← Chapters

မြွေဂူထဲကိုပစ်ထည့်လိုက်

Vol. 51 Ch. 762

မြွေဂူထဲကိုပစ်ထည့်လိုက်

Vol. 51 Ch. 762

ရုတ်တရက် ၎င်းတို့မှာချာလီသည်သူတို့မမှတ်မသိသည့်လူတစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုခံစားလိုက်ရသည်။ ချာလီသည် တကယ်ပင်အပြင်လူနှင့်ပူးပေါင်းကာ သူတို့အားအနိုင်ကျင့်နေပေသည်။

အစောပိုင်းက သူတို့၅ယောက်သွေးသံရဲရဲတိုက်ပွဲအားအတူတကွတိုက်ခိုက်နေကြချိန်တွင် ကျိုးဟောင်နှင့်ဂျော့ချ်မှာဘေးတွင်ထိုင်ပြီးမုန့်စားရင်းသူတို့၏တိုက်ပွဲအားကြည့်နေခဲ့သည်။

သူတို့သည်ဤမကျေနပ်ချက်အား မျိုသိပ်မထားနိုင်ပေ။

"ချာလီ ရှင်တကယ်ငါတို့ဒီလိုအနိုင်ကျင့်ခံနေရတာကို ကြည့်ရက်တယ်ပေါ့ ရှင်မမေ့နဲ့ ကျွန်မတို့ဒီကိုလာတဲ့အကြောင်းအရင်းက ရှင်နဲ့အတူ...."

ခက်ထန်သောအမျိုးသမီး၏မျက်နှာမှာအလွန်ပျက်ယွင်းနေခဲ့သည်။ သူမသည်ဤယောက်ျား၏ကြွယ်ဝမှုအားသဘောကျ၍သာမဟုတ်ပါက ဘာကြောင့်ဤနေရာထိရောက်လာကာဒုက္ခခံနေမည်နည်း။ သူတို့ရှေ့ရှိယောက်ျားမှာ ချာလီမိသားစုတစ်ခုလုံး၏အမွေဆက်ခံသူတစ်ယောက်ဖြစ်သည်။ သူတို့နေရာတစ်နေရာရနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ ဤအမွေဆက်ခံသူအားစိတ်ကျေနပ်အောင်လုပ်ပေးရန်သာဖြစ်သည်။

သူတို့လိုမိသားစုကြီးများတွင် ဤယောက်ျားနှင့်မိန်းမကြား ဖြူစင်သောအချစ်ဆိုတာမျိုးမရှိဘဲ နှစ်ဦးနှစ်ဖက်အသုံးချခြင်းဖြင့်သာပိုတူပေသည်။ လက်ရှိအချိန်တွင် သူမသည်အလွန်နစ်နာသည်ဟုခံစားလိုက်ရပြီး သူမ၏မျက်လုံးထဲတွင်မျက်ရည်စများဖြင့် ပြည့်နေခဲ့သည်။

လူအများစုမှာ သူမ၏ယခုလိုပုံစံအားမြင်ရပါက ရင်နာသလိုခံစားရမည်ဖြစ်သည်။ သို့သော်ဤမိန်းကလေးသည်ခက်ထန်သည့်မျက်နှာပေါက်မှလွဲ ကိုယ်လုံး ကိုယ်ထည်လှပကာ ကြည့်ကောင်းသောရုပ်ရည်ရှိပေသည်။ ယောက်ျားတစ်ယောက်မှ သူမအားကာကွယ်ပေးလိုသည့်စိတ်မျိုးဖြစ်ပေါ်လာစေရန် ဆွဲဆောင်ရန်မှာမခက်ပေ။ ချာလီမှာသူမ၏စကားအားကြားသောအခါ မျက်နှာမှာအေးစက်သွားခဲ့သည်။

"ဒီလူတွေက နောင်တမရကြသေးဘူးပဲ ဒါမင်းတို့အမှားလေ"

