← Chapters

နီးကပ်လာခြင်း

Vol. 51 Ch. 763

နီးကပ်လာခြင်း

Vol. 51 Ch. 763

ယခုလိုကြောက်စရာကောင်းသည့်လူအားသူတစ်ခါမှမတွေ့ဖူးပေ။ သူသည်ချာလီမိသားစု၏တကယ့်သခင်လေးတစ်ယောက်မဟုတ်သော်ငြား ငယ်စဥ်ကတည်းကအားလုံး၏အလိုလိုက်ခြင်းအားခံခဲ့ရပေသည်။ ဘယ်အချိန်မှစကာ ယခုလိုအရှက်ခွဲမှုမျိုးနှင့် ထိခိုက်မှုမျိုးတို့အားခံစားခဲ့ရပါသနည်း။ သို့သော်ယခုလိုဒဏ်ရာရပြီးနောက်ပင် သူဘာမှမလုပ်နိုင်ပေ။ ထိုအကြောင်းအားတွေးရင် ဆုံးဖြတ်ချက်ချလိုက်သည်။

သူဤနေရာမှအသက်ရှင်လျက်မထွက်သွားနိုင်ဘူးဆိုမှတော့ ဤလူများကိုလည်းသေချာပေါက်သူနှင့်အတူသေလမ်းသို့မြန်းစေရပေမည်။ သူ့လက်မှာအလွန်ကောင်းမွန်စွာဖုံးကွယ်ထားသည့်အိတ်ကပ်ထဲသို့ရောက်သွားခဲ့သည်။ အထဲတွင်စွမ်းအားကြီးလက်နက်အချို့ရှိနေပေသည်။ သူတို့သည်မူလကဤလက်နက်များအား သူတို့အသက်အားကယ်တင်ရန်သေရေးရှင်ရေးအခြေအနေတွင်သာသုံးရန်ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်သူ့ရှေ့ရှိ ဤလူငယ်အားတိုက်ခိုက်ရန်သုံးရလိမ့်မည်ဟုမထင်ထားခဲ့ပေ။ သူသည်တကယ်ပင်လက်မလျှော့လိုပေ။ သူ့ထံတွင်ယခုရှိနေသည့်အတွေးမှာ ရှေ့ရှိဤသုံးယောက်အားသတ်ရမည်ဟူသောအတွေးသာဖြစ်သည်။ သူအပြင်သို့ရောက်ပါက ချာလီမှာဤတောင်အတွင်းရှိလူသတ်သမားများ၏သတ်ဖြတ်ခြင်းအားခံလိုက်ရသည်ဟုပြောလိုက်လို့ရပေသည်။

"မင်းမဆင်မခြင်မလှုပ်ရှားဖို့ ငါသတိပေးလိုက်မယ် မဟုတ်ရင်မင်းလူတွေအကုန်စက္ကန့်ပိုင်းအတွင်းပျောက်သွားလိမ့်မယ်"

၎င်း၏မဆိုစ‌လောက်လှုပ်ရှားမှုလေးအားကြည့်ကာ ကျိုးဟောင်မှာကြည့်ရဆိုးသလိုခံစားလိုက်ရပေသည်။ သူသည်မသပ်မရပ်လှုပ်ရှားခဲ့သော်ငြား လျှို့ဝှက်သည့်ပုံစံမှာတော့မပျောက်သွားပေ၊ သူသည် ယခုလိုလုပ်ရပ်မျိုးလုပ်ရဲသည်ဆိုတကည်းက တစ်ဖက်လူဝှက်ထားသောစွမ်းအားကြီးလက်နက်ကိုလည်းမကြောက်ပေ။ တစ်ဖက်လူကိုယ်ပေါ်တွင်ရှိနေသည့်ပစ္စည်းကိုလည်း သူကောင်းကောင်းသိပေသည်။ ၎င်းတို့မှာအသေးစားဗုံးများဖြစ်ပြီး ချာလီကိုယ်ပေါ်ရှိအရာများနှင့်ယှဥ်ပါက ကြည့်ရဆိုးပေသည်။

