သူတို့သည်ချာလီမိသားစု၏အစေခံများမဟုတ်ပေ။ ဆွေမျိုးများသာဖြစ်သည်။ ထို့ကြောင့်၎င်းတို့မှာချာလီမိသားစုတွင်မကြာခဏလာနေလေ့ရှိသည်။ သူတို့သည်အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့သော်ငြား ယခုတစ်ကြိမ်တွင် ယခုလိုမတော်တဆမှုမျိုးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ချာလီမျက်နှာပေါ်မှ ဆိုးရွားနေသောအမူအရာအားကြည့်ကာ သခင်လေးစိတ်ဆိုးနေပြီဖြစ်ကြောင်းသိနိုင်ပေသည်။ သို့သော်ယခုအချိန်ထိ ၎င်းတို့မှာ အမှားလုပ်ခဲ့သည်ဟုမတွေးပေ။ အရေးကြီးဆုံးအခြေအနေတွင်သေချာပေါက် ကိုယ့်အသက်ကိုသာကာကွယ်မည်ဖြစ်သည်။
"တောင်းပန်"
ချာလီမရှိပါက ဟန်ဆောင်နေစရာမလိုပေ။
ဤလူများသည်အစကတည်ကချာလီမျိုးနွယ်မှလူများမဟုတ်ပေ။ သူတို့သည်ဟန်ဆောင်မှုပေါင်းစုံသုံးပြီး နေ့တိုင်းချာလီမျိုးနွယ်စုတွင်အလကားစားသောက်နေခြင်းဖြစ်သည်။ သူတို့နှင့်ဆွေမျိုးတော်သည်ဟူသောအချက်အားထောက်ထား၍ ချာလီမိသားစုမှာဤကိစ္စအပေါ်ဘာမှမပြောခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည်တကယ်ပင်သူ့ကိုယ်သူယခုလိုပြဿနာတောထဲရောက်စေခဲ့ပေသည်။ သူတို့လေးယောက်မှာခေတ္တမျှကြက်သေသေနေခဲ့ကြပြီး စိတ်ချောက်ချားသွားခဲ့သည်။
ချာလီမိသားစုမှလူများမှာ ဘယ်အချိန်မှစကာ ဘယ်ကလာမှန်းမသိတဲ့လူတစ်ယောက်အား တောင်းပန်ရန်လိုအပ်သွားရပါသနည်း။ ထိုအဓိကမိသားစုများ၏နေရပ်များပင် ချာလီမိသားစု၏ရှေ့တွင်ထုတ်ပြောရန်မတန်ပေရာ အဓိကမိသားစုမှတပည့်ဖြစ်နိုင်သည့် လူတစ်ယောက်ဆိုပါက ပြောနေစရာပင်မလိုတော့ပေ။ သူတို့သည်ယခင်ကမည်သူ့ကိုမျှတစ်ခါမှမတောင်းပန်ခဲ့ဖူးပေ။ သူတို့လုပ်သည့်တစ်ခုတည်းသောကိစ္စမှာအချင်းချင်းအရှက်ခွဲခြင်းသာဖြစ်သည်။
"သူ့ကိုယ်သူဘယ်သူလို့ထင်နေတာလဲ ငါတို့ကသူ့ကိုတောင်းပန်စရာလိုလို့လား ဒီလိုသာဆိုချာလီမိသားစုရဲ့မျက်နှာကိုဘယ်နားသွားထားရမလဲ"
နှာခေါင်းပြားပြားနှင့်အမျိုးသား၏မျက်နှာတွင် အထင်သေးသည့်အမူအရာတို့ဖြင့်ပြည့်နေခဲ့သည်။
သူတို့သည်ချာလီမိသားစု၏ဆွေမျိုးများဖြစ်ပြီး အမြဲတမ်းအပြင်တွင်နိုင်လိုမင်းထက်ပြုနေကျပင်ဖြစ်ကာ သူတို့အားမကျေနပ်ကြောင်းကိုမည်သူမှထုတ်မပြောရဲပေ။ ထိုကဲ့သို့သောအဖွဲ့မှာ ဤကဲ့သို့သောအသက်ငယ်ငယ်လူတစ်ယောက်အားတောင်းပန်ရန်မှာလုံးဝမဖြစ်နိုင်ပေ။
"ဟုတ်တယ် သူကအရင်စတာလေ အဲဒါကြောင့်ငါတို့ကမျက်လုံးအတွက်မျက်လုံးပြန်ယူတာ ဘယ်လို..."