ချာလီမှပြောလိုက်သည်။

"မင်းတို့ဘာကြောင့်ဒီရောက်လာလဲဆိုတာကတော့ မင်းတို့မပြောလည်းငါမင်းတို့ရည်ရွယ်ချက်ကိုသိတယ်"

ချာလီမှာပုံမှန်ဆိုပါက ဤလူများမှာသူ၏ဆွေမျိုးများဟုတွေးကာ ကိစ္စအတော်များများအားလွယ်လင့်တကူစိတ်ထဲမထားဘဲ မျက်နှာသာပေးပေသည်။

ယခုအချိန်တွင် သူတို့အားမည်သည့်အကြောင်းနှင့်မျှမျက်နှာသာပေးရန်မလိုတော့ပေ။ သူတို့၏ရည်ရွယ်ချက်မှာအစကတည်းကမရိုးရှင်းပေ။ ချာလီ၏စကားများအားကြားသောအခါ ကျန်လေးယောက်၏မျက်နှာများမှာပြောင်းလဲသွားခဲ့သည်။ ချာလီအားလာရောက်ကြိုဆိုသည့်၎င်းတို့၏ရည်ရွယ်ချက်မှာ မသန့်စင်ပေ။ ထို့အပြင်၎င်းတို့သည် အမြဲတမ်းသူတို့ကိုယ်သူတို့ ဟန်ဆောင်ကောင်းသည်ဟုတွေးလေ့ရှိကြပေသည်။

တစ်ဖက်လူမှသူတို့၏ရည်ရွယ်ချက်အား သေချာသိနေလိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူတို့၏စိတ်ထဲတွင်ချာလီမှာအမြဲတမ်း ခေတ်မှီနည်းပညာအားမည်သို့သုတေသနလုပ်ရမလဲဆိုသည်ကိုသာသိသော ငတုံးတစ်ယောက်ဟုသာထင်ထားခဲ့ခြင်းဖြစ်သည်။ ချာလီမှာသူတို့၏ ရည်ရွယ်ချက်အားသိထားပြီးပြီဆိုမှတော့ ဟန်ဆောင်နေစရာမလိုတော့ပေ။

"ချာလီ ကျွန်မရှင့်စိတ်ထားကိုသဘောကျတယ်....."

သူမစကားမဆုံးခင်မှာပင် အေးစက်စက်အကြည့်ဖြင့် တားဆီးခံလိုက်ရသည်။ ၎င်းတို့သည် ယခုလိုစက်ဆုပ်စရာစကားများအားမကြားချင်ပေ။ ဤကဲ့သို့သောလူမျိုးမှာ အချစ်ဆိုသည့်စကားအားပြောဖို့ရာမတန်ပေ။ အချစ်မှာသန့်စင်ပြီး လေးနက်သည့်စကားလုံးတစ်လုံးဖြစ်သည်။ ယခုလိုမိန်းမျိုး၏မျက်လုံးထဲတွင် အကျိုးအမြတ်သာရှိပေသည်။

"ကျိုးဟောင် မင်းလုပ်ချင်တာလုပ်လို့ရတယ် ခုကစပြီး ငါနဲ့သူတို့ကဘာမှမဆိုင်တော့ဘူး"

ချာလီမှာအစောကတည်းကဤလူများအား ရှင်းထုတ်လိုခြင်းဖြစ်သည်။

ထိုစိတ်ကူးအားအကောင်အထည်ဖော်ရန် အခွင့်အရေးကောင်းရှာမတွေ့ခဲ့သော်လည်း ဤနေရာသို့လာခြင်းဖြင့် အခွင့်အရေးရလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ဤလူများသူ့အားချဥ်းကပ်လာရသည့်ရည်ရွယ်ချက်အား သူရှင်းရှင်းလင်းလင်းသိပေသည်။ သူတိုသည့်အမြဲတမ်းလိုလိုပင် အခြားသူများအားခြိမ်းခြောက်ရန် သူ့နာမည်အားအသုံးချလေ့ရှိပေသည်။