နှာခေါင်းပြားပြားနှင့်လူမှာထိတ်လန့်သွားခဲ့သည်။ သူအလွန်လျှို့ဝှက်စွာလုပ်ဆောင်သည်ကိုပင် သူ့လှုပ်ရှားမှုများအား တစ်ဖက်လူထံတွင် ရှင်းရှင်းလင်းလင်းထုတ်ဖော်ခံလိုက်ရမည်ဟုမထင်ထားခဲ့ပေ။ သူသည်မြေပြင်ပေါ်တွင် လဲချင်ယောင်ဆောင်နေရုံသာတတ်နိုင်ပေသည်။ ယခုကျိုးဟောင်မှာ သူ့ဒေါသအားဖြေဖျောက်ပြီးပြီဖြစ်ပေရာ ချာလီဤလူများအား မည်သို့မည်ပုံဖြေရှင်းမည်ဆိုသည်အား ကြည့်ရမည့်အချိန်ရောက်ပြီဖြစ်သည်။

ချာလီမှာ ဤလူများအားသတ်ချင်နေကြောင်းကျိုးဟောင်ကြည့်ရုံဖြင့်သိပေသည်။ သို့သော်အခွင့်အရေးမရခဲ့ပေ။

"ဒါကမင်းမိသားစုကိစ္စ ငါနဲ့ဘာမှမဆိုင်ဘူး"

ကျိုးဟောင်မှာအပြစ်အားတခြားလူအပေါ်လွှဲချသည့်နေရာ၌ အလွန်တည့်တိုးဆန်ပြီး တစ်ဖက်လူ၏ခံစားချက်ကိုပင်ထည့်မစဥ်းစားပေ။ မူလကကျိုးဟောင် အပြင်သို့ထွက်ချင်ခဲ့ချိန်တွင် သူမည်သည့်မိသားစုမှလာသည်ဖြစ်စေ အကယ်၍ကောင်းကင်ဘုံ၏ဘုရင်တစ်ယောက်ဆိုလျှင်ပင် သူဤလူများအားသူကိုယ်တိုင်ရိုက်နှက်ဦးမည်ဖြစ်သည်။

ယခုအချိန်တွင် ကျိုးဟောင်သည်ဤကိစ္စအားချာလီ့ကို ကိုယ်တိုင်ကိုင်တွယ်ခွင့်ပြုလိုက်ပေသည်။ ချာလီနှုတ်ခမ်းစွန်းများမှာကော့တက်သွားပြီး တာဝန်ပြီးမြောက်ရန်သူ့အားကူညီပေးသူတစ်ယောက်ရှိပြီဟုစိတ်ထဲမှတွေးလိုက်သည်။ သူသည်ဤကိစ္စအားသူကိုယ်တိုင်လုပ်ရမည်ဟုမထင်ထားခဲ့‌ပေ။ ကြည့်ရသည်မှာ သူ့အားကယ်တင်နိုင်သူမှာ ကျိုးဟောင်တစ်ယောက်သာရှိပုံပင်။

အကယ်၍သူလှုပ်ရှားချင်လျှင်ပင် လှုပ်ရှားလို့တောင်မရခဲ့ပေ။ ချာလီသည်လူအား သတိတောင်မထားမိလိုက်စေဘဲ သတ်ပစ်နိုင်သည့် အာထရာဆောင်းလှိုင်းအမျိုးအစားတစ်ခုအား ဖန်တီးထားသည်မှာသိပ်မကြာသေးပေ။ ဤပစ္စည်းအားသူယခင်ကတစ်ခါမှမစမ်းသပ်ဖူးတာပဲရှိပေသည်။ ယခုဤလူများအားသူ၏စမ်းသပ်ခံများအဖြစ်လုပ်ဆောင်လိုက်မည်ဆိုပါက သင့်တော်ပေလိမ့်မည်။ ချာလီမှာ ဤလုပ်ရပ်အားသူ၎င်းတို့အားနှစ်ပေါင်းများစွာပေးကမ်းခဲ့သောချမ်းသာကြွယ်ဝမှူအတွက်ပြန်ယူသည့်အဖိုးအခဟုသာသတ်မှတ်လိုက်သည်။

သူတစ်ခုခုဆိုးရွားသည့်ကိစ္စလုပ်ဖို့ထွက်လာတိုင်း သူ့နာမည်အားတိုင်ကြားခံရပေသည်။ ဤသည်မှာ သူ့သိက္ခာအားအချိန်တစ်ခုအထိကျခဲ့ရပြီး မိသားစုမှရှုတ်ချခြင်းခံရလုနီးပါးဖြစ်ခဲ့သည်။ သူသည်ယခုအချိန်ထိပင်ဤကိစ္စအားမမေ့သေးပေ။