ခက်ထန်သောပုံစံနှင့်အမျိုးသမီးမှာ ကျိုးဟောင်အားအထက်စီးဆန်ပြီး အထင်သေးသောအကြည့်မျိုးဖြင့်ကြည့်နေခဲ့သည်။ သူမ၏စိတ်ထဲတွင် ကျိုးဟောင်အားလူကြီးလူကောင်းမဆန်သည့်လူတစ်ယောက်ဟုခံစားနေရပေသည်။
အစောပိုင်းက ကျိုးဟောင်သည်တကယ်ပင် သူတို့အပြင်းအထန်ဒဏ်ရာရသည်ကိုထိုင်ကြည့်နေခဲ့ပြီး ဘေးတွင်ကြော့ကြော့မော့မော့နှင့် စားကောင်းသောက်ဖွယ်များပင် ထိုင်စားနေခဲ့သည်။ အစောပိုင်းကလက်တစ်ဖက်အားဆုံးရှုံးခဲ့ရသည့်လူငယ်သည်လည်းဘာမှမပြောပေ။
အခြားလူများ၏ဘေးတွင်သာရပ်နေခဲ့ပြီး ၎င်းတို့၏စကားများအားအသံတိတ်ထောက်ခံနေခဲ့သည်။ ၎င်းတို့အတွက်တောင်းပန်ရန်မှာ ကောင်းကင်ဘုံသို့တက်ခြင်းထက်ပင်ခက်ပေသည်။
"ကြည့်ရတာ...."
"ဖြန်း"
ချာလီစကားမဆုံးခင်မှာပင်ကျယ်လောင်သောဆူညံသံတစ်ခုအားကြားလိုက်ရသည်။ ထို့နောက်လှည့်ကြည့်လိုက်ရာ ခက်ထန်ပုံရသည့်အမျိုးသမီးတစ်ယောက်အားတွေ့လိုက်ရသည်။
သူမမှာအရိုက်ခံလိုက်ရသည့်မျက်နှာအားလက်ဖြင့်အုပ်ထားကာ ကျိုးဟောင်အားမျက်လုံးအပြူးသားဖြင့် အံ့သြတကြီးကြည့်နေခဲ့သည်။
"ဝုန်း"
ထပ်မံပြီးနှာခေါင်းပြားပြားနှင့်အမျိုးသားမှာ မြေပြင်ပေါ်သို့လဲကျသည်အထိအထိုးခံလိုက်ရပြန်သည်။ အကယ်၍ဤလူနှစ်ယောက်မှာ ထင်ပေါ်လိုပါက သူတို့သည်သင်ခန်းစာသာပေးခံရမည်ဖြစ်သည်။ ကျိုးဟောင်မှာသူတော်စင်တစ်ယောက်မဟုတ်ပေ။ ဘယ်လိုဖြစ်ပြီး လူတစ်ယောက်မှာ ဤကဲ့သို့သောကိစ္စမျိုးအားမကျေမနပ်ပြောကာ ဂရုမစိုက်ဟန်ဖြင့်ရယ်မောနေနိုင်ပါသနည်း။
အားလုံးမှာကြက်သေသေသွားခဲ့ကြသည်။ ဤခံ့ညားသောလူမှာမည်သည့်သတိပေးစကားမျှမဆိုဘဲတိုက်ခိုက်လာလိမ့်မည်ဟု ၎င်းတို့မမျှော်လင့်ထားခဲ့ပေ။ ဂျော့ချ်ပင်မျက်လုံးအပြူးသားဖြစ်နေခဲ့သည်။
သူအမြဲတမ်းထင်ခဲ့သည် ကျိုးဟောင်သည်စိတ်သဘောထားနူးညံ့ကာ သူ့အားဘယ်တုန်းကမှဒေါသမထွက်ဖူးဘူးဟုထင်နေခဲ့ခြင်းဖြစ်သည်။ ရုတ်တရက် ကျိုးဟောင်၏ ပုံစံအားကြည့်ရသည်မှာ အခြားလူတစ်ယောက်လိုပုံမျိုးပြောင်းလဲသွားသည့်အတိုင်းပင်။