အကြောင်းမှာ မိသားစုထဲမှပတ်သက်မှုများမှာအလွန်ရှုပ်ထွေး၍ဖြစ်သည်။ မည်သည့်ဂြိုဟ်ဖြစ်ဖြစ် မိသားစုကြီးတွင်နေသရွေ့ ရိုးရှင်းသည့်ကိစ္စမဟုတ်ပေ။

"ကောင်းပြီလေ ဒါဆိုသူတို့ကိုမြွေဂူထဲပစ်ထည့်လိုက်"

ကျိုးဟောင်သည်နှလုံးသားမရှိသည့်ရက်စက်သောလူတစ်ယောက်ဖြစ်သည်။

သူသည်ယခုလိုသူခိုးများအား မည်သည့်နည်းနှင့်မျှမျက်နှာသာပေးမည်မဟုတ်ပေ။

"ငါတကယ်ကိုမှန်ကန်တဲ့ကိစ္စကိုလုပ်ခဲ့တာပဲ ငါကြည့်ရတာအကြိုက်ဆုံးက ဒီလူတွေအဆက်မပြတ်ရုန်းကန်နေရတာကိုပဲ"

ဖား၏သဘောကျနေသောအသံမှာ ကျိုးဟောင်၏စိတ်ထဲတွင်ပျံ့လွင့်လာခဲ့ပေရာ ဖားမှာဤကိစ္စနှင့်ပတ်သက်ပြီး အလွန်မကျေမနပ်ဖြစ်နေခဲ့ပုံပင်။ အသံအားနားထောင်ရုံဖြင့် မည်မျှဝမ်းသာနေမှန်းသိနိုင်ပေသည်။ ကျိုးဟောင်မှာ မတတ်နိုင်သည့်ပုံဖြင့် ကောင်းကင်ကြီးအားကြည့်လိုက်သည်။

ဖားဘယ်အချိန်ကဤမျှရက်စက်လာမှန်းသူမသိပေ။ ဤသည်မှာအကြံပြုချက်တစ်ခုသာဖြစ်သည်။ ဤကိစ္စအားချာလီကိုယ်တိုင် ဆောင်ရွက်ရန်လိုအပ်သေးပေသည်။ ကျိုးဟောင်မှာတော့ ဤအလုပ်အားလုပ်ပြီးသေချာပေါက်သူ့လက်အားအညစ်ပတ်ခံမည်မဟုတ်ပေ။

"ပါးစပ်ပိတ်ထား ခင်ဗျားဘာလို့နေရာတကာပါနေတာလဲ မဟုတ်လည်းခင်ဗျားကိုယ်တိုင်သွားလုပ်လိုက်လေ"

ကျိုးဟောင်မှာဖား၏စကားအားခွန်းတုံ့ပြန်လိုက်သည်။ ဤဖားစုတ်မှာကိုင်တွယ်ရပိုပိုခက်လာကာ ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အလွန်သန်မာလှပေသည်။ ၎င်းမှာသူ့အားဦးတည်ရာပြောပြနိုင်ရန်အတွက် အလွန်အတင်းအဖျင်းပြောတတ်‌ပေသည်။ ဤမတိုင်ခင်က ဖားမှာယခုလိုရက်စက်သည့်ကိစ္စများအား အကြိုက်ဆုံးဆိုသည်ကိုကျိုးဟောင်မသိခဲ့ရပေ။ ယခုနောက်ဆုံးတွင်၎င်း၏စရိုက်အမှန်အားထုတ်ပြလာခဲ့ပေပြီ။

"...."