"အဲဒါဆိုကောင်းတယ် ခုချိန်ကစပြီး သူတို့ကချာလီမိသားစုရဲ့ သူရဲကောင်းတွေပဲ ဘာလို့လဲဆိုသူတို့မန်ခါလာတောင်ဧရိယာထဲမှာ သူခိုးတွေနောက်လိုက်ရင်း အသက်စွန့်ခဲ့ကြလို့ပဲ"

ချာလီမှာဤလူများသေဆုံးရသည့်အကြောင်းအရင်းအားစဥ်းစားပြီးပြီဖြစ်သည်။ သူတို့အဖွဲ့မှာကျိုးဟောင်အားထိတ်လန့်စွာကြည့်လိုက်သည်။ သူတို့အားသေလမ်းတွန်းပို့သည်အထိ ရက်စက်လိမ့်မည်ဟုတစ်ခါမှမထင်ထားခဲ့ပေ။ သူတို့သည်အမြဲတမ်းသူ့ဘေးတွင်ရှိလာခဲ့ခြင်းဖြစ်ပြိး အကယ်၍သူတို့ထံတွင်မည့်သည့်ဂုဏ်ဒြပ်မျှမရှိလျှင်ပင် ကြိုးစားခဲ့ပေသည်။

သိုးမွေးရိတ်ဖို့သွားပါက လက်ထဲမှဆန်တစ်ဆုပ်အားဆုံးရှုံးရပေမည်။ သူတို့ဆုံးရှုံးသွားသည့်အရာမှာတော့ ဆန်မျှမဟုတ်ဘဲ သူတို့၏အသက်များသာဖြစ်သည်။

"ချာလီ ရှင်ကျွန်မတို့ကိုဒီလိုလုပ်လို့မရဘူး"

ချစ်စဖွယ်ပုံစံရှိကာ အားနည်းဟန်ရသည့်မိန်းကလေးမှာ အင်အားမရှိသည့်ပုံနှင့်မြေပြင်ပေါ်တွင်ဒူးထောက်နေခဲ့ကာ မျက်ရည်အဝိုင်းသားဖြင့် ချာလီအားကြည့်နေခဲ့သည်။ အစပိုင်းကသူမထံတွင်ချာလီအနားသို့ချဥ်းကပ်ရန်နည်းလမ်းများစွာရှိသော်ငြား အချိန်ကြာလာသည်နှင့်အမျှသူမသည်ဤလူအားတဖြည်းဖြည်းချင်းမေတ္တာသက်ဝင်လာခဲ့ကာ သူမမိသားစုမှသူမအားပေးခဲ့သောတာဝန်ကိုပင်မေ့လျော့သွားခဲ့သည်။

ဤလူ၏လှုပ်ရှားမှုတိုင်း၊ အလိုမကျမှုတိုင်း အပြုံးတိုင်းမှာ သူမအားအိပ်မက်ထဲထိစိုးမိုးနိုင်ပေသည်။ သူမအားကြည့်ကာပြုံးပြလိုက်တိုင်း သူမမျက်လုံးထဲတွင် ထိုအပြုံးကိုသာရက်နှင့်ချီမြင်ယောင်နေမိပေသည်။ ဤလူသည်သူမ၏အသက်အားယူသည်အထိ ဤမျှလောက်ရက်စက်လိမ့်မည်ဟုမထင်ထားခဲ့ပေ။ ချာလီမှာမျက်စိရှေ့မှမိန်းကလေးအားကြည့်ကာ နှလုံးသားထဲနာကျင်သွားခဲ့သည်။

သူ့စိတ်ထဲတွင် အတိတ်မှကိစ္စများအားပြန်မြင်ယောင်လာခဲ့သည်။ ကိစ္စကြီးများအားလုပ်ဆောင်မည့်သူများမှာ ကိစ္စအသေးအမွှားများအားဂရုမစိုက်ပေ။ အကယ်၍မိမိကိုယ်ကိုယ်ထိ ခိုက်စေပါက မိမိကိုယ်တိုင်သာထိခိုက်မည်ဖြစ်သည်။ အကယ်၍သူသာစိတ်ပျော့ပြီး ဤမိန်းမအားလွှတ်ပေးလိုက်ပါက ဤကိစ္စမှာအချိန်မရွေးပေါ်သွားနိုင်သည်။