သို့သော်ကျိုးဟောင်၏စရိုက်အားသဘောကျပေသည်။ မကောင်းသည့်ကောင်များနှင့်တွေ့ရချိန်တွင် ၎င်းတို့အားသင်ခန်းစာကောင်းကောင်းပေးကာ မည်သူကမင်းသားလဲဆိုသည်ကို သိအောင်လုပ်ပေးရမည်ဖြစ်သည်။
အခြားလူများမှာ တိုက်ခိုက်ချင်သော်ငြား သူသည်တကယ်ပင်အခြားလူများအားအန္တရာယ်ကြားတွင်ထားခဲ့ပြီးလျင်မြန်စွာထွက်ပြေးသွားခဲ့သည်။
"ငါကချာလီမိသားစုကလူတစ်ယောက် မင်းဘယ်လိုလုပ်ပြီး....."
ထိုလူမှာစကားအားဆုံးအောင်မပြောနိုင်ခင်မှာပင် နောက်ထပ်လက်သီးတစ်ချက်အားခံစားလိုက်ရသည်။ ကျိုးဟောင်ဤမျှလောက်ကြမ်းကြမ်းတမ်းတမ်းမလုပ်သည်မှာကြာလှပြီဖြစ်သည်။ ဤလူများမှာသူ၏တကယ့်ပုံစံအားမြင်ဖူးလိုမှတော့ သူ့ဘက်ကလည်း၎င်းတို့အားမြည်းစမ်းခွင့်ပေးရပေမည်။ ယောကျ်ားတစ်ယောက်အနေနှင့် သူသည်ထွက်ပြေးရုံသာမက ဟန်ပင်ဆောင်ရဲသေးပေသည်။
အခြားလူများမှာ ၎င်းတို့အစောပိုင်းမြင်ခဲ့ရသည့်မြင်ကွင်းအားမယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများမှာပြူးကျယ်နေခဲ့သည်။ သူတို့အားတွေ့ချိန်တိုင်း မည်သူမဆိုသူတို့အားလေးစားကြပေသည်။ သူတို့နှင့်တိုက်ခိုက်ဖို့မဆိုထားနှင့် စကားပင်ယဥ်ယဥ်ကျေးကျေးသာပြောကြခြင်းဖြစ်သည်။
ပို၍မယုံကြည်နိုင်စရာကောင်းသည်မှာ သူတို့ဘက်မှတစ်ခွန်းမှဝင်မပြောဘဲ ဘေးတွင်မတ်တပ်ရပ်နေသည့်ချာလီသာဖြစ်သည်။ ဤအချိန်အတောအတွင်း သူတို့မည်မျှကြီးမားသည့်အမှားလုပ်သည်ဖြစ်စေ ချာလီမှာအမြဲတမ်းသူတို့ဘက်မှလိုက်ကာ ပထမဆုံးပြောပေးသူဖြစ်သည်။ သူသည်တကယ်ပင်ယခုတစ်ကြိမ်တွင် သူတို့အားယခုလိုဆက်ဆံပေသည်။ သူတို့သည်ပို၍မကျေမနပ်ဖြစ်လာပေရာ ပို၍ပင်ဒေါသထွက်လာခဲ့ကြသည်။
....................................................................................