ဖားမှာပြောစရာမရှိဖြစ်သွားခဲ့သည်။ ဤအကြံပြုချက်အားပေးခဲ့သူမှာ ကျိုးဟောင်ကိုယ်တိုင်ပင်ဖြစ်သည်။ ကျိုးဟောင်မှာဘာကြောင့် ရုတ်တရက်ဤမျှရက်စက်လာရပါသနည်း။

ဤကိစ္စသည်သို့အယ်ထက်ပင် လွန်စွာ မှားယွင်းနေသလိုခံစားလိုက်ရပေသည်။ သူသည်စိတ်ထဲတွင်မနားတမ်းငိုကြွေးနေမိပြီး ကျိုးဟောင်မှာပိုပိုရက်စက်လာကြောင်း သဘောပေါက်လာခဲ့ပြီး တစ်ခါတရံကျိုး‌ဟောင်အားအနည်းငယ်ပင်ကြောက်လန့်နေမိသည်။

ကျိုးဟောင်မှာယခုအချိန်တွင်ကောင်းကင်ဘုံနှင့်တိုက်ခိုက်ပြီး ဖားစုတ်နှင့်ရန်ဖြစ်နေရကြောင်း မည်သူမျှမသိပေ။ ကျိုးဟောင်၏စကားအားကြားလိုက်ရချိန်တွင် ထိုလူများမှာတုန်ယင်လာခဲ့သည်။ အထူးသဖြင့် အမျိုးသမီးနှစ်ယောက်မှာတစ်ကိုယ်လုံးကြက်သီးများတဖြန်းဖြန်းထလာခဲ့ပေသည်။ သူမတို့သည်အမှားလုပ်ခဲ့မိသော်လည်းဤမျှလောက်မရက်စက်ပေ။

"မင်းမှာဘာအစွမ်းအစနဲ့ ဘာအရည်အချင်းရှိလို့ ငါတို့ကိုမြွေဂူထဲပစ်ထည့်လိုက်လို့ပြောနေတာလဲ"

နှာခေါင်းပြားပြားနှင့်အမျိုးသားမှာ အားယူကာမြေကြီးပေါ်မှကုန်းထလာရင်းမေးလိုက်သည်။ သူသည်ကျိုး‌ဟောင်အားအထင်သေးနေပေသည်။ ကျိုးဟောင်မှာလူကြီးလူကောင်းမဆန်ရုံသာမက အလွန်လည်းရက်စက်ပေသည်။

သူသည်လူဖြစ်ရန်ပင်မထိုက်တန်ပေ။ ကောင်းကောင်းမသိသူများဆိုပါက ကျိုး‌ဟောင်အားသန္ဓေပြောင်းလဲခဲ့သည်မှာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သော ကြမ်းကြုတ်သည့်သားရဲတစ်ကောင်ဟုသာတွေးကြမည်ဖြစ်သည်။ ကျိုးဟောင်မှာ ဤအဖွဲ့အားမြွေဂူထဲသို့ဝင်ခိုင်းရန်အတွက် သူ့ထံတွင်မည်သည့်အခွင့်အာဏာရှိကြောင်းကိုပြသရန် သေချာပေါက်သူ့လုပ်ရပ်အားအသုံးချမည်ဖြစ်သည်။ အချို့လူများမှာပြောလိုက်သောစကားတစ်ခွန်းကိုပင်နားမလည်ကြပေ။

ဝုန်း..... ဝုန်း... ဝုန်း.... ဝုန်း....ဝုန်း...

လက်သီးသံများနှင့်အတူအော်ဟစ်သံများဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး အားလုံးမှာလက်သီးများမှာသူတို့၏ကိုယ်ပေါ်သို့ကျရောက်နေသည့်အလားတုန်ယင်နေခဲ့ကြသည်။ သူတို့သည်အလွန်နာကျင်နေ၍အသက်ပင်မရှူနိုင်ပေ။ မိန်းကလေးနှစ်ယောက်မှာအလွန်ကြောက်ရွံ့နေပြီးမျက်နှာများပင်ဖြူဖပ်ဖြူရော်ဖြစ်ကာ မြေပြင်ပေါ်သို့ထိုင်ချပြီးတုန်ယင်နေခဲ့သည်။

ခက်ထန်သည့်မျက်နှာထားရှိသည့် မိန်းကလေး၏ မျက်နှာမှာအပေါ်မော့လာခဲ့ပေရာ အစောပိုင်းကလက်ဝါးရာမှာထင်ထင်ရှားရှားရှိနေခဲ့ပေသည်။ သူမသည်ယခင်ကကျိုး‌ဟောင်အားလက်စားချေချင်သော်လည်းယခုအချိန်တွင်မူ ဤနေရာမှအသက်ရှင်လျက်သာထွက်သွားချင်ပေတော့သည်။