သူသည်ပေါင်းပင်များကိုဖြတ်ရုံသာမက အမြစ်များကိုပါရှင်းပစ်ရန်လိုပေသည်။ ထိုအခါမှသာအနာဂတ်တွင်သေချာပေါက် မည်သည့်ပြဿနာမှမကျန်ခဲ့မည်ဖြစ်သည်။

"အဲဒီလိုမိသားစုမှာမွေးဖွားလာခဲ့တဲ့မင်းရဲ့ကံကိုပဲအပြစ်တင်လိုက်တော့"

ချာလီမှာဤမိန်းမလှလေးအတွက်စိတ်မကောင်းဖြစ်နေပေသည်။ သူတို့သည်ငယ်စဥ်ကတည်းကသိကျွမ်းလာခဲ့ခြင်းဖြစ်ပြီး ဤမိန်းကလေးမှာအမြဲတမ်းမပျော်ရွှင်ခဲ့ရပေ။ သို့သော်ထိုအရာမှာ သူမ မကောင်းသည့်ကိစ္စအားလုံးကိုလုပ်ဆောင်ရန်အတွက် အကြောင်းပြချက်ထပ်မဖြစ်နိုင်တော့ပေ။

မြေပြင်ပေါ်တွင်ကူကယ်ရာမဲ့စွာထိုင်နေသောမိန်းကလေးမှာ သူမ၏ကံကြမ္မာအားလက်ခံလိုက်သည်။ အကယ်၍သူမတို့ထံတွင်စွမ်းအားကြီးလက်နက်များရှိလျှင်ပင် သူမတို့သည်ချာလီ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။ ထိုလက်နက်များအားချာလီမှတီထွင်ထားကာ သူတို့အားပေးထားခြင်းဖြစ်သည်။

"ချာလီ ငါကမင်းရဲ့အကောင်းဆုံးသူငယ်ချင်းပါ မမေ့လိုက်နဲ့ငါတို့ငယ်ငယ်တုန်းက...."

လက်တစ်ဖက်သာရှိတော့့သည့်အမျိုးသားမှာ ကျန်ရှိနေသောလက်တစ်ဖက်ဖြင့်ချာလီအားဆွဲကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ သူသည် ချာလီ၏သနားစိတ်အားနိုးဆွပေးနိုင်ရန်မျှော်လင့်နေပေသည်။ ဤလူများမသိခဲ့သောကိစ္စများ သူတို့လုပ်ခဲ့သမျှမကောင်းသည့်ကိစ္စများအားလုံးအား ချာလီ၏မှတ်စုစာအုပ်လေးတွင် ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားပေသည်။

ဤသေးငယ်သောကိစ္စလေးများအား ကြိမ်ဖန်များစွာလုပ်လာချိန်တွင် ထိုအရာများမှာတဖြည်းဖြည်းချင်းကိစ္စကြီးများဖြစ်လာခဲ့သည်။ ယာမဘုရင်၏နန်းတော်စာအုပ်ထဲမှ သေခြင်းရှင်ခြင်းလိုပင်။ ထိုစာအုပ်ထဲတွင်အားလုံး၏နေ့စဥ်ကောင်းမှုနှင့် မကောင်းမှုများကိုမှတ်တမ်းတင်ထားပေသည်။ ချာလီမှာသူ့လက်ရှိစာအုပ်အား သူတို့မျက်နှာထံပစ်ပေါက်လိုက်သည်။

အကယ်၍ သူသေရတော့မည်ဆိုပါက ယုံကြည်ချက်ခိုင်မာသည့်နည်းလမ်းဖြင့်သေချင်ပေသည်။ ထို့နောက်သူသည်ကြုံသည့်စာမျက်နှာတစ်မျက်နှာအားဖတ်ကာ ချက်ချင်းပင်နှလုံးသားမှာပြာမှုန့်များအဖြစ်ပြောင်းလဲသွားခဲ့သည်။ သူတို့လုပ်ခဲ့သမျှဆိုးရွားသည့်ကိစ္စအားလုံးအား သူတို့ရှေ့ရှိဤညင်သာ ခန့်ညားပြီး လူကြီးလူကောင်းဆန်သည့် အမျိုးသားမှမှတ်တမ်းတင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့မှာခေါင်းမွေးများပင်ထောင်သွားသလိုခံစားလိုက်ရသည်။ သူတို့လုပ်ခဲ့သမျှဆိုးရွားသည့်ကိစ္စများအားလုံးအတွက် အခါတစ်ရာသေရမည်ဆိုလျှင်ပင် ကျိုးကြောင်းသင့်ပေသည်။