သူမပြန်ရောက်ပါက သေချာပေါက်ချာလီမိသားစုသို့သွားကာ ချာလီမှာသူတို့အားသတ်ရန်အပြင်လူနှင့်ပူးပေါင်းခဲ့ကြောင်းအခြားလူများကိုပြောပြမည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက တစ်မိသားစုလုံးမှာ ရက်စက်သောချာလီ၏လက်ထဲသို့မိသားစုအားလက်လွှဲရန်ဆန္ဒရှိမရှိပေါ်တွင်သာမူတည်တော့သည်။

သူမသည်သူမရှေ့ရှိလူသုံးယောက်အားမုန်းတီးပေသည်။ အထူးသဖြင့် ရှေ့ထွက်ပြီးကူညီလိုသည့်အရိပ်အယောင်စိုးစဥ်းမျှမရှိဘဲဘေးတွင်နေပြီးအေးစက်စွာကြည့်နေသည့်ချာလီကိုဖြစ်သည်။ သူမတို့သည်ငယ်ချစ်ဦးများဖြစ်ကြပြီး အတူတူကြီးပြင်းခဲ့ကြသူများဖြစ်သည်။ သို့သော်အမှားလုပ်သူမှာအမြဲတမ်းတခြားလူသာဖြစ်ပြီးသူမ မဟုတ်ပေ။

အမျိုးသားတစ်ယောက်မှာ ရိုက်နှက်ခံထားရပြီးမြေပြင်ပေါ်တွင်လဲနေကာ အသက်ရှူရုံမျှသာတတ်နိုင်ပေသည်။

အကယ်၍ သူသည်တိုက်ခိုက်ရန်စွမ်းအားကြီးလက်နက်အားသုံးချင်လျှင်ပင် ကျိုးဟောင်မှာသူ့အားထိုကဲ့သို့သောအခွင့်အရေးမျိုးပေးမည်မဟုတ်ပေ။ သူတို့အကောင်းဆုံးဖြစ်နေသည့်အခြေအနေ၌ ဤလူများမှာ ဘာကြောင့်တိုက်ခိုက်ရန်အခွင့်အရေးရှိနေရပါသနည်း။

သူတို့သည်သေချင်နေမှတော့ ၎င်းတို့အားမျက်နှာသာ‌ပေးစရာမလိုပေ။

"ငါ့မှာအခွင့်အရေးရှိပြီလား"

ကျိုးဟောင်၏အသံအားကြားသောအခါ ထိုလူမှာမိစ္ဆာတစ်ကောင်၏အသံအားကြားလိုက်ရသည့်အတိုင်းပင်။ ၎င်းတို့မှာကြောက်စရာတစ်ခုခုအားမြင်တွေ့လိုက်ရသလိုမျိုး တုန်ယင်နေခဲ့သည်။ ဤလူငယ်မှာအလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သူသည်သေချာပေါက်သူတို့၏အသက်အားယူမည်မဟုတ်ပေ။

လက်သီးချက်တိုင်းမှာသူ့အားခံစားရစေပေသည်။စိတ်ထဲ၌ နောက်တစ်စက္ကန့်တွင် သူ့အသက်အားဆုံးရှုံးရတော့မည်ဟုထင်ခဲ့သော်ငြား အသက်ပြန်ရှင်လာပြန်သည်။ ထိုကဲ့သို့သောနာကျင်မှုမျိုးအားသူမမေ့နိုင်ပေ။ သူ့အရိုးထဲထိစိမ့်ဝင်သွားခဲ့သောထိုနာကျင်မှုအားသူမမေ့နိုင်ပေ။ ထိုခံစားချက်မှာသေသည်ထက်ဆိုးပေသည်။

....................................................................................

All Chapters