"ညီကိုကောင်းလား ငါ့မှာဘယ်တုန်းကမှညီကိုကောင်းဆိုတာမရှိခဲ့ဘူး မင်းတို့ကဒီတိုင်းငါ့ကိုအသုံးချနေကြတာ"

ချာလီ၏မျက်လုံးများမှာအေးစက်လာပြီး ယခင်ကလိုနူးညံ့သည့်အရိပ်အယောင်မျိုးမရှိတော့ပေ။ သူသည်အခြားသူများ၏ရှေ့တွင်ခံ့ညားပြီးနွးထွေးသောလူတစ်ယောက်လိုမျိုး ပုံစံကိုသာပြသရမည်ဖြစ်သည်။ လူသားတစ်ယောက်ဖြစ်နေသရွေ့ စိတ်ခံစားချက်များအားထိန်းချုပ်ရန်လိုအပ်ပေသည်။ ချာလီမှာဤလူများကိုယ်စားအပြစ်တင်ခံရသည်ကိုငြီးငွေ့နေပြီဖြစ်သည်။ အနာဂတ်တွင် သူတို့သူ့ဘဝထဲမှပျောက်ကွယ်သွားပါက အားလုံးမှာပိုမိုကောင်မွန်လာမည်ဖြစ်သည်။

အချို့လူများမှာ သူ့အားချာလီမိသားစု၏အနာဂတ်အမွေဆက်ခံသူ အဆုံးမရှိသည့်ဂုဏ်သတင်းတို့အားပိုင်ဆိုင်ထားသူဟုထင်ကြသည်။ သို့သော်သူဘဝမှာပါးလွှာသောရေခဲထုပေါ်လမ်းလျှောက်နေရသကဲ့သို့ မည်မျှခက်ခဲကြောင်းကိုမည်သူမျှမသိကြပေ။

ဤလူများ၏သူ့တန်ဖိုးအား မည်သို့အသုံးချရမလဲဆိုသည်ကိုသာသိကြပေသည်။ မည်သူကမှသူနှင့်ပတ်သက်ပြီးတကယ်ဂရုမစိုက်ခဲ့ပေ။ သူသေလုဆဲဆဲအခြေအနေတွင် မည်သူမျှသူ့အားအဆင်ပြေလား မပြေလားမမေးခဲ့ကြပေ။

"ညီကိုတွေ ငါတို့ကညီကိုတွေ ငါတို့အတူရှင်အတူသေပြီး အတူတိုက်ခိုက်ကြမှာ"

မျက်နှာပေါ်တွင်နာကျင်နေသည့်ဟန်ဖြင့် လဲနေသောနှာခေါင်းပြားပြားနှင့်အမျိုးသားမှပြောလိုက်သည်။သူသည်ဤအရာအားတကယ်ပင်ဆန္ဒမရှိပေ။ ယခုအချိန်မှသာ အကယ်၍သူတို့မရမကချာလီနောက်လိုက်လာပါက ကိုယ့်သေတွင်းကိုယ်တူခြင်းသာဖြစ်ကြောင်းကို နားလည်သွားခဲ့ပေသည်။ သူတို့တောင်ဧရိယာသို့ဝင်သည်နှင့် အနာဂတ်တွင်ကြီးမားသောအကျိုးအမြတ်များရရန် စက်ရုံသို့ရောက်နိုင်မည့်နည်းလမ်းများအားစဥ်းစားမည်ဖြစ်သည်။

သူ့နှလုံးသားမှာကွဲကြေနေသလိုခံစားနေရပေသည်။ သူသည်မျက်ရည်များစီးကျရင်းပြောနေသည်မှာ စိတ်သောကအလွန်ရောက်နေသည့်ပုံပင်။ မသိသူများဆိုပါကချာလီအား နှလုံးသားမရှိသူဟုထင်ကြမည်ဖြစ်သည်။ အခြားသူများမှာလည်း သူတို့အားလွှတ်ပေးရန် ချာလီအားတောင်းပန်နေခဲ့ပြီး ထိုကဲ့သို့သောမကောင်းသောအလုပ်မျာအားဘယ်သောအခါမှထပ်မလုပ်မည့်အကြောင်း ကတိပေးနေပေသည်။ သူတို့သည်လောဘကြောင့် အမြင်ကွယ်လာခဲ့ခြင်းဖြစ်သည်။

....................................................................................

All Chapters